ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ထမင္းဟင္းခ်က္တတ္သူပီပီ ေရာက္ေလရာအရပ္ရွိ အသားငါးေစ်းကုိေတာ့ ကြၽန္မ သြားေလ့သြားထရွိပါတယ္။ မႏွစ္က ငပုေတာၿမဳိ႕နယ္အပုိင္ သင္ကမ္းကုန္းရြာေလးကုိ အလုပ္ တာဝန္နဲ႔ ေရာက္သြားခဲ့ပါတယ္။

ကြၽန္မထုံးစံအတုိင္း မနက္ေစာေစာထၿပီး လမ္းေလွ်ာက္ထြက္လုိက္ပါတယ္။ ရြာဆုိေတာ့လဲ ရြာလမ္းမက်ယ္ႀကီးတစ္ခု ရွိတာေပါ့။ တည္းအိမ္ကေန လမ္းမႀကီးအတုိင္း ကြၽန္မေလွ်ာက္သြား ၾကည့္လုိက္ပါတယ္။

ပထမေန႔က နံနက္ေစာေစာ ၅နာရီထၿပီး ကြင္းဆင္းသြားရတာေၾကာင့္ ကြၽန္မ ရြာထဲ ေလွ်ာက္မေလ့လာ ျဖစ္လုိက္ရပါဘူး။ ဒုတိယေန႔မွာေတာ့ ရြာပတ္ဝန္းက်င္တစ္ဝိုက္ေလာက္ပဲ သြားစရာရွိတာေၾကာင့္ ကြၽန္မတုိ႔အဖြဲ႕က ၇ နာရီ ထုိးေလာက္က်မွ ရြာထဲ ေကာ္ဖီထြက္ေသာက္ၾကပါတယ္။

ကြၽန္မက ေနာက္မွလုိက္လာမယ္ေျပာလုိက္ၿပီး ကြၽန္မေလ့လာခ်င္တဲ့ ေစ်းဘက္ကုိ ဦးတည္ၿပီး တစ္ေယာက္တည္း သြားလုိက္ပါတယ္။ ကြၽန္မေလွ်ာက္သြားရင္း လမ္းမတန္းႀကီးရွိ မုန္႔ဆုိင္၊ ကုန္စုံဆုိင္၊ မုန္႔ဟင္းခါးဆုိင္၊ ကြမ္းယာဆုိင္၊ ေဆးဆုိင္ေလးေတြ စဖြင့္ေနတာ ေတြ႕ရပါတယ္။

အမ်ဳိးသမီး ပ်ဳိပ်ဳိရြယ္ရြယ္ အသက္ႀကီးပါမက်န္ ဦးတည္သြားေနၾကတဲ့ လမ္းၾကားေလးေနာက္ကုိ ကြၽန္မ လုိက္သြားလုိက္ပါတယ္။ အမ်ဳိးသမီးေတြဆုိေတာ့ ေစ်းကုိပဲ သြားေနတာျဖစ္မွာပါ။

ကြၽန္မထင္တာမမွားပါဘူး။ ကြၽန္မ ဆယ္လွမ္းေလာက္သာ ေလွ်ာက္သြားၿပီးတာနဲ႔ ေစ်းဝင္းထဲကုိ ေရာက္သြားပါေတာ့တယ္။ ဝင္လုိက္တယ္ ဆုိရင္ပဲ အလယ္လူေလွ်ာက္လမ္း တစ္ဘက္တစ္ခ်က္မွာ ခင္းက်င္းေရာင္းခ်ေနတဲ့ ဆုိင္ေတြကုိ ေတြ႕ရေတာ့တာပဲ။

ေစ်းသည္ေတြက အုတ္ခုံအျမင့္မွာ ခင္းေရာင္းေနတာကုိ ေတြ႕ရပါတယ္။ အေျခာက္အျခမ္း၊ ဟင္းသီးဟင္းရြက္၊ မုန္႔သည္ေတြကုိ ကြၽန္မ ၾကည့္႐ုံသာ ၾကည့္သြားလုိက္ပါတယ္။ ကြၽန္မတကယ္ စိတ္ဝင္စားတာက ဒီလုိေစ်း႐ုံေတြ အျပင္ဘက္ကြက္လပ္မွာ လာၿပီးေရာင္းတတ္ၾကတဲ့ ေတာသည္ေတြကုိပါ။

ကြၽန္မ ေစ်း႐ုံကထြက္လုိက္ေတာ့ အလယ္ကြက္လပ္ထဲမွာ လူေတြက က်ိတ္က်ိတ္တုိးစည္ေနပါၿပီ။

ဟန္က်တာပဲ။

ေဝးေဝး မသြားရဘဲ ဒီထဲရွိေတာ့ တစ္ပတ္ေတာ့ ပတ္ၾကည့္မယ္ဆုိၿပီး ကြၽန္မ ညာဘက္က စပတ္လုိက္ပါတယ္။

အလယ္ဘက္မွာ ေက်ာခ်င္းကပ္ ေရာင္းေနၾကတာကေတာ့ အသားငါးေတြပါ။ ကြၽန္မဝယ္ေနက် ေစ်းေတြမွာရွိတတ္တဲ့ အသားငါးတန္းလုိ႔ ေခၚရမွာေပါ့။ သူ႔ရဲ႕ေဘးပတ္လည္ တစ္ဘက္တစ္ခ်က္မွာေတာ့ ဟင္းသီးဟင္းရြက္၊ သစ္သီး၊ တုိတုိထြာထြာ အသုံးအေဆာင္ေလးေတြ ခ်ေရာင္းေနတာ ေတြ႕ရပါတယ္။

သားငါးေရာင္းတယ္ ဆုိရာမွာေတာ့ ငါးနဲ႔ပုစြန္ေတြပါ။ ရန္ကုန္က ေစ်းသည္ေတြလုိမ်ားမ်ားစားစား ပုံေရာင္းၾကတာမ်ဳိး မဟုတ္ပါဘူး။ ၾကည့္ရတာက ကုိယ္တုိင္ဖမ္းလို႕ ရတာေလးေတြ လာခ်ေရာင္းတာနဲ႔ တူပါတယ္။

တခ်ဳိ႕ဆုိရင္ ဗန္းေလးထဲမွာ ငါးခူေလး ငါးေကာင္၊ ငါးရံ႕ၿမီးတုိ တစ္ေကာင္၊ ႏွစ္ေကာင္၊ ပုစြန္ေသးေသး ေလးတစ္ပုံ၊ ႏွစ္ပုံေလာက္သာ ေတြ႕ရတာပါ။ ကြၽန္မပတ္ၾကည့္ရင္း တစ္ေတာင္ေလာက္ရွိတဲ့ ငါးသေလာက္ေလးေကာင္ ခ်ေရာင္းေနတာေတြ႕ေတာ့ ကြၽန္မေျခေထာက္ အလုိလုိ ရပ္သြားပါေတာ့တယ္။

”အေကာင္ေတြက ႀကီးလုိက္တာ”

”ရန္ကုန္မွာေတာင္ ဒီအရြယ္ ေတြ႕ရခဲတယ္”

”ဝယ္ၿပီး ထမင္းဆုိင္မွာ ခ်က္ခုိင္းရင္ေကာင္းမလား” ဆုိၿပီး ကြၽန္မ ေတြးျဖစ္သြားပါတယ္။

အနားေရာက္သြားေတာ့မွ ငါးသေလာက္ေတြက ငါးဆားနယ္ေတြမွန္း သိလုိက္ရပါတယ္။

ကေလး ေရစပ္စပ္စားခ်င္တာမုိ႔ ေစ်းမေမးဘဲ ဆက္ေလွ်ာက္သြားလုိက္ပါတယ္။

”ဆရာမႀကီး၊ ငါးသေလာက္ေတြက ကုိယ္တုိင္လုပ္ထားတာပါ”

”စားၾကည့္ပါဦး”

”ဒီေရာက္တုန္း စားသြားပါ။ ခရမ္းခ်ဥ္သီးနဲ႔ခ်က္ရင္ ေျပၿပီး မတက္ေတာ့ပါဘူး” လုိ႔ ေျပာၿပီး ေရာင္းေနပါေတာ့တယ္။

တကယ္ေတာ့ ကြၽန္မက ငါးသေလာက္စားရင္ တက္တယ္ ေျပာေပမယ့္ စားေနက်ပါ။ ႀကဳိက္လဲႀကဳိက္ပါတယ္။ တက္စာမုိ႔ ေရွာင္တာမဟုတ္ပါဘူး။ ငါးဆားနယ္ မစားခ်င္လုိ႔ မဝယ္လုိက္တာပါ။

တက္စာလုိ႔ေျပာလုိက္ေတာ့ ကြၽန္မတုိ႔အရြယ္ေတာ္ေတာ္မ်ားမ်ားက ေသြးတုိးမွာ၊ တက္မွာ ေၾကာက္ၾကတာေၾကာင့္ ငါးသေလာက္၊ ငါး ေျပမ၊ အုန္းႏုိ႔၊ မွ်စ္ခ်ဥ္ စသည္တုိ႔ကုိ ေရွာင္ၾကတာ သတိထားမိပါတယ္။ ကြၽန္မတုိ႔ အိမ္သားေတြ အားလုံးက အစားမေရွာင္ၾကပါဘူး။ သတိထား ခ်င့္ခ်ိန္ၿပီးေတာ့ စားၾကတာပါ။

အစားအေသာက္ မေရွာင္တဲ့သူေပမယ့္ ကြၽန္မ ဘန္ေကာက္ေရာက္စက အခက္ႀကဳံခဲ့ရတာပါ။ သူတုိ႔ဟင္း ေတာ္ေတာ္မ်ားမ်ားက အုန္းႏုိ႔ ထည့္ခ်က္ၾကပါတယ္။ ဟင္းအရည္ေသာက္ေတာင္မွ အုန္းႏုိ႔ထည့္ခ်က္တာကုိး။

ဆုိင္ေတြမွာ ကြၽန္မအေတြ႕မ်ားတာက ငါးေျပမ၊ မယ္ဇလီ၊ ဝက္သားနဲ႔ မွ်စ္ခ်ဥ္တုိ႔ကုိ အုန္းႏုိ႔နဲ႔ ခ်က္ၾကတာ ေတြ႕ရပါတယ္။ ရန္ကုန္မွာဆုိရင္ ငါးေျပမဆီျပန္ဟင္း ႐ုိး႐ုိးေတာင္ တစ္ေကာင္ႏွစ္ေကာင္ထက္ ပိုၿပီး မစားလုိၾကဘူး။ အုန္းႏုိ႔ထည့္ခ်က္လိုက္ရင္ေတာ့ လံုးဝ စားဝံ့ၾကမွာ မဟုတ္ပါဘူး။

ဝက္သားနဲ႔ မွ်စ္ခ်ဥ္ဆုိလဲ သိပ္မစားရဲလွဘူး။ အုန္းႏုိ႔ပ်စ္ပ်စ္ေရာ ခ်က္ထားေတာ့ ပြဲကသိမ္းသြားတာေပါ့။ တက္ၿပီးရင္း တက္သြားမယ့္ဟင္း ျဖစ္ေနတာကုိး။

ေနာက္အေနၾကာေတာ့ ထုိင္းသူငယ္ခ်င္းေတြနဲ႔ ထမင္းသြားစားၾကတဲ့အခါမွာ မေရွာင္သာေတာ့ ကြၽန္မ အုန္းႏုိ႔ပါတဲ့ ဟင္းေတြကုိ ျမည္းစမ္းတဲ့သေဘာနဲ႔ စစားျဖစ္ပါတယ္။ သူတုိ႔က အမဲသား၊ ၾကက္သား၊ ဝက္သား၊ ငါးတုိ႔ကုိ အမ်ားဆုံးခ်က္ၾကတာပါ။ ဟင္းသီးဟင္းရြက္ေတြေတာ့ တခ်ဳိ႕ဟင္းမွာ ေရာခ်က္ေလ့ ရွိပါတယ္။

ကြၽန္မ ဟင္းခပ္တဲ့အခါ အနည္းအက်ဥ္းသာခပ္ၿပီး တျခားအုန္းႏုိ႔ မပါတာေတြစားတာကုိ သတိထားမိတဲ့ ထုိင္းသူငယ္ခ်င္းက ”ခင္ အုန္းႏုိ႔ေၾကာက္လုိ႔လား။ ဆီးခ်ဳိ၊ ေသြးတုိးမရွိရင္ ရဲရဲသာ စားလုိ႔ရတယ္။ တုိ႔ေတြရဲ႕ တုိင္းရင္းေဆးမွာသုံးတဲ့ Ma krut အသီးနဲ႔ အရြက္(ေရွာက္ဘီလူး)ကို ထည့္ခ်က္ထားတာ။ ရဲရဲသာစားပါ” လုိ႔ တုိက္တြန္းေနပါေတာ့တယ္။

သူက တုိင္းရင္းေဆးလုိ႔ ေျပာလုိက္ေတာ့ ကြၽန္မသိခ်င္တာေလးေတြ ဆက္ေမးမိသြားတာေပါ့။ သူ႔ အေျပာအရ Ma krut ေခၚတဲ့ Kaffir Lime အသီးရဲ႕ အခြံနဲ႔ အရြက္မွာပါတဲ့အဆီက ေဆးဖက္ဝင္တာ တဲ့။ သူ႔ဓာတ္ကအစာကို ေက်ေစၿပီး ေသြးက်ေဆးေတြမွာ ထည့္သုံးရတယ္လုိ႔ ေျပာျပပါတယ္။

ဒါေၾကာင့္ အုန္းနုိ႔ပါတဲ့ ဟင္းေတြမွာ Ma Krut အသီးအလုံးလုိက္ အရြက္ကုိ ပါးပါးလွီးၿပီး ထည့္ခ်က္ၾကတယ္။ တခ်ဳိ႕ကဆုိရင္ အခြံနဲ႔အရြက္ကို ၾကမ္းၾကမ္းဖဲ့ၿပီး ခ်က္တာလဲ ရွိဆုိပဲ။ တခ်ဳိ႕ဆုိ အရြက္လုိက္ ထည့္လုိက္တာေတြ႕ရေသးတယ္။

ဘာပဲျဖစ္ျဖစ္ Ma Krut ရဲ႕ အသီးအရြက္တစ္ခုခု ပါတာေၾကာင့္ သူတုိ႔က အေျဖရွိေတာ့လဲ အုန္းႏုိ႔ဟင္းေတြကုိ အားရပါးရ စားရဲၾကတာလုိ႔ ကြၽန္မထင္မိပါတယ္။

သူငယ္ခ်င္း ေျပာျပၿပီးမွ ကြၽန္မ သူတုိ႔ရဲ႕အုန္းႏုိ႔ထည့္ခ်က္ထားတဲ့ ဟင္းေတြကုိ ေလ့လာၾကည့္မိသြားပါတယ္။ သူတုိ႔က ဟင္းထဲမွာ တကယ့္ကုိ Ma Krut သီးကုိ အလုံးလုိက္ေတြ ထည့္ခ်က္တာေတြ႕ရတယ္။ ဟင္းခပ္တဲ့အခါ ပါမလာေတာ့ ကြၽန္မ နဂုိက မသိခဲ့ဖူးေပါ့။

Ma Krut အရြက္ကုိေတာ့ အရြက္လုိက္ ထည့္ထည့္၊ ဖဲ့ၿပီးထည့္ထည့္၊ ပါးပါးေလးလွီးထည့္ထည့္ ဟင္းထဲမွာေတြ႕ေနရေတာ့ အရြက္သာ သုံးၾကတယ္လုိ႔ ပထမက ကြၽန္မ ထင္မိခဲ့တာပါ။

ကြၽန္မတုိ႔ ျမန္မာဟင္းေတြကုိ ႏုိင္ငံျခားသားေတာ္ေတာ္မ်ားမ်ားက Very Oily- ဆီသိပ္မ်ားတယ္ဆုိၿပီး လက္တြန္႔ၾကပါတယ္။ ျမန္မာဟင္း၊ ထမင္းစားခ်င္တဲ့ သူငယ္ခ်င္းေတြ ရန္ကုန္လာတဲ့အခါ ဆီျပန္ခ်က္ၿပီး ပန္းကန္ထဲခပ္တဲ့အခါ အႏွစ္နဲ႔ အသားပဲ ထည့္ေပးရပါတယ္။

ဒီသူငယ္ခ်င္းေတြအဖြဲ႕ပဲ ထုိင္းမွာ ထမင္းအတူသြားစားၾကေတာ့ အုန္းႏုိ႔ဟင္းေတြကို ၿမိန္ေရရွက္ေရ စားေနတာေတြ႕လုိ႔ အံ့ၾသေနမိတာ ခုမွ သူတုိ႔က ေရွာက္ဘီလူး ထည့္ခ်က္ထားမွန္းသိၿပီး ဒီေရွာက္ဘီလူးအာနိသင္ကုိ သိထားတာေၾကာင့္ကုိး။

အရင္အေျဖမသိခင္ကေတာ့ အိမ္မွာ အေမနဲ႔ အေဒၚကုိ ဒီဟင္းေတြအေၾကာင္း ေျပာေတာ့ ဟင္းခ်က္ဝါသနာပါတဲ့ ေမေမက ”သမီးတုိ႔ ဟင္းေတြကလဲ ေၾကာက္စရာ၊ လန္႔စရာပါလား။ စားလုိက္တာနဲ႔ ဗုိက္ထဲလဲေရာက္ ေသြးနားထင္က ေပါက္ထြက္ၿပီး ကိစၥေခ်ာမယ့္ပုံပဲ” တဲ့ေလ။

ဟင္းခ်က္ေကာင္းတဲ့ အေဒၚကေတာ့ ”ဒီဟင္းေတြမွာ ေျဖေဆး တစ္ခုခုေတာ့ သုံးထားပါလိမ့္မယ္” လုိ႔ ေကာက္ခ်က္ခ်ဖူးပါတယ္။

အေျဖမသိခင္ကေတာ့ ပေဟဠိေပါ့ေလ။ အခုေတာ့ အေျဖသိေတာ့လဲ ရွင္းသြားပါၿပီ။ေဒါက္တာခင္လက်္ာ ~

ေစ်းကြက္ဂ်ာနယ္မွ ကူးယူေဖာ္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawady News

#Unicode Version#
ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။

ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မ ရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ ရွာပတ်ဝန်းကျင်တစ်ဝိုက်လောက်ပဲ သွားစရာရှိတာကြောင့် ကျွန်မတို့အဖွဲ့က ၇ နာရီ ထိုးလောက်ကျမှ ရွာထဲ ကော်ဖီထွက်သောက်ကြပါတယ်။

ကျွန်မက နောက်မှလိုက်လာမယ်ပြောလိုက်ပြီး ကျွန်မလေ့လာချင်တဲ့ ဈေးဘက်ကို ဦးတည်ပြီး တစ်ယောက်တည်း သွားလိုက်ပါတယ်။ ကျွန်မလျှောက်သွားရင်း လမ်းမတန်းကြီးရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်၊ ဆေးဆိုင်လေးတွေ စဖွင့်နေတာ တွေ့ရပါတယ်။

အမျိုးသမီး ပျိုပျိုရွယ်ရွယ် အသက်ကြီးပါမကျန် ဦးတည်သွားနေကြတဲ့ လမ်းကြားလေးနောက်ကို ကျွန်မ လိုက်သွားလိုက်ပါတယ်။ အမျိုးသမီးတွေဆိုတော့ ဈေးကိုပဲ သွားနေတာဖြစ်မှာပါ။

ကျွန်မထင်တာမမှားပါဘူး။ ကျွန်မ ဆယ်လှမ်းလောက်သာ လျှောက်သွားပြီးတာနဲ့ ဈေးဝင်းထဲကို ရောက်သွားပါတော့တယ်။ ဝင်လိုက်တယ် ဆိုရင်ပဲ အလယ်လူလျှောက်လမ်း တစ်ဘက်တစ်ချက်မှာ ခင်းကျင်းရောင်းချနေတဲ့ ဆိုင်တွေကို တွေ့ရတော့တာပဲ။

ဈေးသည်တွေက အုတ်ခုံအမြင့်မှာ ခင်းရောင်းနေတာကို တွေ့ရပါတယ်။ အခြောက်အခြမ်း၊ ဟင်းသီးဟင်းရွက်၊ မုန့်သည်တွေကို ကျွန်မ ကြည့်ရုံသာ ကြည့်သွားလိုက်ပါတယ်။ ကျွန်မတကယ် စိတ်ဝင်စားတာက ဒီလိုဈေးရုံတွေ အပြင်ဘက်ကွက်လပ်မှာ လာပြီးရောင်းတတ်ကြတဲ့ တောသည်တွေကိုပါ။

ကျွန်မ ဈေးရုံကထွက်လိုက်တော့ အလယ်ကွက်လပ်ထဲမှာ လူတွေက ကျိတ်ကျိတ်တိုးစည်နေပါပြီ။

ဟန်ကျတာပဲ။

ဝေးဝေး မသွားရဘဲ ဒီထဲရှိတော့ တစ်ပတ်တော့ ပတ်ကြည့်မယ်ဆိုပြီး ကျွန်မ ညာဘက်က စပတ်လိုက်ပါတယ်။

အလယ်ဘက်မှာ ကျောချင်းကပ် ရောင်းနေကြတာကတော့ အသားငါးတွေပါ။ ကျွန်မဝယ်နေကျ ဈေးတွေမှာရှိတတ်တဲ့ အသားငါးတန်းလို့ ခေါ်ရမှာပေါ့။ သူ့ရဲ့ဘေးပတ်လည် တစ်ဘက်တစ်ချက်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ တိုတိုထွာထွာ အသုံးအဆောင်လေးတွေ ချရောင်းနေတာ တွေ့ရပါတယ်။

သားငါးရောင်းတယ် ဆိုရာမှာတော့ ငါးနဲ့ပုစွန်တွေပါ။ ရန်ကုန်က ဈေးသည်တွေလိုများများစားစား ပုံရောင်းကြတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာက ကိုယ်တိုင်ဖမ်းလို့ ရတာလေးတွေ လာချရောင်းတာနဲ့ တူပါတယ်။

တချို့ဆိုရင် ဗန်းလေးထဲမှာ ငါးခူလေး ငါးကောင်၊ ငါးရံ့မြီးတို တစ်ကောင်၊ နှစ်ကောင်၊ ပုစွန်သေးသေး လေးတစ်ပုံ၊ နှစ်ပုံလောက်သာ တွေ့ရတာပါ။ ကျွန်မပတ်ကြည့်ရင်း တစ်တောင်လောက်ရှိတဲ့ ငါးသလောက်လေးကောင် ချရောင်းနေတာတွေ့တော့ ကျွန်မခြေထောက် အလိုလို ရပ်သွားပါတော့တယ်။

”အကောင်တွေက ကြီးလိုက်တာ”

”ရန်ကုန်မှာတောင် ဒီအရွယ် တွေ့ရခဲတယ်”

”ဝယ်ပြီး ထမင်းဆိုင်မှာ ချက်ခိုင်းရင်ကောင်းမလား” ဆိုပြီး ကျွန်မ တွေးဖြစ်သွားပါတယ်။

အနားရောက်သွားတော့မှ ငါးသလောက်တွေက ငါးဆားနယ်တွေမှန်း သိလိုက်ရပါတယ်။

ကလေး ရေစပ်စပ်စားချင်တာမို့ ဈေးမမေးဘဲ ဆက်လျှောက်သွားလိုက်ပါတယ်။

”ဆရာမကြီး၊ ငါးသလောက်တွေက ကိုယ်တိုင်လုပ်ထားတာပါ”

”စားကြည့်ပါဦး”

”ဒီရောက်တုန်း စားသွားပါ။ ခရမ်းချဉ်သီးနဲ့ချက်ရင် ပြေပြီး မတက်တော့ပါဘူး” လို့ ပြောပြီး ရောင်းနေပါတော့တယ်။

တကယ်တော့ ကျွန်မက ငါးသလောက်စားရင် တက်တယ် ပြောပေမယ့် စားနေကျပါ။ ကြိုက်လဲကြိုက်ပါတယ်။ တက်စာမို့ ရှောင်တာမဟုတ်ပါဘူး။ ငါးဆားနယ် မစားချင်လို့ မဝယ်လိုက်တာပါ။

တက်စာလို့ပြောလိုက်တော့ ကျွန်မတို့အရွယ်တော်တော်များများက သွေးတိုးမှာ၊ တက်မှာ ကြောက်ကြတာကြောင့် ငါးသလောက်၊ ငါး ပြေမ၊ အုန်းနို့၊ မျှစ်ချဉ် စသည်တို့ကို ရှောင်ကြတာ သတိထားမိပါတယ်။ ကျွန်မတို့ အိမ်သားတွေ အားလုံးက အစားမရှောင်ကြပါဘူး။ သတိထား ချင့်ချိန်ပြီးတော့ စားကြတာပါ။

အစားအသောက် မရှောင်တဲ့သူပေမယ့် ကျွန်မ ဘန်ကောက်ရောက်စက အခက်ကြုံခဲ့ရတာပါ။ သူတို့ဟင်း တော်တော်များများက အုန်းနို့ ထည့်ချက်ကြပါတယ်။ ဟင်းအရည်သောက်တောင်မှ အုန်းနို့ထည့်ချက်တာကိုး။

ဆိုင်တွေမှာ ကျွန်မအတွေ့များတာက ငါးပြေမ၊ မယ်ဇလီ၊ ဝက်သားနဲ့ မျှစ်ချဉ်တို့ကို အုန်းနို့နဲ့ ချက်ကြတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ငါးပြေမဆီပြန်ဟင်း ရိုးရိုးတောင် တစ်ကောင်နှစ်ကောင်ထက် ပိုပြီး မစားလိုကြဘူး။ အုန်းနို့ထည့်ချက်လိုက်ရင်တော့ လုံးဝ စားဝံ့ကြမှာ မဟုတ်ပါဘူး။

ဝက်သားနဲ့ မျှစ်ချဉ်ဆိုလဲ သိပ်မစားရဲလှဘူး။ အုန်းနို့ပျစ်ပျစ်ရော ချက်ထားတော့ ပွဲကသိမ်းသွားတာပေါ့။ တက်ပြီးရင်း တက်သွားမယ့်ဟင်း ဖြစ်နေတာကိုး။

နောက်အနေကြာတော့ ထိုင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားကြတဲ့အခါမှာ မရှောင်သာတော့ ကျွန်မ အုန်းနို့ပါတဲ့ ဟင်းတွေကို မြည်းစမ်းတဲ့သဘောနဲ့ စစားဖြစ်ပါတယ်။ သူတို့က အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတို့ကို အများဆုံးချက်ကြတာပါ။ ဟင်းသီးဟင်းရွက်တွေတော့ တချို့ဟင်းမှာ ရောချက်လေ့ ရှိပါတယ်။

ကျွန်မ ဟင်းခပ်တဲ့အခါ အနည်းအကျဉ်းသာခပ်ပြီး တခြားအုန်းနို့ မပါတာတွေစားတာကို သတိထားမိတဲ့ ထိုင်းသူငယ်ချင်းက ”ခင် အုန်းနို့ကြောက်လို့လား။ ဆီးချို၊ သွေးတိုးမရှိရင် ရဲရဲသာ စားလို့ရတယ်။ တို့တွေရဲ့ တိုင်းရင်းဆေးမှာသုံးတဲ့ Ma krut အသီးနဲ့ အရွက်(ရှောက်ဘီလူး)ကို ထည့်ချက်ထားတာ။ ရဲရဲသာစားပါ” လို့ တိုက်တွန်းနေပါတော့တယ်။

သူက တိုင်းရင်းဆေးလို့ ပြောလိုက်တော့ ကျွန်မသိချင်တာလေးတွေ ဆက်မေးမိသွားတာပေါ့။ သူ့ အပြောအရ Ma krut ခေါ်တဲ့ Kaffir Lime အသီးရဲ့ အခွံနဲ့ အရွက်မှာပါတဲ့အဆီက ဆေးဖက်ဝင်တာ တဲ့။ သူ့ဓာတ်ကအစာကို ကျေစေပြီး သွေးကျဆေးတွေမှာ ထည့်သုံးရတယ်လို့ ပြောပြပါတယ်။

ဒါကြောင့် အုန်းနို့ပါတဲ့ ဟင်းတွေမှာ Ma Krut အသီးအလုံးလိုက် အရွက်ကို ပါးပါးလှီးပြီး ထည့်ချက်ကြတယ်။ တချို့ကဆိုရင် အခွံနဲ့အရွက်ကို ကြမ်းကြမ်းဖဲ့ပြီး ချက်တာလဲ ရှိဆိုပဲ။ တချို့ဆို အရွက်လိုက် ထည့်လိုက်တာတွေ့ရသေးတယ်။

ဘာပဲဖြစ်ဖြစ် Ma Krut ရဲ့ အသီးအရွက်တစ်ခုခု ပါတာကြောင့် သူတို့က အဖြေရှိတော့လဲ အုန်းနို့ဟင်းတွေကို အားရပါးရ စားရဲကြတာလို့ ကျွန်မထင်မိပါတယ်။

သူငယ်ချင်း ပြောပြပြီးမှ ကျွန်မ သူတို့ရဲ့အုန်းနို့ထည့်ချက်ထားတဲ့ ဟင်းတွေကို လေ့လာကြည့်မိသွားပါတယ်။ သူတို့က ဟင်းထဲမှာ တကယ့်ကို Ma Krut သီးကို အလုံးလိုက်တွေ ထည့်ချက်တာတွေ့ရတယ်။ ဟင်းခပ်တဲ့အခါ ပါမလာတော့ ကျွန်မ နဂိုက မသိခဲ့ဖူးပေါ့။

Ma Krut အရွက်ကိုတော့ အရွက်လိုက် ထည့်ထည့်၊ ဖဲ့ပြီးထည့်ထည့်၊ ပါးပါးလေးလှီးထည့်ထည့် ဟင်းထဲမှာတွေ့နေရတော့ အရွက်သာ သုံးကြတယ်လို့ ပထမက ကျွန်မ ထင်မိခဲ့တာပါ။

ကျွန်မတို့ မြန်မာဟင်းတွေကို နိုင်ငံခြားသားတော်တော်များများက Very Oily- ဆီသိပ်များတယ်ဆိုပြီး လက်တွန့်ကြပါတယ်။ မြန်မာဟင်း၊ ထမင်းစားချင်တဲ့ သူငယ်ချင်းတွေ ရန်ကုန်လာတဲ့အခါ ဆီပြန်ချက်ပြီး ပန်းကန်ထဲခပ်တဲ့အခါ အနှစ်နဲ့ အသားပဲ ထည့်ပေးရပါတယ်။

ဒီသူငယ်ချင်းတွေအဖွဲ့ပဲ ထိုင်းမှာ ထမင်းအတူသွားစားကြတော့ အုန်းနို့ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတွေ့လို့ အံ့သြနေမိတာ ခုမှ သူတို့က ရှောက်ဘီလူး ထည့်ချက်ထားမှန်းသိပြီး ဒီရှောက်ဘီလူးအာနိသင်ကို သိထားတာကြောင့်ကိုး။

အရင်အဖြေမသိခင်ကတော့ အိမ်မှာ အမေနဲ့ အဒေါ်ကို ဒီဟင်းတွေအကြောင်း ပြောတော့ ဟင်းချက်ဝါသနာပါတဲ့ မေမေက ”သမီးတို့ ဟင်းတွေကလဲ ကြောက်စရာ၊ လန့်စရာပါလား။ စားလိုက်တာနဲ့ ဗိုက်ထဲလဲရောက် သွေးနားထင်က ပေါက်ထွက်ပြီး ကိစ္စချောမယ့်ပုံပဲ” တဲ့လေ။

ဟင်းချက်ကောင်းတဲ့ အဒေါ်ကတော့ ”ဒီဟင်းတွေမှာ ဖြေဆေး တစ်ခုခုတော့ သုံးထားပါလိမ့်မယ်” လို့ ကောက်ချက်ချဖူးပါတယ်။

အဖြေမသိခင်ကတော့ ပဟေဠိပေါ့လေ။ အခုတော့ အဖြေသိတော့လဲ ရှင်းသွားပါပြီ။ဒေါက်တာခင်လကျ်ာ ~

ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myawady News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top