န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×





Credit: PannPwint

#Unicode Version#

ကျန်းမာရေး ဆိုးရွားနေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို သရုပ်ဆောင် စမိုင်းလ်းက ငွေကျပ် ဆယ်သိန်းသွားရောက် ထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။

ဒီနေ့ပဲ သွားရောက် ထောက်ပံ့လိုက်တာဖြစ်ပြီး တစ်ဦးချင်းလှူတဲ့ထဲမှာတော့ အများဆုံးဖြစ်ဖွယ်ရှိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြီးခဲ့တဲ့ ၇ ရက်နေ့က မွေးနေ့လက်ဆောင်အဖြစ် သိန်း ၈ဝဝဝ တန်ကားကြီးလက်ဆောင် ရခဲ့ပါတယ်။

အဲ့နေ့မှာပဲ ကစ်ကစ်ကျန်းမာရေး ဆိုးရွားနေတယ်ဆိုတဲ့ သတင်းက ပြန့်လာပါတယ်။ ဒါကြောင့် ကစ်ကစ်ကိုတော့ မကူညီဘူးလားဆိုပြီး အဝေဖန်တွေ ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမက တစ်ခြားအလှူအတန်းတွေလည်း လုပ်ပါတယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ဒီနေ့မှာတော့ ကစ်ကစ်ကို ငွေဆယ်သိန်းထိအောင် သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သူမရဲ့ဖေ့ဘုတ်မှာ ပိုစ်တစ်ခုတင်လိုက်တာဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top