










# Unicode Version ဖြင့် ဖတ်ပါ #
သူ့ကားသာစီးရမယ်ဆိုရင်တော့ မီးပွိုင့်ဘယ်လောက်ပိတ်ပိတ်ဂရုကိုမစိုက်တော့ဘူး ။

မီးပွိုင့်ပိတ်တာက တကယ်ကိုစိတ်ပျက်ဖို့ကောင်းတယ် ။ အရေးကြီးချိန်းဆိုမှုတွေကို သွားရတဲ့အချိန်တွေမှာ မီးပွိုင့်ပိတ်နေတာမျိုးတွေကြောင့် ခနခနနောက်ကျခဲ့ဖူးတယ် ။ ဒါပေမယ့် အခု ဒီတက္ကစီ ဒရိုင်ဘာကောင်မလေးမောင်းတဲ့ကားကိုသာစီးရရင်တော့ ဘယ်လောက်မီးပွိုင့်ပိတ်ပိတ် ကျွန်တော်ဂရုစိုက်မှာကိုမဟုတ်တော့ဘူး ။

သူကတော့ အသက် ၂၄ နှစ်အရွယ် Ikuta Kana ဖြစ်ပြီးတော့ ကမ္ဘာ့အလန်းဆုံး အမျိုးသမီးတက္ကဆီဒရိုင်ဘာတစ်ယောက်ပါ ။ ဂျပန်သူလေး Ikuta Bana အကြောင်းကို လူတွေသိသွားတဲ့နောက်မှာတော့ အွန်လိုင်းမှာပေါ်မှာ ရေပန်းစားလာပါတော့တယ် ။ ဒီဆွဲဆောင်မှုရှိတဲ့ကောင်မလေးဟာ အချိန်ပိုင်းအလုပ်အနေနဲ့ မော်ဒယ်အလုပ်လုပ်တဲ့အပြင် အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် တက္ကဆီမောင်းပါတယ် ။

အခုချိန်မှာ Kana ကို ဂျပန်နိုင်ငံရဲ့ အလန်းဆုံး တက္ကဆီမောင်းတဲ့ကောင်မလေးအဖြစ်သတ်မှတ်ထားကြပြီး
တကမ္ဘာလုံးမှာလည်းအလန်းဆုံးလို့ပြောလို့ရပါတယ် ။

သူဟာ ကိုယ်အလှပြမော်ဒယ်တစ်ယောက်အဖြစ်စတင်ခဲ့ပြီးတော့ Nino San တီဗီအစီအစဉ်တစ်ခုမှာလည်း သူ့ကို ပုံမှန်တွေ့ရပါတယ် ။ သူရဲ့မော်ဒယ်အလုပ်ဟာ အာမခံချက်မရှိတဲ့အတွက်  ။ တက္ကဆီသမားတစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းလုပ်တယ်ဆိုတဲ့အကြောင်းလူတွေကပြောပါတယ် ။ ဂျပန် နိုင်ငံရဲ့ ကိုယ်အလှပြမဂ္ဂဇင်းမှာ မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့တဲ့အချိန်မှာတော့ ချက်ချင်းကို ပရိတ်သတ်တွေတိုးပွားလာခဲ့ပါတယ် ။ အပတ်စဉ် ပြသလေ့ရှိတဲ့ Nino San တီဗီ အစီအစဉ်မှာလည်း သူလုပ်ကိုင်နေပါတယ် ။

Mina မဂ္ဂဇင်းရဲ့ မော်ဒယ်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်လာခဲ့တယ် ။

၂ နှစ်အကြာမှာ သူဟာ Mina Mates ဆိုတဲ့ Mina မဂ္ဂဇင်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။ ထို့အပြင် Voce , Elo နဲ့ အခြားအလှအပရေးရာဆိုင်ရာမဂ္ဂဇင်းတွေရဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်လာပါတယ် ။

ဘွဲ့ရပြီးနောက်ဝင်ငွေရှာဖို့ရန်အတွက် အသက်မွေးဝမ်းကျောင်း ကားမောင်းလိုင်စင်ရအောင်လုပ်ခဲ့တာပါ ။

တက္ကသိုလ်ကနေဘွဲ့ရပြီးနောက်မှာ သူဟာ အသက်မွေးဝမ်းကျောင်းလိုင်စင်လျောက်ပြီးတော့ သူ့ကိုယ်သူ Asuka Traffic Dream Project မှာ  စာရင်းသွင်းခဲ့ပါတယ် ။ တက္ကဆီမောင်းနေတာတော့ တစ်နှစ်ခွဲလောက်ရှိပါပြီ Shibuya , Ebisu နဲ့ Naka Meguro လမ်းပိုင်းတွေမှာ သူ့ကားကိုတွေ့နိုင်ပါတယ် ။

အွန်လိုင်းပေါ်က ပရိတ်သတ်တွေက သူမရဲ့အလှကို သတိပြုလာကြတဲ့အခါမှာတော့ နောက်ပိုင်းမှာ  တက္ကဆီဆက်မောင်းဦးမယ်လို့ကျွန်တော်တော့မထင်တော့ဘူး ။ မကြာခင်မှာ နာမည်ကြီးမော်ဒယ်တစ်ယောက် ဒါမှမဟုတ် တီဗီအစီအစဉ်ကြေငြာသူတစ်ယောက်ဆိုတာတော့ ကျွန်တော်ပြောရဲတယ်….. ။

သင်ရော သူ့ကားလိုက်မစီးချင်ဘူးလား

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top