iMyanmarHouse.com - Best Property Website for Myanmar
×







Credit: popolay

#Unicode Version#
 အင်္ဂလန်နိုင်ငံမှ အသက် ၃၁ နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သူ Martha Dolak ကို ရည်းစားဖြစ်သူ Michael Goodwin ဆိုသူက အိမ်တွင်းပိတ်လှောင်ကာ ၂၁ နာရီကြာ နှိပ်စက်ခဲ့သဖြင့် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။

ဖြစ်စဉ်မှာ သူတို့နှစ်ဦး ရည်းစားသက်တမ်း ၁၈ လကြာမြင့်ခဲ့ပြီးနောက် မော်ဒယ်၏ သူငယ်းချင်းတစ်ယောက်က Goodwin နဲ့ လမ်းခွဲရန် ပေးပို့သော ဖုန်းမက်ဆေ့ကို Goodwin တွေ့သွားခဲ့ပြီးနောက် Martha Dolak ကို ဘယ်မှ မသွားနိုင်ရန် အိမ်တွင် သော့ခတ်ပိတ်လှောင်ကာ ၂၁ နာရီကြာအောင် ရိုက်နှက် နှိပစက်ခဲ့သည်။

နှိပ်စက်ခံထားရသော သူမ၏ပုံကို Martha Dolak က သူငယ်ချင်းတစ်ယောက်ထံ တိတ်တဆိတ်ပေးပို့ကာ ရဲတိုင်ရန် ပြောကြားပေးမယ့် ရဲတွေကအရေးမလုပ်ခဲ့။ အဲဒီနောက် Goodwin က သူမကို ဆေးရုံခေါ်သွားကာ လှေကားပေါ်က ပြုတ်ကျတယ်ဟု ဆရာဝန်တွေကို လိမ်ပြောရန် ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အဖြစ်မှန်ပေါ်သွားပြီး Goodwin ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ကျခံစေရန် Kingston Crown တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

နှိပ်စက်ခံရမှုကြောင့် သူမရဲ့ မျက်နှာနဲ့ ဦးခေါင်းခွံ အက်သွားခဲ့ပြီး ဦးနှောက်မှ သွေးယိုခဲ့ပါတယ် ဒါ့အပြင်သူမရဲ့ ဘယ်ဘက် မျက်လုံးတစ်လုံး ကွယ်သွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top