(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×





Credit: burmese.asia

#Unicode Version#
အနုပညာအလုပ်တွေကို ဆယ်စုနှစ်တစ်ခုကြာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ဟာ ယခုလက်ရှိအချိန်မှာတော့ အနုပညာလောကကနေ အနားယူပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိနေပါတယ်။ ဗီဒီယို၊ ရုပ်ရှင်ကားတွေထဲမှာ လူကြမ်း၊ ဗီလိန်နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းတွေကို ခံရလေ့ရှိတဲ့ လူကြမ်းမင်းသားတွေဘဝဟာလည်း တကယ့်အမှန်တကယ်လက်တွေ့မှာတော့ လွန်စွာမှ စာနာဖို့ကောင်းလှပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ပရိသတ်တွေအတွက် ဖျော်ဖြေမှုရသတစ်ခုအနေနဲ့ တင်ဆက်ပေးခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ကတော့

အနုပညာနဲ့ပတ်သက်ပြီးတော့ အကိုနားလိုက်ပြီပေါ့နော် အကိုနားလိုက်တော့ ပရိသတ်တွေဘာပဲဖြစ်ဖြစ် အကုသိုလ်လျော့သွားတာပေါ့ အကိုရှိနေလို့ရှိရင် အကို့ကိုကြည့်ပြီး အကုသိုလ်တွေများနေမှာစိုးလို့ ကုသိုလ်တွေဖြစ်အောင်လို့ အနားပေးလိုက်တာ

အနုပညာအလုပ်ကနေနားလိုက်တာ ၈ နှစ်ကျော်ပြီ အိမ်ထောင်လည်းကျပြီဆိုတော့ မိသားစုအရေးရော အခြားကိုယ်လုပ်ချင်တဲ့အရေးကြီးတဲ့အလုပ်တွေ အများကြီးကျန်သေးတယ်ဆိုတော့ အဲ့အတွက် အချိန်ပေးရဦးမယ် အဲ့အတွက် အနုပညာအလုပ်ကိုနားလိုက်တာ

အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပဲရှိသေးတယ် အသက် ၄၀ ကျော်မှအိမ်ထောင်ကျတာပါ ခုတော့ သမီးလေးတစ်ယောက်နဲ့ပေါ့ ။ ခုတော့ ပြင်ဦးလွင်မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေပါတယ်။

Source- Myanmar Celebrity & We Love Cele

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top