န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္၊ ေပါက္ေတာျမိဳ႕နယ္၊ ရြာေခ်ာင္းႀကီးေက်းရြာမွ အမ်ိဳးသမီးတစ္ဦးသည္ မိုးၾကိဳးပစ္ခံရ၍ ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

ေသဆံုးသူမွာ ရ ေဒၚမျမဝင္း အသက္ (၃၇) ႏွစ္ျဖစ္ျပီး ယေန႔နံနက္ ၇ နာရီ အခ်ိန္တြင္ သူမ၏ ေနအိမ္ ေနာက္ေဖးခန္းရွိ တံစက္ျမိတ္တြင္ ထမင္း ခ်က္ရန္ ဆန္ေဆးေႀကာေနခ်ိန္တြင္ မိုးႀကိဳးထိမွန္၍ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"မနက္ ၇ နာရီ သူမရဲ႕ေနအိမ္ေအာက္ထပ္ မီးဖိုေခ်ာင္ရဲ႕ ေနာက္ေဖး တံစက္ျမိတ္မွာ မိုးႀကိဳး ထိမွန္ျပီး ေသဆံုးသြားခဲ့တာပါ။ ျဖစ္ျဖစ္ခ်င္း ေပါက္ေတာေဆးရုံကို ပို႔ေဆာင္ထားပါတယ္။ ေဆးရုံကစစ္ေဆးျပီး အခု အေလာင္းကို သျဂၤိဳလ္ဖို႔အတြက္ ရြာကိုျပန္ယူသြားျပီလို႔သိရပါတယ္"ဟု ေပါက္ေတာ ရဲစခန္းမွ တပ္ႀကပ္ႀကီး ေအာင္သန္းက နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။

ေသဆံုးသူ ေဒၚမျမဝင္းတြင္ သားသမီးႏွစ္ဦးက်န္ရစ္ခဲ့သည္ ဟုသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စိုးဇံေအာင္(ေတာင္ကုတ္)

#Unicode Version#

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးသည် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ရ ဒေါ်မမြဝင်း အသက် (၃၇) နှစ်ဖြစ်ပြီး ယနေ့နံနက် ၇ နာရီ အချိန်တွင် သူမ၏ နေအိမ် နောက်ဖေးခန်းရှိ တံစက်မြိတ်တွင် ထမင်း ချက်ရန် ဆန်ဆေးကြောနေချိန်တွင် မိုးကြိုးထိမှန်၍သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"မနက် ၇ နာရီ သူမရဲ့နေအိမ်အောက်ထပ် မီးဖိုချောင်ရဲ့ နောက်ဖေး တံစက်မြိတ်မှာ မိုးကြိုး ထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။ ဖြစ်ဖြစ်ချင်း ပေါက်တောဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဆေးရုံကစစ်ဆေးပြီး အခု အလောင်းကို သင်္ဂြိုလ်ဖို့အတွက် ရွာကိုပြန်ယူသွားပြီလို့သိရပါတယ်"ဟု ပေါက်တော ရဲစခန်းမှ တပ်ကြပ်ကြီး အောင်သန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံးသူ ဒေါ်မမြဝင်းတွင် သားသမီးနှစ်ဦးကျန်ရစ်ခဲ့သည် ဟုသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စိုးဇံအောင်(တောင်ကုတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top