ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

တံတားဦးၿမိဳ႕နယ္ သေျပကန္ေက်းရြာရွိ ေဖ်ာက္ဆိပ္ေတာရေက်ာင္း ဆရာေတာ္ ဘဒၵႏၲဦး၀ိစာရ သက္ေတာ္ ၁၀၀ ႏွစ္သည္ ပ်ံလြန္ေတာ္မူၿပီး ၁၁ ရက္ေက်ာ္ၾကာခ်ိန္အထိ ခႏၶာကိုယ္မွာ မပုပ္မသိုး အနံ႔အသက္မရွိဘဲ ပကတိအတိုင္း ရွိေနသည္ဟု သိရသည္။

အဆိုပါ ေဖ်ာက္ဆိပ္ေတာရ ဆရာေတာ္ ဦး၀ိစာရသည္ တပို႔တြဲလဆန္း ၁၃ ရက္ နံနက္ ၁ နာရီ ၅၀ မိနစ္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူခဲ့သည္။ ထိုေနာက္ တပည့္သာ၀ကမ်ားက ႐ုပ္ကလာပ္ေတာ္ကို ေရခ်ဳိး၊ ေခါင္းရိတ္ေပးၿပီး ပကတိအတိုင္း ေဆးမထိုးဘဲ အပူေဇာ္ခံထားခဲ့ရာ ၁၁ ရက္ေျမာက္အထိ မပုပ္မသိုး အနံ႔အသက္မရွိ ပကတိအတိုင္း စင္ၾကယ္စြာ ဖူးေျမာ္ေနသည္ဟု ေဖ်ာက္ဆိပ္ေတာရေက်ာင္းမွ ဆရာေတာ္ႀကီး၏ တပည့္ဆရာေတာ္က မိန္႔ၾကားသည္။

“ဆရာေတာ္က ငယ္ငယ္က အေနအထိုင္ လွ်ဳိ႕၀ွက္တယ္။ ထင္ရွားေက်ာ္ၾကားလိုုခ်င္းမရွိဘူး။ ဘာသာေရးအရ ေျပာရရင္ ဓူတင္ေဆာက္တည္ ေနထိုင္ခဲ့တဲ့ ဆရာေတာ္ႀကီးက ထည္ထည္၀ါ၀ါမ်ားကို သေဘာမက်ဘူး။ သူ႔အေၾကာင္းေတြကိုလည္း ဘယ္သူမွ မေျပာခဲ့ဘူး။ ငယ္ငယ္က လက္ရွိေနထိုင္တဲ့ ေက်ာင္းမွာ ကိုရင္ဘ၀ ျဖစ္ခဲ့တယ္။ ေနာက္မိဘေတြနဲ႔ေ၀းရာ ကိုရင္ဘ၀နဲ႔ နယ္ေျပာင္းသြားတယ္လို႔ ဘုန္ႀကီးတို႔ ၾကားဖူးတာ။ ေနာက္ၿပီး ေက်ာက္ဆည္ေတာင္ဘက္ ၾကာကန္ႀကီးရြာနားက မယ္ညိဳေတာင္ရွိတယ္။ အဲဒီမယ္ညိဳ ေတာင္မွာရွိတဲ့ ဆရာေတာ္ႀကီးဆီမွာ ရဟန္းျဖစ္တာ ၾကားဖူးတယ္။ ေနာက္ၿပီး ေက်ာက္ဆည္မင္းကုန္းေက်ာင္းမွာ ေနခဲ့ဖူးတယ္။ မႏၲေလးမွာက်ေတာ့ ကုသိနာ႐ုံရဟိုင္းေက်ာင္းမွာ သီတင္းသုံးခဲ့ဖူးတယ္။ အဲဒီကေန ရန္ကုန္ျမန္ေအာင္ေက်ာင္းမွာ သီတင္းသုံးတယ္။ အဲဒီကေန ပခုကၠဴ စာသင္တိုက္မွာ က်မ္းႀကီးေပါက္ လုပ္ခဲ့တယ္။ အဲဒီမွာပဲ စာခ်တာ၀န္ယူခဲ့တယ္။ အဲဒီကေန ဆရာေတာ္ကို ေတာင္းပန္ၿပီးေတာ့ ကိုယ္နယ္ကို ျပန္မယ္ဆိုၿပီးေတာ့ ဒီဘက္နယ္ကို ျပန္လာတာေပါ့။ ဒီဘက္နယ္ ျပန္လာတာကိုပဲ ရြာကိုတစ္ခါတည္း ျပန္မေရာက္ေသးဘူး။ ဘုန္ႀကီးတို႔ရဲ႕ အေနာက္ေတာင္ဘက္နားက နတ္စိမ္းရြာဆိုတာရွိတယ္။ နတ္စိမ္းရြာမွာ ငါးႏွစ္ေလာက္ ၀ါဆိုခဲ့တယ္။ အဲဒီရြာမွာ ေက်ာင္းထိုင္ ဆရာေတာ္အျဖစ္ ငါးနစ္ေလာက္ ၀ါဆိုၿပီးေတာ့မွ ဒီေက်ာင္းက ဆရာသမား ပ်ံလြန္ေတာ္မူေတာ့ ကိုယ့္ရြာကိုယ္ျပန္ခဲ့တာ။ အဲဒီလိုပဲ ၾကားဖူးတာေပါ့။ ေဖ်ာက္ဆိပ္ေတာရမွာ ေက်ာင္းထိုင္တာ ၄၄ ႏွစ္ေလာက္ရွိၿပီ။ သက္ေတာ္ ၁၀၀ ႏွစ္ ၀ါေတာ္ ၈၀ ျပည့္ႏွစ္မွာ ပ်ံလြန္ေတာ္မူတယ္” ဟု တပည့္ဆရာေတာ္က မိန္႔ၾကားသည္။

ဆရာေတာ္ႀကီးက “ငါေသရင္ သုံးရက္နဲ႔ မီးသၿဂႋဳဟ္လိုက္ၾက။ ဘာမွ အက်ယ္မခ်ဲ႕နဲ႔။ ဘယ္သူမွ ဒုကၡမေပးနဲ႔” ဟု မိန္႔ၾကားထားေသာ္လည္း သံုးေျမာက္ေန႔အထိ မပုပ္မသိုး အန႔ံမထြက္သည့္အတြက္ အေ၀းေန တပည့္ ဒါယကာမ်ား ဖူးေျမာ္ၾကည္ညိဳရန္ ေစာင့္ဆိုင္းထားရာမွ ၁၁ ရက္ေျမာက္ ေရာက္ခဲ့သည့္တိုင္ ပကတိအတိုင္း ရွိေနဆဲျဖစ္သည္။

တံတားဦးၿမိဳ႕နယ္ သေျပကန္ရြာ သက္ေတာ္ရွည္ ေဖ်ာက္ဆိပ္ေတာရ ဆရာေတာ္ ဘုရားႀကီး ဦး၀ိစာရသည္ သေျပကန္ရြာမွ ခမည္းေတာ္ ဦးခ်စ္ဖူး၊ မယ္ေတာ္ေဒၚေရႊဆပ္တို႔မွ ေမြးဖြားသည္ သားသံုးေယာက္၊ သမီးတစ္ေယာက္ ရွိသည့္အနက္ ပထမ သားဦးရတနာ ျဖစ္သည့္ ဆရာေတာ္ႀကီးမွာ ေမြးခ်င္းေလး ေယာက္ရွိသည့္အနက္ ညီမ်ားျဖစ္သည့္ ဦးၾကြက္နီႏွင့္ ဦးညိဳတို႔မွာ ကြယ္လြန္သြားၾကၿပီး ညီမအငယ္ဆုံးျဖစ္သည့္ ေဒၚေရႊသိုက္မွာ လက္ရွိ အသက္ ၈၂ ႏွစ္အထိ က်န္းမာစြာ ရွိေနေၾကာင္း၊ သက္ေတာ္ရွည္ ဆရာေတာ္ႀကီးကို ၁၂၈၀ ျပည့္ႏွစ္၌ ေမြးဖြားခဲ့ၿပီး ၁၃၇၉ ခုႏွစ္ တပို႔တြဲလဆန္း ၁၃ ရက္ နံနက္ ၁ နာရီမိနစ္ ၅၀ တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group
# Unicode Version ျဖင့္ ဖတ္ပါ #
တံတားဦးမြို့နယ် သပြေကန်ကျေးရွာရှိ ဖျောက်ဆိပ်တောရကျောင်း ဆရာတော် ဘဒ္ဒန္တဦးဝိစာရ သက်တော် ၁၀၀ နှစ်သည် ပျံလွန်တော်မူပြီး ၁၁ ရက်ကျော်ကြာချိန်အထိ ခန္ဓာကိုယ်မှာ မပုပ်မသိုး အနံ့အသက်မရှိဘဲ ပကတိအတိုင်း ရှိနေသည်ဟု သိရသည်။

အဆိုပါ ဖျောက်ဆိပ်တောရ ဆရာတော် ဦးဝိစာရသည် တပို့တွဲလဆန်း ၁၃ ရက် နံနက် ၁ နာရီ ၅၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ထိုနောက် တပည့်သာဝကများက ရုပ်ကလာပ်တော်ကို ရေချိုး၊ ခေါင်းရိတ်ပေးပြီး ပကတိအတိုင်း ဆေးမထိုးဘဲ အပူဇော်ခံထားခဲ့ရာ ၁၁ ရက်မြောက်အထိ မပုပ်မသိုး အနံ့အသက်မရှိ ပကတိအတိုင်း စင်ကြယ်စွာ ဖူးမြော်နေသည်ဟု ဖျောက်ဆိပ်တောရကျောင်းမှ ဆရာတော်ကြီး၏ တပည့်ဆရာတော်က မိန့်ကြားသည်။

“ဆရာတော်က ငယ်ငယ်က အနေအထိုင် လျှို့ဝှက်တယ်။ ထင်ရှားကျော်ကြားလိုချင်းမရှိဘူး။ ဘာသာရေးအရ ပြောရရင် ဓူတင်ဆောက်တည် နေထိုင်ခဲ့တဲ့ ဆရာတော်ကြီးက ထည်ထည်ဝါဝါများကို သဘောမကျဘူး။ သူ့အကြောင်းတွေကိုလည်း ဘယ်သူမှ မပြောခဲ့ဘူး။ ငယ်ငယ်က လက်ရှိနေထိုင်တဲ့ ကျောင်းမှာ ကိုရင်ဘ၀ ဖြစ်ခဲ့တယ်။ နောက်မိဘတွေနဲ့ဝေးရာ ကိုရင်ဘဝနဲ့ နယ်ပြောင်းသွားတယ်လို့ ဘုန်ကြီးတို့ ကြားဖူးတာ။ နောက်ပြီး ကျောက်ဆည်တောင်ဘက် ကြာကန်ကြီးရွာနားက မယ်ညိုတောင်ရှိတယ်။ အဲဒီမယ်ညို တောင်မှာရှိတဲ့ ဆရာတော်ကြီးဆီမှာ ရဟန်းဖြစ်တာ ကြားဖူးတယ်။ နောက်ပြီး ကျောက်ဆည်မင်းကုန်းကျောင်းမှာ နေခဲ့ဖူးတယ်။ မန္တလေးမှာကျတော့ ကုသိနာရုံရဟိုင်းကျောင်းမှာ သီတင်းသုံးခဲ့ဖူးတယ်။ အဲဒီကနေ ရန်ကုန်မြန်အောင်ကျောင်းမှာ သီတင်းသုံးတယ်။ အဲဒီကနေ ပခုက္ကူ စာသင်တိုက်မှာ ကျမ်းကြီးပေါက် လုပ်ခဲ့တယ်။ အဲဒီမှာပဲ စာချတာဝန်ယူခဲ့တယ်။ အဲဒီကနေ ဆရာတော်ကို တောင်းပန်ပြီးတော့ ကိုယ်နယ်ကို ပြန်မယ်ဆိုပြီးတော့ ဒီဘက်နယ်ကို ပြန်လာတာပေါ့။ ဒီဘက်နယ် ပြန်လာတာကိုပဲ ရွာကိုတစ်ခါတည်း ပြန်မရောက်သေးဘူး။ ဘုန်ကြီးတို့ရဲ့ အနောက်တောင်ဘက်နားက နတ်စိမ်းရွာဆိုတာရှိတယ်။ နတ်စိမ်းရွာမှာ ငါးနှစ်လောက် ဝါဆိုခဲ့တယ်။ အဲဒီရွာမှာ ကျောင်းထိုင် ဆရာတော်အဖြစ် ငါးနစ်လောက် ဝါဆိုပြီးတော့မှ ဒီကျောင်းက ဆရာသမား ပျံလွန်တော်မူတော့ ကိုယ့်ရွာကိုယ်ပြန်ခဲ့တာ။ အဲဒီလိုပဲ ကြားဖူးတာပေါ့။ ဖျောက်ဆိပ်တောရမှာ ကျောင်းထိုင်တာ ၄၄ နှစ်လောက်ရှိပြီ။ သက်တော် ၁၀၀ နှစ် ဝါတော် ၈၀ ပြည့်နှစ်မှာ ပျံလွန်တော်မူတယ်” ဟု တပည့်ဆရာတော်က မိန့်ကြားသည်။

ဆရာတော်ကြီးက “ငါသေရင် သုံးရက်နဲ့ မီးသြင်္ဂိုဟ်လိုက်ကြ။ ဘာမှ အကျယ်မချဲ့နဲ့။ ဘယ်သူမှ ဒုက္ခမပေးနဲ့” ဟု မိန့်ကြားထားသော်လည်း သုံးမြောက်နေ့အထိ မပုပ်မသိုး အနံ့မထွက်သည့်အတွက် အဝေးနေ တပည့် ဒါယကာများ ဖူးမြော်ကြည်ညိုရန် စောင့်ဆိုင်းထားရာမှ ၁၁ ရက်မြောက် ရောက်ခဲ့သည့်တိုင် ပကတိအတိုင်း ရှိနေဆဲဖြစ်သည်။

တံတားဦးမြို့နယ် သပြေကန်ရွာ သက်တော်ရှည် ဖျောက်ဆိပ်တောရ ဆရာတော် ဘုရားကြီး ဦးဝိစာရသည် သပြေကန်ရွာမှ ခမည်းတော် ဦးချစ်ဖူး၊ မယ်တော်ဒေါ်ရွှေဆပ်တို့မှ မွေးဖွားသည် သားသုံးယောက်၊ သမီးတစ်ယောက် ရှိသည့်အနက် ပထမ သားဦးရတနာ ဖြစ်သည့် ဆရာတော်ကြီးမှာ မွေးချင်းလေး ယောက်ရှိသည့်အနက် ညီများဖြစ်သည့် ဦးကြွက်နီနှင့် ဦးညိုတို့မှာ ကွယ်လွန်သွားကြပြီး ညီမအငယ်ဆုံးဖြစ်သည့် ဒေါ်ရွှေသိုက်မှာ လက်ရှိ အသက် ၈၂ နှစ်အထိ ကျန်းမာစွာ ရှိနေကြောင်း၊ သက်တော်ရှည် ဆရာတော်ကြီးကို ၁၂၈၀ ပြည့်နှစ်၌ မွေးဖွားခဲ့ပြီး ၁၃၇၉ ခုနှစ် တပို့တွဲလဆန်း ၁၃ ရက် နံနက် ၁ နာရီမိနစ် ၅၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top