ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဒုတိယကမၻာစစ္ဟာ သန္းနဲ႔ခ်ီတဲ့ လူေတြရဲ႕ အသက္ကို ႏႈတ္ယူခဲ့သလို ႏိုင္ငံေပါင္းမ်ားစြာကို ျပာပံုအတိ ခၽြတ္ျခံဳက်ေစခဲ့တာ ေယာင္းတို႔အားလံုး သိၾကမွာပါ။ ဒါေပမဲ့ ဒုတိယကမၻာစစ္နဲ႔ ပတ္သက္ၿပီး ေၾကာက္စရာေကာင္းတဲ့ လၽွိဳ႕ဝွက္ခ်က္တစ္ခုကေတာ့ စစ္ႀကီးၿပီးလို႔ ေနာက္အႏွစ္ ၅၀ေက်ာ္မွ ေပၚလာခဲ့ပါတယ္။

၁၉၉၀ ျပည့္ႏွစ္ေတြမွာ ထြက္ေပၚလာခဲ့တဲ့ ဒီအေၾကာင္းဟာ ကမၻာ့ႏိုင္ငံအေတာ္မ်ားမ်ားကို ထိတ္လန္႔ေစခဲ့ပါတယ္။ ဒီအေၾကာင္းအရာဟာ လူမဆန္လြန္းတာမို႔ လူအမ်ားဟာ စစခ်င္းမွာ မယံုႏိုင္ၾကေပမယ့္ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕က ဂ်ပန္သံရံုးေရွ႕မွာ ဆႏၵျပေနၾကတဲ့ အဘြားအိုေတြေၾကာင့္ ဒီအေၾကာင္းအရာဟာ ပိုၿပီး ထင္ရွားခိုင္မာလာခဲ့ပါတယ္။

အဘြားအိုေတြရဲ႕ လက္ထဲမွာေတာ့ “ဂ်ပန္ေတြ မင္းတို႔ေတြ လိပ္ျပာလံုရဲ႕လား?” စတဲ့ စာေတြ ကိုင္ထားၾကၿပီး သူတို႔ရဲ႕ မ်က္ဝန္းထဲမွာေတာ့ ဖံုးကြယ္လို႔မရတဲ့ နာက်ည္းမႈေတြ၊ နာက်င္ခံစားရတာေတြကို ျမင္ေနရပါတယ္။ ဟုတ္ပါတယ္…သူတို႔ဟာ ဒုတိယကမၻာစစ္တုန္းက ရာနဲ႔၊ ေထာင္နဲ႔ ခ်ီတဲ့ ဂ်ပန္စစ္သားေတြရဲ႕ မုဒိန္းက်င့္ငရဲတြင္းမွာ ႏွစ္ကာလရွွည္ၾကာ ခံစားခဲ့ရတဲ့၊ ဂ်ပန္စစ္သားေတြရဲ႕အေခၚ “comfort women” “ဇိမ္မယ္” ျဖစ္ခဲ့တဲ့ ကိုရီးယားမိန္းကေလးေတြပါပဲ။

ဂ်ပန္တပ္သားေတြ ရက္စက္ပံုနဲ႔ ပတ္သက္ၿပီး”နန္ကင္း လူသတ္ပြဲႀကီးအေၾကာင္း” ေယာင္းတို႔ ၾကားဖူးၾကမွာပါ။ နန္ကင္းၿမိဳ႕ လူသတ္ပြဲမွာ ေထာင္ေသာင္းနဲ႔ခ်ီတဲ့ အမ်ိဳးသမီးေတြကို ဂ်ပန္ စစ္သားေတြ မုဒိန္းက်င့္တဲ့ သတင္း ကမၻာကို ျပန္႔သြားတဲ့အခါ ဂ်ပန္ဘုရင္ဟာ အင္မတန္အရွက္ရၿပီး သူ႔စစ္သားေတြရဲ႕ တဏွာရာဂကို ထိန္းဖို႔ စစ္စခန္းတိုင္းမွာ comfort stationလို႔ေခၚတဲ့ ဇိမ္ရံုေတြ သပ္သပ္ထားၿပီး လိင္အာသေျဖေဖ်ာက္ေစဖို႔ အမိန္႔ခ်ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ ဂ်ပန္အစိုးရဟာ ဂ်ပန္စစ္သားေတြရဲ႕ လိင္အာသာကို ေက်ေက်နပ္နပ္ ေျဖေဖ်ာက္ေပးႏိုင္ဖို႔နဲ႔ အထူးသျဖင့္ ေရွ႕တန္းစစ္သားေတြ စိတ္ဓာတ္မက်ဘဲ စိတ္ေပ်ာ္ေနေစဖို႔ ေဒသခံ မိန္းကေလးေတြကို ဖမ္းဆီးၿပီး ၁၉၃၂ကေန စစ္ႀကီးၿပီးတဲ့ႏွစ္ ၁၉၄၅ခုႏွစ္အထိ ရက္ရက္စက္စက္ လိင္ကၽြန္ျပဳခဲ့ပါတယ္။

ကၽြန္ျပဳခံရတဲ့ မိန္းကေလးေတြထဲမွာ ကိုရီးယား၊ တရုတ္၊ အင္ဒိုနီရွား၊ ဖိလစ္ပိုင္ မ်ိဳးစံုပါေပမယ့္ အခံရဆံုးကေတာ့ ကိုရီးယားမေလးေတြပါပဲ။ ပိုဆိုးတာက တခ်ိဳ႕ေတြ ျပန္ေပးဆြဲခံရခ်ိန္မွာ ၁၁ႏွစ္ ၁၂ႏွစ္ ၁၃ႏွစိ ၁၄ႏွစ္ စတဲ့ ကေလးသာသာေလးေတြပဲ ရွိပါေသးတယ္။ ဂ်ပန္ေတြကေတာ့ ကေလးလည္း အလြတ္မေပးပါဘူး။ ရာနဲ႔ခ်ီတဲ့ ဂ်ပန္စစ္သားေတြဟာ သူတို႔ ဖမ္းဆီးထားတဲ့ မိန္းကေလးေတြကို လိင္အာသာေျဖတဲ့အေနနဲ႔ ေန႔စဥ္ရက္ဆက္ မုဒိန္းက်င့္ၾကၿပီး ျငင္းဆန္လို႔ရွိရင္ ရိုက္ႏွက္တာ၊ ဓားနဲ႔ ထိုးတာ၊ သတ္ပစ္တာ လုပ္သလို ေရွ႕တန္းထြက္ခါနီးဆို မုဒိန္းက်င့္ ႏွိပ္စက္တာေတြက ပိုျပင္းထန္လာပါတယ္။

“သူတို႔ ကၽြန္မကို တစ္မိနစ္ေလးေတာင္ အနားမေပးဘူး။ မိနစ္တိုင္း မုဒိန္းက်င့္ၾကတယ္”လို႔ အသက္ရွင္က်န္ရစ္သူ အဘြားတစ္ေယာက္က သူမရဲ႕ ရင့္နင့္ဖြယ္အတိတ္ကို ျပန္ေျပာင္းေျပာျပပါတယ္။ အဖြားအို လီအို႔စြန္းကေတာ့ “ဒါဟာ လူေတြေနတဲ့ ေနရာကို မဟုတ္ဘူး။ လူသတ္ရံုတစ္ခုပဲ” လို႔ ေၾကကြဲစြာ ဆိုခဲ့ပါတယ္။ အဘြားဟာ ဘူဆန္ၿမိဳ႕တစ္ေနရာမွာ မိဘေတြအတြက္ ေစ်းဝယ္ေနတုန္း လူတစ္ခုရဲ႕ ဖမ္းေခၚျခင္းကို ခံရၿပီး တရုတ္ျပည္မွာ ရွွိတဲ့ ဂ်ပန္စစ္စခန္းကို ပို႔ခံခဲ့ရပါတယ္။ လိင္ကၽြန္ အျပဳခံရခ်ိန္မွာေတာ့ သူမ အသက္၁၄ႏွစ္ပဲရွိပါေသးတယ္။

လူၾကားေကာင္းေအာင္ “ဇိမ္မယ္” လို႔ အမည္တပ္ထားတဲ့ လိင္ကၽြန္ျပဳခံ မိန္းကေလးေတြကို မိဘေတြဆီ ျပန္မေျပးႏိုင္ေအာင္ ႏိုင္ငံရပ္ျခားက ဂ်ပန္ စစ္စခန္းေတြဆီ ပို႔ပစ္ၿပီး ျပင္ပေလာကနဲ႔ပါ အဆက္အသြယ္ျဖတ္ထားပါတယ္။ သူတို႔ရဲ႕ အဓမၼက်င့္မႈေတြကို ကမၻာက သိသြားမွာစိုးလို႔ပါ။

မိန္းကေလး ႏွစ္သိန္းေလာက္ဟာ ဂ်ပန္ စစ္စခန္းေတြမွာ လိင္ကၽြန္အေနနဲ႔ ေရာင္းစားခံခဲ့ရေပမယ့္ ၁၀% ေလာက္ကသာ မဟာမိတ္တပ္ေတြ လာကယ္တဲ့အထိ ေတာင့္ခံႏိုင္ခဲ့ပါတယ္။ ၉၀%ကေတာ့ စစ္ႀကီးအတြင္းမွာ ေသဆံုးခဲ့ၾကပါတယ္။ တခ်ိဳ႕မိန္းကေလးေတြဟာ အလြန္အကၽြံ အဓမၼက်င့္ခံရတာေၾကာင့္ ေသဆံုးကုန္ၾကၿပီး တခ်ိဳ႕ေတြကေတာ့ ကိုယ့္ကိုယ္ကို အဆံုးစီရင္ခဲ့ၾကပါတယ္။ တခ်ိဳ႕ကေတာ့ လြတ္ေျမာက္ခြင့္မရဘဲ စစ္႐ံႈးခါနီး ထြက္ေျပးၾကတဲ့ ဂ်ပန္စစ္သားေတြရဲ႕ အတင္းအၾကပ္ေခၚေဆာင္ျခင္းကို ခံရတာေၾကာင့္ စစ္ေျပးရင္း ေသကုန္ၾကပါတယ္။

က်န္ခဲ့တဲ့ လက္တစ္ဆုပ္စာထဲကမွ အနည္းငယ္ကသာ သူတို႔ဇာတ္လမ္းကို ေျပာျပႏိုင္တဲ့ အခ်ိန္ထိ အသက္ရွင္ႏိုင္ခဲ့ပါတယ္။ အသက္ရွင္က်န္ခဲ့တဲ့ မိန္းကေလးေတြဟာလည္း စစ္သားေပါင္းမ်ားစြာနဲ႔ လိင္ဆက္ဆံခဲ့ရတဲ့ သူတို႔အျဖစ္ဟာ ရွက္စရာေကာင္းလွတယ္လို႔ ယူဆတာေၾကာင့္ မိသားစုကို ေသမတတ္ သတိရေနေပမယ့္ နာက်င္စြာ အဆက္အသြယ္ျဖတ္ခဲ့ရပါတယ္။ အမ်ားစုဟာ ေမြးရပ္ေျမ နဲ႔ မိဘအိမ္ကို မျပန္ႏိုင္ခဲ့ဘဲ ႏိုင္ငံရပ္ျခားမွာပဲ ခက္ခက္ခဲခဲ အထီးက်န္စြာ ေနခဲ့ၾကပါတယ္။ “ကၽြန္မ အေမ့ကို ဘယ္လိုမွ မ်က္ႏွာမျပဝံ့ခဲ့ဘူး ” လို႔ တစ္ခ်ိန္က ဇိမ္မယ္ျဖစ္ခဲ့တဲ့ အဘြားအိုက သူမ မိသားစုဆီ ဘယ္ေတာ့မွ ျပန္မသြားခဲ့တဲ့ အေၾကာင္းရင္းကို ေျပာျပပါတယ္။

ဒါ့အျပင္ သူတို႔ဟာ ႏွစ္နဲ႔ခ်ီၿပီး မုဒိန္းက်င့္ခံရတာေၾကာင့္ ေသမတက္နာက်င္ရတဲ့ ဒဏ္ရာေတြနဲ႔ လိင္ကေန ကူးစက္တဲ့ေရာဂါေတြရၿပီး လူညြန္႔တံုးလုနီးပါး ျဖစ္ေနပါၿပီ။ တခ်ိဳ႕ကလည္း ဒီေရာဂါေတြနဲ႔ပဲ ေစာေစာစီးစီးေသသြားခဲ့ၿပီး တခ်ိဳ႕ကေတာ့ ေရာဂါမ်ိဳးစံုကေန အသက္ရွင္ႏိုင္ဖို႔အတြက္ သားအိမ္ ထုတ္လိုက္ရတာေၾကာင့္ အသက္ေတာ့ရွင္ပါရဲ႕။ ဒါေပမဲ့ တစ္သက္လံုး သားသမီး မရႏိုင္ခဲ့ပါဘူး။

ဒါ့အျပင္ ျပည့္တန္ဆာလို႔ သိရွိသြားတာနဲ႔ လူရာမသြင္းေတာ့တဲ့ ပတ္ဝန္းက်င္မွာ ေနေနတာ ျဖစ္တာမို႔ အတိတ္ဆိုးႀကီးဟာ ေန႔တိုင္းလိုလို သူတို႔ကို ေျခာက္လွန္႔ေနခဲ့ပါတယ္။ ဒါေၾကာင့္ ဂ်ပန္ စစ္ရာဇဝတ္ေကာင္ေတြရဲ႕ လူမဆန္တဲ့ မုဒိန္းမႈနဲ႔ ပတ္သက္ၿပီး ၿမိဳသိပ္ထားတဲ့ အမွန္တရားဟာ ေနာင္အႏွစ္၆၀ေက်ာ္မွ ေပၚေပါက္လာခဲ့ရပါတယ္။

၁၉၉၁မွာေတာ့ အဖြားအို လီအို႔စြန္းဟာ သူမရဲ႕ စစ္အတြင္းကာလက ငရဲခန္းကို ရဲရဲဝံ့ဝံ့ လူေရွ႕ ထုတ္ေဖာ္ခဲ့တဲ့ ပထမဆံုး အမ်ိဳးသမီးျဖစ္လာပါတယ္။ ဒီလို အဘြားအိုက သတၱိရွိရွိ ေရွ႕ကေနဦးေဆာင္ခဲ့တဲ့အတြက္ သူမလိုပဲ ဂ်ပန္စစ္သားေတြ လိင္ကၽြန္ျပဳတာ ခံခဲ့ရတဲ့ အဘြားအို ၂၅၀ကလည္း သူတို႔ရဲ႕ အျဖစ္အပ်က္ေတြ မၽွေဝလာခဲ့ပါတယ္။ သူတို႔အားလံုး ေတာင္းဆိုၾကတာ တစ္ခုပဲရွိပါတယ္။ အဲ့ဒါကေတာ့ ဂ်ပန္အစိုးရအေနနဲ႔ သူတို႔ေၾကာင့္ အသက္အိုးအိမ္ေကာ၊ ဘဝေကာ ပ်က္ဆီးခဲ့ရတဲ့ အမ်ိဳးသမီးေတြကို ေတာင္းပန္ဖို႔ပါပဲ။

ဂ်ပန္အစိုးရဟာ ခါးသီးလွတဲ့ ဒီသမိုင္းေၾကာင္းကို လက္မခံလိုတာေၾကာင့္ အေစာပိုင္းကာလေတြမွာ ျငင္းပယ္ခဲ့ပါေသးတယ္။ ဒါေပမဲ့ သက္ေသေတြက အခိုင္အမာရွိေနၿပီး ကမၻာအႏွံ႔အျပားကလည္း ဂ်ပန္အစိုးရကို ေဝဖန္႐ံႈ႕ခ်လာတာမို႔ ဆက္ၿပီး မလိမ္ညာႏိုင္ေတာ့ဘဲ သူတို႔ အျပစ္ကို ဝန္ခ်ေတာင္းပန္ခဲ့ရပါတယ္။ ခုထိလည္း ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ ႏွစ္ႏိုင္ငံၾကားမွွာ ဒီကိစၥက ေျပာစရာျဖစ္ေနတုန္းပါပဲ။

ဆယ္ေက်ာ္သက္အရြယ္ထဲက မိသားစုနဲ႔ကြဲသြားတဲ့ သူတို႔ဟာ အသက္၈၀ေက်ာ္မွပဲ မိသားစုနဲ႔ ျပန္ေတြ႕ရဲခဲ့ပါတယ္။ မိဘေတြကေတာ့ ေသဆံုးသြားၿပီ ျဖစ္ေပမယ့္ ေမာင္ႏွမေတြ ရွိေသးလို႔ အဘြားအိုတခ်ိဳ႕ဟာ ေပ်ာ္ရႊင္ရမယ္ ၾကံတုန္းရွိေသး…ဒီရာဇဝတ္မႈေပၚသြားတဲ့အခါ ေမာင္ႏွမေတြရဲ႕ ေဆြမ်ိဳးခန္း ျဖတ္တာ ခံခဲ့ရပါတယ္။ အေၾကာင္းရင္းကေတာ့ ဇိမ္မယ္ရဲ႕ ေမာင္ႏွမ ျဖစ္ရတာ ရွက္လို႔ပါတဲ့…

ခုခ်ိန္မွာေတာ့ သူတို႔ကို ေထြးေပြ႕ႀကိဳဆိုထားမယ့္ အိမ္မရွိတာေၾကာင့္ ေတာင္ကိုရီးယား ဆိုးလ္ၿမိဳ႕နားက ေဂဟာတစ္ခုမွာ ဘဝတူ အဘြားအိုေတြနဲ႔ အတူတူ စုေပါင္းေနေနရပါတယ္။ အေႏွးနဲ႔အျမန္ ဘဝေနဝင္ခ်ိန္ေရာက္ေတာ့မယ့္ မီးစာကုန္ ဆီခမ္းအရြယ္မို႔ မွတ္ညဏ္က ဟိုတစ္စ ဒီတစ္စ ေဝဝါးလာၿပီျဖစ္ေပမယ့္ ေယာင္းတို႔ေတြ အဘြားကို ဒီကိစၥနဲ႔ ပတ္သက္ၿပီး သြားေမးရင္ေတာ့ “ကၽြန္မတို႔ ဒီဟာကို ဘယ္ေတာ့မွ ေမ့ေဖ်ာက္ႏိုင္မွာ မဟုတ္ဘူး” လို႔ အစခ်ီၿပီး ေျပာျပမွာ အမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mia ( For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒုတိယကမ္ဘာစစ်ဟာ သန်းနဲ့ချီတဲ့ လူတွေရဲ့ အသက်ကို နှုတ်ယူခဲ့သလို နိုင်ငံပေါင်းများစွာကို ပြာပုံအတိ ချွတ်ခြုံကျစေခဲ့တာ ယောင်းတို့အားလုံး သိကြမှာပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်နဲ့ ပတ်သက်ပြီး ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ စစ်ကြီးပြီးလို့ နောက်အနှစ် ၅၀ကျော်မှ ပေါ်လာခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်တွေမှာ ထွက်ပေါ်လာခဲ့တဲ့ ဒီအကြောင်းဟာ ကမ္ဘာ့နိုင်ငံအတော်များများကို ထိတ်လန့်စေခဲ့ပါတယ်။ ဒီအကြောင်းအရာဟာ လူမဆန်လွန်းတာမို့ လူအများဟာ စစချင်းမှာ မယုံနိုင်ကြပေမယ့် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ အဘွားအိုတွေကြောင့် ဒီအကြောင်းအရာဟာ ပိုပြီး ထင်ရှားခိုင်မာလာခဲ့ပါတယ်။

အဘွားအိုတွေရဲ့ လက်ထဲမှာတော့ “ဂျပန်တွေ မင်းတို့တွေ လိပ်ပြာလုံရဲ့လား?” စတဲ့ စာတွေ ကိုင်ထားကြပြီး သူတို့ရဲ့ မျက်ဝန်းထဲမှာတော့ ဖုံးကွယ်လို့မရတဲ့ နာကျည်းမှုတွေ၊ နာကျင်ခံစားရတာတွေကို မြင်နေရပါတယ်။ ဟုတ်ပါတယ်…သူတို့ဟာ ဒုတိယကမ္ဘာစစ်တုန်းက ရာနဲ့၊ ထောင်နဲ့ ချီတဲ့ ဂျပန်စစ်သားတွေရဲ့ မုဒိန်းကျင့်ငရဲတွင်းမှာ နှစ်ကာလရှှည်ကြာ ခံစားခဲ့ရတဲ့၊ ဂျပန်စစ်သားတွေရဲ့အခေါ် “comfort women” “ဇိမ်မယ်” ဖြစ်ခဲ့တဲ့ ကိုရီးယားမိန်းကလေးတွေပါပဲ။

ဂျပန်တပ်သားတွေ ရက်စက်ပုံနဲ့ ပတ်သက်ပြီး”နန်ကင်း လူသတ်ပွဲကြီးအကြောင်း” ယောင်းတို့ ကြားဖူးကြမှာပါ။ နန်ကင်းမြို့ လူသတ်ပွဲမှာ ထောင်သောင်းနဲ့ချီတဲ့ အမျိုးသမီးတွေကို ဂျပန် စစ်သားတွေ မုဒိန်းကျင့်တဲ့ သတင်း ကမ္ဘာကို ပြန့်သွားတဲ့အခါ ဂျပန်ဘုရင်ဟာ အင်မတန်အရှက်ရပြီး သူ့စစ်သားတွေရဲ့ တဏှာရာဂကို ထိန်းဖို့ စစ်စခန်းတိုင်းမှာ comfort stationလို့ခေါ်တဲ့ ဇိမ်ရုံတွေ သပ်သပ်ထားပြီး လိင်အာသဖြေဖျောက်စေဖို့ အမိန့်ချခဲ့ပါတယ်။

အဲ့ဒါကြောင့် ဂျပန်အစိုးရဟာ ဂျပန်စစ်သားတွေရဲ့ လိင်အာသာကို ကျေကျေနပ်နပ် ဖြေဖျောက်ပေးနိုင်ဖို့နဲ့ အထူးသဖြင့် ရှေ့တန်းစစ်သားတွေ စိတ်ဓာတ်မကျဘဲ စိတ်ပျော်နေစေဖို့ ဒေသခံ မိန်းကလေးတွေကို ဖမ်းဆီးပြီး ၁၉၃၂ကနေ စစ်ကြီးပြီးတဲ့နှစ် ၁၉၄၅ခုနှစ်အထိ ရက်ရက်စက်စက် လိင်ကျွန်ပြုခဲ့ပါတယ်။

ကျွန်ပြုခံရတဲ့ မိန်းကလေးတွေထဲမှာ ကိုရီးယား၊ တရုတ်၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင် မျိုးစုံပါပေမယ့် အခံရဆုံးကတော့ ကိုရီးယားမလေးတွေပါပဲ။ ပိုဆိုးတာက တချို့တွေ ပြန်ပေးဆွဲခံရချိန်မှာ ၁၁နှစ် ၁၂နှစ် ၁၃နှစိ ၁၄နှစ် စတဲ့ ကလေးသာသာလေးတွေပဲ ရှိပါသေးတယ်။ ဂျပန်တွေကတော့ ကလေးလည်း အလွတ်မပေးပါဘူး။ ရာနဲ့ချီတဲ့ ဂျပန်စစ်သားတွေဟာ သူတို့ ဖမ်းဆီးထားတဲ့ မိန်းကလေးတွေကို လိင်အာသာဖြေတဲ့အနေနဲ့ နေ့စဉ်ရက်ဆက် မုဒိန်းကျင့်ကြပြီး ငြင်းဆန်လို့ရှိရင် ရိုက်နှက်တာ၊ ဓားနဲ့ ထိုးတာ၊ သတ်ပစ်တာ လုပ်သလို ရှေ့တန်းထွက်ခါနီးဆို မုဒိန်းကျင့် နှိပ်စက်တာတွေက ပိုပြင်းထန်လာပါတယ်။

“သူတို့ ကျွန်မကို တစ်မိနစ်လေးတောင် အနားမပေးဘူး။ မိနစ်တိုင်း မုဒိန်းကျင့်ကြတယ်”လို့ အသက်ရှင်ကျန်ရစ်သူ အဘွားတစ်ယောက်က သူမရဲ့ ရင့်နင့်ဖွယ်အတိတ်ကို ပြန်ပြောင်းပြောပြပါတယ်။ အဖွားအို လီအို့စွန်းကတော့ “ဒါဟာ လူတွေနေတဲ့ နေရာကို မဟုတ်ဘူး။ လူသတ်ရုံတစ်ခုပဲ” လို့ ကြေကွဲစွာ ဆိုခဲ့ပါတယ်။ အဘွားဟာ ဘူဆန်မြို့တစ်နေရာမှာ မိဘတွေအတွက် ဈေးဝယ်နေတုန်း လူတစ်ခုရဲ့ ဖမ်းခေါ်ခြင်းကို ခံရပြီး တရုတ်ပြည်မှာ ရှှိတဲ့ ဂျပန်စစ်စခန်းကို ပို့ခံခဲ့ရပါတယ်။ လိင်ကျွန် အပြုခံရချိန်မှာတော့ သူမ အသက်၁၄နှစ်ပဲရှိပါသေးတယ်။

လူကြားကောင်းအောင် “ဇိမ်မယ်” လို့ အမည်တပ်ထားတဲ့ လိင်ကျွန်ပြုခံ မိန်းကလေးတွေကို မိဘတွေဆီ ပြန်မပြေးနိုင်အောင် နိုင်ငံရပ်ခြားက ဂျပန် စစ်စခန်းတွေဆီ ပို့ပစ်ပြီး ပြင်ပလောကနဲ့ပါ အဆက်အသွယ်ဖြတ်ထားပါတယ်။ သူတို့ရဲ့ အဓမ္မကျင့်မှုတွေကို ကမ္ဘာက သိသွားမှာစိုးလို့ပါ။

မိန်းကလေး နှစ်သိန်းလောက်ဟာ ဂျပန် စစ်စခန်းတွေမှာ လိင်ကျွန်အနေနဲ့ ရောင်းစားခံခဲ့ရပေမယ့် ၁၀% လောက်ကသာ မဟာမိတ်တပ်တွေ လာကယ်တဲ့အထိ တောင့်ခံနိုင်ခဲ့ပါတယ်။ ၉၀%ကတော့ စစ်ကြီးအတွင်းမှာ သေဆုံးခဲ့ကြပါတယ်။ တချို့မိန်းကလေးတွေဟာ အလွန်အကျွံ အဓမ္မကျင့်ခံရတာကြောင့် သေဆုံးကုန်ကြပြီး တချို့တွေကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြပါတယ်။ တချို့ကတော့ လွတ်မြောက်ခွင့်မရဘဲ စစ်ရှုံးခါနီး ထွက်ပြေးကြတဲ့ ဂျပန်စစ်သားတွေရဲ့ အတင်းအကြပ်ခေါ်ဆောင်ခြင်းကို ခံရတာကြောင့် စစ်ပြေးရင်း သေကုန်ကြပါတယ်။

ကျန်ခဲ့တဲ့ လက်တစ်ဆုပ်စာထဲကမှ အနည်းငယ်ကသာ သူတို့ဇာတ်လမ်းကို ပြောပြနိုင်တဲ့ အချိန်ထိ အသက်ရှင်နိုင်ခဲ့ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ မိန်းကလေးတွေဟာလည်း စစ်သားပေါင်းများစွာနဲ့ လိင်ဆက်ဆံခဲ့ရတဲ့ သူတို့အဖြစ်ဟာ ရှက်စရာကောင်းလှတယ်လို့ ယူဆတာကြောင့် မိသားစုကို သေမတတ် သတိရနေပေမယ့် နာကျင်စွာ အဆက်အသွယ်ဖြတ်ခဲ့ရပါတယ်။ အများစုဟာ မွေးရပ်မြေ နဲ့ မိဘအိမ်ကို မပြန်နိုင်ခဲ့ဘဲ နိုင်ငံရပ်ခြားမှာပဲ ခက်ခက်ခဲခဲ အထီးကျန်စွာ နေခဲ့ကြပါတယ်။ “ကျွန်မ အမေ့ကို ဘယ်လိုမှ မျက်နှာမပြဝံ့ခဲ့ဘူး ” လို့ တစ်ချိန်က ဇိမ်မယ်ဖြစ်ခဲ့တဲ့ အဘွားအိုက သူမ မိသားစုဆီ ဘယ်တော့မှ ပြန်မသွားခဲ့တဲ့ အကြောင်းရင်းကို ပြောပြပါတယ်။

ဒါ့အပြင် သူတို့ဟာ နှစ်နဲ့ချီပြီး မုဒိန်းကျင့်ခံရတာကြောင့် သေမတက်နာကျင်ရတဲ့ ဒဏ်ရာတွေနဲ့ လိင်ကနေ ကူးစက်တဲ့ရောဂါတွေရပြီး လူညွန့်တုံးလုနီးပါး ဖြစ်နေပါပြီ။ တချို့ကလည်း ဒီရောဂါတွေနဲ့ပဲ စောစောစီးစီးသေသွားခဲ့ပြီး တချို့ကတော့ ရောဂါမျိုးစုံကနေ အသက်ရှင်နိုင်ဖို့အတွက် သားအိမ် ထုတ်လိုက်ရတာကြောင့် အသက်တော့ရှင်ပါရဲ့။ ဒါပေမဲ့ တစ်သက်လုံး သားသမီး မရနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ပြည့်တန်ဆာလို့ သိရှိသွားတာနဲ့ လူရာမသွင်းတော့တဲ့ ပတ်ဝန်းကျင်မှာ နေနေတာ ဖြစ်တာမို့ အတိတ်ဆိုးကြီးဟာ နေ့တိုင်းလိုလို သူတို့ကို ခြောက်လှန့်နေခဲ့ပါတယ်။ ဒါကြောင့် ဂျပန် စစ်ရာဇဝတ်ကောင်တွေရဲ့ လူမဆန်တဲ့ မုဒိန်းမှုနဲ့ ပတ်သက်ပြီး မြိုသိပ်ထားတဲ့ အမှန်တရားဟာ နောင်အနှစ်၆၀ကျော်မှ ပေါ်ပေါက်လာခဲ့ရပါတယ်။

၁၉၉၁မှာတော့ အဖွားအို လီအို့စွန်းဟာ သူမရဲ့ စစ်အတွင်းကာလက ငရဲခန်းကို ရဲရဲဝံ့ဝံ့ လူရှေ့ ထုတ်ဖော်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာပါတယ်။ ဒီလို အဘွားအိုက သတ္တိရှိရှိ ရှေ့ကနေဦးဆောင်ခဲ့တဲ့အတွက် သူမလိုပဲ ဂျပန်စစ်သားတွေ လိင်ကျွန်ပြုတာ ခံခဲ့ရတဲ့ အဘွားအို ၂၅၀ကလည်း သူတို့ရဲ့ အဖြစ်အပျက်တွေ မျှဝေလာခဲ့ပါတယ်။ သူတို့အားလုံး တောင်းဆိုကြတာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ ဂျပန်အစိုးရအနေနဲ့ သူတို့ကြောင့် အသက်အိုးအိမ်ကော၊ ဘဝကော ပျက်ဆီးခဲ့ရတဲ့ အမျိုးသမီးတွေကို တောင်းပန်ဖို့ပါပဲ။

ဂျပန်အစိုးရဟာ ခါးသီးလှတဲ့ ဒီသမိုင်းကြောင်းကို လက်မခံလိုတာကြောင့် အစောပိုင်းကာလတွေမှာ ငြင်းပယ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သက်သေတွေက အခိုင်အမာရှိနေပြီး ကမ္ဘာအနှံ့အပြားကလည်း ဂျပန်အစိုးရကို ဝေဖန်ရှုံ့ချလာတာမို့ ဆက်ပြီး မလိမ်ညာနိုင်တော့ဘဲ သူတို့ အပြစ်ကို ဝန်ချတောင်းပန်ခဲ့ရပါတယ်။ ခုထိလည်း တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံကြားမှှာ ဒီကိစ္စက ပြောစရာဖြစ်နေတုန်းပါပဲ။

ဆယ်ကျော်သက်အရွယ်ထဲက မိသားစုနဲ့ကွဲသွားတဲ့ သူတို့ဟာ အသက်၈၀ကျော်မှပဲ မိသားစုနဲ့ ပြန်တွေ့ရဲခဲ့ပါတယ်။ မိဘတွေကတော့ သေဆုံးသွားပြီ ဖြစ်ပေမယ့် မောင်နှမတွေ ရှိသေးလို့ အဘွားအိုတချို့ဟာ ပျော်ရွှင်ရမယ် ကြံတုန်းရှိသေး…ဒီရာဇဝတ်မှုပေါ်သွားတဲ့အခါ မောင်နှမတွေရဲ့ ဆွေမျိုးခန်း ဖြတ်တာ ခံခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဇိမ်မယ်ရဲ့ မောင်နှမ ဖြစ်ရတာ ရှက်လို့ပါတဲ့…

ခုချိန်မှာတော့ သူတို့ကို ထွေးပွေ့ကြိုဆိုထားမယ့် အိမ်မရှိတာကြောင့် တောင်ကိုရီးယား ဆိုးလ်မြို့နားက ဂေဟာတစ်ခုမှာ ဘဝတူ အဘွားအိုတွေနဲ့ အတူတူ စုပေါင်းနေနေရပါတယ်။ အနှေးနဲ့အမြန် ဘဝနေဝင်ချိန်ရောက်တော့မယ့် မီးစာကုန် ဆီခမ်းအရွယ်မို့ မှတ်ညဏ်က ဟိုတစ်စ ဒီတစ်စ ဝေဝါးလာပြီဖြစ်ပေမယ့် ယောင်းတို့တွေ အဘွားကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သွားမေးရင်တော့ “ကျွန်မတို့ ဒီဟာကို ဘယ်တော့မှ မေ့ဖျောက်နိုင်မှာ မဟုတ်ဘူး” လို့ အစချီပြီး ပြောပြမှာ အမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mia ( For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top