ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန ဒုႀကီးၾကပ္ေရးမွဴး မေရႊရည္ဝင္းကို အဓမၼျပဳက်င့္သတ္ျဖတ္ခဲ့သူ အငွားယာဥ္ေမာင္း မ်ိဳးေဇာ္ဦး(ခ) ဆီဒိုးနားဆိုသူအား လူသတ္လုယက္ မုဒိမ္းက်င့္၊ ဓမၼတာႏွင့္ဆန္႔က်င္သည့္ ကာမစပ္ယွက္ခဲ့မႈမ်ားမွာ ျပစ္မႈထင္႐ွားသည့္အတြက္ ခ႐ိုင္တရားသူႀကီးက ေသဒဏ္ခ်မွတ္လိုက္သည္။

ျပစ္မႈထင္ရွားသျဖင့္ ေသဒဏ္က်ခံေစရန္ ရန္ကုန္အေရွ႕ပိုင္းခ႐ုိင္တရားသူႀကီးက အၿပီးသတ္ အမိန္႔ခ်မွတ္လိုက္သည္။

ယေန႔ ဇြန္လ ၂၂ ရက္ေန႔၊ နံနက္ ၁ဝ နာရီ၊  ရန္ကုန္အေရွ႕ပိုင္းခ႐ုိင္တရား႐ုံးတြင္ ခ႐ုိင္တရားသူႀကီးက ယင္းအမႈႏွင့္ပတ္သက္ၿပီး အၿပီးသတ္အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ေထာင္ဒဏ္ ၇ ႏွစ္အထိျပစ္ဒဏ္ခ်မွတ္ႏိုင္ေသာ မုဒိမ္းမႈ၊ လုယက္မႈ စသည့္ျပစ္မႈမ်ားအားက်ဴးလြန္ေနစဥ္ လူသတ္သည့္ျပစ္မႈကိုက်ဴးလြန္ပါ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၃ဝ၂(၁)(ဂ)အရ အျမင့္ဆံုးျပစ္ဒဏ္သည္ ေသဒဏ္ျဖစ္ေၾကာင္း ရာဇသတ္ႀကီးဥပေဒတြင္ ေဖာ္ျပထားသည္။

အဓမၼျပဳက်င့္သတ္ျဖတ္ခံခဲ့ရသည့္ FDA ဝန္ထမ္းအမ်ိဳးသမီးအမႈႏွင့္ ပတ္သက္ၿပီး ၿပီးခဲ့သည့္ ဇြန္လ ၁၈ ရက္ေန႔တြင္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ အၿပီးသတ္ၾကားနာခဲ့ၿပီး ယေန႔ ဇြန္လ ၂၁ ရက္တြင္ ခ႐ုိင္တရားသူႀကီးက ယခုကဲ့သို႔ အၿပီးသတ္အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

FDA ဝန္ထမ္းအမ်ိဳးသမီးမွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂ဝ ရက္ေန႔၊  ညေနပိုင္းအခ်ိန္က လွည္းတန္းမွ ေနအိမ္သို႔ ကားငွားျပန္ရာမွ ေပ်ာက္ဆံုးခဲ့ျခင္းျဖစ္ၿပီး ဇန္နဝါရီလ ၂၁ ရက္၊ နံနက္ ၆ နာရီခြဲခန္႔အခ်ိန္၊ ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ငမိုးရိပ္ေခ်ာင္းေဘးတြင္ ဝဲပါး၊ လည္ပင္းဖူးေရာင္ညိဳမဲ၊ လည္ပင္းေရွ႕ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ မိန္းမအဂၤါ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ ျပန္လည္ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ က သတင္းထုတ္ျပန္ထားသည္။

အမ်ိဳးသမီးအား အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့သူ မ်ိဳးေဇာ္ဦး(ခ) ဆီဒိုးနားဆိုသူကို ဇန္နဝါရီလ ၂၄ ရက္၊ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ သက္ေသခံ ဆမ္ေဆာင္းလက္ကိုင္ဖုန္းႏွင့္အတူ မဂၤလာေစ်းအတြင္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕ မရဲစခန္း၊ နယ္ထိန္းအရာရွိ ရဲအုပ္သန္းဝင္းအဖြဲ႔မွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mizzimaburmese

#Unicode Version#
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ အငှားယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား လူသတ်လုယက် မုဒိမ်းကျင့်၊ ဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမစပ်ယှက်ခဲ့မှုများမှာ ပြစ်မှုထင်ရှားသည့်အတွက် ခရိုင်တရားသူကြီးက သေဒဏ်ချမှတ်လိုက်သည်။

ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီးက အပြီးသတ် အမိန့်ချမှတ်လိုက်သည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၁ဝ နာရီ၊  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးက ယင်းအမှုနှင့်ပတ်သက်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ် ၇ နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်သော မုဒိမ်းမှု၊ လုယက်မှု စသည့်ပြစ်မှုများအားကျူးလွန်နေစဉ် လူသတ်သည့်ပြစ်မှုကိုကျူးလွန်ပါ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂(၁)(ဂ)အရ အမြင့်ဆုံးပြစ်ဒဏ်သည် သေဒဏ်ဖြစ်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ဖော်ပြထားသည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် FDA ဝန်ထမ်းအမျိုးသမီးအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက် အပြီးသတ်ကြားနာခဲ့ပြီး ယနေ့ ဇွန်လ ၂၁ ရက်တွင် ခရိုင်တရားသူကြီးက ယခုကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

FDA ဝန်ထမ်းအမျိုးသမီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊  ညနေပိုင်းအချိန်က လှည်းတန်းမှ နေအိမ်သို့ ကားငှားပြန်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ချောင်းဘေးတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါ သွေးထွက်ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ က သတင်းထုတ်ပြန်ထားသည်။

အမျိုးသမီးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် သက်သေခံ ဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွှန့်မြို့ မရဲစခန်း၊ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top