iMyanmarHouse.com - Best Property Website for Myanmar
×

ရဲရင့္ေအာင္နဲ႕ ဧျငိမ္းျဖဴတို႕ စံုတြဲအေၾကာင္းေျပာျပီးသြားျပီဆိုေတာ့ ဒီတစ္ခါက မမနဲ႕ေမာင္ေလးစံုတြဲအေၾကာင္း ေျပာခ်င္လြန္းလို႕ပါ။ G-Fatt ရဲ႕ “မမ” သီခ်င္းက သီခ်င္း အစမွာ ေျပာထားသလိုပဲ မမၾကီးကို ခ်စ္တဲ့ ေမာင္ေလးေတြ အတြက္ေရးထားေပးတယ္လို႕သိရပါတယ္။

မမ နဲ႕ပတ္သက္ျပီး အၾကိဳက္ဆံုး အခ်က္ေတြကို G-Fatt က ခုလိုေျပာလာပါတယ္။

“ အၾကိဳက္ဆံုးအခ်က္ေတြက အမ်ားၾကီးရွိပါတယ္။ သံုးခုေလာက္ ခြဲထုတ္ျပီး ေျပာပါဆိုရင္ စိတ္သေဘာထား ေကာင္းတာၾကိဳက္တယ္။ သူမ်ားကို မေျပာရက္ဘူး ၊ အက်င့္ မယုတ္ရက္ဘူး ၊ စာနာတတ္တာမ်ိဳး ကၽြန္ေတာ္ၾကိဳက္တယ္။ ပဲမ်ားတာလည္းၾကိဳက္တယ္။ ကၽြန္ေတာ့္ကို ဂရုစိုက္ေပးတာလည္း ကၽြန္ေတာ္ၾကိဳက္ပါတယ္။” လို႕ဆိုပါတယ္။

ေဝဖန္သံေတြၾကားထဲက ေကာင္းတဲ့ အရာကိုပဲ ယူတယ္ဆိုတဲ့ အေၾကာင္းကိုလည္း –

“ ေဝဖန္တာကေတာ့ Relationship မွတင္ မဟုတ္ဘူးေပါ့ေနာ္။ ေဝဖန္မႈေတြ ေကာင္းတာေျပာတာေတြ ၊ ဆိုးတာေျပာတာေတြကေတာ့ ဘာပဲလုပ္လုပ္ ကၽြန္ေတာ္တို႕ ၾကံဳေနရမွာပါပဲ။ ဒါေပမဲ့ ကၽြန္ေတာ္တို႕က ေဝဖန္သံေတြ ၾကားထဲကပဲ ကိုယ့္အတြက္ ေကာင္းတဲ့ အရာ ေတြကို ယူျပီးေတာ့ ျပဳျပင္ျပီး ေနထိုင္ပါတယ္ ခင္ဗ်ာ။ ကၽြန္ေတာ္တို႕ အဆင္ေျပေျပ ေအးေအးခ်မ္းခ်မ္းနဲ႕ပဲ ျဖတ္သန္းေနပါတယ္ ခင္ဗ်ာ။” လို႕ G-Fatt ကဆိုပါတယ္။

ခ်စ္သူနန္းဆုကို Romantic ဆန္ဆန္ surprise ေတြလုပ္ေပးတဲ့ အေပၚ –

“ ဒါကေတာ့ ကၽြန္ေတာ္ တစ္ေယာက္တည္း မဟုတ္ပါဘူးေနာ္။ ခ်စ္တတ္တဲ့ ေယာက်္ားထုၾကီး ဆီမွာ ေတာ့ရွိမွာေပါ့။ ေယာက်္ားေလးေတြမွာ ကိုယ္ခ်စ္တဲ့ မိန္းကေလးကို ဘာေလးေတြ လုပ္ေပးခ်င္တယ္။ သူမသိေအာင္ surprise ေတြ၊သူလိုခ်င္တယ္လို႕ အမႈမဲ့ အမွတ္မဲ့ ေျပာတာေတြကို စဥ္းစားျပီးေတာ့ ကိုယ္ကၾကိဳးစားျပီး ျဖည့္ဆည္းတာမ်ိဳးေတြ ရွိၾကတယ္ေပါ့ေနာ္။ ဒါေၾကာင့္ ကၽြန္ေတာ့္မွာလည္းရွိတယ္ေပါ့ေနာ္။ ဒါေၾကာင့္ ကၽြန္ေတာ္လည္း စဥ္းစားမိတာေလးေတြ ၊စိတ္ကူးယဥ္ၾကည့္တာေလးေတြကို လုပ္ေပးျဖစ္ပါတယ္။” လို႕ဆိုပါတယ္။

ခ်စ္သူနန္းဆုအတြက္ သူ႕ရဲ႕ ဂီတလမ္းခရီး အတြက္ အင္အားျဖစ္ေၾကာင္းကိုလည္း –

“ သူကေတာ့ ကိုယ့္ထက္ပိုျပီး ဖက္ရွင္ပိုင္းကို ပိုျပီး ဝါသနာပါတယ္။ သူက ဖက္ရွင္ပိုင္းနဲ႕ပတ္သက္ျပီး အၾကံျပဳတာ ေလးေတြလည္းရွိတယ္။ သီခ်င္းေတြနဲ႕ပတ္သက္ျပီးေတာ့ ကၽြန္ေတာ္ဖန္တီးတဲ့ သီခ်င္းေတြ သူနားေထာင္တယ္။ အားေပးတယ္။ ကၽြန္ေတာ့္အတြက္ အင္အားေပါ့ေနာ္။ ကၽြန္ေတာ္လည္း သူ႕အတြက္ ကၽြန္ေတာ္စဥ္းစားေပးႏိုင္တဲ့ အလုပ္ေလးေတြကို ဝိုင္းျပီး စဥ္းစားအၾကံေပး ျဖစ္ပါတယ္ဗ်ာ။” ဆိုျပီး ေျပာျပသြားပါတယ္။

မမနဲဲ႕ ေမာင္ေလးတို႕အတြဲ အခ်ိန္အၾကာၾကီး လက္တြဲသြားႏိုင္ပါေစလို႕ ေျပာခ်င္လြန္းလို႔ကေန ဆုေတာင္းေပးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ စုံတွဲအကြောင်းပြောပြီးသွားပြီဆိုတော့ ဒီတစ်ခါက မမနဲ့မောင်လေးစုံတွဲအကြောင်း ပြောချင်လွန်းလို့ပါ။ G-Fatt ရဲ့ “မမ” သီချင်းက သီချင်း အစမှာ ပြောထားသလိုပဲ မမကြီးကို ချစ်တဲ့ မောင်လေးတွေ အတွက်ရေးထားပေးတယ်လို့သိရပါတယ်။

မမ နဲ့ပတ်သက်ပြီး အကြိုက်ဆုံး အချက်တွေကို G-Fatt က ခုလိုပြောလာပါတယ်။

“ အကြိုက်ဆုံးအချက်တွေက အများကြီးရှိပါတယ်။ သုံးခုလောက် ခွဲထုတ်ပြီး ပြောပါဆိုရင် စိတ်သဘောထား ကောင်းတာကြိုက်တယ်။ သူများကို မပြောရက်ဘူး ၊ အကျင့် မယုတ်ရက်ဘူး ၊ စာနာတတ်တာမျိုး ကျွန်တော်ကြိုက်တယ်။ ပဲများတာလည်းကြိုက်တယ်။ ကျွန်တော့်ကို ဂရုစိုက်ပေးတာလည်း ကျွန်တော်ကြိုက်ပါတယ်။” လို့ဆိုပါတယ်။

ဝေဖန်သံတွေကြားထဲက ကောင်းတဲ့ အရာကိုပဲ ယူတယ်ဆိုတဲ့ အကြောင်းကိုလည်း –

“ ဝေဖန်တာကတော့ Relationship မှတင် မဟုတ်ဘူးပေါ့နော်။ ဝေဖန်မှုတွေ ကောင်းတာပြောတာတွေ ၊ ဆိုးတာပြောတာတွေကတော့ ဘာပဲလုပ်လုပ် ကျွန်တော်တို့ ကြုံနေရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ဝေဖန်သံတွေ ကြားထဲကပဲ ကိုယ့်အတွက် ကောင်းတဲ့ အရာ တွေကို ယူပြီးတော့ ပြုပြင်ပြီး နေထိုင်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ အဆင်ပြေပြေ အေးအေးချမ်းချမ်းနဲ့ပဲ ဖြတ်သန်းနေပါတယ် ခင်ဗျာ။” လို့ G-Fatt ကဆိုပါတယ်။

ချစ်သူနန်းဆုကို Romantic ဆန်ဆန် surprise တွေလုပ်ပေးတဲ့ အပေါ် –

“ ဒါကတော့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ချစ်တတ်တဲ့ ယောကျ်ားထုကြီး ဆီမှာ တော့ရှိမှာပေါ့။ ယောကျ်ားလေးတွေမှာ ကိုယ်ချစ်တဲ့ မိန်းကလေးကို ဘာလေးတွေ လုပ်ပေးချင်တယ်။ သူမသိအောင် surprise တွေ၊သူလိုချင်တယ်လို့ အမှုမဲ့ အမှတ်မဲ့ ပြောတာတွေကို စဉ်းစားပြီးတော့ ကိုယ်ကကြိုးစားပြီး ဖြည့်ဆည်းတာမျိုးတွေ ရှိကြတယ်ပေါ့နော်။ ဒါကြောင့် ကျွန်တော့်မှာလည်းရှိတယ်ပေါ့နော်။ ဒါကြောင့် ကျွန်တော်လည်း စဉ်းစားမိတာလေးတွေ ၊စိတ်ကူးယဉ်ကြည့်တာလေးတွေကို လုပ်ပေးဖြစ်ပါတယ်။” လို့ဆိုပါတယ်။

ချစ်သူနန်းဆုအတွက် သူ့ရဲ့ ဂီတလမ်းခရီး အတွက် အင်အားဖြစ်ကြောင်းကိုလည်း –

“ သူကတော့ ကိုယ့်ထက်ပိုပြီး ဖက်ရှင်ပိုင်းကို ပိုပြီး ဝါသနာပါတယ်။ သူက ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အကြံပြုတာ လေးတွေလည်းရှိတယ်။ သီချင်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဖန်တီးတဲ့ သီချင်းတွေ သူနားထောင်တယ်။ အားပေးတယ်။ ကျွန်တော့်အတွက် အင်အားပေါ့နော်။ ကျွန်တော်လည်း သူ့အတွက် ကျွန်တော်စဉ်းစားပေးနိုင်တဲ့ အလုပ်လေးတွေကို ဝိုင်းပြီး စဉ်းစားအကြံပေး ဖြစ်ပါတယ်ဗျာ။” ဆိုပြီး ပြောပြသွားပါတယ်။

မမနဲ့ မောင်လေးတို့အတွဲ အချိန်အကြာကြီး လက်တွဲသွားနိုင်ပါစေလို့ ပြောချင်လွန်းလို့ကနေ ဆုတောင်းပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top