န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မ်က္ႏွာျမင္ ခ်စ္ခင္ပါေစဆိုတဲ့ ျမန္မာစကားလိုပဲ၊ လူတေယာက္ အတြက္ မ်က္ႏွာအေနအထား တခုဟာ လွေန၊ ေခ်ာေနဖု႔ိ ဆိုတာထက္ ခ်စ္ခင္စဖြယ္ျဖစ္ေနဖို႔ေတာ့ လိုအပ္တာအမွန္ပါ။

လူတေယာက္ရဲ့ စိတ္ေနသေဘာထားဟာ သူ႔ရဲ့ မ်က္ႏွာ အေနအထားနဲ႔လည္း သက္ဆိုင္မွု ရွိတယ္ လို႔ ေလ့လာခ်က္ေတြ အရ သိရပါတယ္။

ဒီေတာ့ ဘယ္လိုမ်က္ႏွာ အေနအထား သမားေတြက ဆက္ဆံေရး ဘယ္လို ရွိတယ္ ဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။

၁။ အသည္းႏွလုံးပုံစံမ်က္ႏွာပိုင္ရွင္ ။ ။

Archives of Sexual Behavior ဂ်ယ္နယ္မွာ ေဖာ္ျပထားတဲ့ ေဆာင္းပါးတပုဒ္ အရ အမ်ိဳးသားေတြမွာ ေရာ၊ အမ်ိဳးသမီးေတြမွာေရာ မ်က္ႏွာက အထက္၊ ေအာက္ တိုတယ္၊ မ်က္ႏွာျပင္ကေတာ့ က်ယ္တယ္၊

ဒီလို မ်က္ႏွာရွည္တာထက္ မ်က္ႏွာ ပိုက်ယ္သူေတြ၊ ခပ္ေရးေရးအသည္းႏွလုံးပုံစံ မ်က္ႏွာရွိသူေတြက အခ်စ္ေရးကို ဦးစားေပးသူေတြ၊ လိင္စိတ္လည္း မ်ားသူေတြလို႔ ဆိုပါတယ္။

၂။ ေလးေထာင့္က်က် မ်က္ႏွာပိုင္ရွင္ ။ ။

အထူးသျဖင့္ေတာ့ အခုလိုမ်က္ႏွာမ်ိဳးက အမ်ိဳးသားေတြမွာ အေတြ႕ရ မ်ားတယ္ လို႔ ဆိုပါတယ္။ မ်က္ႏွာက ေလ့ေထာင့္က်က် ျဖစ္ေနပါလိမ့္မယ္။

ASB ရဲ့ ေလ့လာခ်က္ တခုအရ ဒီလိုမ်က္ႏွာ ေလးေထာင့္က်က် ရွိသူေတြက တက္တက္ႂကြႂကြေနတတ္သူေတြ၊ သူမ်ားရဲ့ အထက္မွာပဲ ေနလိုသူေတြ၊ ဦးေဆာင္မွု ေကာင္းေကာင္း ေပးနိုင္သူေတြလို႔ ဆိုပါတယ္။

၃။ မ်က္ႏွာဝိုင္းသူေတြ ။ ။

မ်က္ႏွာဝိုင္းသူေတြကေတာ့ မ်က္ႏွာျမင္ ခ်စ္ခင္ပါေစလို႔ ဆုေတာင္း ျပည့္သူေတြလို႔ ဆိုပါတယ္။ အျပစ္ကင္းတဲ့ မ်က္ႏွာပိုင္ရွင္ေတြပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အိပ္ခ်ိန္မွာ ေဟာက္တတ္သူေတြ ျဖစ္ဖို႔ မ်ားတယ္ လို႔လည္း ဆိုပါတယ္။ အသက္အရြယ္၊ က်ား၊ မ ကြဲျပားမွု၊ အဝလြန္ျခင္း စတဲ့ အခ်က္ေတြနဲ႔ အတူ Case Western Reserve University ရဲ့ ေလ့လာခ်က္ အရ မ်က္ႏွာဝိုင္းသူေတြက တျခား မ်က္ႏွာပိုင္ရွင္ေတြထက္ အျပစ္ကင္းတဲ့ မ်က္ႏွာကို ပိုင္ဆိုင္ထားၾကေပမယ့္ အိပ္ရင္ ေဟာက္သူမ်ားတယ္ လို႔ ဆိုပါတယ္။

၄။ စိန္ပြင့္ပုံစံမ်က္ႏွာပိုင္ရွင္ ။ ။

ဆိုလိုတာကေတာ့ ေမးေစ့ခၽြန္ခၽြန္၊ နဖူးခၽြန္ခၽြန္၊ ပါးတဝိုက္ပဲ ေဖာင္းသူေတြေပါ့။ သူတို႔ကလည္း ကံေကာင္းတဲ့ မ်က္ႏွာပိုင္ရွင္ေတြပါပဲ။

တပါးသူေတြက အခုလို စိန္ပြင့္ပုံစံ မ်က္ႏွာပိုင္ရွင္ေတြကို မ်က္ႏွာ ျမင္တာနဲ႔တင္ ယုံၾကည္မွု ရွိတတ္တယ္ လို႔ ဆိုပါတယ္။

ေခ်ာေမာလွပတယ္ လို႔ ယူဆခံရတယ္၊ စိတ္ဓါတ္ ခိုင္မာ ျဖဴစင္တယ္ လို႔ မွတ္ခ်က္ေပး ရခံသူေတြပါလို႔ Psychological Science မွာေဖာ္ျပထားတာ ေတြ႕ရပါတယ္။ တပါးသူကို လည္း ကူညီတတ္တဲ့ စိတ္ထားရွိသူေတြပါ။

၅။ ဘဲဥပုံမ်က္ႏွာပိုင္ရွင္ ။ ။

မ်က္ႏွာဝိုင္းသူေတြနဲ႔ စာရင္ မ်က္ႏွာ နည္းနည္း ပိုရွည္သူေတြပါ။ သင့္ အေနနဲ႔ မင္းသား၊ မင္းသမီး လုပ္မယ္ ဆိုရင္ေတာင္ ရနိုင္ေလာက္တဲ့ အလွမ်က္ႏွာပိုင္ရွင္ပါပဲ။

ဘဲဥပုံမ်က္ႏွာပိုင္ရွင္ေတြက အမ်ားစုက လွပၾကပါတယ္။ ဒါေပမယ့္ သူတို႔မွာ အားနည္းခ်က္ တခုရွိပါတယ္။ အဲဒါကေတာ့ ပ်င္းတာပါပဲ။

ဒါေပမယ့္ မ်က္ႏွာေလးက လွေနေတာ့ ပ်င္းေနတာကို အျပစ္လို႔ မေျပာနိုင္ေလာက္ေအာင္ ျဖစ္သြားရပါလိမ့္မယ္။

၆။ ေထာင့္မွန္စတုဂံပုံု မ်က္ႏွာပိုင္ရွင္ ။ ။

ေလးေထာင့္က်က် မ်က္ႏွာပိုင္ရွင္ေတြလို႔ အထက္မွာ ေျပာခဲ့သူေတြထက္ ေလးေထာင့္က် ေပမယ့္ မ်က္ႏွာ ပိုရွည္သူေတြပါ။

သူတိ့ုဟာ ေလ့လာမိသေလာက္ ေခါင္းေဆာင္ေတြ အမ်ားစုရဲ့ သြင္ျပင္လို႔ ဆိုပါတယ္။ စိတ္ဓာတ္လည္းခိုင္မာၾကတယ္၊ ေတာ္ၾကတယ္ ေပါ့။

တပါးသူကို ပညာ၊ စကား၊ ဦးေဆာင္မွုေတြနဲ႔ ေကာင္းေကာင္းထိန္းခ်ဳပ္ ဦးေဆာင္နိုင္သူေတြပါလို႔ Psychological Science ရဲ့ ေဆာင္းပါးတပုဒ္မွာ ဆိုထားပါတယ္။

တကယ့္ လက္ေတြ႕ဘ၀ ကုမၸဏီ၊ လုပ္ငန္းေတြမွာလည္းအခုလို ေထာင့္မွန္စတုဂံပုံစံ မ်က္ႏွာရွိသူေတြရဲ့ ကုမၸဏီလုပ္ငန္းေတြက ပိုမိုေအာင္ျမင္မွု ရေနတယ္ လို႔ ဆိုပါတယ္။

၇။ မ်က္လုံးပုံစံမ်က္ႏွာပိုင္ရွင္ ။ ။

မ်က္ႏွာက ပုၿပီး ေဘးကို ေမးရိုးကားကားနဲ႔ မ်က္လုံးပုံစံ မ်က္ႏွာပိုင္ရွင္ေတြ ေပါ့။ တ႐ုတ္ အေျခစိုက္ ေလ့လာခ်က္ တခုကို Psychology Today မွာ ေဖာ္ျပထားတဲ့ ေဆာင္းပါးတပုဒ္ အရေတာ့ ဒီလိုမ်က္ႏွာ ပိုင္ရွင္ေတြက လူခ်စ္လူခင္ မ်ားသူေတြပါ တဲ့။

တပါးသူနဲ႔ စကားအတိုက္အခံေျပာတာေတြ မရွိဘူး၊ သေဘာေကာင္းတယ္၊ ညႇိႏွိုင္း ေျပာဆိုတြဲဖက္ လုပ္ကိုင္လို႔လည္း ေကာင္းတယ္၊ မ်က္ႏွာလည္းရႊင္သူေတြ လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခ်စ္ေဖ (ေတာင္တြင္းေျမ)

#Unicode Version#
မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ မြန်မာစကားလိုပဲ၊ လူတယောက် အတွက် မျက်နှာအနေအထား တခုဟာ လှနေ၊ ချောနေဖု့ိ ဆိုတာထက် ချစ်ခင်စဖွယ်ဖြစ်နေဖို့တော့ လိုအပ်တာအမှန်ပါ။

လူတယောက်ရဲ့ စိတ်နေသဘောထားဟာ သူ့ရဲ့ မျက်နှာ အနေအထားနဲ့လည်း သက်ဆိုင်မှု ရှိတယ် လို့ လေ့လာချက်တွေ အရ သိရပါတယ်။

ဒီတော့ ဘယ်လိုမျက်နှာ အနေအထား သမားတွေက ဆက်ဆံရေး ဘယ်လို ရှိတယ် ဆိုတာ လေ့လာကြည့်ရအောင်ပါ။

၁။ အသည်းနှလုံးပုံစံမျက်နှာပိုင်ရှင် ။ ။

Archives of Sexual Behavior ဂျယ်နယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ် အရ အမျိုးသားတွေမှာ ရော၊ အမျိုးသမီးတွေမှာရော မျက်နှာက အထက်၊ အောက် တိုတယ်၊ မျက်နှာပြင်ကတော့ ကျယ်တယ်၊

ဒီလို မျက်နှာရှည်တာထက် မျက်နှာ ပိုကျယ်သူတွေ၊ ခပ်ရေးရေးအသည်းနှလုံးပုံစံ မျက်နှာရှိသူတွေက အချစ်ရေးကို ဦးစားပေးသူတွေ၊ လိင်စိတ်လည်း များသူတွေလို့ ဆိုပါတယ်။

၂။ လေးထောင့်ကျကျ မျက်နှာပိုင်ရှင် ။ ။

အထူးသဖြင့်တော့ အခုလိုမျက်နှာမျိုးက အမျိုးသားတွေမှာ အတွေ့ရ များတယ် လို့ ဆိုပါတယ်။ မျက်နှာက လေ့ထောင့်ကျကျ ဖြစ်နေပါလိမ့်မယ်။

ASB ရဲ့ လေ့လာချက် တခုအရ ဒီလိုမျက်နှာ လေးထောင့်ကျကျ ရှိသူတွေက တက်တက်ကြွကြွနေတတ်သူတွေ၊ သူများရဲ့ အထက်မှာပဲ နေလိုသူတွေ၊ ဦးဆောင်မှု ကောင်းကောင်း ပေးနိုင်သူတွေလို့ ဆိုပါတယ်။

၃။ မျက်နှာဝိုင်းသူတွေ ။ ။

မျက်နှာဝိုင်းသူတွေကတော့ မျက်နှာမြင် ချစ်ခင်ပါစေလို့ ဆုတောင်း ပြည့်သူတွေလို့ ဆိုပါတယ်။ အပြစ်ကင်းတဲ့ မျက်နှာပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အိပ်ချိန်မှာ ဟောက်တတ်သူတွေ ဖြစ်ဖို့ များတယ် လို့လည်း ဆိုပါတယ်။ အသက်အရွယ်၊ ကျား၊ မ ကွဲပြားမှု၊ အဝလွန်ခြင်း စတဲ့ အချက်တွေနဲ့ အတူ Case Western Reserve University ရဲ့ လေ့လာချက် အရ မျက်နှာဝိုင်းသူတွေက တခြား မျက်နှာပိုင်ရှင်တွေထက် အပြစ်ကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားကြပေမယ့် အိပ်ရင် ဟောက်သူများတယ် လို့ ဆိုပါတယ်။

၄။ စိန်ပွင့်ပုံစံမျက်နှာပိုင်ရှင် ။ ။

ဆိုလိုတာကတော့ မေးစေ့ချွန်ချွန်၊ နဖူးချွန်ချွန်၊ ပါးတဝိုက်ပဲ ဖောင်းသူတွေပေါ့။ သူတို့ကလည်း ကံကောင်းတဲ့ မျက်နှာပိုင်ရှင်တွေပါပဲ။

တပါးသူတွေက အခုလို စိန်ပွင့်ပုံစံ မျက်နှာပိုင်ရှင်တွေကို မျက်နှာ မြင်တာနဲ့တင် ယုံကြည်မှု ရှိတတ်တယ် လို့ ဆိုပါတယ်။

ချောမောလှပတယ် လို့ ယူဆခံရတယ်၊ စိတ်ဓါတ် ခိုင်မာ ဖြူစင်တယ် လို့ မှတ်ချက်ပေး ရခံသူတွေပါလို့ Psychological Science မှာဖော်ပြထားတာ တွေ့ရပါတယ်။ တပါးသူကို လည်း ကူညီတတ်တဲ့ စိတ်ထားရှိသူတွေပါ။

၅။ ဘဲဥပုံမျက်နှာပိုင်ရှင် ။ ။

မျက်နှာဝိုင်းသူတွေနဲ့ စာရင် မျက်နှာ နည်းနည်း ပိုရှည်သူတွေပါ။ သင့် အနေနဲ့ မင်းသား၊ မင်းသမီး လုပ်မယ် ဆိုရင်တောင် ရနိုင်လောက်တဲ့ အလှမျက်နှာပိုင်ရှင်ပါပဲ။

ဘဲဥပုံမျက်နှာပိုင်ရှင်တွေက အများစုက လှပကြပါတယ်။ ဒါပေမယ့် သူတို့မှာ အားနည်းချက် တခုရှိပါတယ်။ အဲဒါကတော့ ပျင်းတာပါပဲ။

ဒါပေမယ့် မျက်နှာလေးက လှနေတော့ ပျင်းနေတာကို အပြစ်လို့ မပြောနိုင်လောက်အောင် ဖြစ်သွားရပါလိမ့်မယ်။

၆။ ထောင့်မှန်စတုဂံပုံ မျက်နှာပိုင်ရှင် ။ ။

လေးထောင့်ကျကျ မျက်နှာပိုင်ရှင်တွေလို့ အထက်မှာ ပြောခဲ့သူတွေထက် လေးထောင့်ကျ ပေမယ့် မျက်နှာ ပိုရှည်သူတွေပါ။

သူတိ့ုဟာ လေ့လာမိသလောက် ခေါင်းဆောင်တွေ အများစုရဲ့ သွင်ပြင်လို့ ဆိုပါတယ်။ စိတ်ဓာတ်လည်းခိုင်မာကြတယ်၊ တော်ကြတယ် ပေါ့။

တပါးသူကို ပညာ၊ စကား၊ ဦးဆောင်မှုတွေနဲ့ ကောင်းကောင်းထိန်းချုပ် ဦးဆောင်နိုင်သူတွေပါလို့ Psychological Science ရဲ့ ဆောင်းပါးတပုဒ်မှာ ဆိုထားပါတယ်။

တကယ့် လက်တွေ့ဘ၀ ကုမ္ပဏီ၊ လုပ်ငန်းတွေမှာလည်းအခုလို ထောင့်မှန်စတုဂံပုံစံ မျက်နှာရှိသူတွေရဲ့ ကုမ္ပဏီလုပ်ငန်းတွေက ပိုမိုအောင်မြင်မှု ရနေတယ် လို့ ဆိုပါတယ်။

၇။ မျက်လုံးပုံစံမျက်နှာပိုင်ရှင် ။ ။

မျက်နှာက ပုပြီး ဘေးကို မေးရိုးကားကားနဲ့ မျက်လုံးပုံစံ မျက်နှာပိုင်ရှင်တွေ ပေါ့။ တရုတ် အခြေစိုက် လေ့လာချက် တခုကို Psychology Today မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ် အရတော့ ဒီလိုမျက်နှာ ပိုင်ရှင်တွေက လူချစ်လူခင် များသူတွေပါ တဲ့။

တပါးသူနဲ့ စကားအတိုက်အခံပြောတာတွေ မရှိဘူး၊ သဘောကောင်းတယ်၊ ညှိနှိုင်း ပြောဆိုတွဲဖက် လုပ်ကိုင်လို့လည်း ကောင်းတယ်၊ မျက်နှာလည်းရွှင်သူတွေ လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ချစ်ဖေ (တောင်တွင်းမြေ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top