န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဆံပင္ ထူထူ ရွည္ရွည္ေလးက အမ်ိဳးသမီးေတြ လုိခ်င္တဲ့ အိမ္မက္တစ္ခုပါ။ ဒါေၾကာင့္ ဆံပင္ေတြ အေထြးလိုက္ အၿပံဳလိုက္ကၽြတ္တဲ့အခါမွာေတာ့ စိတ္ရႈပ္စရာ ေကာင္းပါတယ္။

ဆံပင္ကၽြတ္တာေတြကို ေလ်ာ့နည္းေအာင္ ျပဳလုပ္ႏိုင္တဲ့ သဘာ၀ ေဆးနည္းကို ေ၀မွ်ခ်င္ပါတယ္။

ဆံပင္ကၽြတ္ရတဲ့ အေၾကာင္းအရင္း

    အဟာရ ျပည့္၀မႈမရွိျခင္း
    စိတ္ဖိစီးမႈ မ်ားျခင္း
    စတီးရြဳိက္ပါတဲ့ ေဆးလိုမ်ိဳးေတြနဲ႔ ေဆးကုသမႈခံယူရျခင္း
    စိတ္ဆင္းရဲ၊ စိတ္ပူပန္မႈ
    အသက္အရြယ္ႀကီးျမင့္လာျခင္း
    နာတာရွည္ ေရာဂါ
    ေဟာ္မႈန္း ညီညြတ္မႈမရွိ
    မ်ိဳးရိုးဗီဇ
    ေဆးလိပ္ အလြန္အကၽြံေသာက္ျခင္း
    သိုင္းရြိဳက္ လို ေရာဂါမ်ားေၾကာင့္
    ဗီတာမင္ ဘီ 6 နဲ႔ ေဖာ္လစ္ အက္ဆစ္ နည္းပါးျခင္း
    ဆံပင္ ေကာက္ျခင္း၊ ေျဖာင့္ျခင္း တို႔ေၾကာင့္ျဖစ္ပါတယ္။

သဘာ၀ေဆးနည္း

ရွားေစာင္းလက္ဖက္
ဦးေရျပားကို ရွားေစာင္းလက္ဖက္ အႏွစ္ေတြကို လိမ္းေပးပါ။ ဦးေရျပား ပိုး၀င္ျခင္း ဒါမွမဟုတ္ ဦးေရျပား ေျခာက္ေသြ႔ျခင္းေၾကာင့္ ျဖစ္ေပၚေလ့ရွိတဲ့ ဆံပင္ကၽြတ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစပါတယ္။ ရွားေစာင္းလက္ဖက္ ဦးေရျပားမွာ လိမ္းေပးျခင္း နာရီအနည္းငယ္ေလာက္ ထားလိုက္ပါ။ ၿပီးမွ ေရေႏြးေႏြးနဲ႔ ေဆးခ်လိုက္ပါ။

ဆီနဲ႔ ႏွိပ္နယ္ေပးျခင္း
ဦးေရျပားနဲ႔ ဆံပင္ေတြကို ဆီေႏြးေႏြးေလးနဲ႔ မၾကာခဏ ႏွိပ္နယ္ေပးပါ။ အဲ့လို ႏွိပ္နယ္ေပးရင္ ဦးေရျပားမွာ ေသြးစီးဆင္းမႈကို ေကာင္းေစပါတယ္။ အုန္းသီးဆီကေတာ့ တျခား ဆီအမ်ိဳးအစားေတြ ထက္ပိုၿပီး ေကာင္းပါတယ္။ သံလြင္ဆီလည္း သံုးလို႔ရပါတယ္။

ၾကက္ဥ
ၾကက္ဥမွာ ဆာလာလ္ဖာ၊ သံဓာတ္၊ ပရိုတင္းဓာတ္၊ ေဖာ့စဖရတ္၊ အိုင္အိုဒင္းနဲ႔ ဇန္႔ ဓာတ္တို႔ ၾကြယ္၀ စြာပါ၀င္ပါတယ္။ ဒါက ဆံပင္ ျပန္လည္ ရွင္သန္ႏိုင္ဖို႔ အေကာင္းဆံုး သဘာ၀ေဆးနည္းျဖစ္ပါတယ္။ သံလြင္ဆီနဲ႔ ေရာၿပီး လိမ္းေပးရင္ ပိုေကာင္းပါတယ္။

ၾကက္ဥ အႏွစ္နဲ႔ ပ်ားရည္နဲ႔ ေရာၿပီးလည္း လိမ္းေပးလုိ႔ရပါတယ္။

ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴ
ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴတို႔မွာ ဆာလာလ္ဖာဓာတ္ တို႔ ၾကြယ္၀စြာပါ၀င္ၿပီး ဆံပင္ သန္စြမ္းမႈကို အေထာက္အကူျပဳပါတယ္။ ၾကက္သြန္နီကို အရင္ဆံုး ႏုတ္ႏုတ္ဆင္းၿပီးေတာ့ ၾကက္သြန္အရည္ထြက္ေအာင္ လုပ္ပါ။ ၿပီးရင္ ၾကက္သြန္အရည္ကို ဦးေရျပားကို ပြတ္ေပးၿပီး ေခါင္းေလွ်ာ္ရည္ ေပ်ာ့ေပ်ာ့ေလးနဲ႔ ေလွ်ာ္ေပးပါ။

ပ်ားရည္နဲ႔ ၾကက္သြန္နီနဲ႔ ေရာၿပီး ဦးေရျပားမွာ လိမ္းေပးလို႔ရပါတယ္။

ၾကက္သြန္ျဖဴကိုလည္း အုန္းသီနဲ႔ ျပဳတ္ၿပီး ဦးေရျပားမွာ လိမ္းေပးပါ။ ၂ ပတ္ကေန ၃ ပတ္အတြင္း ထူးျခားလာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myhealthmyanmar

#Unicode Version#
ဆံပင် ထူထူ ရှည်ရှည်လေးက အမျိုးသမီးတွေ လိုချင်တဲ့ အိမ်မက်တစ်ခုပါ။ ဒါကြောင့် ဆံပင်တွေ အထွေးလိုက် အပြုံလိုက်ကျွတ်တဲ့အခါမှာတော့ စိတ်ရှုပ်စရာ ကောင်းပါတယ်။

ဆံပင်ကျွတ်တာတွေကို လျော့နည်းအောင် ပြုလုပ်နိုင်တဲ့ သဘာ၀ ဆေးနည်းကို ဝေမျှချင်ပါတယ်။

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း

    အဟာရ ပြည့်ဝမှုမရှိခြင်း
    စိတ်ဖိစီးမှု များခြင်း
    စတီးရွိုက်ပါတဲ့ ဆေးလိုမျိုးတွေနဲ့ ဆေးကုသမှုခံယူရခြင်း
    စိတ်ဆင်းရဲ၊ စိတ်ပူပန်မှု
    အသက်အရွယ်ကြီးမြင့်လာခြင်း
    နာတာရှည် ရောဂါ
    ဟော်မှုန်း ညီညွတ်မှုမရှိ
    မျိုးရိုးဗီဇ
    ဆေးလိပ် အလွန်အကျွံသောက်ခြင်း
    သိုင်းရွိုက် လို ရောဂါများကြောင့်
    ဗီတာမင် ဘီ 6 နဲ့ ဖော်လစ် အက်ဆစ် နည်းပါးခြင်း
    ဆံပင် ကောက်ခြင်း၊ ဖြောင့်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

သဘာဝဆေးနည်း

ရှားစောင်းလက်ဖက်
ဦးရေပြားကို ရှားစောင်းလက်ဖက် အနှစ်တွေကို လိမ်းပေးပါ။ ဦးရေပြား ပိုးဝင်ခြင်း ဒါမှမဟုတ် ဦးရေပြား ခြောက်သွေ့ခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ဖက် ဦးရေပြားမှာ လိမ်းပေးခြင်း နာရီအနည်းငယ်လောက် ထားလိုက်ပါ။ ပြီးမှ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။

ဆီနဲ့ နှိပ်နယ်ပေးခြင်း
ဦးရေပြားနဲ့ ဆံပင်တွေကို ဆီနွေးနွေးလေးနဲ့ မကြာခဏ နှိပ်နယ်ပေးပါ။ အဲ့လို နှိပ်နယ်ပေးရင် ဦးရေပြားမှာ သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ အုန်းသီးဆီကတော့ တခြား ဆီအမျိုးအစားတွေ ထက်ပိုပြီး ကောင်းပါတယ်။ သံလွင်ဆီလည်း သုံးလို့ရပါတယ်။

ကြက်ဥ
ကြက်ဥမှာ ဆာလာလ်ဖာ၊ သံဓာတ်၊ ပရိုတင်းဓာတ်၊ ဖော့စဖရတ်၊ အိုင်အိုဒင်းနဲ့ ဇန့် ဓာတ်တို့ ကြွယ်၀ စွာပါဝင်ပါတယ်။ ဒါက ဆံပင် ပြန်လည် ရှင်သန်နိုင်ဖို့ အကောင်းဆုံး သဘာဝဆေးနည်းဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ရောပြီး လိမ်းပေးရင် ပိုကောင်းပါတယ်။

ကြက်ဥ အနှစ်နဲ့ ပျားရည်နဲ့ ရောပြီးလည်း လိမ်းပေးလို့ရပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့မှာ ဆာလာလ်ဖာဓာတ် တို့ ကြွယ်ဝစွာပါဝင်ပြီး ဆံပင် သန်စွမ်းမှုကို အထောက်အကူပြုပါတယ်။ ကြက်သွန်နီကို အရင်ဆုံး နုတ်နုတ်ဆင်းပြီးတော့ ကြက်သွန်အရည်ထွက်အောင် လုပ်ပါ။ ပြီးရင် ကြက်သွန်အရည်ကို ဦးရေပြားကို ပွတ်ပေးပြီး ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပေးပါ။

ပျားရည်နဲ့ ကြက်သွန်နီနဲ့ ရောပြီး ဦးရေပြားမှာ လိမ်းပေးလို့ရပါတယ်။

ကြက်သွန်ဖြူကိုလည်း အုန်းသီနဲ့ ပြုတ်ပြီး ဦးရေပြားမှာ လိမ်းပေးပါ။ ၂ ပတ်ကနေ ၃ ပတ်အတွင်း ထူးခြားလာပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myhealthmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top