iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Celebrities   

#Unicode Version#

လက်ရှိအသက်အရွယ် တွင်ရရှိပိုင်ဆိုင်ထားသည့် အချစ် သည်ပြည့်စုံလုံလောက်နေပြီးပို၍ ခိုင်မြဲတည်တံ့အောင် ကြိုးစားနေ ကြောင်း သရုပ်ဆောင်အေးမြတ် သူက ပြောသည်

‘‘အေးမြတ်သူအတွက်အဓိ က ကသစ္စာရှိပြီး နားလည်မှုပေး နိုင်တဲ့အချစ်မျိုးပေါ့။ အခုလက်ခံ ရရှိထားတဲ့အချစ်ကလည်း အေး မြတ်သူကို နားလည်မှုအရမ်းပေး နိုင်တယ်။ အေးမြတ်သူအတွက် ကတော့ဒီအသက်၊ ဒီအရွယ်မှာရ ရှိတဲ့အချစ်က ပြည့်စုံတယ်လို့ခံ စားရတယ်။ (၃၅)ကျော်ရင်တော့ အေးမြတ်သူ မင်္ဂလာဆောင်ဖြစ် မှာပါ’’ ဟု၎င်းကပြောသည်။

အဲဒါကြောင့် ကိုယ့်ဇာတ်မှရယ် မဟုတ်ဘူး။ ကိုယ့်ဇာတ်လည်း ရိုက်သလို ဇာတ်ထဲမှာ တစ်ထောင့်တစ်နေ ရာပါဝင်ခွင့်ရရင်လည်း ရိုက်ပါ တယ်။ ပေါပေါလောလောတော့ မရိုက်ဘူးရှင့်’’ ဟု ၎င်းကပြော သည်။

တစ်ခါတစ်ရံ ၎င်းအသုံးပြု သည့် အကောင့်မှလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ခံစားမှုကို ဦးစားပေးသောစာစုများ ရေးတင် ဖြစ်သည်ဟု ဆိုသည်။

‘‘အွန်လိုင်းမှာစာတွေတင် ဖြစ်တာက သူ့အလိုလိုဖြစ်လာတဲ့ ခံစားချက်ပေါ့။ တစ်ခါတလေအ ရှည်ကြီးတွေရေးတယ်။ ရေးတဲ့အ ခါမှာ တကယ်ခံစားရလို့ ရေးတာ ပေါ့။ ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း ပဲရေးတာပါ’’ ဟု ၎င်းကပြော သည်။

ခရီးသွားပရိုဂရမ်များ ရိုက် ကူးခြင်းသည် အစပိုင်းကခရီးသွား ခြင်းကို ဝါသနာပါသောကြောင့် အပျော်သဘောဖြင့် လိုက်ပါခြင်း ဖြစ်သော်လည်း နောက်ပိုင်း၌ ဗဟုသုတနှင့် အတွေ့အကြုံများ စွာရသောကြောင့် ခရီးများဆက် တိုက်ထွက်ဖြစ်နေသည်ဟု အေး မြတ်သူကဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Celebrities   



 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top