ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ျမတ္နုိးဖြယ္ရာျဖစ္တဲ့ လူ႔ဘ၀မွာ အႏုတ္လကၡဏာျပေနတဲ့ တရား(၃)ပါးရွိပါတယ္။ အခ်ိန္၊ အရြယ္၊ အကုသိုလ္တရား ဒီ(၃)ပါးဟာ က်န္းမာျခင္း၊ ႏုပ်ိဳျခင္း၊ လွပျခင္း၊ သန္စြမ္းျခင္းနဲ႔ ရွင္သန္ရျခင္းဆုိတာ ကုိ တုိေတာင္းလွတဲ့ လူ႔ဘ၀၊ လူခႏၶာကုိယ္ထဲကေန အစဥ္အျမဲႏုတ္ ယေနၾကပါတယ္။ သူတုိ႔ရဲ့ လက္ခ်က္ေၾကာင့္ ငယ္ငယ္က “မုိးဦးပန္းလုိ” လန္းဆန္းတက္ၾကြ ေပ်ာ္ရႊင္ခဲ့ရတဲ့ လူ႔ဘ၀၊ လူ႔အျဖစ္ဟာ ႀကီးရင့္လာတာနဲ႔အမွ် “ႀကံရည္ ႀကိတ္စက္က ထြက္လာတဲ့ ၾကံဖတ္ေတြလုိ”ပဲ တန္ဖုိးမဲ့၊ အရသာမဲ့ ျဖစ္သြားတတ္ပါတယ္။

ဒါေၾကာင့္ တစ္ဖက္ကေနျပီး ပစၥည္းဥစၥာရွာေဖြမႈ၊ တရားဓမၼ ရွာေဖြမႈေတြနဲ႔ ဟာသြားတဲ့လူ႔ဘ၀၊ လူ႔အဓိပၸါယ္ကုိ ျဖည့္ဆည္းေပးရတယ္။ ပစၥည္းဥစၥာနဲ႔ေကာင္းမႈကုသိုလ္ဟာ လူ႔ဘ၀ရဲ့ အေပါင္း လကၡဏာ တရားႏွစ္ပါးပဲျဖစ္ပါတယ္။ ဒီတရား (၂)ပါးကုိ မ်ားမ်ား အစားထုိးေပးျခင္းနဲ႔၊ အခ်ိန္၊ အရြယ္၊ အကုသိုလ္ေတြေၾကာင့္ “တန္ဖုိးနည္း၊ အုိးကြဲ၊” ျဖစ္ေတာ့မယ့္ လူ႔ဘ၀၊ လူ႔အျဖစ္ကုိ “အဖတ္ဆယ္”ေပးရာေရာက္တယ္။ ဒီနည္းနဲ႔ ပစၥည္းဥစၥာ ရွာေဖြမႈနဲ႔ တရားဓမၼ ရွာေဖြမႈတုိ႔ဟာ ခႏၶာငါးပါးရွိတဲ့ လူသားတုိင္းရဲ့ တာ၀န္ေတြျဖစ္လာတယ္။

ခႏၶာကုိယ္ရဲ့ စား၀တ္ေနေရး က်န္းမာေရးေၾကာင့္ လူတုိင္းလုိလုိပဲ ပစၥည္းဥစၥာရွာ ေဖြေရး အလုပ္ကုိ လုပ္ၾကေပမယ့္ သဒၶါတရားအင္အား အနည္းအမ်ားကုိလုိက္ျပီး တရား ရွာေဖြေရး အလုပ္ကုိေတာ့ လူတုိင္းမလုပ္ျဖစ္ၾကပါဘူး။ တကယ္ေတာ့ လူ႔ဘ၀ လူ႔အျဖစ္ ဆုိတာ ကုသိုလ္ကံ ရင္းနွီး ျမဳပ္ႏွံမႈရဲ့ ရလဒ္တစ္ခုျဖစ္ပါတယ္။ ကုသိုလ္ကံကုိ အေျခခံျပီး လူျဖစ္လာရတာမုိ႔ “လူနဲ႔ကုသိုလ္၊ ကုသိုလ္နဲ႔လူ” ဆုိတာ ခြဲခြာလုိ႔မရစေကာင္းပါဘူး။ ကုသိုလ္တရားေပ်ာက္ကြယ္ သြားတာနဲ႔ တစ္ျပိဳင္နက္ လူဟာ လူ႔လမ္းေၾကာင္းေပၚက ဖယ္ခြာေပးလုိက္ရမွာပါပဲ။

ပါဠိစာေပမွာ လူသားေတြအတြက္ စိတ္ေကာင္းျခင္းနဲ႔ စီးပြားခ်မ္းသာရဲ့ တည္ရာ အေၾကာင္း ျဖစ္တာမုိ႔ စင္စစ္ဧကန္ျပဳထုိက္တဲ့ ေကာင္းမႈ(၁၀)မ်ိဳးကုိ ေဖာ္ျပထားပါတယ္။ ပါဠိဘာသာနဲ႔ “ပုညႀကိယာ၀တၳဳ-၁၀ ပါးလုိ႔ အမည္တြင္ပါတယ္။ လူသားေတြက ကုသိုလ္ေကာင္းမႈရဲ့ စြမ္းရည္ သတၱိေၾကာင့္သာ ယုတ္နိမ့္မႈေျမျပင္ကေန ျမင့္ျမတ္မႈ ေကာင္းကင္မွာ တက္ေရာက္ပ်ံသန္း ႏုိင္ ၾကတာပါ။ “ကုသိုလ္ကံမရွိေတာ့တဲ့အခါ လူဟာ အေတာင္မဲ့ငွက္ကေလးတစ္ေကာင္”လုိ လူ႔ဘ၀ရဲ့ လုပ္ပုိင္ခြင့္နဲ႔ ခံစားခြင့္ေတြကုိ လက္လြတ္ဆုံးရႈံးရတတ္ပါတယ္။

ဒီေတာ့ အခုေလာေလာဆယ္ လူသားဘ၀ ျဖစ္တည္ေနၾကသူေတြကုိ ကုသိုလ္ခြဲတမ္းနဲ႔ ၾကည့္မယ္ဆုိရင္ (၁) ကုသိုလ္မရ ၀မ္းမ၀သူ ေအာက္က်သူ လူကတစ္မ်ိဳး။(၂) ကုသိုလ္မရ၊၀မ္းသာ-၀သူ အလယ္အလတ္လူကတစ္မ်ိဳး၊ (၃)ကုသိုလ္ လည္းရ၊ ၀မ္းလည္း၀သူ အထက္တန္းက်သူ လူကတစ္မ်ိဳးလုိ႔(၃)မ်ိဳးကြဲျပားႏုိင္ပါတယ္။ ဒါေၾကာင့္ လူ႔ဘ၀မွာ “ကုသိုလ္သာပထမ၊ ကုသိုလ္သာ ဒုတိယ”ဆုိသလုိ ကုသုိလ္ေကာင္းမႈ ကသာ လူ႔ဘ၀ရဲ့ အရင္းအနွီး၊ ကုသိုလ္ေကာင္းမႈကသာ လူ႔ဘ၀ ရဲ့ အက်ိဳး အျမတ္ျဖစ္ပါ တယ္။ အခု ကုသိုလ္ကံသာ မိမိဘ၀ရဲ့ ႀကီးပြားတုိးတက္ ျမင့္မားရာလုိ႔ ခံယူ ခ်က္ထားရွိသူ အမ်ိဳးးသမီးငယ္ တစ္ဦးအေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။

အက်ိဳးႀကီးတဲ့ သကၤန္းတစ္စုံ

ေရွးေရွးတုန္းက ဗာရာဏသီတုိင္းျပည္မွာ ျဗဟၼဒတ္မင္းႀကီး အုပ္ခ်ဳပ္စုိးေနစဥ္ ေနျပည္ေတာ္နဲ႔ မနီးမေ၀းမွာ “ေရေအး၇ြာ”လုိ႔အမည္ရတဲ့ ရြာႀကီးတစ္ရြာရွိခဲ့ဖူးတယ္။ အဲဒီရြာရဲ့ အေနာက္ဘက္မွာ သာယာလွပတဲ့ “စိတၱကုဋ္”ေတာင္ရွိတယ္။ ေတာင္ေျခမ်ာ ရဟန္းေတာ္(၅၀၀)ေက်ာ္ သီတင္းသုံးႏုိင္ ေလာက္ေအာင္ ျဗဟၼဒတ္မင္းႀကီးက ေဆာက္လုပ္လႈဒါန္းထားတဲ့ ေရႊေက်ာင္းေတာ္ႀကီးဆုိတာလည္း ရွိတယ္။ အဲဒီေက်ာင္းေတာ္က ရဟန္းေတာ္ေတြဟာ ေရေအးရြာႀကီးကုိပဲ ေဂါစရဂါမ္အျဖစ္ ဆြမ္းခံၾကြ ေတာ္မူၾကတယ္။

အဲဒီရြာႀကီးမွာ သနားစရာေကာင္းတဲ့ “နႏၵာ”လုိ႔ေခၚတဲ့ အမ်ိဳးသမီးငယ္တစ္ေယက္ဟာ အထီး က်န္ မ်က္နွာမြဲ၊ ဆင္းရဲစြာ အလုပ္လုပ္ျပီး အသက္ေမြးေနရသတဲ့။ နံနက္ခင္းေတြမွာ ဟင္းသီးဟင္း ရြက္ေတြကုိ လွည့္လည္ေရာင္းခ်ရျပီး ညေနပုိင္းေတြမွာေတာ့ ခ်မ္းသာၾကြယ္၀တဲ့ ေနအိမ္ေတြမွာ ေရခပ္၊အ၀တ္ေလွ်ာ္၊ စပါးနယ္၊ ဆန္ဖြပ္စသျဖင့္ အလုပ္မ်ိဳးစုံ အကုန္လုပ္ျပီးရတဲ့ အခေၾကးေငြန႔ဲ ပင္ပန္းဆင္းရဲစြာေနရတယ္။ စား၀တ္ေနေရးက ပင္ပန္းဆင္းရဲ၊ ေငြေၾကးနဲ႔ပစၥည္းဥစၥာက ခ်ိဳ႔တဲ့ေပ မယ့္ မနႏၵာဟာ စိတ္ဓာတ္နဲ႔အသိဥာဏ္ကေတာ့ မခ်ိဳ႔တဲ့ရွာပါဘူး။

ဒါနဲ႔ မနႏၵာဟာ တစ္ေန႔ေတာ့ သူေတြးမိသတဲ့ “ငါဟာ အတိတ္ဘ၀တုန္းက ဘယ္လုိမေကာင္း မႈေတြ လြန္က်ဳးခဲ့လုိ႔လည္း မသိဘူး၊ အခုဘ၀မွာ အင္မတန္္ဆင္းရဲ ပင္ပန္းလြန္းလွတယ္၊ သူတစ္ပါး ေတြအိမ္မွာ တစ္ေနကုန္ အလုပ္လုပ္ရေပမယ့္ တစ္၀မ္းတစ္ခါးမွ လွေအာင္၀ေအာင္ မေနႏုိင္ဘူး။ ကုသိုလ္မရ ၀မ္းမ၀နဲ႔ ေအာက္တန္းက်လုိက္တာ၊ ဒီလုိ ငုံ႔ခံလက္မႈိုုင္ခ်ေနလုိ႔ကေတာ့ အထက္တန္း က်တဲ့ ဘ၀မ်ိဳး ဘယ္ေတာ့မွေရာက္မွာ မဟုတ္ဘူး၊ အခု ငါဟာ သာသနာေတာ္ထြန္းလင္းရာအခ်ိန္မွာ လူျဖစ္ေနတာပဲ။ ရတနာသုံးပါးရဲ့ စြမ္းရည္သတၱိဂုဏ္ေက်းဇူးေတြနဲ႔ ကံ၊ကံရဲ့အက်ိဳးကုိ ယုံၾကည္ျမတ္နိဳး အားကုိးျပီးေတာ့ ဘ၀ဆင္းရဲ၊၀ဋ္ဆင္းရဲေတြကေန ထုတ္ေဆာင္ေပးႏုိင္တဲ့ ေကာင္းမႈတစ္ခုခုကုိ ျပဳမွ ေတာ္ေတာ့မယ္”

ဒီလုိေတြးမိသတဲ့ မနႏၵာဟာ ရတဲ့ အခေၾကးေငြထဲက နည္းနည္းခ်င္းခ်င္း စုေဆာင္းလုိ႔ ၀ါဆုိ အမီ “၀ါဆုိသကၤန္း” တစ္စုံေလာက္ ဆက္ကပ္လွဴဒါန္းႏုိင္ေအာင္ႀကိဳးစား အလုပ္လုပ္ပါသတဲ့။ ၆- လ နီးပါးမွ် အလုပ္ႀကိဳးစားလုိ႔ ျခဳံးျခံစုေဆာင္းလုိက္တဲ့အခါ သကၤန္းတစ္စုံ၀ယ္လုိ႔ရသြားပါတယ္။ သကၤန္း အသစ္ကေလးတစ္စုံကုိ ရလာတဲ့ေန႔ဟာ မနႏၵာတစ္ေယာက္ ၀မ္းသာၾကည္နူးလြန္းလို႔ တစ္ညလုံး ေတာင္ အိပ္မေပ်ာ္ရွာဘူးတဲ့။ နံနက္ခင္းေရာက္တဲ့အခါ သံဃာေတာ္မ်ား ဆြမ္းခံၾကြလာမယ့္ လမ္းမကေန မနႏၵာတစ္ေယာက္ သကၤန္းကေလး ကုိင္မလုိ႔ ေစာင့္ေနပါတယ္။ သံဃာေတာ္ တစ္ပါး ႀကြလာေတာ္မူတဲ့ေအခါ “အရွင္ဘုရား ဒီသကၤန္းကုိ အရွင္ဘုရားတုိ႔ေက်ာင္းမွာ ၀ါဆုိ၀ါကပ္မယ့္ ရဟန္းေတာ္တုိ႔အား လွဴဒါန္းလုိပါတယ္ဘုရား။ အရွင္ဘုရားကပဲ ဒီ၀ါဆုိသကၤန္းကုိ သံဃာေတာ္ ထံယူေဆာင္ျပီး တပည့္ေတာ္မရဲ့အထီးက်န္မြဲ ဆင္းရဲတဲ့အျဖစ္နဲ႔ ဒီသကၤန္းကုိလည္း ပင္ပန္းဆင္းရဲ ခက္ခဲစြာ လွဴဒါန္းရတဲ့အေၾကာင္းကုိ သိေစေတာ္မူလုိက္ပါဘုရား”လုိ႔ ေလွ်ာက္ထားျပီး ရႊင္လန္း ၀မ္းေျမာက္စြာနဲ႔ သကၤန္းကုိ ဆက္ကပ္လွဴဒါန္းလုိက္ပါတယ္။

အဲဒီရဟန္းေတာ္ဟာ သူဆင္းရဲ မနႏၵာလွဴဒါန္းလုိက္တဲ့ သကၤန္းကုိ လက္ခံယူေတာ္မူျပီး ေက်ာင္းေရာက္တဲ့အခါ သံဃာေတာ္အားလုံးကုိ စုေ၀းေစကာ သူဆင္းရဲမ မနႏၵာမွာၾကားလုိက္တဲ့ စကားကုိ သံဃာေတာ္အား ေလွ်ာက္ၾကားျပီး “အရွင္ဘုရားတုိ႔ဟာ ဒီသကၤန္းကုိ ၀တ္ရုံထုိက္တဲ့ ၀တ္ရုံဖုိ႔ စြမ္းႏုိင္တဲ့ရဟန္းေတာ္အား ေပးအပ္ေတာ္မူၾကပါကုန္လုိ႔ ေလွ်ာက္ထား၍ သကၤန္းကုိ သံဃာေတာ္တုိ႔ထံ အပ္ႏွံလုိက္သတဲ့။ ဒီအခါ ရဟန္းျမတ္တစ္ပါးက “အရွင္ဘုရားတုိ႔၊ တပည့္ေတာ္ အား(၃)လတုိင္ေအာင္ ၀တ္ခြင့္ေပးပါဘုရား၊ တပည့္ေတာ္ဟာ ၀ါတြင္း(၃)လ ဒီသကၤန္း ကုိ၀တ္ရုံျပီး ရဟန္းတရား ႀကိဳးစားအားထုတ္ပါမယ့္ဘုရား” လုိ႔ ေလွ်ာက္ထားတယ္။

အဲဒီစကားကုိၾကား၍ တျခားေသာ ရဟန္းျမတ္တစ္ပါးက “အရွင္ဘုရားတုိ႔၊ တပည့္ေတာ္အား (၂)လတုိင္ ရုံ၀တ္ခြင့္ေပးပါဘုရား၊ တပည့္ေတာ္ဟာ ၀ါတြင္း (၂)လ ဒီသကၤန္းကုိ ၀တ္ရုံျပီး ရဟန္း တရားႀကိဳးစားအားထုတ္ပါမယ္ဘုရား”လုိ႔ ေလွ်ာက္ထားသတဲ့။ ဒီလုိနဲ႔ ရဟန္း ျမတ္ေတြဟာ တစ္ပါးျပီး တစ္ပါး ေလ်ာ့ေလ်ာ့ျပီး ၀တ္ရုံခြင့္ေတာင္းလာတာဟာ ေနာက္ဆုံး ရဟန္းျမတ္တစ္ပါးက “အရွင္ဘုရား တုိ႔ တပည့္ေတာ္အား(၁)ရက္မွ် ၀တ္ခြင့္ေပးပါဘုရား၊ တပည့္ေတာ္ဟာ(၁)ရက္မွ် ဒီသကၤန္းကုိ ၀တ္ရုံျပီး ရဟန္းတရား ႀကိဳးစား အားထုတ္ပါမယ္ဘုရား”လုိ႔ ေလွ်ာက္ထား ေတာ္မူတာမုိ႔ သံဃာေတာ္ေတြက အဲဒီရဟန္းကုိပဲ မနႏၵာလွဴဒါန္းတဲ့ သကၤန္းကုိ ၀တ္၇ုံခြင့္ေပးလုိက္ပါသတဲ့။

သကၤန္း၀တ္ခြင့္ရတဲ့ ရဟန္းေတာ္ျမတ္ဟာ မနႏၵာလွဴဒါန္းလုိက္တဲ့ ၀ါဆုိသကၤန္းကုိ ကပၸဗိႏၶဳ ထုိးျပီး အဓိ႒ာန္တင္ကာ သပၸါယ္စြာ၀တ္ရုံလ်က္ စႀကၤံလမ္းသုိ႔တက္ျပီး ၀ိပႆနာတရား ႀကိဳးစားပြား မ်ားတဲ့အခါ ေျခလွမ္း(၇)ဖ၀ါးအခ်မွာ အရဟတၱမဂ္၊ အရဟတၱဖုိလ္ကုိရလုိ႔ ရဟႏၱာ အရွင္ျမတ္အျဖစ္သုိ႔ ေရာက္ေတာ္မူပါသတဲ့။ အဲဒါနဲ႔ ေနာက္တစ္ရက္ ေရာက္တဲ့အခါ တျခားရဟန္းျမတ္တစ္ပါးသုိ႔ ဒီ သကၤန္းကုိ လက္ဆင့္ကမ္း ၀တ္ရုံေစပါတယ္။ အဲဒီရဟန္းျမတ္ဟာလည္း ၀တ္ရုံခြင့္ရထားတဲ့ တစ္ရက္ အတြင္းမွာပဲ ၀ိပႆနာတရား ႀကိဳးစားအားထုတ္လုိ႔ ရဟႏၱာ အရွင္ျမတ္ အျဖစ္သို႔ ေရာက္ေတာ္မူပါတယ္။ အဲဒီနည္းနဲ႔ သူဆင္းရဲမ မနႏၵာလွဴဒါန္းလုိက္တဲ့ သကၤန္းကုိ အမွီျပဳ ၀တ္ရုံျပီး ၀ါတြင္း(၃)လ အတြင္းမွာ ရဟန္ းေတာ္အပါး(၉၀)ဟာ ရဟႏၱာအရွင္ျမတ္ေတြအျဖစ္ ေရာက္ေတာ္မူ ကုန္သတဲ့။

ဒီလုိနဲ႔ သီတင္း၀ါလ ကြ်တ္တဲ့အခါ ဗာရာဏသီျပည့္ရွင္ မင္းျမတ္ဟာ ေက်ာင္းေတာ္ႀကီးကုိ နန္းတြင္းသုံး အ၀တ္ အထည္စေတြနဲ႔ လွပျပဳျပင္ တန္းဆာဆင္ေစပါတယ္။ မင္းမႈထမ္းေတြက သံဃာ ေတာ္အရွင္ျမတ္ေတြ ပ၀ါရဏာျပဳရာ သိမ္ေက်ာင္းမ႑ပ္ႀကီးကုိလည္း ဗိတာန္ေတြ၊ တံခြန္၊ ကုကၠား စတာေတြနဲ႔ လွပစြာတန္ဆာ ဆင္ျပဳျပင္ၾကတဲ့အခါ သံဃာေတာ္ အရွင္ျမတ္ေတြက “ေရေအးရြာက နႏၵာအမည္ရွိတဲ့ သူဆင္းရဲမ လွဴဒါန္း လုိက္တဲ့ သကၤန္းဟာ ရဟန္းေတာ္ေတြ အတြက္ ရဟႏၱာျဖစ္တဲ့ အထိ အက်ိဳးမ်ားလွတယ္။ ဒါေၾကာင့္ ဒီသကၤန္းစကုိသာ သိပ္ေက်ာင္းမ႑ပ္မွာ တံခြန္(အလံေတာ္) အျဖစ္ လႊင့္ထူရမယ္”လုိ႔ အမိန္႔ရွိတာမုိ႔ အဲဒီ သကၤန္းစကုိပဲ “ေအာင္လံေတာ္”အျဖစ္ သိမ္ေက်ာင္း မ႑ပ္မွာ လႊင့္ထူထားၾကသတဲ့။

အဲဒီလုိ ျပင္ဆင္ထားတာေတြကုိ ဗာရာဏသီမင္းႀကီးက လွည့္လည္ ၾကည့္ရႈစစ္ေဆးတဲ့အခါ သိမ္ေက်ာင္းမ႑ပ္ရဲ့ တံခြန္တိုင္မွာ သစ္ေခါက္ရည္ ဆုိးထားတဲ့ သကၤန္းစကုိ အလံေတာ္အျဖစ္ လႊင့္ ထူထားတာကုိ ေတြ႔ရတယ္။ အဲဒါနဲ႔ မင္းမႈထမ္းေတြကုိ ေခၚယူကာ “ေမာင္မင္းတုိ႔ကုိ ေကာင္းျမတ္တဲ့ နန္းတြင္းက အထည္စ၊ အထည္မြန္ေတြကုိ ေပးအပ္ထားပါလ်က္၊ အဘယ္အတြက္ေၾကာင့္ တံခြန္ အျဖစ္ မခ်ဳပ္လုပ္ဘဲ ရဟန္းေတာ္ေတြရဲ့ အသုံး အေဆာင္ ဒီသစ္ေခါက္ေရာင္ သကၤန္းစကုိသာ တံခြန္ အျဖစ္ လႊင့္ထူထားရသတုံး”လုိ႔ စစ္ေဆးေမးျမန္းေတာ္မူပါတယ္။ ဒီအခါ မင္းမႈထမ္းေတြက အရွင္မင္းႀကီး၊ ဒီတံခြန္အျဖစ္ လႊင့္ထာထားတဲ့ သက္န္းစဟာ အရွင္ျမတ္တုိ႔အား လြန္စြာအက်ိဳးမ်ား ပါတယ္ဘုရား”လုိ႔ ျပန္လည္ ေလွ်ာက္တင္ၾကတယ္။

ဘုရင္မင္ျမတ္က “ေမာင္မင္းတုိ႔၊ ဒီသကၤန္းဟာ အရွင္ျမတ္ေတြကုိ ဘယ္လုိ အက်ိဳးမ်ားသလဲ” လုိ႔ ဆက္လက္ ေမးျမန္းတဲ့အခါ “ဒီ အေၾကာင္း အျပည့္အစုံကုိ ကြ်န္ေတာ္မ်ိဳးတုိ႔ မသိရပါကုန္၊ အရွင္ ျမတ္တုိ႔သာ သိပါကုန္တယ္ အရွင္မင္းႀကီး”လုိ႔ သံေတာ္ဦးတင္ၾကသတဲ့။ ဒါနဲ႔ ဗာရာဏသီမင္းျမတ္ လည္း သံဃာေတာ္ အရွင္ျမတ္ေတြထံ ခ်ဥ္းကပ္ျပီး “အရွင္ဘုရားတုိ႔၊ သိမ္ေက်ာင္းမ႑ပ္မွာ တံခြန္ အျဖစ္လြင့္ထူထားတဲ့ သကၤန္းစဟာ အရွင္ဘုရားတုိ႔အား ေက်းဇူးမ်ားလွတယ္လုိ႔ မင္းခ်င္းေတြက ဆုိ ပါတယ္ဘုရား၊ အဲဒီ သကၤန္းရဲ့ အက်ိဳးေက်းဇူး မ်ားပုံကုိ ဒကာေတာ္မ်ား သိလုိလွပါတယ္ဘုရား”လုိ႔ ေလွ်ာက္ထား ေတာင္းပန္ေတာ္မူပါတယ္။

အဲဒီအခါ ရဟန္းေတာ္ေတြက ဒီသကၤန္းစကုိအမွီျပဳျပီး ရဟန္းေတာ္ေပါင္း(၉၀)ေက်ာ္ဟာ ၀ါတြင္း(၃)လအတြင္း ရဟႏၱာအျဖစ္ ေရာက္ၾကပုံကုိ ျပန္လည္မိန္႔ၾကားတဲ့စကားကုိ ၾကားနာရတဲ့အခါ ၀မ္းေျမာက္နုေမာ္ သာဓု (၃)ႀကိမ္ေခၚျပီး “အရွင္ဘုရားတုိ႔၊ ရဟန္းသံဃာအား ေက်ဇူးမ်ားေတာ္မူခဲ့တဲ့ ဒီသကၤန္းကုိ အဘယ္သူမ်ား လွဴဒါန္းထားခဲ့ပါသလဲဘုရား”လုိ႔ ေလွ်ာက္ထားေမးျမန္းေတာ္မူတယ္။

ဒီအခါ ရဟန္းေတာ္ေတြကလည္း “ေရေအးရြာက နႏၵာအမည္ရတဲ့ သူဆင္းရဲမ လွဴဒါန္းအပ္ေပ တယ္၊ ဒကာေတာ္မင္းႀကီး”လုိ႔ ျမြတ္ၾကား ေတာ္မူပါတယ္။ ဗာရာဏသီမင္းျမတ္လည္း အထီးက်န္မြဲ သူဆင္းရဲမ မနႏၵကုိ ေခၚယူေစျပီး ေရႊ၊ေငြ သုံးေဆာင္စရာ ပစၥည္းဥစၥာ ေျမာက္မ်ားစြာကုိ ေပးကမ္းကာ သမီးေတာ္အျဖစ္ ေမြးစားေတာ္မူပါတယ္။ ေရေအးရြာကုိလည္း အပုိင္စားေပးျပီး ခ်ီးေျမွာက္ေတာ္ မူတာမုိ႔ “နႏၵာမင္းသမီး’လုိ႔ထင္ရွား ေက်ာ္ၾကားလာပါတယ္။

မင္းသမီးတစ္ပါးအျဖစ္ ေရာက္လာေပမယ့္ မနႏၵာဟာ မေမာ္မၾကြား၊ ဘ၀မေမ့၊ ေအာက္ေျခ မလြတ္ဘဲ တစ္သက္လုံး “ေကာမာရျဗဟၼစရိယ”လုိ႔ေခၚတဲ့ အပ်ိဳစင္သီလကုိ ေစာင့္ထိန္းကာ အလွဴ ေပးျခင္းမွာပဲ ေမြ႔ေလ်ာ္ေနရင္းက သက္တမ္းကုန္လုိ႔ ကြယ္လြန္တဲ့အခါ တုသိတာ နတ္္ျပည္မွာ ‘နႏၵာနတ္ သမီး”ဆုိျပီး ျဖစ္သြားရပါတယ္။

ဒီဓမၼပုံျပင္ကေလးမွာ ႏွလုံးသြင္း ဆင္ျခင္စရာေတြကေတာ့(၁)ကုသိုလ္ေကာင္းမႈဟာ ဘ၀သံသရာ ပင္လယ္ေၾကာမွာ ဆင္းရဲပင္ပန္းစြာ ျမဳပ္ေမ်ာ ေနသူတုိ႔အတြက္ အားကုိး အားထားျပဳရာ ကြ်န္းသာယာ တစ္ခုျဖစ္ေၾကာင္း၊ (၂) ရတနာျမတ္သုံးျဖာဟာလည္း လြန္စြာမွ ႀကုံႀကိဳက္ခဲလွတဲ့ ေကာင္းမႈကုသိုလ္မ်ိဳးေစ့တုိ႔ ႀကဲခ်ရာ လယ္ယာ ေျမေကာင္းသာ ျဖစ္ေၾကာင္းနဲ႔၊ (၃) ဘ၀ေပး အေျခအေနက ဘယ္လုိပင္ နိမ့္က်ေနေစကာမူ စိတ္ေကာင္းနဲ႔ အသိဥာဏ္ မနိမ့္က်ပါက ဘ၀ဆုိတာ တုိးတက္ ျမင့္မား ႀကီးပြား ႏုိင္ေၾကာင္းေတြပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေတာ္၀င္ႏြယ္
# Unicode Version ျဖင့္ ဖတ္ပါ #
မြတ်နိုးဖွယ်ရာဖြစ်တဲ့ လူ့ဘဝမှာ အနုတ်လက္ခဏာပြနေတဲ့ တရား(၃)ပါးရှိပါတယ်။ အချိန်၊ အရွယ်၊ အကုသိုလ်တရား ဒီ(၃)ပါးဟာ ကျန်းမာခြင်း၊ နုပျိုခြင်း၊ လှပခြင်း၊ သန်စွမ်းခြင်းနဲ့ ရှင်သန်ရခြင်းဆိုတာ ကို တိုတောင်းလှတဲ့ လူ့ဘဝ၊ လူခန္ဓာကိုယ်ထဲကနေ အစဉ်အမြဲနုတ် ယနေကြပါတယ်။ သူတို့ရဲ့ လက်ချက်ကြောင့် ငယ်ငယ်က “မိုးဦးပန်းလို” လန်းဆန်းတက်ကြွ ပျော်ရွှင်ခဲ့ရတဲ့ လူ့ဘဝ၊ လူ့အဖြစ်ဟာ ကြီးရင့်လာတာနဲ့အမျှ “ကြံရည် ကြိတ်စက်က ထွက်လာတဲ့ ကြံဖတ်တွေလို”ပဲ တန်ဖိုးမဲ့၊ အရသာမဲ့ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် တစ်ဖက်ကနေပြီး ပစ္စည်းဥစ္စာရှာဖွေမှု၊ တရားဓမ္မ ရှာဖွေမှုတွေနဲ့ ဟာသွားတဲ့လူ့ဘဝ၊ လူ့အဓိပ္ပါယ်ကို ဖြည့်ဆည်းပေးရတယ်။ ပစ္စည်းဥစ္စာနဲ့ကောင်းမှုကုသိုလ်ဟာ လူ့ဘဝရဲ့ အပေါင်း လက္ခဏာ တရားနှစ်ပါးပဲဖြစ်ပါတယ်။ ဒီတရား (၂)ပါးကို များများ အစားထိုးပေးခြင်းနဲ့၊ အချိန်၊ အရွယ်၊ အကုသိုလ်တွေကြောင့် “တန်ဖိုးနည်း၊ အိုးကွဲ၊” ဖြစ်တော့မယ့် လူ့ဘဝ၊ လူ့အဖြစ်ကို “အဖတ်ဆယ်”ပေးရာရောက်တယ်။ ဒီနည်းနဲ့ ပစ္စည်းဥစ္စာ ရှာဖွေမှုနဲ့ တရားဓမ္မ ရှာဖွေမှုတို့ဟာ ခန္ဓာငါးပါးရှိတဲ့ လူသားတိုင်းရဲ့ တာဝန်တွေဖြစ်လာတယ်။



ခန္ဓာကိုယ်ရဲ့ စားဝတ်နေရေး ကျန်းမာရေးကြောင့် လူတိုင်းလိုလိုပဲ ပစ္စည်းဥစ္စာရှာ ဖွေရေး အလုပ်ကို လုပ်ကြပေမယ့် သဒ္ဓါတရားအင်အား အနည်းအများကိုလိုက်ပြီး တရား ရှာဖွေရေး အလုပ်ကိုတော့ လူတိုင်းမလုပ်ဖြစ်ကြပါဘူး။ တကယ်တော့ လူ့ဘ၀ လူ့အဖြစ် ဆိုတာ ကုသိုလ်ကံ ရင်းနှီး မြုပ်နှံမှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ကုသိုလ်ကံကို အခြေခံပြီး လူဖြစ်လာရတာမို့ “လူနဲ့ကုသိုလ်၊ ကုသိုလ်နဲ့လူ” ဆိုတာ ခွဲခွာလို့မရစကောင်းပါဘူး။ ကုသိုလ်တရားပျောက်ကွယ် သွားတာနဲ့ တစ်ပြိုင်နက် လူဟာ လူ့လမ်းကြောင်းပေါ်က ဖယ်ခွာပေးလိုက်ရမှာပါပဲ။

ပါဠိစာပေမှာ လူသားတွေအတွက် စိတ်ကောင်းခြင်းနဲ့ စီးပွားချမ်းသာရဲ့ တည်ရာ အကြောင်း ဖြစ်တာမို့ စင်စစ်ဧကန်ပြုထိုက်တဲ့ ကောင်းမှု(၁၀)မျိုးကို ဖော်ပြထားပါတယ်။ ပါဠိဘာသာနဲ့ “ပုညကြိယာဝတ္ထု-၁၀ ပါးလို့ အမည်တွင်ပါတယ်။ လူသားတွေက ကုသိုလ်ကောင်းမှုရဲ့ စွမ်းရည် သတ္တိကြောင့်သာ ယုတ်နိမ့်မှုမြေပြင်ကနေ မြင့်မြတ်မှု ကောင်းကင်မှာ တက်ရောက်ပျံသန်း နိုင် ကြတာပါ။ “ကုသိုလ်ကံမရှိတော့တဲ့အခါ လူဟာ အတောင်မဲ့ငှက်ကလေးတစ်ကောင်”လို လူ့ဘဝရဲ့ လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။

ဒီတော့ အခုလောလောဆယ် လူသားဘ၀ ဖြစ်တည်နေကြသူတွေကို ကုသိုလ်ခွဲတမ်းနဲ့ ကြည့်မယ်ဆိုရင် (၁) ကုသိုလ်မရ ဝမ်းမဝသူ အောက်ကျသူ လူကတစ်မျိုး။(၂) ကုသိုလ်မရ၊ဝမ်းသာ-ဝသူ အလယ်အလတ်လူကတစ်မျိုး၊ (၃)ကုသိုလ် လည်းရ၊ ဝမ်းလည်းဝသူ အထက်တန်းကျသူ လူကတစ်မျိုးလို့(၃)မျိုးကွဲပြားနိုင်ပါတယ်။ ဒါကြောင့် လူ့ဘဝမှာ “ကုသိုလ်သာပထမ၊ ကုသိုလ်သာ ဒုတိယ”ဆိုသလို ကုသိုလ်ကောင်းမှု ကသာ လူ့ဘဝရဲ့ အရင်းအနှီး၊ ကုသိုလ်ကောင်းမှုကသာ လူ့ဘ၀ ရဲ့ အကျိုး အမြတ်ဖြစ်ပါ တယ်။ အခု ကုသိုလ်ကံသာ မိမိဘဝရဲ့ ကြီးပွားတိုးတက် မြင့်မားရာလို့ ခံယူ ချက်ထားရှိသူ အမျိုးးသမီးငယ် တစ်ဦးအကြောင်းကို ပြောပြချင်ပါတယ်။

အကျိုးကြီးတဲ့ သင်္ကန်းတစ်စုံ

ရှေးရှေးတုန်းက ဗာရာဏသီတိုင်းပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စိုးနေစဉ် နေပြည်တော်နဲ့ မနီးမဝေးမှာ “ရေအေးရွာ”လို့အမည်ရတဲ့ ရွာကြီးတစ်ရွာရှိခဲ့ဖူးတယ်။ အဲဒီရွာရဲ့ အနောက်ဘက်မှာ သာယာလှပတဲ့ “စိတ္တကုဋ်”တောင်ရှိတယ်။ တောင်ခြေမျာ ရဟန်းတော်(၅၀၀)ကျော် သီတင်းသုံးနိုင် လောက်အောင် ဗြဟ္မဒတ်မင်းကြီးက ဆောက်လုပ်လှုဒါန်းထားတဲ့ ရွှေကျောင်းတော်ကြီးဆိုတာလည်း ရှိတယ်။ အဲဒီကျောင်းတော်က ရဟန်းတော်တွေဟာ ရေအေးရွာကြီးကိုပဲ ဂေါစရဂါမ်အဖြစ် ဆွမ်းခံကြွ တော်မူကြတယ်။

အဲဒီရွာကြီးမှာ သနားစရာကောင်းတဲ့ “နန္ဒာ”လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယေက်ဟာ အထီး ကျန် မျက်နှာမွဲ၊ ဆင်းရဲစွာ အလုပ်လုပ်ပြီး အသက်မွေးနေရသတဲ့။ နံနက်ခင်းတွေမှာ ဟင်းသီးဟင်း ရွက်တွေကို လှည့်လည်ရောင်းချရပြီး ညနေပိုင်းတွေမှာတော့ ချမ်းသာကြွယ်ဝတဲ့ နေအိမ်တွေမှာ ရေခပ်၊အဝတ်လျှော်၊ စပါးနယ်၊ ဆန်ဖွပ်စသဖြင့် အလုပ်မျိုးစုံ အကုန်လုပ်ပြီးရတဲ့ အခကြေးငွေနဲ့ ပင်ပန်းဆင်းရဲစွာနေရတယ်။ စားဝတ်နေရေးက ပင်ပန်းဆင်းရဲ၊ ငွေကြေးနဲ့ပစ္စည်းဥစ္စာက ချို့တဲ့ပေ မယ့် မနန္ဒာဟာ စိတ်ဓာတ်နဲ့အသိဉာဏ်ကတော့ မချို့တဲ့ရှာပါဘူး။

ဒါနဲ့ မနန္ဒာဟာ တစ်နေ့တော့ သူတွေးမိသတဲ့ “ငါဟာ အတိတ်ဘဝတုန်းက ဘယ်လိုမကောင်း မှုတွေ လွန်ကျုးခဲ့လို့လည်း မသိဘူး၊ အခုဘဝမှာ အင်မတန်ဆင်းရဲ ပင်ပန်းလွန်းလှတယ်၊ သူတစ်ပါး တွေအိမ်မှာ တစ်နေကုန် အလုပ်လုပ်ရပေမယ့် တစ်ဝမ်းတစ်ခါးမှ လှအောင်ဝအောင် မနေနိုင်ဘူး။ ကုသိုလ်မရ ဝမ်းမဝနဲ့ အောက်တန်းကျလိုက်တာ၊ ဒီလို ငုံ့ခံလက်မှိုုင်ချနေလို့ကတော့ အထက်တန်း ကျတဲ့ ဘဝမျိုး ဘယ်တော့မှရောက်မှာ မဟုတ်ဘူး၊ အခု ငါဟာ သာသနာတော်ထွန်းလင်းရာအချိန်မှာ လူဖြစ်နေတာပဲ။ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေနဲ့ ကံ၊ကံရဲ့အကျိုးကို ယုံကြည်မြတ်နိုး အားကိုးပြီးတော့ ဘဝဆင်းရဲ၊ဝဋ်ဆင်းရဲတွေကနေ ထုတ်ဆောင်ပေးနိုင်တဲ့ ကောင်းမှုတစ်ခုခုကို ပြုမှ တော်တော့မယ်”

ဒီလိုတွေးမိသတဲ့ မနန္ဒာဟာ ရတဲ့ အခကြေးငွေထဲက နည်းနည်းချင်းချင်း စုဆောင်းလို့ ဝါဆို အမီ “ဝါဆိုသင်္ကန်း” တစ်စုံလောက် ဆက်ကပ်လှူဒါန်းနိုင်အောင်ကြိုးစား အလုပ်လုပ်ပါသတဲ့။ ၆- လ နီးပါးမျှ အလုပ်ကြိုးစားလို့ ခြုံးခြံစုဆောင်းလိုက်တဲ့အခါ သင်္ကန်းတစ်စုံဝယ်လို့ရသွားပါတယ်။ သင်္ကန်း အသစ်ကလေးတစ်စုံကို ရလာတဲ့နေ့ဟာ မနန္ဒာတစ်ယောက် ဝမ်းသာကြည်နူးလွန်းလို့ တစ်ညလုံး တောင် အိပ်မပျော်ရှာဘူးတဲ့။ နံနက်ခင်းရောက်တဲ့အခါ သံဃာတော်များ ဆွမ်းခံကြွလာမယ့် လမ်းမကနေ မနန္ဒာတစ်ယောက် သင်္ကန်းကလေး ကိုင်မလို့ စောင့်နေပါတယ်။ သံဃာတော် တစ်ပါး ကြွလာတော်မူတဲ့အေခါ “အရှင်ဘုရား ဒီသင်္ကန်းကို အရှင်ဘုရားတို့ကျောင်းမှာ ဝါဆိုဝါကပ်မယ့် ရဟန်းတော်တို့အား လှူဒါန်းလိုပါတယ်ဘုရား။ အရှင်ဘုရားကပဲ ဒီဝါဆိုသင်္ကန်းကို သံဃာတော် ထံယူဆောင်ပြီး တပည့်တော်မရဲ့အထီးကျန်မွဲ ဆင်းရဲတဲ့အဖြစ်နဲ့ ဒီသင်္ကန်းကိုလည်း ပင်ပန်းဆင်းရဲ ခက်ခဲစွာ လှူဒါန်းရတဲ့အကြောင်းကို သိစေတော်မူလိုက်ပါဘုရား”လို့ လျှောက်ထားပြီး ရွှင်လန်း ဝမ်းမြောက်စွာနဲ့ သင်္ကန်းကို ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။

အဲဒီရဟန်းတော်ဟာ သူဆင်းရဲ မနန္ဒာလှူဒါန်းလိုက်တဲ့ သင်္ကန်းကို လက်ခံယူတော်မူပြီး ကျောင်းရောက်တဲ့အခါ သံဃာတော်အားလုံးကို စုဝေးစေကာ သူဆင်းရဲမ မနန္ဒာမှာကြားလိုက်တဲ့ စကားကို သံဃာတော်အား လျှောက်ကြားပြီး “အရှင်ဘုရားတို့ဟာ ဒီသင်္ကန်းကို ဝတ်ရုံထိုက်တဲ့ ဝတ်ရုံဖို့ စွမ်းနိုင်တဲ့ရဟန်းတော်အား ပေးအပ်တော်မူကြပါကုန်လို့ လျှောက်ထား၍ သင်္ကန်းကို သံဃာတော်တို့ထံ အပ်နှံလိုက်သတဲ့။ ဒီအခါ ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရားတို့၊ တပည့်တော် အား(၃)လတိုင်အောင် ဝတ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ ဝါတွင်း(၃)လ ဒီသင်္ကန်း ကိုဝတ်ရုံပြီး ရဟန်းတရား ကြိုးစားအားထုတ်ပါမယ့်ဘုရား” လို့ လျှောက်ထားတယ်။

အဲဒီစကားကိုကြား၍ တခြားသော ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရားတို့၊ တပည့်တော်အား (၂)လတိုင် ရုံဝတ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ ဝါတွင်း (၂)လ ဒီသင်္ကန်းကို ဝတ်ရုံပြီး ရဟန်း တရားကြိုးစားအားထုတ်ပါမယ်ဘုရား”လို့ လျှောက်ထားသတဲ့။ ဒီလိုနဲ့ ရဟန်း မြတ်တွေဟာ တစ်ပါးပြီး တစ်ပါး လျော့လျော့ပြီး ဝတ်ရုံခွင့်တောင်းလာတာဟာ နောက်ဆုံး ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရား တို့ တပည့်တော်အား(၁)ရက်မျှ ဝတ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ(၁)ရက်မျှ ဒီသင်္ကန်းကို ဝတ်ရုံပြီး ရဟန်းတရား ကြိုးစား အားထုတ်ပါမယ်ဘုရား”လို့ လျှောက်ထား တော်မူတာမို့ သံဃာတော်တွေက အဲဒီရဟန်းကိုပဲ မနန္ဒာလှူဒါန်းတဲ့ သင်္ကန်းကို ဝတ်ရုံခွင့်ပေးလိုက်ပါသတဲ့။

သင်္ကန်းဝတ်ခွင့်ရတဲ့ ရဟန်းတော်မြတ်ဟာ မနန္ဒာလှူဒါန်းလိုက်တဲ့ ဝါဆိုသင်္ကန်းကို ကပ္ပဗိန္ဓု ထိုးပြီး အဓိဋ္ဌာန်တင်ကာ သပ္ပါယ်စွာဝတ်ရုံလျက် စင်္ကြံလမ်းသို့တက်ပြီး ဝိပဿနာတရား ကြိုးစားပွား များတဲ့အခါ ခြေလှမ်း(၇)ဖဝါးအချမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကိုရလို့ ရဟန္တာ အရှင်မြတ်အဖြစ်သို့ ရောက်တော်မူပါသတဲ့။ အဲဒါနဲ့ နောက်တစ်ရက် ရောက်တဲ့အခါ တခြားရဟန်းမြတ်တစ်ပါးသို့ ဒီ သင်္ကန်းကို လက်ဆင့်ကမ်း ဝတ်ရုံစေပါတယ်။ အဲဒီရဟန်းမြတ်ဟာလည်း ဝတ်ရုံခွင့်ရထားတဲ့ တစ်ရက် အတွင်းမှာပဲ ဝိပဿနာတရား ကြိုးစားအားထုတ်လို့ ရဟန္တာ အရှင်မြတ် အဖြစ်သို့ ရောက်တော်မူပါတယ်။ အဲဒီနည်းနဲ့ သူဆင်းရဲမ မနန္ဒာလှူဒါန်းလိုက်တဲ့ သင်္ကန်းကို အမှီပြု ဝတ်ရုံပြီး ဝါတွင်း(၃)လ အတွင်းမှာ ရဟန် းတော်အပါး(၉၀)ဟာ ရဟန္တာအရှင်မြတ်တွေအဖြစ် ရောက်တော်မူ ကုန်သတဲ့။

ဒီလိုနဲ့ သီတင်းဝါလ ကျွတ်တဲ့အခါ ဗာရာဏသီပြည့်ရှင် မင်းမြတ်ဟာ ကျောင်းတော်ကြီးကို နန်းတွင်းသုံး အဝတ် အထည်စတွေနဲ့ လှပပြုပြင် တန်းဆာဆင်စေပါတယ်။ မင်းမှုထမ်းတွေက သံဃာ တော်အရှင်မြတ်တွေ ပဝါရဏာပြုရာ သိမ်ကျောင်းမဏ္ဍပ်ကြီးကိုလည်း ဗိတာန်တွေ၊ တံခွန်၊ ကုက္ကား စတာတွေနဲ့ လှပစွာတန်ဆာ ဆင်ပြုပြင်ကြတဲ့အခါ သံဃာတော် အရှင်မြတ်တွေက “ရေအေးရွာက နန္ဒာအမည်ရှိတဲ့ သူဆင်းရဲမ လှူဒါန်း လိုက်တဲ့ သင်္ကန်းဟာ ရဟန်းတော်တွေ အတွက် ရဟန္တာဖြစ်တဲ့ အထိ အကျိုးများလှတယ်။ ဒါကြောင့် ဒီသင်္ကန်းစကိုသာ သိပ်ကျောင်းမဏ္ဍပ်မှာ တံခွန်(အလံတော်) အဖြစ် လွှင့်ထူရမယ်”လို့ အမိန့်ရှိတာမို့ အဲဒီ သင်္ကန်းစကိုပဲ “အောင်လံတော်”အဖြစ် သိမ်ကျောင်း မဏ္ဍပ်မှာ လွှင့်ထူထားကြသတဲ့။

အဲဒီလို ပြင်ဆင်ထားတာတွေကို ဗာရာဏသီမင်းကြီးက လှည့်လည် ကြည့်ရှုစစ်ဆေးတဲ့အခါ သိမ်ကျောင်းမဏ္ဍပ်ရဲ့ တံခွန်တိုင်မှာ သစ်ခေါက်ရည် ဆိုးထားတဲ့ သင်္ကန်းစကို အလံတော်အဖြစ် လွှင့် ထူထားတာကို တွေ့ရတယ်။ အဲဒါနဲ့ မင်းမှုထမ်းတွေကို ခေါ်ယူကာ “မောင်မင်းတို့ကို ကောင်းမြတ်တဲ့ နန်းတွင်းက အထည်စ၊ အထည်မွန်တွေကို ပေးအပ်ထားပါလျက်၊ အဘယ်အတွက်ကြောင့် တံခွန် အဖြစ် မချုပ်လုပ်ဘဲ ရဟန်းတော်တွေရဲ့ အသုံး အဆောင် ဒီသစ်ခေါက်ရောင် သင်္ကန်းစကိုသာ တံခွန် အဖြစ် လွှင့်ထူထားရသတုံး”လို့ စစ်ဆေးမေးမြန်းတော်မူပါတယ်။ ဒီအခါ မင်းမှုထမ်းတွေက အရှင်မင်းကြီး၊ ဒီတံခွန်အဖြစ် လွှင့်ထာထားတဲ့ သက်န်းစဟာ အရှင်မြတ်တို့အား လွန်စွာအကျိုးများ ပါတယ်ဘုရား”လို့ ပြန်လည် လျှောက်တင်ကြတယ်။

ဘုရင်မင်မြတ်က “မောင်မင်းတို့၊ ဒီသင်္ကန်းဟာ အရှင်မြတ်တွေကို ဘယ်လို အကျိုးများသလဲ” လို့ ဆက်လက် မေးမြန်းတဲ့အခါ “ဒီ အကြောင်း အပြည့်အစုံကို ကျွန်တော်မျိုးတို့ မသိရပါကုန်၊ အရှင် မြတ်တို့သာ သိပါကုန်တယ် အရှင်မင်းကြီး”လို့ သံတော်ဦးတင်ကြသတဲ့။ ဒါနဲ့ ဗာရာဏသီမင်းမြတ် လည်း သံဃာတော် အရှင်မြတ်တွေထံ ချဉ်းကပ်ပြီး “အရှင်ဘုရားတို့၊ သိမ်ကျောင်းမဏ္ဍပ်မှာ တံခွန် အဖြစ်လွင့်ထူထားတဲ့ သင်္ကန်းစဟာ အရှင်ဘုရားတို့အား ကျေးဇူးများလှတယ်လို့ မင်းချင်းတွေက ဆို ပါတယ်ဘုရား၊ အဲဒီ သင်္ကန်းရဲ့ အကျိုးကျေးဇူး များပုံကို ဒကာတော်များ သိလိုလှပါတယ်ဘုရား”လို့ လျှောက်ထား တောင်းပန်တော်မူပါတယ်။

အဲဒီအခါ ရဟန်းတော်တွေက ဒီသင်္ကန်းစကိုအမှီပြုပြီး ရဟန်းတော်ပေါင်း(၉၀)ကျော်ဟာ ဝါတွင်း(၃)လအတွင်း ရဟန္တာအဖြစ် ရောက်ကြပုံကို ပြန်လည်မိန့်ကြားတဲ့စကားကို ကြားနာရတဲ့အခါ ဝမ်းမြောက်နုမော် သာဓု (၃)ကြိမ်ခေါ်ပြီး “အရှင်ဘုရားတို့၊ ရဟန်းသံဃာအား ကျေဇူးများတော်မူခဲ့တဲ့ ဒီသင်္ကန်းကို အဘယ်သူများ လှူဒါန်းထားခဲ့ပါသလဲဘုရား”လို့ လျှောက်ထားမေးမြန်းတော်မူတယ်။

ဒီအခါ ရဟန်းတော်တွေကလည်း “ရေအေးရွာက နန္ဒာအမည်ရတဲ့ သူဆင်းရဲမ လှူဒါန်းအပ်ပေ တယ်၊ ဒကာတော်မင်းကြီး”လို့ မြွတ်ကြား တော်မူပါတယ်။ ဗာရာဏသီမင်းမြတ်လည်း အထီးကျန်မွဲ သူဆင်းရဲမ မနန္ဒကို ခေါ်ယူစေပြီး ရွှေ၊ငွေ သုံးဆောင်စရာ ပစ္စည်းဥစ္စာ မြောက်များစွာကို ပေးကမ်းကာ သမီးတော်အဖြစ် မွေးစားတော်မူပါတယ်။ ရေအေးရွာကိုလည်း အပိုင်စားပေးပြီး ချီးမြှောက်တော် မူတာမို့ “နန္ဒာမင်းသမီး’လို့ထင်ရှား ကျော်ကြားလာပါတယ်။

မင်းသမီးတစ်ပါးအဖြစ် ရောက်လာပေမယ့် မနန္ဒာဟာ မမော်မကြွား၊ ဘဝမမေ့၊ အောက်ခြေ မလွတ်ဘဲ တစ်သက်လုံး “ကောမာရဗြဟ္မစရိယ”လို့ခေါ်တဲ့ အပျိုစင်သီလကို စောင့်ထိန်းကာ အလှူ ပေးခြင်းမှာပဲ မွေ့လျော်နေရင်းက သက်တမ်းကုန်လို့ ကွယ်လွန်တဲ့အခါ တုသိတာ နတ်ပြည်မှာ ‘နန္ဒာနတ် သမီး”ဆိုပြီး ဖြစ်သွားရပါတယ်။

ဒီဓမ္မပုံပြင်ကလေးမှာ နှလုံးသွင်း ဆင်ခြင်စရာတွေကတော့(၁)ကုသိုလ်ကောင်းမှုဟာ ဘဝသံသရာ ပင်လယ်ကြောမှာ ဆင်းရဲပင်ပန်းစွာ မြုပ်မျော နေသူတို့အတွက် အားကိုး အားထားပြုရာ ကျွန်းသာယာ တစ်ခုဖြစ်ကြောင်း၊ (၂) ရတနာမြတ်သုံးဖြာဟာလည်း လွန်စွာမှ ကြုံကြိုက်ခဲလှတဲ့ ကောင်းမှုကုသိုလ်မျိုးစေ့တို့ ကြဲချရာ လယ်ယာ မြေကောင်းသာ ဖြစ်ကြောင်းနဲ့၊ (၃) ဘဝပေး အခြေအနေက ဘယ်လိုပင် နိမ့်ကျနေစေကာမူ စိတ်ကောင်းနဲ့ အသိဉာဏ် မနိမ့်ကျပါက ဘဝဆိုတာ တိုးတက် မြင့်မား ကြီးပွား နိုင်ကြောင်းတွေပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: တော်ဝင်နွယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top