န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

စူးရွထက္နဲ႔ ဖြင့္ဆိုထားတဲ့အမႈနဲ႔ပတ္သတ္ၿပီး အစၥဏီအျပစ္ကင္းေၾကာင္းကို သက္ေသျပဖို႔ ႀကိဳးစားေနတဲ့ အစၥဏီရဲ့အစ္ကိုတစ္ဝမ္းကြဲ ျဖစ္သူ ကိုေက်ာ္စြာက စူးရွထက္နဲ႔ပတ္သတ္တဲ့ အမွန္တရားကို ထုတ္ေဖာ္သြားမယ္လို႔ အတိလင္းေၾကျငာထားၿပီးသားျဖစ္ပါတယ္ ။

သူေျပာခဲ့ တဲ့အတိုင္း ေမာ္ဒယ္စူးရွထက္နဲ႔ ပတ္သတ္ တဲ့ အမွန္တရားေတြက တစ္ျဖည္း ျဖည္း ႐ုပ္လုံးႂကြလာခဲ့ပါၿပီ ။ ဒီတစ္ခါမွာေတာ့ ကိုေက်ာ္စြာက ေနာက္တစ္ပတ္႐ုံးခ်ိန္မွာ ဘယ္သူ တရားခံလဲဆိုတာ ေပၚလာေတာ့မွာမလို႔ စူးရွထက္ တစ္ေယာက္႐ုံးခ်ိန္းကိုလာရဲပါ့မလားလို႔ ေမးခြန္းထုတ္လိုက္ပါၿပီ ။

စူးရွထက္ဟာ မိဘနာမည္အတုနဲ႔အမႈဖြင့္ခဲ့တာျဖစ္ၿပီး မိဘရင္းနာမည္နဲ႔ မွတ္ပုံတင္မွ မိဘနာမည္ကြဲလြဲေနရျခင္းမွာ ေမြးစာရင္းအတုျပဳလုပ္ၿပီး မွတ္ပုံတင္ ေလ်ာက္ထား ခဲ့ျခင္း ျဖစ္တဲ့အတြက္ သက္ဆိုင္ရာ လ.ဝ.က လူႀကီးေတြကို ဥပေဒနဲ႔အညီ အေရးယူေပးဖို႔ ေမၽွာ္ လင့္ ပါတယ္လို႔ ကိုေက်ာ္စြာကေျပာၾကားခဲ့ပါတယ္ ။

ေနာက္တစ္ခ်က္ကေတာ့ စူးရွ ထက္ ဟာ အ.မ.က ၂၄ ABC စက္ဆန္း မွာ စတုတၳတန္းထိ ပညာသင္ၾကားခဲ့ၿပီး အထက ၇ မဂၤလာေတာင္ညြန႔္(အသင္းတိုက္အနီး) မွာ ဆယ္တန္းအထိ ပညာသင္ၾကားခဲ့ပါတယ္လို႔ ထြက္ဆိုခဲ့ေပမယ့္ ကိုေက်ာ္စြာတို႔ စုံစမ္းမႈ႔အရ အ.ထ.က ၇ တြင္ သူပညာသင္ၾကားခဲ့ဘူးတဲ့ မွတ္တမ္းမွတ္ရာ တစ္စုံတရာမေတြ႕ရွိပဲ အ.မ.က၂၄ ကေန ေလးတန္း ေအာင္ လက္ မွတ္ ကိုေတာင္ လာေရာက္ထုတ္ယူခဲ့ျခင္းမရွိခဲ့ဘူးလို႔လည္း သိရပါတယ္ ။

အခုလို ကိုယ္ တကယ္မ တတ္ခဲ့တဲ့ေက်ာင္းအမည္ကို အလြဲသုံးစားလုပ္ထားျခင္းဟာ တခ်ိန္မွာ မလိုလား အပ္တဲ့ ျပသနာေတြ ေပၚေပါက္လာနိုင္တဲ့အတြက္ သက္ဆိုင္ရာ တာဝန္ရွိတဲ့ ဆရာဆရာမႀကီးေတြသိေစဖို႔ သတိေပးေျပာၾကားတာ ျဖစ္တယ္လို႔ သူ႔ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာကေန ေရးသားေဖာ္ျပခဲ့ပါတယ္ ။

ေနာက္တစ္ခ်က္က အခင္းစျဖစ္ျဖစ္ျခင္း မီဒီယာေတြမွာ ဇာျခည္ေျပာခဲ့တာ ဆယ္လီဘားမွာ အစၥဏီက လာေရာက္ရမ္းကားၿပီး အဲ့ဒီ့ဆယ္လီဘားကေန ကားငွားၿပီး အိမ္ကိုတန္းျပန္ လာခဲ့ရာ တကၠစီေပၚပါလာၿပီး အိမ္အေရာက္ ေသာ့လုၿပီး ေလွကားတေလ်ာက္ ဆံပင္ ကေန တရြတ္တိုက္ဆြဲေခၚကာ အခန္းထဲအေရာက္မွာ အတင္းအဓမျပဳက်င့္တယ္လို႔ ေျပာ ထားေသာ္လည္း ဆယ္လီဘားမွာ ရန္မျဖစ္ပဲ ေနာက္ထပ္ The One KTVကို ထပ္သြား ခဲ့ၾကေသးတယ္ဆိုတဲ့အျဖစ္မွန္ကိုသိရွိခဲ့တယ္လို႔လည္း ေျပာခဲ့ပါတယ္ ။

ေလွကားမွာ ေသာ့အျမဲခတ္ထားတဲ့ ေလွကားျဖစ္ၿပီး ေနအိမ္တိုက္ခန္းမွာ ေလးလႊာျဖစ္ရ်္ အခန္းအ တြင္းသို႔ဝင္ရန္ တံခါးေလးခ်ပ္ႏွင့္ ေသာ့သုံးလုံးဖြင့္ရန္ လိုအပ္သည့္အခန္းျဖစ္ ေၾကာင္းကို လည္းေျပာျပခဲ့ပါတယ္။ ေသာ့အမ်ိဳးအစားမ်ားမွာ လက္၂ဖက္ကို အသုံးျပဳၿပီးမွ ဖြင့္ရပိတ္ ရသည့္ အမ်ိဳးစားမ်ားျဖစ္ေၾကာင္း ဝန္ခံခ်က္ေပးခဲ့တယ္လို႔လည္း သိရပါတယ္ ။

ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာ အမႈျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ကြဲျပားခ်က္ေတြ အေျမာက္ အမ်ားေပၚေပါက္လာစရာမ်ား က်န္ေသးၿပီး တကယ္ရာဇဝတ္မႈကို က်ဴးလြန္ခဲ့တာ ဘယ္သူလဲဆိုတဲ့ အေျဖကို ပရိတ္သတ္ေတြ ေတြ႕ျမင္ၾကရမွာျဖစ္တဲ့အတြက္ ႐ုံးခ်ိန္းကိုလာပါ့မလားလို႔ေမးခြန္းထုတ္လိုက္တာပါ ။ ခ်စ္ပရိသတ္ႀကီးလည္း အမွန္တရား အျမန္ဆုံး ေပၚေပါက္ေစဖို႔ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္ ။

Source : Kyaw Swar fb
ဖိုးသူေတာ္ (www.phothutaw.com)
Credit: hlataw

#Unicode VersioN#
စူးရှထက်နဲ့ ဖွင့်ဆိုထားတဲ့အမှုနဲ့ပတ်သတ်ပြီး အစ္စဏီအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ကြိုးစားနေတဲ့ အစ္စဏီရဲ့အစ်ကိုတစ်ဝမ်းကွဲ ဖြစ်သူ ကိုကျော်စွာက စူးရှထက်နဲ့ပတ်သတ်တဲ့ အမှန်တရားကို ထုတ်ဖော်သွားမယ်လို့ အတိလင်းကြေငြာထားပြီးသားဖြစ်ပါတယ် ။

သူပြောခဲ့ တဲ့အတိုင်း မော်ဒယ်စူးရှထက်နဲ့ ပတ်သတ် တဲ့ အမှန်တရားတွေက တစ်ဖြည်း ဖြည်း ရုပ်လုံးကြွလာခဲ့ပါပြီ ။ ဒီတစ်ခါမှာတော့ ကိုကျော်စွာက နောက်တစ်ပတ်ရုံးချိန်မှာ ဘယ်သူ တရားခံလဲဆိုတာ ပေါ်လာတော့မှာမလို့ စူးရှထက် တစ်ယောက်ရုံးချိန်းကိုလာရဲပါ့မလားလို့ မေးခွန်းထုတ်လိုက်ပါပြီ ။


စူးရှထက်ဟာ မိဘနာမည်အတုနဲ့အမှုဖွင့်ခဲ့တာဖြစ်ပြီး မိဘရင်းနာမည်နဲ့ မှတ်ပုံတင်မှ မိဘနာမည်ကွဲလွဲနေရခြင်းမှာ မွေးစာရင်းအတုပြုလုပ်ပြီး မှတ်ပုံတင် လျောက်ထား ခဲ့ခြင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာ လ.ဝ.က လူကြီးတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ မျှော် လင့် ပါတယ်လို့ ကိုကျော်စွာကပြောကြားခဲ့ပါတယ် ။

နောက်တစ်ချက်ကတော့ စူးရှ ထက် ဟာ အ.မ.က ၂၄ ABC စက်ဆန်း မှာ စတုတ္ထတန်းထိ ပညာသင်ကြားခဲ့ပြီး အထက ၇ မင်္ဂလာတောင်ညွန့်(အသင်းတိုက်အနီး) မှာ ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်လို့ ထွက်ဆိုခဲ့ပေမယ့် ကိုကျော်စွာတို့ စုံစမ်းမှု့အရ အ.ထ.က ၇ တွင် သူပညာသင်ကြားခဲ့ဘူးတဲ့ မှတ်တမ်းမှတ်ရာ တစ်စုံတရာမတွေ့ရှိပဲ အ.မ.က၂၄ ကနေ လေးတန်း အောင် လက် မှတ် ကိုတောင် လာရောက်ထုတ်ယူခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ် ။

အခုလို ကိုယ် တကယ်မ တတ်ခဲ့တဲ့ကျောင်းအမည်ကို အလွဲသုံးစားလုပ်ထားခြင်းဟာ တချိန်မှာ မလိုလား အပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဆရာဆရာမကြီးတွေသိစေဖို့ သတိပေးပြောကြားတာ ဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

နောက်တစ်ချက်က အခင်းစဖြစ်ဖြစ်ခြင်း မီဒီယာတွေမှာ ဇာခြည်ပြောခဲ့တာ ဆယ်လီဘားမှာ အစ္စဏီက လာရောက်ရမ်းကားပြီး အဲ့ဒီ့ဆယ်လီဘားကနေ ကားငှားပြီး အိမ်ကိုတန်းပြန် လာခဲ့ရာ တက္ကစီပေါ်ပါလာပြီး အိမ်အရောက် သော့လုပြီး လှေကားတလျောက် ဆံပင် ကနေ တရွတ်တိုက်ဆွဲခေါ်ကာ အခန်းထဲအရောက်မှာ အတင်းအဓမပြုကျင့်တယ်လို့ ပြော ထားသော်လည်း ဆယ်လီဘားမှာ ရန်မဖြစ်ပဲ နောက်ထပ် The One KTVကို ထပ်သွား ခဲ့ကြသေးတယ်ဆိုတဲ့အဖြစ်မှန်ကိုသိရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ် ။

လှေကားမှာ သော့အမြဲခတ်ထားတဲ့ လှေကားဖြစ်ပြီး နေအိမ်တိုက်ခန်းမှာ လေးလွှာဖြစ်ရျ် အခန်းအ တွင်းသို့ဝင်ရန် တံခါးလေးချပ်နှင့် သော့သုံးလုံးဖွင့်ရန် လိုအပ်သည့်အခန်းဖြစ် ကြောင်းကို လည်းပြောပြခဲ့ပါတယ်။ သော့အမျိုးအစားများမှာ လက်၂ဖက်ကို အသုံးပြုပြီးမှ ဖွင့်ရပိတ် ရသည့် အမျိုးစားများဖြစ်ကြောင်း ဝန်ခံချက်ပေးခဲ့တယ်လို့လည်း သိရပါတယ် ။

နောက်တစ်ပတ်ရုံးချိန်းမှာ အမှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကွဲပြားချက်တွေ အမြောက် အများပေါ်ပေါက်လာစရာများ ကျန်သေးပြီး တကယ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာ ဘယ်သူလဲဆိုတဲ့ အဖြေကို ပရိတ်သတ်တွေ တွေ့မြင်ကြရမှာဖြစ်တဲ့အတွက် ရုံးချိန်းကိုလာပါ့မလားလို့မေးခွန်းထုတ်လိုက်တာပါ ။ ချစ်ပရိသတ်ကြီးလည်း အမှန်တရား အမြန်ဆုံး ပေါ်ပေါက်စေဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော် ။

Source : Kyaw Swar fb
ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top