ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

နာမည္ေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ျမင့္ျမတ္ကေတာ့ မျပည့္စံုတဲ့ ရြာတစ္ရြာမွာ ဖဲြမီးသၿဂိဳဟ္စက္တစ္ခု ေဆာက္ဖို႔အတြက္ ေငြဆယ္သိန္း မတည္ လွဴဒါန္းလိုက္တယ္လို႔ သိရပါတယ္။

အဆိုေတာ္ ထူးအယ္လင္းက ဦးေဆာင္ၿပီးအလွဴခံေနတာလည္းျဖစ္ပါတယ္။ သိန္းသံုးဆယ္ေက်ာ္ေလာက္ ကုန္မွာကို ျမင့္ျမတ္က ဆယ္သိန္းတိတိလွဴဒါန္းလိုက္တာလို႔ ထူးအယ္လင္းေဖ့ဘုတ္မွာ ေရးထားပါတယ္။

“ပဲခူးတိုင္း ကဝၿမိဳ႕နယ္ သကၠလၿမိဳ႕ ထီးတန္ရြာမေက်းရြာအတြက္ ဖြဲမီးသၿဂိဳလ္စက္တည္ေဆာက္ဖို႔အလႉရွင္ ႐ုပ္ရွင္ႏွင့္ဗီဒီယိုသ႐ုပ္ေဆာင္ အကယ္ဒမီျမင့္ျမတ္မွ – ၁၀၀၀၀၀၀(ဆယ္သိန္းက်ပ္) လႉဒါန္းပါတယ္ ကၽြန္ေတာ္ၾကံဳေတြ႕ဘူးတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြထဲမွာ ႐ိုးရွင္းၿပီး ခ်စ္ခင္စရာေကာင္းတဲ့ ဇာတ္လိုက္ ” ဆိုၿပီး ေရးထားပါတယ္။

ျမင့္ျမတ္က နာမည္ႀကီးမင္းသားျဖစ္ေပမယ့္ သာမန္လူတစ္ေယာက္လိုပဲ ေနတတ္ပါတယ္။ အလွဴအတန္းေတြကိုလည္း ရန္ကုန္ အခန္းအနားနဲ႔ လွဴတာထက္ နယ္ေတြမွာ ႀကံုသလို လွဴတတ္တာကိုလည္း ေတြ႔ရပါတယ္။ အဲ့ဒိအခါမွာလည္း နည္းနည္းပါးပါးမဟုတ္ပဲ အတုိင္းအတာတစ္ခုထိ ထိထိမိမိလွဴတတ္တာကိုလည္း ေတြ႔ရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: hlataw

#Unicode Version#
နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ မပြည့်စုံတဲ့ ရွာတစ်ရွာမှာ ဖွဲမီးသဂြိုဟ်စက်တစ်ခု ဆောက်ဖို့အတွက် ငွေဆယ်သိန်း မတည် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

အဆိုတော် ထူးအယ်လင်းက ဦးဆောင်ပြီးအလှူခံနေတာလည်းဖြစ်ပါတယ်။ သိန်းသုံးဆယ်ကျော်လောက် ကုန်မှာကို မြင့်မြတ်က ဆယ်သိန်းတိတိလှူဒါန်းလိုက်တာလို့ ထူးအယ်လင်းဖေ့ဘုတ်မှာ ရေးထားပါတယ်။

“ပဲခူးတိုင်း ကဝမြို့နယ် သက္ကလမြို့ ထီးတန်ရွာမကျေးရွာအတွက် ဖွဲမီးသဂြိုလ်စက်တည်ဆောက်ဖို့အလှူရှင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်မှ – ၁၀၀၀၀၀၀(ဆယ်သိန်းကျပ်) လှူဒါန်းပါတယ် ကျွန်တော်ကြုံတွေ့ဘူးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ရိုးရှင်းပြီး ချစ်ခင်စရာကောင်းတဲ့ ဇာတ်လိုက် ” ဆိုပြီး ရေးထားပါတယ်။

မြင့်မြတ်က နာမည်ကြီးမင်းသားဖြစ်ပေမယ့် သာမန်လူတစ်ယောက်လိုပဲ နေတတ်ပါတယ်။ အလှူအတန်းတွေကိုလည်း ရန်ကုန် အခန်းအနားနဲ့ လှူတာထက် နယ်တွေမှာ ကြုံသလို လှူတတ်တာကိုလည်း တွေ့ရပါတယ်။ အဲ့ဒိအခါမှာလည်း နည်းနည်းပါးပါးမဟုတ်ပဲ အတိုင်းအတာတစ်ခုထိ ထိထိမိမိလှူတတ်တာကိုလည်း တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top