န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

၂၀၁၇-၁၈ ပညာသင္ႏွစ္မွာ က်င္းပခဲ့တဲ့ တကၠသိုလ္၀င္တန္း စာေမးပြဲကို ျမန္မာေနရွင္နယ္လိဂ္ ကလပ္ ရွမ္းယူ ႏုိက္တက္မွ ကစားသမား ၃ ဦးေျဖဆိုေအာင္ျမင္ခဲ့ပါတယ္။

အဆိုပါ ကစားသမားေလးေတြမွာ ရွမ္းယူႏိုက္တက္ ယူ-၁၉နဲ႔ ယူ-၂၁ အသင္းတို႔မွ ကစားသမားေလး ေတြျဖစ္ၿပီး ေတာင္ႀကီး၊ ရန္ကုန္နဲ႔ ဒိုက္ဦးၿမိဳ႕တို႕မွ ကေလးေတြလည္း ျဖစ္ပါတယ္။

တကၠသိုလ္၀င္တန္း ေအာင္ျမင္ခဲ့တဲ့ ကစားသမားေလးေတြကေတာ့ ယူ -၁၉ အသင္းမွ ေမာင္မ်ိဳးသီဟ(ရက-၄၇၉၁ ေတာင္ႀကီး)၊ ေမာင္ခ်မ္းသာ (ပဒ-၁၃၅၅ ဒိုက္ဦး)နဲ႔  ယူ -၂၁ အသင္းမွ ေမာင္အာကာလင္းျမတ္(ဆဒတ- ၄၉၆၉ ရန္ကုန္)တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

 ယခုႏွစ္ စာေမးပြဲကို ရွမ္းယူႏိုက္တက္အသင္းမွ ကစားသမား ၄ ဦးေျဖဆိုခဲ့ရာမွာေတာ့ ၃ ဦးေအာင္ျမင္ခဲ့ၿပီး ၁ ဦးသာ က်ရႈံးခဲ့တာလို႔လည္းသိရပါတယ္။

ယခု တကၠသိုလ္၀င္တန္း ေျဖဆိုခဲ့ၾကတဲ့ ကစားသမားေတြကို ရွမ္းယူႏုိက္တက္အသင္းက ကစားသမားေတြရဲ႕ ဆႏၵအရ စာေမးပြဲေျဖဆိုႏိုင္ဖို႔ release letter မ်ားလည္း ထုတ္ေပးခဲ့တယ္လို႔ သိရပါတယ္။

“ကစားသမားေတြက စာေမးပြဲေျဖၾကဖို႔ ကိုယ့္အရပ္ ကိုယ္ျပန္ၾကတဲ့အခါ ကၽြန္ေတာ္တို႔ကလည္း သူတို႔ အတြက္ release letter ေတြထုတ္ေပးလိုက္ရပါတယ္။အေၾကာင္းကေတာ့ သူတို႔ကို အသင္းကေနထုတ္ပယ္ခဲ့တာ မဟုတ္ပါဘူး။ပထမအေက်ာ့ ၿပီးကတည္းက ၁၀ တန္း အတြက္ စာေသခ်ာ ေလ့လာႏိုင္ဖို႔အတြက္ စာကိုပဲ သူ တို႔ တစိုက္မတ္မတ္လုပ္ႏိုင္ဖို႔ ရည္ရြယ္ၿပီး ထုတ္ေပးခဲ့တာပါ။သူတို႔အေနနဲ႔ ၁၀ တန္း ေအာင္ၿပီးလို႔ ေဘာလုံး ဆက္ ကစားခ်င္ေသးတယ္ဆိုရင္လည္း အသင္းက အခ်ိန္မေရြး ျပန္လည္ႀကိဳဆိုသြားမွာပါ။” လို႔ ရွမ္းယူႏိုက္ တက္ မီဒီယာ အရာရွိ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

အဆုိပါ ကစားသမားေလးေတြကို ရွမ္းယူႏိုက္တက္အသင္းက လူေရြးပြဲေတြကေန ေျခစြမ္းေကာင္းမြန္မႈ ေၾကာင့္ ေရြးခ်ယ္ထားတာ ျဖစ္ၿပီး ကစားသမားေတြအေနနဲ႔ အခ်ိန္မေေရြးအသင္းကို ျပန္လာႏိုင္တယ္လို႔ သိရပါတယ္။

ရွမ္းယူႏိုက္တက္အသင္းမွာ တကၠသိုလ္(အေ၀းသင္) တက္ေရာက္ေနတဲ့ ကစားသမားေလးေတြလည္း ရွိၿပီး အဆိုပါ ကစားသမားေလးေတြအတြက္လည္း စာေမးပြဲေျဖဆိုခ်ိန္မွာ အသင္းက ခြင့္သတ္မွတ္ေဆာင္ရြက္ေပး တာေတြ ရွိတယ္လို႔လည္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
၂၀၁၇-၁၈ ပညာသင်နှစ်မှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနေရှင်နယ်လိဂ် ကလပ် ရှမ်းယူ နိုက်တက်မှ ကစားသမား ၃ ဦးဖြေဆိုအောင်မြင်ခဲ့ပါတယ်။

အဆိုပါ ကစားသမားလေးတွေမှာ ရှမ်းယူနိုက်တက် ယူ-၁၉နဲ့ ယူ-၂၁ အသင်းတို့မှ ကစားသမားလေး တွေဖြစ်ပြီး တောင်ကြီး၊ ရန်ကုန်နဲ့ ဒိုက်ဦးမြို့တို့မှ ကလေးတွေလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကစားသမားလေးတွေကတော့ ယူ -၁၉ အသင်းမှ မောင်မျိုးသီဟ(ရက-၄၇၉၁ တောင်ကြီး)၊ မောင်ချမ်းသာ (ပဒ-၁၃၅၅ ဒိုက်ဦး)နဲ့  ယူ -၂၁ အသင်းမှ မောင်အာကာလင်းမြတ်(ဆဒတ- ၄၉၆၉ ရန်ကုန်)တို့ ဖြစ်တယ်လို့ သိရပါတယ်။

 ယခုနှစ် စာမေးပွဲကို ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား ၄ ဦးဖြေဆိုခဲ့ရာမှာတော့ ၃ ဦးအောင်မြင်ခဲ့ပြီး ၁ ဦးသာ ကျရှုံးခဲ့တာလို့လည်းသိရပါတယ်။

ယခု တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့ကြတဲ့ ကစားသမားတွေကို ရှမ်းယူနိုက်တက်အသင်းက ကစားသမားတွေရဲ့ ဆန္ဒအရ စာမေးပွဲဖြေဆိုနိုင်ဖို့ release letter များလည်း ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကစားသမားတွေက စာမေးပွဲဖြေကြဖို့ ကိုယ့်အရပ် ကိုယ်ပြန်ကြတဲ့အခါ ကျွန်တော်တို့ကလည်း သူတို့ အတွက် release letter တွေထုတ်ပေးလိုက်ရပါတယ်။အကြောင်းကတော့ သူတို့ကို အသင်းကနေထုတ်ပယ်ခဲ့တာ မဟုတ်ပါဘူး။ပထမအကျော့ ပြီးကတည်းက ၁၀ တန်း အတွက် စာသေချာ လေ့လာနိုင်ဖို့အတွက် စာကိုပဲ သူ တို့ တစိုက်မတ်မတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပေးခဲ့တာပါ။သူတို့အနေနဲ့ ၁၀ တန်း အောင်ပြီးလို့ ဘောလုံး ဆက် ကစားချင်သေးတယ်ဆိုရင်လည်း အသင်းက အချိန်မရွေး ပြန်လည်ကြိုဆိုသွားမှာပါ။” လို့ ရှမ်းယူနိုက် တက် မီဒီယာ အရာရှိ ဦးအောင်ကျော်က ပြောပါတယ်။

အဆိုပါ ကစားသမားလေးတွေကို ရှမ်းယူနိုက်တက်အသင်းက လူရွေးပွဲတွေကနေ ခြေစွမ်းကောင်းမွန်မှု ကြောင့် ရွေးချယ်ထားတာ ဖြစ်ပြီး ကစားသမားတွေအနေနဲ့ အချိန်မေရွေးအသင်းကို ပြန်လာနိုင်တယ်လို့ သိရပါတယ်။

ရှမ်းယူနိုက်တက်အသင်းမှာ တက္ကသိုလ်(အဝေးသင်) တက်ရောက်နေတဲ့ ကစားသမားလေးတွေလည်း ရှိပြီး အဆိုပါ ကစားသမားလေးတွေအတွက်လည်း စာမေးပွဲဖြေဆိုချိန်မှာ အသင်းက ခွင့်သတ်မှတ်ဆောင်ရွက်ပေး တာတွေ ရှိတယ်လို့လည်းသိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top