ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေခတ္စနစ္ေတြတိုးတက္လာမႈနဲ႔အတူ ေဆးပညာနယ္ပယ္မွာလည္း တိုးတက္မႈေတြအေတာ္ေလးမ်ားလာေနပါတယ္။ ဒီလိုတိုးတက္လာတဲ့ ေဆးပညာေတြထဲမွာ ကုသမႈနည္းလမ္းေတြပါဝင္ေနသလို ကာကြယ္တဲ့နည္းလမ္းေတြလည္းပါဝင္လို႔ေနပါတယ္။ တိုးတက္လာမႈထဲမွာ အိမ္ေထာင္သည္အမ်ိဳးသမီးေတြအတြက္ အဓိကက်တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈတစ္ရပ္လို႔ဆိုရမယ့္ သားဆက္ျခားနည္းေတြပါ ပါဝင္ေနပါတယ္။
သေႏၶတားေသာက္ေဆး အေၾကာင္းတေစ႔တေစာင္း

သေႏၶတားေသာက္ေဆး (OCP) က ကိုယ္ဝန္မရရွိေအာင္ကာကြယ္ေပးတဲ့ ေဆးဝါးတစ္မ်ိဳးပါ။ သေႏၶတားေသာက္ေဆးေတြမွာ အက္စထရိုဂ်င္ ေဟာ္မုန္းပါဝင္တဲ့ သေႏၶတားေသာက္ေဆးရွိသလို ၊ အက္စထရိုဂ်င္ေရာ ပရိုဂ်က္စတင္ပါပါဝင္ေနတဲ့ သေႏၶတားေသာက္ေဆးလည္းရွိပါတယ္။ သေႏၶတားေသာက္ေဆးေတြကို ေသေသခ်ာခ်ာေသာက္သံုးမယ္ဆိုရင္ မေမွ်ာ္လင့္ဘဲကိုယ္ဝန္ရရွိတာမိ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

သေႏၶတားေသာက္ေဆးကို ၁၉၆၀ ခုႏွစ္က အေမရိကန္ျပည္ေထာင္စုမွာ ပထမဆံုးအတည္ျပဳေပးခဲ့တာျဖစ္ျပီး သေႏၶတားေသာက္ေဆးက လူၾကိဳက္အမ်ားဆံုး သားဆက္ျခားနည္းတစ္ခုျဖစ္လာခဲ့ပါတယ္။ အခုလက္ရွိ ကမာၻတစ္လႊားက အမ်ိဳးသမီး သန္း ၁၀၀ ေက်ာ္က သေႏၶတားေသာက္ေဆးကို အသံုးျပဳေနၾကပါတယ္။ ၂၀၁၂ ခုႏွစ္က ေကာက္ယူခဲ့တ့ဲ စာရင္းေတြအရ အေမရိကန္ျပည္ေထာင္စုက အမ်ိဳးသမီး ၁၆ ရာခိုင္ႏႈန္းက သေႏၶတားေသာက္ေဆးကိုေသာက္သံုးေနၾကျပီး အသက္ ၁၆ ႏွစ္ ကေန ၄၉ ႏွစ္ၾကားအရြယ္ရွိတဲ့ ယူေကအမ်ိဳးသမီး ၃ ပံု ၁ ပံုခန္႔နဲ႔ ဂ်ပန္အမ်ိဳးသမီး ၁ ရာခိုင္ႏႈန္းတို႔လည္း သေႏၶတားေသာက္ေဆးကို အသံုးျပဳေနၾကတယ္၊လို႔ သိရပါတယ္။

သေႏၶတားေသာက္ေဆးကိုစတင္ေပၚလာတဲ့အခ်ိန္ကစလို႔ လိုအပ္ခ်က္ေတြကို ျပဳျပင္ရင္း ေကာင္းသထက္ေကာင္းေအာင္ျပင္ဆင္ထုတ္လုပ္လာခဲ့ၾကတာျဖစ္ျပီး လက္ရွိအခ်ိန္မွာဆိုရင္ သေႏၶတားေသာက္ေဆးေတြက ေဘးထြက္ဆိုးက်ိုးနည္းျပီး ထိေရာက္တဲ့ သားဆက္ျခားနည္းတစ္မ်ိဳးျဖစ္လို႔လာပါတယ္။

ေလဒီယာ ရုိစာလိုမ်ိဳး သေႏၶတားေသာက္ေဆးဆိုရင္  ေဆးဝါးပမာဏအနည္းငယ္သာပါတဲ့ သားဆက္ျခားေသာက္ေဆးျဖစ္ျပီး သေႏၶတားဖို႔အတြက္ အသံုးျပဳလို႔ရသလို ရာသီလာခ်ိန္အလြန္အမင္းကိုက္ခဲျခင္းေဝဒနာမ်ားအတြက္ပါ ေသာက္သံုးလို႔ရပါတယ္။ ေလဒီယာ ရုိိစာ တစ္ကဒ္မွာ ေဆးျပား ၂၈ ျပားပါဝင္ျပီး  ေဟာ္မုန္းပါတဲ့ေဆးျပား ၂၁ျပား၊ ေဟာ္မုန္းမပါတဲ့ ေဆးျပား ၇ ျပား ပါရွိပါတယ္။
ေန႔စဥ္သေႏၶတားေသာက္ေဆးဆိုတာ

ေန႔စဥ္သေႏၶတားေသာက္ေဆးဆိုတာက တစ္ေန႔တစ္လံုးပံုမွန္ေသာက္ေပးရံုနဲ႔ အမ်ိဳးသမီးေတြကို ကိုယ္ဝန္မရေအာင္ကာကြယ္ေပးႏိုင္တဲ့ ေသာက္ေဆးတစ္မ်ိဳးပါ။ သေႏၶတားေသာက္ေဆးေတြက သားအိမ္ေခါင္းအခၽြဲေတြကို ထူေစျပီး မ်ိဳးဥအိမ္ေတြကေန မ်ိဳးဥေတြထုတ္လုပ္မႈကို တားဆီးေပးပါတယ္။ သေႏၶတားေဆးေသာက္ေဆးမွာ progestin နဲ႔ estrogen ေဟာ္မုန္း ႏွစ္မ်ိဳးပါတဲ့ ေဆးရွိသလို progestin ေဟာ္မုန္းတစ္မ်ိဳးထဲပါတဲ့ ေဆးလည္းရွိပါတယ္။  တတ္သိနားလည္တဲ့သူနဲ႔ တိုင္ပင္ျပီးမွေသာက္သံုးဖို႔ေတာ့ မေမ့ပါနဲ႔။
သေႏၶတားေသာက္ေဆးေတြက အမ်ိဳးသမီးတိုင္းနဲ႔သင့္ေတာ္ရဲ႕လား

သေႏၶတားေသာက္ေဆးက အေကာင္းဆံုးေသာ သားဆက္ျခားနည္းဆိုေပမယ့္ အခုလိုမ်ိဳး လကၡဏာေတြရွိရင္ေတာ့ မေသာက္သံုးသင့္ပါဘူးလို႔ေျပာပါရေစ။

    ရင္သားကင္ဆာရွိတာ
    သားအိမ္ကင္ဆာရွိတာ
    အေၾကာင္းအရင္းမရွိဘဲ ေသြးဆင္းေနတာ
    ႏွလံုးေရာဂါရွိတာ
    ေသြးတိုးေရာဂါရွိတာ
    ရင္ဘတ္ေအာင့္တာ
    ျပင္းထန္တဲ့ ေခါင္းကိုက္ေရာဂါရွိတာ
    ဆီးခ်ိဳေဝဒနာရွိတာ
    အသညး္မွာ ကင္ဆာက်ိတ္ရွိေနတာ
    အသညး္ေရာဂါရွိေနတာ
    ေလျဖတ္ႏိုင္ေျခရွိေနတာ
    ကိုယ္ဝန္ေဆာင္ထားတာ မ်ိဳးဆိုရင္ေတာ့ ေန႔စဥ္သေႏၶတားေသာက္ေဆးနဲ႔ အဆင္မေျပပါဘူး။

ဒီအခ်က္ေလးသိထားဖို႔လိုပါမယ္

estrogen နဲ႔ progestin ေဟာ္မုန္းေတြပါဝင္ေနတဲ့ သေႏၶတားေဆးေတြေသာက္သံုးေနခ်ိန္မွာ ေဆးလိပ္ေသာက္သံုးမယ္ဆိုရင္ ႏွလံုးထိခိုက္မႈေတြျဖစ္နိုင္ပါတယ္။ အသက္ ၃၅ ႏွစ္နဲ႔အထက္ျဖစ္ေနျပီး ေဆးလိပ္ေသာက္သံုးတဲ့ ေလဒီေတြအေနနဲ႔ကေတာ့ estrogen နဲ႔ progestin ေဟာ္မုန္းေတြေပါင္းစပ္ပါဝင္ေနတဲ့ သေႏၶတားေဆးမ်ိဳးကိုေသာက္သံုးမယ္ဆိုရင္ ရုတ္တရက္ ႏွလံုးရပ္တာ၊ ေသြးခဲတာနဲ႔ ေလျဖတ္တာေတြျဖစ္ႏိုင္တာေၾကာင့္  မေသာက္သံုးသင့္ပါဘူး။

အမ်ိဳးသမီးေတြအေနနဲ႔ သေႏၶတားေသာက္ေဆးေသာက္သံုးမယ္ဆိုရင္ ဆရာဝန္ထံသြားျပီး ကိုယ့္ရဲ႕ အသက္အရြယ္၊ ကိုယ္အေလးခ်ိန္၊ မိသားစုမွာ ႏွလံုးေရာဂါျဖစ္ဖူးတဲ့ ရာဇဝင္ရွိလားဆိုတာနဲ႔ ေဆးလိပ္ေသာက္တတ္တယ္ဆိုရင္ တစ္ေန႔ကို စီးကရက္ဘယ္ေလာက္ထိေသာက္လဲဆိုတာေတြကို ေျပာျပဖို႔ လိုပါလိမ့္မယ္။
သေႏၶတားေသာက္ေဆးက ဘယ္ေလာက္ထိ ထိေရာက္မႈရွိသလဲ

သေႏၶတားေသာက္ေဆးေတြကို ဆရာဝန္ ညႊန္ၾကားတဲ့အတိုင္း ေသေသခ်ာခ်ာေသာက္သံုးမယ္ဆိုရင္ ေတာ္ေတ္ာေလးထိေရာက္မႈရွိပါတယ္။ သေႏၶတားေသာက္ေဆးကို အခ်ိန္မွန္ တစ္ေန႔တစ္လံုးပံုမွန္ေသာက္သံုးမယ္ဆိုရင္ ကိုယ္ဝန္ရႏိုင္ေျခကို ၉၉ ရာခိုင္ႏႈန္းေလာက္အထိကာကြယ္ေပးႏိုင္ပါတယ္။ ေန႔စဥ္ပံုမွန္ေသာက္ေပမယ့္ အခ်ိန္မွန္မေသာက္မိတာ၊ တစ္ရက္တေလေလာက္ေမ့ေလ်ာ႔တာမ်ိဳးရွိခဲ့ရင္ေတာင္မွ ၉၃ ရာခိုင္ႏႈန္းကေန ၉၇ ရာခိုင္ႏႈန္းေလာက္အထိ ကာကြယ္မႈေပးႏိုင္ပါတယ္။ သေႏၶတားေဆးကို ပံုမွန္မေသာက္ျဖစ္တာေၾကာင့္ ကိုယ္ဝန္ရရွိသြားတဲ့ လကၡဏာမ်ိဳးရွိခဲ့ရင္ေတာ့ ဆရာဝန္နဲ႔သြားေရာက္တိုင္ပင္ဖို႔လိုပါမယ္။
သေႏၶတားေသာက္ေဆးကို ဒါေတြအတြက္လည္းသံုးလို႔ရပါတယ္

သေႏၶတားေသာက္ေဆးေတြကို ကိုယ္ဝန္မရရွိေအာင္ကာကြယ္ဖို႔တင္မဟုတ္ဘဲ ဒီလိုလည္းသံုးလို႔ရပါတယ္။

    ရာသီလာစဥ္ကိုက္ခဲနာက်င္တာသက္သာေစဖို႔
    ရာသီထိန္ေနတာကို ျပန္ေပၚေစဖို႔
    ဝက္ျခံေတြသက္သာေစဖို႔
    မ်ိဳးဥအိမ္ နဲ႔ သားအိမ္ကင္ဆာေတြျဖစ္ႏိုင္ေျခကို က်ဆင္းေစဖို႔
    သားအိမ္ထဲမွာ အလံုးတည္တာ၊ မ်ိဳးဥအိမ္ထဲမွာ အလံုးအဖုေလးေတြျဖစ္တာ၊ ရင္သားမွာျဖစ္တဲ့ အက်ိတ္အဖုေတြအတြက္လည္း သေႏၶတားေသာက္ေဆးကို သံုးလို႔ရပါတယ္။

သေႏၶတားေသာက္ေဆးကို ေသာက္သံုးေပးတာက ေန႔စဥ္ေသာက္သံုးရတာျဖစ္တာေၾကာင့္ သတိထားဖို႔လိုတယ္ဆိုေပမယ့္ ကိုယ္ဝန္ရႏိုင္ေျခကို ေတာ္ေတ္ာေလးနည္းေစႏိုင္ပါတယ္။ ေနာက္ထပ္အားသာခ်က္တစ္ခုက လိင္ဆက္ဆံရာမွာ အေႏွာင့္အယွက္လံုးဝမျဖစ္တာပါ။ ေဈးႏႈန္းလည္းသင့္တင့္ျပီး အသံုးျပဳရတာလည္းလြယ္ကူလွပါတယ္။ ႏွစ္ေပါင္း ၄၀ ေက်ာ္ေလ့လာသုေတသနျပဳမႈေတြအရ သေႏၶတားေသာက္ေဆးေတြက ေရရွည္အတြက္လည္းေကာင္းသလို ခႏၶာကိုယ္မွာထိခိုက္တာမ်ိဳးလည္းမရွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ခေတ်စနစ်တွေတိုးတက်လာမှုနဲ့အတူ ဆေးပညာနယ်ပယ်မှာလည်း တိုးတက်မှုတွေအတော်လေးများလာနေပါတယ်။ ဒီလိုတိုးတက်လာတဲ့ ဆေးပညာတွေထဲမှာ ကုသမှုနည်းလမ်းတွေပါဝင်နေသလို ကာကွယ်တဲ့နည်းလမ်းတွေလည်းပါဝင်လို့နေပါတယ်။ တိုးတက်လာမှုထဲမှာ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်လို့ဆိုရမယ့် သားဆက်ခြားနည်းတွေပါ ပါဝင်နေပါတယ်။
သန္ဓေတားသောက်ဆေး အကြောင်းတစေ့တစောင်း

သန္ဓေတားသောက်ဆေး (OCP) က ကိုယ်ဝန်မရရှိအောင်ကာကွယ်ပေးတဲ့ ဆေးဝါးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေမှာ အက်စထရိုဂျင် ဟော်မုန်းပါဝင်တဲ့ သန္ဓေတားသောက်ဆေးရှိသလို ၊ အက်စထရိုဂျင်ရော ပရိုဂျက်စတင်ပါပါဝင်နေတဲ့ သန္ဓေတားသောက်ဆေးလည်းရှိပါတယ်။ သန္ဓေတားသောက်ဆေးတွေကို သေသေချာချာသောက်သုံးမယ်ဆိုရင် မမျှော်လင့်ဘဲကိုယ်ဝန်ရရှိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

သန္ဓေတားသောက်ဆေးကို ၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပေးခဲ့တာဖြစ်ပြီး သန္ဓေတားသောက်ဆေးက လူကြိုက်အများဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ကမ္ဘာတစ်လွှားက အမျိုးသမီး သန်း ၁၀၀ ကျော်က သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး ၁၆ ရာခိုင်နှုန်းက သန္ဓေတားသောက်ဆေးကိုသောက်သုံးနေကြပြီး အသက် ၁၆ နှစ် ကနေ ၄၉ နှစ်ကြားအရွယ်ရှိတဲ့ ယူကေအမျိုးသမီး ၃ ပုံ ၁ ပုံခန့်နဲ့ ဂျပန်အမျိုးသမီး ၁ ရာခိုင်နှုန်းတို့လည်း သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြတယ်၊လို့ သိရပါတယ်။

သန္ဓေတားသောက်ဆေးကိုစတင်ပေါ်လာတဲ့အချိန်ကစလို့ လိုအပ်ချက်တွေကို ပြုပြင်ရင်း ကောင်းသထက်ကောင်းအောင်ပြင်ဆင်ထုတ်လုပ်လာခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သန္ဓေတားသောက်ဆေးတွေက ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်တဲ့ သားဆက်ခြားနည်းတစ်မျိုးဖြစ်လို့လာပါတယ်။

လေဒီယာ ရိုစာလိုမျိုး သန္ဓေတားသောက်ဆေးဆိုရင်  ဆေးဝါးပမာဏအနည်းငယ်သာပါတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပြီး သန္ဓေတားဖို့အတွက် အသုံးပြုလို့ရသလို ရာသီလာချိန်အလွန်အမင်းကိုက်ခဲခြင်းဝေဒနာများအတွက်ပါ သောက်သုံးလို့ရပါတယ်။ လေဒီယာ ရိိုစာ တစ်ကဒ်မှာ ဆေးပြား ၂၈ ပြားပါဝင်ပြီး  ဟော်မုန်းပါတဲ့ဆေးပြား ၂၁ပြား၊ ဟော်မုန်းမပါတဲ့ ဆေးပြား ၇ ပြား ပါရှိပါတယ်။
နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာ

နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာက တစ်နေ့တစ်လုံးပုံမှန်သောက်ပေးရုံနဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်တဲ့ သောက်ဆေးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေက သားအိမ်ခေါင်းအချွဲတွေကို ထူစေပြီး မျိုးဥအိမ်တွေကနေ မျိုးဥတွေထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ သန္ဓေတားဆေးသောက်ဆေးမှာ progestin နဲ့ estrogen ဟော်မုန်း နှစ်မျိုးပါတဲ့ ဆေးရှိသလို progestin ဟော်မုန်းတစ်မျိုးထဲပါတဲ့ ဆေးလည်းရှိပါတယ်။  တတ်သိနားလည်တဲ့သူနဲ့ တိုင်ပင်ပြီးမှသောက်သုံးဖို့တော့ မမေ့ပါနဲ့။
သန္ဓေတားသောက်ဆေးတွေက အမျိုးသမီးတိုင်းနဲ့သင့်တော်ရဲ့လား

သန္ဓေတားသောက်ဆေးက အကောင်းဆုံးသော သားဆက်ခြားနည်းဆိုပေမယ့် အခုလိုမျိုး လက္ခဏာတွေရှိရင်တော့ မသောက်သုံးသင့်ပါဘူးလို့ပြောပါရစေ။

    ရင်သားကင်ဆာရှိတာ
    သားအိမ်ကင်ဆာရှိတာ
    အကြောင်းအရင်းမရှိဘဲ သွေးဆင်းနေတာ
    နှလုံးရောဂါရှိတာ
    သွေးတိုးရောဂါရှိတာ
    ရင်ဘတ်အောင့်တာ
    ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါရှိတာ
    ဆီးချိုဝေဒနာရှိတာ
    အသည်းမှာ ကင်ဆာကျိတ်ရှိနေတာ
    အသည်းရောဂါရှိနေတာ
    လေဖြတ်နိုင်ခြေရှိနေတာ
    ကိုယ်ဝန်ဆောင်ထားတာ မျိုးဆိုရင်တော့ နေ့စဉ်သန္ဓေတားသောက်ဆေးနဲ့ အဆင်မပြေပါဘူး။

ဒီအချက်လေးသိထားဖို့လိုပါမယ်

estrogen နဲ့ progestin ဟော်မုန်းတွေပါဝင်နေတဲ့ သန္ဓေတားဆေးတွေသောက်သုံးနေချိန်မှာ ဆေးလိပ်သောက်သုံးမယ်ဆိုရင် နှလုံးထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ အသက် ၃၅ နှစ်နဲ့အထက်ဖြစ်နေပြီး ဆေးလိပ်သောက်သုံးတဲ့ လေဒီတွေအနေနဲ့ကတော့ estrogen နဲ့ progestin ဟော်မုန်းတွေပေါင်းစပ်ပါဝင်နေတဲ့ သန္ဓေတားဆေးမျိုးကိုသောက်သုံးမယ်ဆိုရင် ရုတ်တရက် နှလုံးရပ်တာ၊ သွေးခဲတာနဲ့ လေဖြတ်တာတွေဖြစ်နိုင်တာကြောင့်  မသောက်သုံးသင့်ပါဘူး။

အမျိုးသမီးတွေအနေနဲ့ သန္ဓေတားသောက်ဆေးသောက်သုံးမယ်ဆိုရင် ဆရာဝန်ထံသွားပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ မိသားစုမှာ နှလုံးရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိလားဆိုတာနဲ့ ဆေးလိပ်သောက်တတ်တယ်ဆိုရင် တစ်နေ့ကို စီးကရက်ဘယ်လောက်ထိသောက်လဲဆိုတာတွေကို ပြောပြဖို့ လိုပါလိမ့်မယ်။
သန္ဓေတားသောက်ဆေးက ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ

သန္ဓေတားသောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေသေချာချာသောက်သုံးမယ်ဆိုရင် တော်တေ်ာလေးထိရောက်မှုရှိပါတယ်။ သန္ဓေတားသောက်ဆေးကို အချိန်မှန် တစ်နေ့တစ်လုံးပုံမှန်သောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေကို ၉၉ ရာခိုင်နှုန်းလောက်အထိကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန်သောက်ပေမယ့် အချိန်မှန်မသောက်မိတာ၊ တစ်ရက်တလေလောက်မေ့လျော့တာမျိုးရှိခဲ့ရင်တောင်မှ ၉၃ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းလောက်အထိ ကာကွယ်မှုပေးနိုင်ပါတယ်။ သန္ဓေတားဆေးကို ပုံမှန်မသောက်ဖြစ်တာကြောင့် ကိုယ်ဝန်ရရှိသွားတဲ့ လက္ခဏာမျိုးရှိခဲ့ရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ဖို့လိုပါမယ်။
သန္ဓေတားသောက်ဆေးကို ဒါတွေအတွက်လည်းသုံးလို့ရပါတယ်

သန္ဓေတားသောက်ဆေးတွေကို ကိုယ်ဝန်မရရှိအောင်ကာကွယ်ဖို့တင်မဟုတ်ဘဲ ဒီလိုလည်းသုံးလို့ရပါတယ်။

    ရာသီလာစဉ်ကိုက်ခဲနာကျင်တာသက်သာစေဖို့
    ရာသီထိန်နေတာကို ပြန်ပေါ်စေဖို့
    ဝက်ခြံတွေသက်သာစေဖို့
    မျိုးဥအိမ် နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို ကျဆင်းစေဖို့
    သားအိမ်ထဲမှာ အလုံးတည်တာ၊ မျိုးဥအိမ်ထဲမှာ အလုံးအဖုလေးတွေဖြစ်တာ၊ ရင်သားမှာဖြစ်တဲ့ အကျိတ်အဖုတွေအတွက်လည်း သန္ဓေတားသောက်ဆေးကို သုံးလို့ရပါတယ်။

သန္ဓေတားသောက်ဆေးကို သောက်သုံးပေးတာက နေ့စဉ်သောက်သုံးရတာဖြစ်တာကြောင့် သတိထားဖို့လိုတယ်ဆိုပေမယ့် ကိုယ်ဝန်ရနိုင်ခြေကို တော်တေ်ာလေးနည်းစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက လိင်ဆက်ဆံရာမှာ အနှောင့်အယှက်လုံးဝမဖြစ်တာပါ။ ဈေးနှုန်းလည်းသင့်တင့်ပြီး အသုံးပြုရတာလည်းလွယ်ကူလှပါတယ်။ နှစ်ပေါင်း ၄၀ ကျော်လေ့လာသုတေသနပြုမှုတွေအရ သန္ဓေတားသောက်ဆေးတွေက ရေရှည်အတွက်လည်းကောင်းသလို ခန္ဓာကိုယ်မှာထိခိုက်တာမျိုးလည်းမရှိပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top