န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဟိုးအရင္ ရည္းစားျဖစ္ကာစက.. သူ႔ဖုန္းလည္း ကြၽန္ေတာ္ တစ္ခ်ိန္လံုး စစ္တယ္… သူလည္း အတူတူပဲ တစ္ခ်ိန္လံုး သံသယေတြနဲ႔ Comment လာေပးတာ.. အသဲပံုေတြ ဘာေတြ ပါရင္ ရန္ျဖစ္လိုက္ ဖုန္းမအားရင္ ရန္ျဖစ္လိုက္ ဖုန္းပိတ္ထားရင္ ရန္ျဖစ္လိုက္နဲ႔ တစ္ပတ္ တစ္ပတ္ကို ရန္ပြဲက မနည္းဘူးရယ္ …

ေဘးနားကပ္ ႐ွိတာေတာင္မွ မက္စင္ဂ်ာက မက္ေစ့လာရင္ ဘာလည္းဆိုတဲ့ စိတ္နဲ႔ အသဲအသန္ ဖုန္းယူၾကည့္ရတာနဲ႔ ဘာနဲ႔… တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္တုန္းကမွကို စိတ္မခ်ဘူး … အာ့တုန္းကေတာ့ သဝန္တိုတာ ႀကီးကိုပဲ အခ်စ္လို႔ကို ထင္ေနၾကတာ …

ရည္းစားသက္တမ္း ႏွစ္ႏွစ္ေလာက္ ျဖစ္လာေတာ့ ကိုယ္လည္း အရင္လိုမဟုတ္ပဲ ေျပာင္းလဲလာသလို… သူလည္း ကိုယ္တစ္ေယာက္ပဲ ႐ွိတယ္ဆိုတာ ယံုၾကည္လာတဲ့ေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္တာေတြ နည္းလာတယ္ … ျဖစ္ေတာ့ျဖစ္ေသးတယ္ ေတာ္ေတာ္နည္းလာတာ …

အတူတူ ထိုင္ေနတုန္း မက္ေစ့လာလည္း သိပ္မေမးေတာ့ဘူး.. အလိုလို ကိုယ့္ဘာသာကိုယ္ ဘယ္သူက ဘာေျပာေနတာဆိုၿပီး ေျပာျဖစ္တယ္… သူ႔အေကာင့္က Comment ေတြလည္း သိပ္ စိတ္မဝင္စားေတာ့ဘူး … ဘယ္ေလာက္မန္႔မန္႔ သူက အဖက္မလုပ္ဘူး ဆိုတာ သိသြားလို႔ … လာၾကဴေနရင္ေတာင္ သူက ဒီမွာ ဒီတစ္ေယာက္ ဘာေတြ လာေျပာေနမွန္း မသိဘူး ဆိုၿပီး ကိုယ့္ေတာင္ လာျပေသး.. ကုိယ္ကေတာင္ ကိုယ့္ဘာသာ ဘေလာ့လိုက္ေလ ဆိုၿပီး ေအးေဆးပဲ …

ဖုန္းမအားလည္း ကိုယ္ဆက္ထားတဲ့ Miss Call ျမင္တာနဲ႔ သူျပန္ေခၚတယ္.. ဘယ္သူနဲ႔ ဘာကိစၥဆိုၿပီး ေအးေဆးပဲ ကိုယ္လည္း လက္ခံတယ္ … ညဘက္ အျပင္သြားတယ္ ဘယ္သူနဲ႔ ဘယ္ေနရာသာ ေျပာလိုက္ သူသေဘာတူတယ္.. ဖုန္းဆက္ရင္သာ ဖုန္းကိုင္ေပး … ေနာက္က်လာရင္ေတာ့ မျပန္ေသးဘူးလား ဘာညာေတာ့ ႐ွိတယ္ ေအးေဆးပဲ ….

ဒါ မခ်စ္ေတာ့တာ မဟုတ္ဘူး နားလည္မႈ ႐ွိလာတာ … သေဘာထား မေသးေတာ့တာ … ယံုၾကည္မႈ ႐ွိလာတာ … တစ္ေယာက္နဲ႔တစ္ေယာက္ ယူဖို႔အထိ ဆံုးျဖတ္ထားရင္ အခ်ိန္တန္ရင္ နားလည္မႈ ဆိုတာ တည္ေဆာက္ထားရေတာ့မယ္ …

ငါ့ကို Tag ၿပီး ဘာမွမေရးဘူးတို႔ … စံုတြဲပံု မတင္ဘူးတို႔ … Rs Goal တို႔ဆိုတာ ခုခ်ိန္ အေရးမႀကီးေတာ့ဘူး … ပိုက္ဆံ ဘယ္လိုစုၾကမယ္ … ဘယ္အခ်ိန္ယူမယ္ … ဘယ္မွာေနမယ္ … ခရီးကို ဘယ္လိုသြားမယ္ ဒီေလာက္ပဲ စိတ္ထဲ႐ွိေတာ့တယ္ …

သူ႔အလုပ္ ကိုယ့္အလုပ္ ကိုလည္း ေလးစားတတ္လာတယ္ … သူ႔မိသားစု ကိုယ့္မိသားစု ဆိုတာလည္း သိတတ္လာတယ္ … ဒီေတာ့ ဘာမဟုတ္တာ ေလာက္နဲ႔ ကေလး မဆန္ေတာ့ဘူး … အခုခ်ိန္တည္းက ကေလးဆန္ စိတ္ေကာက္ေနရင္ ေရ႐ွည္လည္း အဆင္ေျပမွာ မဟုတ္ဘူး …

ယံုၾကည္ပါ.. ယံုၾကည္မႈကို အလြဲသံုးစား မလုပ္ပါနဲ႔ … ယံုပါ တတ္ႏိုင္သေလာက္ အမွန္အတိုင္းေျပာပါ .. သူအမွန္အတိုင္း ေျပာရင္ လက္ခံေပးပါ … ဒါမွ ေနာက္လည္း အမွန္အတိုင္းေျပာမွာပါ … လိမ္ေျပာမွ ႀကိဳက္တယ္ဆို ေနာက္ဆို လိမ္ပဲလိမ္ ေနေတာ့မွာပါ …

ဒီေတာ့ စဥ္းစားပါ အေပ်ာ္တြဲမွာလား လက္ထပ္ဖို႔ အထိလား … ထာဝရအတြက္ဆို တစ္ေယာက္နဲ႔ တစ္ေယာက္ ႐ိုးသားပါ … ေရ႐ွည္ကို ေတြးပါ … လူေရြးမွန္ပါ .. ဘာမဟုတ္တဲ့ RS Goal နဲ႔ Suprise ေလာက္မွာ Feel တက္ မေနပါနဲ႔ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: my idol Aung Phone(~OMG~)
# Unicode Version ျဖင့္ ဖတ္ပါ #
ဟိုးအရင် ရည်းစားဖြစ်ကာစက.. သူ့ဖုန်းလည်း ကျွန်တော် တစ်ချိန်လုံး စစ်တယ်… သူလည်း အတူတူပဲ တစ်ချိန်လုံး သံသယတွေနဲ့ Comment လာပေးတာ.. အသဲပုံတွေ ဘာတွေ ပါရင် ရန်ဖြစ်လိုက် ဖုန်းမအားရင် ရန်ဖြစ်လိုက် ဖုန်းပိတ်ထားရင် ရန်ဖြစ်လိုက်နဲ့ တစ်ပတ် တစ်ပတ်ကို ရန်ပွဲက မနည်းဘူးရယ် …

ဘေးနားကပ် ရှိတာတောင်မှ မက်စင်ဂျာက မက်စေ့လာရင် ဘာလည်းဆိုတဲ့ စိတ်နဲ့ အသဲအသန် ဖုန်းယူကြည့်ရတာနဲ့ ဘာနဲ့… တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှကို စိတ်မချဘူး … အာ့တုန်းကတော့ သဝန်တိုတာ ကြီးကိုပဲ အချစ်လို့ကို ထင်နေကြတာ …

ရည်းစားသက်တမ်း နှစ်နှစ်လောက် ဖြစ်လာတော့ ကိုယ်လည်း အရင်လိုမဟုတ်ပဲ ပြောင်းလဲလာသလို… သူလည်း ကိုယ်တစ်ယောက်ပဲ ရှိတယ်ဆိုတာ ယုံကြည်လာတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာတွေ နည်းလာတယ် … ဖြစ်တော့ဖြစ်သေးတယ် တော်တော်နည်းလာတာ …

အတူတူ ထိုင်နေတုန်း မက်စေ့လာလည်း သိပ်မမေးတော့ဘူး.. အလိုလို ကိုယ့်ဘာသာကိုယ် ဘယ်သူက ဘာပြောနေတာဆိုပြီး ပြောဖြစ်တယ်… သူ့အကောင့်က Comment တွေလည်း သိပ် စိတ်မဝင်စားတော့ဘူး … ဘယ်လောက်မန့်မန့် သူက အဖက်မလုပ်ဘူး ဆိုတာ သိသွားလို့ … လာကြူနေရင်တောင် သူက ဒီမှာ ဒီတစ်ယောက် ဘာတွေ လာပြောနေမှန်း မသိဘူး ဆိုပြီး ကိုယ့်တောင် လာပြသေး.. ကိုယ်ကတောင် ကိုယ့်ဘာသာ ဘလော့လိုက်လေ ဆိုပြီး အေးဆေးပဲ …

ဖုန်းမအားလည်း ကိုယ်ဆက်ထားတဲ့ Miss Call မြင်တာနဲ့ သူပြန်ခေါ်တယ်.. ဘယ်သူနဲ့ ဘာကိစ္စဆိုပြီး အေးဆေးပဲ ကိုယ်လည်း လက်ခံတယ် … ညဘက် အပြင်သွားတယ် ဘယ်သူနဲ့ ဘယ်နေရာသာ ပြောလိုက် သူသဘောတူတယ်.. ဖုန်းဆက်ရင်သာ ဖုန်းကိုင်ပေး … နောက်ကျလာရင်တော့ မပြန်သေးဘူးလား ဘာညာတော့ ရှိတယ် အေးဆေးပဲ ….

ဒါ မချစ်တော့တာ မဟုတ်ဘူး နားလည်မှု ရှိလာတာ … သဘောထား မသေးတော့တာ … ယုံကြည်မှု ရှိလာတာ … တစ်ယောက်နဲ့တစ်ယောက် ယူဖို့အထိ ဆုံးဖြတ်ထားရင် အချိန်တန်ရင် နားလည်မှု ဆိုတာ တည်ဆောက်ထားရတော့မယ် …

ငါ့ကို Tag ပြီး ဘာမှမရေးဘူးတို့ … စုံတွဲပုံ မတင်ဘူးတို့ … Rs Goal တို့ဆိုတာ ခုချိန် အရေးမကြီးတော့ဘူး … ပိုက်ဆံ ဘယ်လိုစုကြမယ် … ဘယ်အချိန်ယူမယ် … ဘယ်မှာနေမယ် … ခရီးကို ဘယ်လိုသွားမယ် ဒီလောက်ပဲ စိတ်ထဲရှိတော့တယ် …

သူ့အလုပ် ကိုယ့်အလုပ် ကိုလည်း လေးစားတတ်လာတယ် … သူ့မိသားစု ကိုယ့်မိသားစု ဆိုတာလည်း သိတတ်လာတယ် … ဒီတော့ ဘာမဟုတ်တာ လောက်နဲ့ ကလေး မဆန်တော့ဘူး … အခုချိန်တည်းက ကလေးဆန် စိတ်ကောက်နေရင် ရေရှည်လည်း အဆင်ပြေမှာ မဟုတ်ဘူး …

ယုံကြည်ပါ.. ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့ … ယုံပါ တတ်နိုင်သလောက် အမှန်အတိုင်းပြောပါ .. သူအမှန်အတိုင်း ပြောရင် လက်ခံပေးပါ … ဒါမှ နောက်လည်း အမှန်အတိုင်းပြောမှာပါ … လိမ်ပြောမှ ကြိုက်တယ်ဆို နောက်ဆို လိမ်ပဲလိမ် နေတော့မှာပါ …

ဒီတော့ စဉ်းစားပါ အပျော်တွဲမှာလား လက်ထပ်ဖို့ အထိလား … ထာဝရအတွက်ဆို တစ်ယောက်နဲ့ တစ်ယောက် ရိုးသားပါ … ရေရှည်ကို တွေးပါ … လူရွေးမှန်ပါ .. ဘာမဟုတ်တဲ့ RS Goal နဲ့ Suprise လောက်မှာ Feel တက် မနေပါနဲ့ …

ဖိုးသူတော် (www.phothutaw.com)
Credit: my idol Aung Phone(~OMG~)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top