iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္က်ေခ်ာင္းရဲ႔ အလည္တည့္တည့္ကဘုရား- ေရၾကီးျပီး ေစတီေရျမဳပ္ေသာ္လည္း ေစတီအတြင္းက ဘုရားဆင္းတုေတာ္ရဲ႕မ်က္ႏွာေတာ္ကို ဘယ္ေတာ့မွ သဲမဖံုး ရႊံ႕မေပတဲ႔ တန္ခိုးၾကီးဘုရား ဘုန္ းတန္ ခိုးႀကီးမားပါ ေပ၏…..

သဲေဖာ္ခ်ိန္…
ဘုတလင္ျမိဳ႕နယ္ ျမိဳ႕ေပၚရြာႏွင္ ၂ မိုင္ေ၀းျပီး ကိုက္၂၀၀ ခန္႕က်ယ္၀န္းတဲ႕ေတာင္က်ေခ်ာင္းရဲ႕ အလယ္တည့္တည့္မွာ သိမ္ေပါက္ခဲ႕သည့္အတြက္တည္ထားတဲ႕ေရြသိမ္ေတာ္ဘုရားပါ။

ႏွစ္စဥ္မိုးရာသီတိုင္းေခ်ာင္းေရျပင္းထန္စြာ စီးဆင္းတဲ႕ေခ်ာင္းပါ သစ္ပင္ႀကီးငယ္တိုင္း ေမွ်ာပါေလ့ရွိပါတယ္ ။ေခ်ာင္းေရအသံကလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္က်ယ္က်ယ္ေအာ္ျပီးလာေလ့ရွိတက္ေသာ္လည္း ဘုရားေလးအားေမွ်ာပါသြားမွာဘယ္သူမွမပူၾကပါဘူး။

ႏွစ္ေပါင္းမ်ားစြာၾကာခဲ႕ျပီျဖစ္လို႕လဲဆိုပါတယ္။ေခ်ာင္းေရျပင္းျပီးလက္ပံပင္ႀကီးမ်ားကၽႊတ္ထြက္ပါသည့္ႏွစ္ေတာင္ ဘာမွမျဖစ္ခဲ႕လို႕ပါပဲဘုရားရွင္ရဲ႕ဂုဏ္ေတာ္တန္ခိုးလားဘုန္းကံေၾကာင့္လား တည္ထားတာပဲေကာင္းလို႕လား အေျဖမရွာႏိုင္ေသးေပမယ့္ ရြာကေတာ့ဘုရားရဲ႕တန္ခိုးေတာ္လို႕ယံုၾကည္လ်က္ရွိပါတယ္။

ေခ်ာင္းေရႀကီးျပီး ေစတီတစ္ခုလံုးျမဳပ္တယ္။သဲေတြ၀င္တယ္ သဲေတြပို႕တယ္။ဘုရားရဲ႕ဂူေတာ္တြင္း ေရဘယ္ေလာက္၀င္၀င္သဲဘယ္ေလာက္ပို႕ပို႕ဘုရားရဲ႕မ်က္ႏွာေတာ္ သဲပို႕ျခင္းဘယ္တံုးကမွမရွိခဲ႕ဘူး။

ဘုရားရဲ႕မ်က္ႏွာေတာ္ရြ႕ံစင္ျခင္း ညစ္ပတ္ေပေရျခင္း ဘယ္တံုးကမွမရွိခဲ႕ဘူး။ပံုပါျမင္ရတဲ႕အတိုင္းျဖစ္ေလ့ရွိပါတယ္။ဘုရားေလးေမ်ာပါသြားမည္စိုးေသာေၾကာင့္အုတ္တံတိုင္းေတြခတ္တယ္ ဓမၼာရံုေဆာက္တယ္ ေမ်ာပါခဲ႕ျပီးျပီ…။

ႏွစ္စဥ္ဘုရားပြဲက်င္းပဖို႕ ဆယ္ရက္အလို ရြာသားမ်ား အျမဲသဲေဖာ္ၾကတယ္။

ဆုေတာင္းၾကတယ္ ျပည့္ေျမာက္ၾကတယ္။က်န္ရက္မ်ားဒီအတိုင္း ဖူးေမ်ာ္ၾကတယ္။

တစ္ႏိုင္သဲေဖာ္သြားၾကတယ္။အက်ဥ္းက်ပ္ေတြလြတ္ေျမာက္သြားၾကတယ္။

အက်ဥ္းက်ပ္ေတြလြတ္ေျမာက္ေစဖို႕ ဗဟုသုတႏွင့္ဘုရားဘုန္းေတာ္မ်ားၾကည္ညိဳဖူးျမင္ႏိုင္ေစရန္ ေ၀မွ်အပ္ပါသည္

မိတ္ေဆြအေပါင္းတို႕

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tz win
# Unicode Version ျဖင့္ ဖတ္ပါ #
တောင်ကျချောင်းရဲ့ အလည်တည့်တည့်ကဘုရား- ရေကြီးပြီး စေတီရေမြုပ်သော်လည်း စေတီအတွင်းက ဘုရားဆင်းတုတော်ရဲ့မျက်နှာတော်ကို ဘယ်တော့မှ သဲမဖုံး ရွှံ့မပေတဲ့ တန်ခိုးကြီးဘုရား ဘုန် းတန် ခိုးကြီးမားပါ ပေ၏…..

သဲဖော်ချိန်…

ဘုတလင်မြို့နယ် မြို့ပေါ်ရွာနှင် ၂ မိုင်ဝေးပြီး ကိုက်၂၀၀ ခန့်ကျယ်ဝန်းတဲ့တောင်ကျချောင်းရဲ့ အလယ်တည့်တည့်မှာ သိမ်ပေါက်ခဲ့သည့်အတွက်တည်ထားတဲ့ရွေသိမ်တော်ဘုရားပါ။

နှစ်စဉ်မိုးရာသီတိုင်းချောင်းရေပြင်းထန်စွာ စီးဆင်းတဲ့ချောင်းပါ သစ်ပင်ကြီးငယ်တိုင်း မျှောပါလေ့ရှိပါတယ် ။ချောင်းရေအသံကလည်း ကြောက်စရာကောင်းလောက်အောင်ကျယ်ကျယ်အော်ပြီးလာလေ့ရှိတက်သော်လည်း ဘုရားလေးအားမျှောပါသွားမှာဘယ်သူမှမပူကြပါဘူး။

နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့လဲဆိုပါတယ်။ချောင်းရေပြင်းပြီးလက်ပံပင်ကြီးများကျွှတ်ထွက်ပါသည့်နှစ်တောင် ဘာမှမဖြစ်ခဲ့လို့ပါပဲဘုရားရှင်ရဲ့ဂုဏ်တော်တန်ခိုးလားဘုန်းကံကြောင့်လား တည်ထားတာပဲကောင်းလို့လား အဖြေမရှာနိုင်သေးပေမယ့် ရွာကတော့ဘုရားရဲ့တန်ခိုးတော်လို့ယုံကြည်လျက်ရှိပါတယ်။

ချောင်းရေကြီးပြီး စေတီတစ်ခုလုံးမြုပ်တယ်။သဲတွေဝင်တယ် သဲတွေပို့တယ်။ဘုရားရဲ့ဂူတော်တွင်း ရေဘယ်လောက်ဝင်ဝင်သဲဘယ်လောက်ပို့ပို့ဘုရားရဲ့မျက်နှာတော် သဲပို့ခြင်းဘယ်တုံးကမှမရှိခဲ့ဘူး။

ဘုရားရဲ့မျက်နှာတော်ရွံ့စင်ခြင်း ညစ်ပတ်ပေရေခြင်း ဘယ်တုံးကမှမရှိခဲ့ဘူး။ပုံပါမြင်ရတဲ့အတိုင်းဖြစ်လေ့ရှိပါတယ်။ဘုရားလေးမျောပါသွားမည်စိုးသောကြောင့်အုတ်တံတိုင်းတွေခတ်တယ် ဓမ္မာရုံဆောက်တယ် မျောပါခဲ့ပြီးပြီ…။

နှစ်စဉ်ဘုရားပွဲကျင်းပဖို့ ဆယ်ရက်အလို ရွာသားများ အမြဲသဲဖော်ကြတယ်။

ဆုတောင်းကြတယ် ပြည့်မြောက်ကြတယ်။ကျန်ရက်များဒီအတိုင်း ဖူးမျော်ကြတယ်။

တစ်နိုင်သဲဖော်သွားကြတယ်။အကျဉ်းကျပ်တွေလွတ်မြောက်သွားကြတယ်။

အကျဉ်းကျပ်တွေလွတ်မြောက်စေဖို့ ဗဟုသုတနှင့်ဘုရားဘုန်းတော်များကြည်ညိုဖူးမြင်နိုင်စေရန် ဝေမျှအပ်ပါသည်

မိတ်ဆွေအပေါင်းတို့

ဖိုးသူတော် (www.phothutaw.com)
Credit: Tz win
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top