ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

၂၀၁၄ ခုႏွစ္ကျဖစ္ခဲ့တဲ့ ထိုင္းနိုင္ငံေတာင္ပိုင္း လိပ္ကၽြန္းလူသတ္မႈနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္၊ ဗြီဒီယို၊ စီစီတီဗြီမွတ္တမ္း၊ ဒါမွမဟုတ္ တျခား သက္ေသေတြ ေပးႏိုင္သူကို ဆုေၾကးေငြဘတ္ ၅ သိန္းခ်ီးျမႇင့္မယ္လို႔ အမည္မေဖာ္လိုသူ အမ်ိဳးသားတဦးက ဆမြီတိုင္းမ္သတင္းကို ေျပာလိုက္ပါတယ္။

သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ ၄ ႏွစ္တာလံုးလံုး ဒီလူသတ္မႈနဲ႔ ပတ္သက္တဲ့ သက္ေသ အခ်က္အလက္ တစံုတရာရွိလာႏိုးနဲ႔ ေစာင့္ၾကည့္ခဲ့ေပမယ့္ ဘာသက္ေသမွမရွိခဲ့တာ ထူး ဆန္းေနတယ္လို႔ ဆိုပါတယ္။

ထိုင္းေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္ ခိုေတာင္ကၽြန္း (ေခၚ) လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလက ျဖစ္ခဲ့တဲ့ ၿဗိတိန္ႏိုင္ငံသားစံုတြဲတတြဲျဖစ္တဲ့ ဟန္နာ ၀စ္သာရစ္ခ်္နဲ႔ ေဒး ဗစ္မီလာတို႔ ေသဆံုးခဲ့မႈအတြက္ ျမန္မာအလုပ္သမား ၂ ဦးျဖစ္တဲ့ ကို၀င္းေဇာ္ထြန္းနဲ႔ ေဇာ္လင္း တို႔ကို စြဲခ်က္တင္ခဲ့ၿပီး ထိုင္းတရား႐ုံးက အျမင့္ဆံုးျပစ္ဒဏ္နဲ႔ ေသဒဏ္ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။

“ဒီရာဇ၀တ္ျပစ္မႈနဲ႔ ပတ္သက္ၿပီး မ်က္ျမင္သက္ေသတေယာက္မွ မရွိပဲျဖစ္ခဲ့တာဟာ ႐ုိး႐ုိးတန္းတန္းေတာ့ မျဖစ္နိုင္ဘူးလို႔ က်ေနာ္ယူဆပါတယ္။ အဲဒီမွာ မ်က္ျမင္သက္ေသေတြ ရွိေန လိမ့္မယ္။ သူတို႔ဟာ ထြက္ဆိုဖို႔ ေၾကာက္ရြံ႕ေနလို႔ ထြက္မလာၾကတာျဖစ္မယ္။ ခုအခ်ိန္ကေတာ့ လံုေလာက္တဲ့ အခ်ိန္ကာလတခုကိုလည္း ျဖတ္ခဲ့ၿပီးၿပီမို႔ ဒါကို သိတဲ့ျမင္တဲ့ၾကားတဲ့ တေယာက္ ေယာက္က လာေျပာမယ္ဆိုရင္ က်ေနာ္က ဆုေၾကးေငြ ဘတ္ ၅ သိန္းခ်ီးျမႇင့္ခ်င္ပါတယ္။”

လက္ရွိမွာေတာ့ အဆိုပါ အမ်ိဳးသားနဲ႔ ေတြ႔ဆံုစကားေျပာလိုတယ္ဆိုရင္ေတာ့ ဆမြီတိုင္းမ္ သတင္းရဲ႕ အီးေမးလ္ editor @ samuitimes com ကို ဆက္သြယ္ႏိုင္တယ္လို႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုေဖေအာင္ - DVB TV News
# Unicode Version ျဖင့္ ဖတ္ပါ #
၂၀၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ ဗွီဒီယို၊ စီစီတီဗွီမှတ်တမ်း၊ ဒါမှမဟုတ် တခြား သက်သေတွေ ပေးနိုင်သူကို ဆုကြေးငွေဘတ် ၅ သိန်းချီးမြှင့်မယ်လို့ အမည်မဖော်လိုသူ အမျိုးသားတဦးက ဆမွီတိုင်းမ်သတင်းကို ပြောလိုက်ပါတယ်။

သူ့အနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာလုံးလုံး ဒီလူသတ်မှုနဲ့ ပတ်သက်တဲ့ သက်သေ အချက်အလက် တစုံတရာရှိလာနိုးနဲ့ စောင့်ကြည့်ခဲ့ပေမယ့် ဘာသက်သေမှမရှိခဲ့တာ ထူး ဆန်းနေတယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားစုံတွဲတတွဲဖြစ်တဲ့ ဟန်နာ ဝစ်သာရစ်ချ်နဲ့ ဒေး ဗစ်မီလာတို့ သေဆုံးခဲ့မှုအတွက် မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို စွဲချက်တင်ခဲ့ပြီး ထိုင်းတရားရုံးက အမြင့်ဆုံးပြစ်ဒဏ်နဲ့ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

“ဒီရာဇဝတ်ပြစ်မှုနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတယောက်မှ မရှိပဲဖြစ်ခဲ့တာဟာ ရိုးရိုးတန်းတန်းတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီမှာ မျက်မြင်သက်သေတွေ ရှိနေ လိမ့်မယ်။ သူတို့ဟာ ထွက်ဆိုဖို့ ကြောက်ရွံ့နေလို့ ထွက်မလာကြတာဖြစ်မယ်။ ခုအချိန်ကတော့ လုံလောက်တဲ့ အချိန်ကာလတခုကိုလည်း ဖြတ်ခဲ့ပြီးပြီမို့ ဒါကို သိတဲ့မြင်တဲ့ကြားတဲ့ တယောက် ယောက်က လာပြောမယ်ဆိုရင် ကျနော်က ဆုကြေးငွေ ဘတ် ၅ သိန်းချီးမြှင့်ချင်ပါတယ်။”

လက်ရှိမှာတော့ အဆိုပါ အမျိုးသားနဲ့ တွေ့ဆုံစကားပြောလိုတယ်ဆိုရင်တော့ ဆမွီတိုင်းမ် သတင်းရဲ့ အီးမေးလ် editor @ samuitimes com ကို ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုဖေအောင် - DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top