န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဧရာ၀တီတိုင္းေဒသႀကီး၊ ဇရပ္ကြင္းေက်းရြာအုပ္စု ၊ ဆူးပေဒါင္းကြင္းရြာ၊ ရန္ကုန္-ပုသိမ္ ကားလမ္းေဘးတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦးအားေတြ႕ရွိေၾကာင္း သတင္းအရ ေက်ာင္းကုန္းၿမိဳ႕မ ရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္ရႈစစ္ေဆးရာ ကားလမ္းေဘးေခ်ာက္ထဲတြင္ အသက္(၃၅)ႏွစ္ခန္႔၊ အမည္မသိ အမ်ိဳးသားတစ္ဦးမွာ ၀ဲလည္ပင္းထိုးသြင္းဒဏ္ရာ၊ ယာလည္ပင္း ျပတ္ရွဒဏ္ ရာတို႔ျဖင့္ေသဆုံးေနသည္ကို ေတြ႕ရွိရ၍ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္း(ပ) ၆၈/၂၀၁၈ ၊
ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ခ့ဲပါသည္။

အမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဆုံးသူအား စုံစမ္းခ့ဲရာ ေသဆုံးသူမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာ ၿမိဳ႕နယ္ေန အငွားယာဥ္ေမာင္းေအးမင္းဦးဆိုသူျဖစ္ေၾကာင္း ေပၚေပါက္ခ့ဲ၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး ၏ လမ္းညႊန္ခ်ျပမႈႏွင့္အတူ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံး၊ မႈခင္းေဖာ္ထုတ္ေရးတပ္ဖြဲ႕၀င္မ်ားက အမႈမွန္ ေပၚေပါက္ေရး စုံစမ္းေဖာ္ထုတ္ခ့ဲရာ ၁၇.၃.၂၀၁၈ ရက္ေန႔ ည ၁၉၀၀ အခ်ိန္တြင္ လူငယ္(၃)ဦးမွ ေသဆုံးသူ ေမာင္းႏွင္သည့္ အငွားယာဥ္အား ေခ်ာင္းသာသို႔ ငွားရမ္းခ့ဲေၾကာင္းသိရွိရၿပီး အဆိုပါ လူငယ္(၃)ဦးအား စုံစမ္းခ့ဲရာ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(ဂ)ရပ္ကြက္၊ ပိေတာက္(၄)လမ္းေန ထြန္းေဇာ္မ်ိဳး(ခ)ထက္ေအာင္(၂၃)ႏွစ္ ျဖစ္ေၾကာင္းေပၚေပါက္၍ ၎အားေနအိမ္တြင္ေသဆုံးသူ ကိုင္ေဆာင္ခ့ဲသည့္ HUAWEI အမ်ိဳးအစား အျဖဴေရာင္လက္ကိုင္ဖုန္း(၁)လုံးႏွင့္အတူ ၂၄.၆.၂၀၁၈ ရက္ေန႔ ည ၂၃၅၅ အခ်ိန္တြင္
ဖမ္းဆီးရမိခ့ဲပါသည္။

ဖမ္းဆီးရမိသူ ထြန္းေဇာ္မ်ိဳး(ခ)ထက္ေအာင္ အားစစ္ေဆးရာ ၎ႏွင့္အတူေရႊျပည္သာၿမိဳ႕နယ္၊အမွတ္(၂၀) ရပ္ကြက္၊ ပုသိမ္(၃)လမ္းေနေအာင္ေအာင္(ခ)တင္မိုးေအာင္(၃၈)ႏွစ္၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္ ေန ဆံရွည္(ခ) ၀င္းေက်ာ္သူ(၃၆)ႏွစ္ႏွင့္ လူိင္သာယာၿမိဳ႕နယ္၊ အဆင့္ျမင့္(၅)ရပ္ကြက္ေန ေအာင္ေက်ာ္ဟိန္း (ခ)မွန္ႀကီးတို႔ ပါ၀င္ခ့ဲေၾကာင္းသိရ၍ ေအာင္ေအာင္(ခ)တင္မိုးေအာင္၊ ဆံရွည္(ခ)၀င္းေက်ာ္သူတို႔အား ၂၅.၆.၂၁၀၈ ရက္ေန႔ နံနက္ ၀၂၀၀ အခ်ိန္တြင္ ၎တို႔ေနအိမ္ အသီးသီးမွ
ဖမ္းဆီးရမိခ့ဲပါသည္။

ဖမ္းဆီးရမိသူ(၃)ဦးအား စစ္ေဆးရာ ၎တို႔သည္ အဌားယာဥ္အားလုယက္ရန္၊ လုယက္ရရွိသည့္ အငွားယာဥ္အား ဆံရွည္(ခ)၀င္းေက်ာ္မွ ၀ယ္ယူမည္ျဖစ္ေၾကာင္းတိုင္ပင္ခဲ့ၿပီးေနာက္ ထြန္းေဇာ္မ်ိဳး(ခ) ထက္ေအာင္၊ေအာင္ေအာင္(ခ)တင္မိုးေအာင္၊ ေအာင္ေက်ာ္ဟိန္း(ခ)မွန္ႀကီး တို႔မွ ၎တို႔(၂)ႀကိမ္ခန္႔ ငွားရမ္းဖူး သည့္ အငွားယာဥ္အမွတ္ DD/—– ပရိုေဘာက္ယာဥ္ အား ၁၇.၃.၂၀၁၈ရက္ေန႔ ည ၁၉၀၀ အခ်ိန္တြင္ေခ်ာင္းသာသို႔သြားရန္ ငွားရမ္းခ့ဲေၾကာင္း၊

ယာဥ္ေမာင္းေဘးတြင္ထြန္းေဇာ္မ်ိဳး (ခ)ထက္ေအာင္ လိုက္ပါ၍ ေနာက္ခန္းတြင္ေအာင္ေအာင္(ခ)တင္မိုးေအာင္ ႏွင့္ေအာင္ေက်ာ္ဟိန္း(ခ)မွန္ႀကီးတို႔ လိုက္ပါခ့ဲၾကၿပီး ေက်ာင္းကုန္းၿမိဳ႕နယ္၊ ဆူးပေဒါင္းကြင္းရြာအနီး ရန္ကုန္-ပုသိမ္ ကားလမ္းေဘးအေရာက္တြင္ ေအာင္ေက်ာ္ဟိန္း (ခ)မွန္ႀကီး မွ အေပါ့သြားခ်င္ေၾကာင္းေျပာ၍ ကားရပ္စဥ္ ထြန္းေဇာ္မ်ိဳး(ခ)ထက္ေအာင္မွ ယာဥ္ေမာင္းအား ဓားျဖင့္ေထာက္ၿပီး ေအာင္ေအာင္(ခ)တင္မိုးေအာင္က ဂစ္တာႀကိဳးျဖင့္ လည္ပင္းအား ဆြဲညစ္ကာဓားျဖင့္ လည္ပင္းအား လွီးျဖတ္ၿပီးေနာက္ လမ္းေဘးေခ်ာက္ထဲသို႔ ၎တို႔(၃)ဦးမွ ယာဥ္ေမာင္းအား တြန္းခ်ခ့ဲၾက ေၾကာင္း၊ ယာဥ္ေမာင္း၏ HUAWEI ဖုန္းႏွင့္ ခလုတ္ဖုန္းတို႔အား ယူေဆာင္ခ့ဲၿပီးေနာက္ ၎ယာဥ္အား ထြန္းေဇာ္မ်ိဳး(ခ) ထက္ေအာင္မွ လိႈင္သာယာၿမိဳ႕နယ္ဘက္သို႔ ျပန္လည္ေမာင္းႏွင္ခ့ဲေၾကာင္း လိႈင္သာယာ ၿမိဳ႕နယ္သို႔ အေရာက္ ယခင္က ခ်ိတ္ဆက္ထားေသာ ဆံရွည္(ခ)၀င္းေက်ာ္သူ ထံသို႔ ေငြက်ပ္(၇၅၀၀၀၀)ျဖင့္ ေရာင္းခ်ခ့ဲၿပီး ၎တို႔သုံးဦး ခြဲေ၀ယူခ့ဲၾကေၾကာင္း စစ္ေဆးေပၚေပါက္ခ့ဲပါသည္။

ေပၚေပါက္ခ်က္မ်ားအရ သက္ေသခံအငွားယာဥ္အား ေတာင္ႀကီးၿမိဳ႕မွျပန္လည္သိမ္းဆည္းႏိုင္ခ့ဲကာ ျပစ္မႈက်ဴးလြန္ သူ ထြန္းေဇာ္မ်ိဳး(ခ)ထက္ေအာင္၊ ေအာင္ေအာင္(ခ)တင္မိုးေအာင္ ႏွင့္ ဆံရွည္(ခ) ၀င္းေက်ာ္သူ တို႔အား သက္ဆိုင္ရာရဲစခန္းသို႔ လႊဲေျပာင္းေပးအပ္ရန္ စီစဥ္ထားရွိၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ ေအာင္ေက်ာ္ ဟိန္း(ခ) မွန္ႀကီး ဖမ္းဆီးရမိေရးေဆာင္ရြက္လ်က္ရွိပါတယ္လို႔ Yangon Police မွ ထုတ္ၿပန္ထားေႀကာင္း သတင္းရရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Police

#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ ဇရပ်ကွင်းကျေးရွာအုပ်စု ၊ ဆူးပဒေါင်းကွင်းရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးအားတွေ့ရှိကြောင်း သတင်းအရ ကျောင်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကားလမ်းဘေးချောက်ထဲတွင် အသက်(၃၅)နှစ်ခန့်၊ အမည်မသိ အမျိုးသားတစ်ဦးမှာ ဝဲလည်ပင်းထိုးသွင်းဒဏ်ရာ၊ ယာလည်ပင်း ပြတ်ရှဒဏ် ရာတို့ဖြင့်သေဆုံးနေသည်ကို တွေ့ရှိရ၍ ကျောင်းကုန်းမြို့မရဲစခန်း(ပ) ၆၈/၂၀၁၈ ၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူအား စုံစမ်းခဲ့ရာ သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်နေ အငှားယာဉ်မောင်းအေးမင်းဦးဆိုသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏ လမ်းညွှန်ချပြမှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ၁၇.၃.၂၀၁၈ ရက်နေ့ ည ၁၉၀၀ အချိန်တွင် လူငယ်(၃)ဦးမှ သေဆုံးသူ မောင်းနှင်သည့် အငှားယာဉ်အား ချောင်းသာသို့ ငှားရမ်းခဲ့ကြောင်းသိရှိရပြီး အဆိုပါ လူငယ်(၃)ဦးအား စုံစမ်းခဲ့ရာ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ပိတောက်(၄)လမ်းနေ ထွန်းဇော်မျိုး(ခ)ထက်အောင်(၂၃)နှစ် ဖြစ်ကြောင်းပေါ်ပေါက်၍ ၎င်းအားနေအိမ်တွင်သေဆုံးသူ ကိုင်ဆောင်ခဲ့သည့် HUAWEI အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံးနှင့်အတူ ၂၄.၆.၂၀၁၈ ရက်နေ့ ည ၂၃၅၅ အချိန်တွင်
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထွန်းဇော်မျိုး(ခ)ထက်အောင် အားစစ်ဆေးရာ ၎င်းနှင့်အတူရွှေပြည်သာမြို့နယ်၊အမှတ်(၂၀) ရပ်ကွက်၊ ပုသိမ်(၃)လမ်းနေအောင်အောင်(ခ)တင်မိုးအောင်(၃၈)နှစ်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် နေ ဆံရှည်(ခ) ဝင်းကျော်သူ(၃၆)နှစ်နှင့် လိူင်သာယာမြို့နယ်၊ အဆင့်မြင့်(၅)ရပ်ကွက်နေ အောင်ကျော်ဟိန်း (ခ)မှန်ကြီးတို့ ပါဝင်ခဲ့ကြောင်းသိရ၍ အောင်အောင်(ခ)တင်မိုးအောင်၊ ဆံရှည်(ခ)ဝင်းကျော်သူတို့အား ၂၅.၆.၂၁၀၈ ရက်နေ့ နံနက် ၀၂၀၀ အချိန်တွင် ၎င်းတို့နေအိမ် အသီးသီးမှ
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ(၃)ဦးအား စစ်ဆေးရာ ၎င်းတို့သည် အဌားယာဉ်အားလုယက်ရန်၊ လုယက်ရရှိသည့် အငှားယာဉ်အား ဆံရှည်(ခ)ဝင်းကျော်မှ ဝယ်ယူမည်ဖြစ်ကြောင်းတိုင်ပင်ခဲ့ပြီးနောက် ထွန်းဇော်မျိုး(ခ) ထက်အောင်၊အောင်အောင်(ခ)တင်မိုးအောင်၊ အောင်ကျော်ဟိန်း(ခ)မှန်ကြီး တို့မှ ၎င်းတို့(၂)ကြိမ်ခန့် ငှားရမ်းဖူး သည့် အငှားယာဉ်အမှတ် DD/—– ပရိုဘောက်ယာဉ် အား ၁၇.၃.၂၀၁၈ရက်နေ့ ည ၁၉၀၀ အချိန်တွင်ချောင်းသာသို့သွားရန် ငှားရမ်းခဲ့ကြောင်း၊

ယာဉ်မောင်းဘေးတွင်ထွန်းဇော်မျိုး (ခ)ထက်အောင် လိုက်ပါ၍ နောက်ခန်းတွင်အောင်အောင်(ခ)တင်မိုးအောင် နှင့်အောင်ကျော်ဟိန်း(ခ)မှန်ကြီးတို့ လိုက်ပါခဲ့ကြပြီး ကျောင်းကုန်းမြို့နယ်၊ ဆူးပဒေါင်းကွင်းရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းဘေးအရောက်တွင် အောင်ကျော်ဟိန်း (ခ)မှန်ကြီး မှ အပေါ့သွားချင်ကြောင်းပြော၍ ကားရပ်စဉ် ထွန်းဇော်မျိုး(ခ)ထက်အောင်မှ ယာဉ်မောင်းအား ဓားဖြင့်ထောက်ပြီး အောင်အောင်(ခ)တင်မိုးအောင်က ဂစ်တာကြိုးဖြင့် လည်ပင်းအား ဆွဲညစ်ကာဓားဖြင့် လည်ပင်းအား လှီးဖြတ်ပြီးနောက် လမ်းဘေးချောက်ထဲသို့ ၎င်းတို့(၃)ဦးမှ ယာဉ်မောင်းအား တွန်းချခဲ့ကြ ကြောင်း၊ ယာဉ်မောင်း၏ HUAWEI ဖုန်းနှင့် ခလုတ်ဖုန်းတို့အား ယူဆောင်ခဲ့ပြီးနောက် ၎င်းယာဉ်အား ထွန်းဇော်မျိုး(ခ) ထက်အောင်မှ လှိုင်သာယာမြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင်ခဲ့ကြောင်း လှိုင်သာယာ မြို့နယ်သို့ အရောက် ယခင်က ချိတ်ဆက်ထားသော ဆံရှည်(ခ)ဝင်းကျော်သူ ထံသို့ ငွေကျပ်(၇၅၀၀၀၀)ဖြင့် ရောင်းချခဲ့ပြီး ၎င်းတို့သုံးဦး ခွဲဝေယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ သက်သေခံအငှားယာဉ်အား တောင်ကြီးမြို့မှပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန် သူ ထွန်းဇော်မျိုး(ခ)ထက်အောင်၊ အောင်အောင်(ခ)တင်မိုးအောင် နှင့် ဆံရှည်(ခ) ဝင်းကျော်သူ တို့အား သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကျော် ဟိန်း(ခ) မှန်ကြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပါတယ်လို့ Yangon Police မှ ထုတ်ပြန်ထားကြောင်း သတင်းရရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Police
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top