ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္း ေရတာရွည္ၿမိဳ႕နယ္ သာဂရၿမိဳ႕ေက်း႐ြာတစ္႐ြာတြင္ ဇြန္လ ၁၁ ရက္ေန႔ ည ၉ နာရီခြဲခန္႔က ျခင္ေထာင္ထဲ၌ အျခားအမ်ိဳးသမီးတစ္ဦးႏွင့္ ဖက္အိပ္ေနသည့္ ခင္ပြန္းကို ဇနီးျဖစ္သူက တစ္လင္တစ္မယားစနစ္ ဥပေဒႏွင့္ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သာဂရနယ္ေျမရဲစခန္းထံမွ သိရသည္။

“သားျဖစ္သူက အေမကို သူ႔အေဖ ေနာက္မိန္းမယူထားတယ္ဆိုၿပီး သြားအသိေပးခဲ့တာပါ”ဟု သာဂရနယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

သာဂရၿမိဳ႕ကန္သာယာ ရပ္ကြက္ေန အသက္ ၃၉ ႏွစ္အရြယ္ အမ်ိဳးသမီးႏွင့္ ခင္ပြန္း ဦးေဇာ္လင္း (၄၁ ႏွစ္) တို႔သည္ ေမလအတြင္းက စကားမ်ားရန္ျဖစ္ခဲ့သည့္အတြက္ ဇနီးျဖစ္သူသည္ အေဒၚျဖစ္သူထံ သြားေရာက္ေနထိုင္ခဲ့ၿပီး ခင္ပြန္းျဖစ္သူ၏ ေဖာက္ျပန္သည့္သတင္းၾကား၍ ဇြန္လ ၁၁ ရက္ေန႔က သြားေရာက္ရွာေဖြရာမွ အသက္ (၃၅ ႏွစ္) အရြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ ျခင္ေထာင္ထဲ၌ ဖက္အိပ္ေနသည္ကိုေတြ႔ရွိခဲ့ေၾကာင္း သာဂရနယ္ေျမရဲစခန္းထံမွ သိရသည္။

အဆိုပါအမႈႏွင့္ ပတ္သက္ၿပီး ဦးေဇာ္လင္းကို သာဂရနယ္ေျမစခန္းက (ပ) ၃၄/ ၂၀၁၈ တစ္လင္တစ္မယားစနစ္ ဥပေဒပုဒ္မ ၁၃ ျဖင့္ ဖမ္းဆီးအမႈဖြင့္လွစ္ထားေၾကာင္း အဆိုပါရဲစခန္းထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thevoicemyanmar

#Unicode Version#
ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရမြို့ကျေးရွာတစ်ရွာတွင် ဇွန်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲခန့်က ခြင်ထောင်ထဲ၌ အခြားအမျိုးသမီးတစ်ဦးနှင့် ဖက်အိပ်နေသည့် ခင်ပွန်းကို ဇနီးဖြစ်သူက တစ်လင်တစ်မယားစနစ် ဥပဒေနှင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ သိရသည်။

“သားဖြစ်သူက အမေကို သူ့အဖေ နောက်မိန်းမယူထားတယ်ဆိုပြီး သွားအသိပေးခဲ့တာပါ”ဟု သာဂရနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သာဂရမြို့ကန်သာယာ ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးနှင့် ခင်ပွန်း ဦးဇော်လင်း (၄၁ နှစ်) တို့သည် မေလအတွင်းက စကားများရန်ဖြစ်ခဲ့သည့်အတွက် ဇနီးဖြစ်သူသည် အဒေါ်ဖြစ်သူထံ သွားရောက်နေထိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်သည့်သတင်းကြား၍ ဇွန်လ ၁၁ ရက်နေ့က သွားရောက်ရှာဖွေရာမှ အသက် (၃၅ နှစ်) အရွယ် အမျိုးသမီးတစ်ဦးနှင့် ခြင်ထောင်ထဲ၌ ဖက်အိပ်နေသည်ကိုတွေ့ရှိခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဦးဇော်လင်းကို သာဂရနယ်မြေစခန်းက (ပ) ၃၄/ ၂၀၁၈ တစ်လင်တစ်မယားစနစ် ဥပဒေပုဒ်မ ၁၃ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top