×

သူ့နာမည်က စနေမ









ဆုတောင်းပေးရင်း ??????


Credit:  yawthama

#Unicode Version#
သူ့နာမည်က စနေမ
သူ့အမေနာမည်က မမော် တဲ့ နှစ်ယောက်စလုံး ဇာတ်သဘင်အနုပညာလုပ်ငန်း
ဖြင့်ရိုးသားစွာ လုပ်ကိုင်နေကြတဲ့ သူတို့သားအမိနှစ်ယောက် ပြီးခဲ့တဲ့
သဘင်ရာသီက နှလုံးသား လှိုင်ဟိန်းတည်ထောင်တဲ့ ကောင်းထက်သာ
ဇာတ်အဖွဲ့နဲ့ အလုပ်လုပ်ခဲ့ကြသည်ဆို၏။

29-5-2018 မနေ့ နေ့လည်ပိုင်းက လာမည့်သဘင်ရာသီအတွက် အလုပ်ရှာဖို့
သူတို့နေထိုင်ရာ ဒလ မြို့မှ ရန်ကုန်သိုအလာ
သားအမိနှစ်ယောက် ဆိုင်ကယ် ကယ်ရီငှားစီး

လာရာ ကံဆိုးစွာဖြင့် ဆိုင်ကယ်ကယ်ရီသမားက မူးနေမှန်းမသိဘဲ

ငှားစီးမိလေတော့သည်ဆို၏ အရက်မူးပြီး အရှိန်ပြင်းစွာမောင်း ရင်း ရုတ်တရက် ခွေတစ်ကောင်ကို ရှောင်လိုက်ရာ စလစ်ဖြစ်ပြီး
မှောက်တော့ သားအမိနှစ်ယောက်စလုံး ကွန်ကရစ် လမ်းပေါ် ပြုတ်ကျပြီး မိခင်ဖြစ်သူ

ကတော့ ခေါင်းနဲ့ လမ်းနဲ့ရိုက်မိပြီး စကားမေးမရတော့ပေ။

ဆိုင်ကယ်ကယ်ရီသမားကတော့ ထိခိုက်မှုမရှိဘဲ ထွက်ပြေးသွားသည်ဆို၏
စနေမ ကတော့သူမရရှိတဲ့ဒါဏ်ရာတွေကို

ဂရုမထားဘဲ မိခင်ကို ဆေးရုံကြီးသိုအရောက်ပို့ဆောင်ပေးခဲ့ပေမဲ့
သူမ၏မိခင်ကြီး မင်းသမီးမမော်ကတော့ခေါင်းကရရှိတဲ့ဒါဏ်ရာကြောင့် ဒီနေ့နံက်
၁နာရီလောက်မှာ သေဆုံးသွားခဲ့ရတယ်။

နှစ်ပေါင်းများစွာ သားအမိနှစ်ယောက်ထဲ
အတူတကွ ရုန်းကန်လာခဲ့ကြရာက
ခုလိုရုတ်တရက် မိခင်ကြီးဆုံးသွားတော့ ဘယ်လောက်စိတ်ထိခိုက်လိုက်မလဲ ကိုယ်ချင်းစာပါတယ်ညီမလေးရယ် ။

တာဝန်မဲ့တဲ့ ဆိုင်ကယ် ကယ်ရီသမားကိုတော့
ဒေါသထွက်မိတယ် ဒါပေမဲ့ ဖြစ်သွားခဲ့ပြီဘဲလေ ဘာတတ်နိုင်တော့မှာလဲ

ညီမလေး စနေမရဲ့ မိခင် မင်းသမီးကြီး မမော်
ကောင်းရာသုဂတိ ဘုံဘကိုရောက်ပါစေဟု
ဆုတောင်းပေးရင်း ??????

(ဘာဆက်ရေးရမှန်းမသိတော့ဘူးကွယ်) းးးးး


ဖိုးသူတော် (www.phothutaw.com)
Credit:  yawthama


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top