×

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ ကြၽန္းေတာရပ္ကြက္ အုပ္စု(၁)တြင္ ဇြန္၂၇ရက္ ညေန၃နာရီခြဲက အသက္(၇)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ကန္စြန္းရြက္ခူးရာမွ အင္းထဲေျခေခ်ာ္က်၍ ေရနစ္ေသဆံုးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ကြၽန္းေတာရပ္ကြက္၊အုပ္စု(၁)ေန မဇင္ျပည့္စံုေက်ာ္(၇)ႏွစ္(ေသဆံုးသူ )သည္ ေမာင္ေက်ာ္ေက်ာ္ဗိုလ္(၉)ႏွစ္၊မဂ်ာမီနာ(၆)ႏွစ္တို႔ႏွင့္အတူ ကြၽန္းေတာရပ္ကြက္အေနာက္ေတာင္ဘက္ (၃)ဖာလံုခန္႔အကြာ နန္႔ရင္းေခ်ာင္းေဘးရိွ အနက္(၇)ေပ၊အက်ယ္ေပ(၂၀၀)ရိွ ဇီးပင္အင္း၌ ကန္စြန္းရြက္ခူးေနစဥ္ အင္းအတြင္း ေျခေခ်ာ္က်ကာ ေရနစ္ေသဆံုးခဲ့ျခင္းေၾကာင့္ မိုးေကာင္းၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကာ ဓမၼတာအတိုင္းေသဆံုးျခင္းဟုတ္မဟုတ္ သိရိွႏိုင္ရန္ ရဲေဆးစာစစ္ခ်က္မ်ားရယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္ - ကခ်င္ေျမ
မိုးေကာင္းသတင္းမီဒီယာ
https://www.facebook.com/mogaungnews.media/

#Unicode Version#
ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်စု(၁)တွင် ဇွန်၂၇ရက် ညနေ၃နာရီခွဲက အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦး ကန်စွန်းရွက်ခူးရာမှ အင်းထဲခြေချော်ကျ၍ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းတောရပ်ကွက်၊အုပ်စု(၁)နေ မဇင်ပြည့်စုံကျော်(၇)နှစ်(သေဆုံးသူ )သည် မောင်ကျော်ကျော်ဗိုလ်(၉)နှစ်၊မဂျာမီနာ(၆)နှစ်တို့နှင့်အတူ ကျွန်းတောရပ်ကွက်အနောက်တောင်ဘက် (၃)ဖာလုံခန့်အကွာ နန့်ရင်းချောင်းဘေးရှိ အနက်(၇)ပေ၊အကျယ်ပေ(၂၀၀)ရှိ ဇီးပင်အင်း၌ ကန်စွန်းရွက်ခူးနေစဉ် အင်းအတွင်း ခြေချော်ကျကာ ရေနစ်သေဆုံးခဲ့ခြင်းကြောင့် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ရဲဆေးစာစစ်ချက်များရယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top