ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အလုပ္ခြင္ဘ၀နဲ႕ မိသားစုဘ၀ႏွစ္ခုႀကားမွာ ဟန္ခ်က္ညီေအာင္ေနထိုင္ရတာဟာ ခႏၶာကိုယ္အတြက္ အလြန္ပင္ပန္းစရာျဖစ္ႏိုင္ပါတယ္။ အခ်ိဳ႕အေျခအေနမ်ားတြင္ဆိုလွ်င္ ေနမေကာင္းျဖစ္ျခင္း၊ တစ္ကိုယ္လံုးတြင္ နာက်င္မႈမ်ားကို ခံစားရပါတယ္။ ဒီလိုျဖစ္ပြားမႈေတြက ပံုမွန္ျဖစ္ေနက်ဆိုေသာ္လည္း မႀကာခဏျဖစ္လာၿပီဆိုရင္ေတာ့ လ်စ္လ်ဴရႈထားလို႕မရပါဘူး။

ဒါေႀကာင့္ ဘယ္လိုလကၡဏာေတြကို သတိထားရမလဲဆိုတာကုိ မွတ္သားထားႏိုင္ဖို႕ ေဖာ္ျပေပးလိုက္ရပါတယ္။

ကိုယ္အေလးခ်ိန္ေျပာင္းလဲလာျခင္း

အခ်ိဳ႕အေျခအေနမ်ားတြင္ ကိုယ္အေလးခ်ိန္ကိုပါ ထိန္းခ်ဳပ္ဖို႕ ခက္ခဲလာႏိုင္ပါတယ္။ သင့္တင့္မွ်တတဲ့ Diet ႏွင့္ ေလ့က်င့္ခန္းမ်ားပင္လွ်င္ ကူႏိုင္မွာမဟုတ္ပါဘူး။

အသားအေရျပႆနာမ်ား

စိတ္ဖိစီးမႈအလြန္မ်ားလာၿပီဆိုလွ်င္ ၀က္ၿခံ၊ ႀကမ္းေထာ္သည့္အနီပိမ့္မ်ား ႏွင့္ အျခားအသားအေရျပႆာနာမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။

အာရံုမစူးစိုက္ႏိုင္ျခင္း

တေန႕တာရဲ႕ လုပ္ငန္းေဆာင္တာမ်ားကို အာရံုစိုက္ဖို႕အတြက္ ေသာကေတြကင္းေ၀းေနဖို႕ လိုအပ္ပါတယ္။ စိတ္ဖိစီးမႈေတြက လမ္းေႀကာင္းေသြဖီေစကာ ျပႆနာေတြကို ေသခ်ာကိုင္တြယ္ႏိုင္မႈမရွိေစေအာင္ လုပ္ပစ္ႏိုင္ပါတယ္။

ဆံပင္ကၽြတ္ျခင္း

စိတ္ဖိစီးမႈေတြစုၿပံဳလာၿပီဆိုရင္ ဆံပင္ေတြလည္းကၽြတ္လာႏိုင္ပါတယ္။ ဒါေပမယ့္လည္း တခါတေလမွာ မ်ိဳးရိုးလိုက္တာျဖစ္ႏိုင္တာေႀကာင့္ ဆရာ၀န္နဲ႕ တုိင္ပင္ႀကည့္တာအေကာင္းဆံုးပါပဲ။

ေခါင္းခဏခဏကိုက္ျခင္း

ကိစၥအမ်ိဳးမ်ိဳးေႀကာင့္လည္း ေခါင္းကိုက္ႏိုင္ပါတယ္။ အိပ္သည့္ပံုစံမွားျခင္း၊ ေသြးေပါင္ခ်ိန္ တက္ျခင္း၊ က်ျခင္း စတဲ့ကိစၥေတြေႀကာင့္ ျဖစ္ႏုိင္ပါတယ္။ အခ်ိန္အႀကာႀကီး စုၿပံဳေနသည့္ စိတ္ဖိစီးမႈမ်ားေႀကာင့္လည္း ေခါင္းကိုက္တာေတြ ျဖစ္ႏိုင္ပါတယ္။

အိပ္လို႕မရျခင္း

စိတ္ဖိစီးမႈေတြက အခ်ိဳ႕လူမ်ားအေပၚမွာ အိပ္လို႕မရေအာင္ ေႏွာင့္ယွက္ႏိုင္ပါတယ္္။ ကိစၥအမ်ိဳးမ်ိဳးကို စိုးရိမ္ပူပန္ေနရတာေႀကာင့္ အိပ္ခ်ိန္ကိုမရပါဘူး။ အိပ္ခ်ိန္နည္းလာၿပီဆိုရင္ အလုပ္ခြင္မွာ အာရံုမစိုက္ႏိုင္ေတာ့ဘဲ အိမ္ျပန္လာသည့္အခါမွာလည္း မိသားစုျပႆနာေတြ ေပၚေပါက္လာေစႏိုင္ပါတယ္။

ဒါေႀကာင့္ စိတ္ဖိစီးမႈေတြ အမ်ားႀကီးစုၿပံဳေနၿပီဆိုရင္ ခႏၶာကိုယ္ေရာ စိတ္က်န္းမာေရးပါ ထိခိုက္လာႏိုင္တာေႀကာင့္ အတတ္ႏိုင္ဆံုး ေျဖရွင္းလိုက္ပါ။

Source: www.providr.com
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myhealthmyanmar

#Unicode Version#
အလုပ်ခွင်ဘဝနဲ့ မိသားစုဘဝနှစ်ခုကြားမှာ ဟန်ချက်ညီအောင်နေထိုင်ရတာဟာ ခန္ဓာကိုယ်အတွက် အလွန်ပင်ပန်းစရာဖြစ်နိုင်ပါတယ်။ အချို့အခြေအနေများတွင်ဆိုလျှင် နေမကောင်းဖြစ်ခြင်း၊ တစ်ကိုယ်လုံးတွင် နာကျင်မှုများကို ခံစားရပါတယ်။ ဒီလိုဖြစ်ပွားမှုတွေက ပုံမှန်ဖြစ်နေကျဆိုသော်လည်း မကြာခဏဖြစ်လာပြီဆိုရင်တော့ လျစ်လျူရှုထားလို့မရပါဘူး။

ဒါကြောင့် ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲဆိုတာကို မှတ်သားထားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ်အလေးချိန်ပြောင်းလဲလာခြင်း

အချို့အခြေအနေများတွင် ကိုယ်အလေးချိန်ကိုပါ ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သင့်တင့်မျှတတဲ့ Diet နှင့် လေ့ကျင့်ခန်းများပင်လျှင် ကူနိုင်မှာမဟုတ်ပါဘူး။

အသားအရေပြဿနာများ

စိတ်ဖိစီးမှုအလွန်များလာပြီဆိုလျှင် ဝက်ခြံ၊ ကြမ်းထော်သည့်အနီပိမ့်များ နှင့် အခြားအသားအရေပြဿာနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

အာရုံမစူးစိုက်နိုင်ခြင်း

တနေ့တာရဲ့ လုပ်ငန်းဆောင်တာများကို အာရုံစိုက်ဖို့အတွက် သောကတွေကင်းဝေးနေဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေက လမ်းကြောင်းသွေဖီစေကာ ပြဿနာတွေကို သေချာကိုင်တွယ်နိုင်မှုမရှိစေအောင် လုပ်ပစ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း

စိတ်ဖိစီးမှုတွေစုပြုံလာပြီဆိုရင် ဆံပင်တွေလည်းကျွတ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း တခါတလေမှာ မျိုးရိုးလိုက်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာအကောင်းဆုံးပါပဲ။

ခေါင်းခဏခဏကိုက်ခြင်း

ကိစ္စအမျိုးမျိုးကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အိပ်သည့်ပုံစံမှားခြင်း၊ သွေးပေါင်ချိန် တက်ခြင်း၊ ကျခြင်း စတဲ့ကိစ္စတွေကြောင့် ဖြစ်နိုင်ပါတယ်။ အချိန်အကြာကြီး စုပြုံနေသည့် စိတ်ဖိစီးမှုများကြောင့်လည်း ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။

အိပ်လို့မရခြင်း

စိတ်ဖိစီးမှုတွေက အချို့လူများအပေါ်မှာ အိပ်လို့မရအောင် နှောင့်ယှက်နိုင်ပါတယ်။ ကိစ္စအမျိုးမျိုးကို စိုးရိမ်ပူပန်နေရတာကြောင့် အိပ်ချိန်ကိုမရပါဘူး။ အိပ်ချိန်နည်းလာပြီဆိုရင် အလုပ်ခွင်မှာ အာရုံမစိုက်နိုင်တော့ဘဲ အိမ်ပြန်လာသည့်အခါမှာလည်း မိသားစုပြဿနာတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေ အများကြီးစုပြုံနေပြီဆိုရင် ခန္ဓာကိုယ်ရော စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်တာကြောင့် အတတ်နိုင်ဆုံး ဖြေရှင်းလိုက်ပါ။

Source: www.providr.com

ဖိုးသူတော် (www.phothutaw.com)
Credit: myhealthmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top