iMyanmarHouse.com - Best Property Website for Myanmar
×

အင္တာနက္ အြန္လိုင္းနဲ႔ ပတ္သက္ျပီး ျဖစ္လာႏိုင္တဲ႔ ျပႆနာေတြကုိ မီဒီယာေတြ အေတာ္မ်ားမ်ားက သတိေပးခဲ႔ၾက ဖူးပါတယ္။မိန္းကေလးေတြအေနနဲ႔ မလုပ္သင္႔ မျဖစ္သင္႔တာေတြ မျဖစ္လာႏိုင္ေစဖို႔အတြက္ နည္းလမ္းမ်ိဳးစံုနဲ႔ တားျမစ္ခဲ႔ၾကဖူးပါတယ္။

အထူးသျဖင္႔ အြန္လိုင္းမွာ သူစိမ္းတစ္ေယာက္ႏွင္႔ စကားေျပာတဲ႔အခါ (chatting ထိုင္တာေပါ႔)။အေရွ႕အေရွ႕ေတြမွာ ျဖစ္ပ်က္ခဲ႔တာေတြလည္း မ်ားေနျပီမို႔ အထူးတလည္သတိေပးစရာမလိုေတာ႔ဖူးလို႔ ထင္ေပမယ္႔လည္း အခုလက္ရွိအထိ ကုိလည္း ျဖစ္ပ်က္လို႔ေနတုန္းပါဘဲ။ ဒါေၾကာင္႔မို႔လို႔ Buzzy ကေနျပီးေတာ႔ မေလးရွားႏိုင္ငံမွာ ျဖစ္ပ်က္ခဲ႔တဲ႔ အျဖစ္အပ်က္ေလးတစ္ခုကုိ ဥပမာေျပာရင္းႏွင္႔ အစ္မညီမေတြ သတိျပဳမိႏိုင္ေစဖို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

ဒီမိန္းကေလးနာမည္က Amelia Deva Puspita၊ အသက္က ၁၇ႏွစ္သာသာ ရွိေသးျပီး အခုလို အျဖစ္အပ်က္ကုိ ကုိယ္တိုင္ၾကံဳေတြ႕ျပီးေတာ႔မွဘဲ သူမကိုယ္တိုင္လည္း အင္တာနက္က သူစိမ္းေတြအေၾကာင္း နားလည္လို႔ သြားခဲ႔ပါျပီ။ဒါေပမယ္႔ သူမနားလည္ခဲ႔ရတာက ခက္ခဲတဲ႔ ပံုစံၾကီးနဲ႔ပါ။

အေၾကာင္းတရားကေတာ႔ Facebook မွာခင္တဲ႔ သူငယ္ခ်င္းသစ္တစ္ေယာက္နဲ႔ အျပင္မွာ သြားေရာက္ေတြ႕ဆံုတဲ႔ အခ်ိန္ကေနစခဲ႔တာပါဘဲ။The Star ရဲ႕ ေဖာ္ျပခ်က္အရေတာ႔ Amelia ဟာ အသက္ ၂၂ႏွစ္ရွိသူ Hendra ဆိုသူနဲ႔ Fcaebook မွာ ခင္မင္ခဲ႔ျပီးေတာ႔ သူနဲ႔ အျပင္မွာ ေတြ႕ဆံုဖို႔ဆံုးျဖတ္ခ်က္ခ်ခဲ႔ပါတယ္။

ဒီလိုနဲ႔ သူမအေမဆီကေန ခြင္႔ျပဳခ်က္ယူျပီးေတာ႔ အဂါၤေန႔ ညေနေစာင္းမွာ အျပင္ထြက္ဖို႔အတြက္ခြင္႔ေတာင္းကာ ထြက္သြားခဲ႔ပါတယ္။ဒါေပမယ္႔ ညအခ်ိန္ေက်ာ္တဲ႔ အထိသူမျပန္မေရာက္လာခဲ႔ေတာ႔ပါဘူး။ Amelia ရဲ႕ မိခင္စိတ္ပူခဲ႔ရ ေလျပီ။ဒါေၾကာင္႔မို႔လို႔ သူမႏွင္႔ အဆက္အသြယ္ရဖို႔ ဖုန္းေတြ ဆက္ခဲ႔ေပမယ္႔လည္း ဆက္သြယ္လို႔မရ အခ်ည္းအႏွီးသားျဖစ္ခဲ႔ရပါတယ္။

ကံေကာင္းစြာနဲ႔ဘဲ Amelia ရဲ႕ သူငယ္ခ်င္းတေယာက္ဆီကုိ Amelia ရဲ႕ အကူအညီေတာင္းစာ ၾကာသပေတးေန႔မွာ ေရာက္ရွိလို႔လာခဲ႔ပါတယ္။ဒါေၾကာင္႔ ေႏွာင္႔ေႏွး မေနေတာ႔ဘဲ ဂ်ာကာတာကရဲစခန္းဆီကုိေျပးလို႔ သြားေရာက္တိုင္ၾကားခဲ႔ ပါေတာ႔တယ္။

Amelia ရဲ႕ အကူအညီေတာင္းစာထဲမွာေတာ႔ သူမကုိ လာေရာက္ကူညီေပးဖို႔ႏွင္႔ လူတစ္ေယာက္က သူမကို အခန္းထဲပိတ္ကာေသာ႔ခတ္ထားေၾကာင္းပါ၀င္ပါတယ္။ ရဲေတြဟာ ၎မက္ေဆ႔ကုိ ရရခ်င္းလိုက္လံစံုစမ္းရာမွာေတာ႔ ႏွစ္ရက္ေျမာက္ေန႔မွာဘဲ Amelia တည္ရွိေနရာကုိေရာက္ရွိခ႔ဲပါေတာ႔တယ္။

တရားခံျဖစ္သူ Hendra ကုိလည္း ဖမ္းဆီးမိခဲ႔ပါတယ္။ေနာက္ဆံုးမွာ တရားခံကုိ စစ္ေဆးခဲ႔တဲ႔ အခါမွာေတာ႔ Amelia ကုိေငြညွစ္ခဲ႔ေၾကာင္း သူမက ျငင္းဆိုခဲ႔တဲ႔ အတြက္ေၾကာင္႔ အခုလို အခန္းထဲမွာ ပိတ္ေလွာင္ထားခဲ႔တာျဖစ္ေၾကာင္း ၀န္ခံခဲ႔ပါတယ္။ဒီအျဖစ္အပ်က္ကုိဖတ္ရႈ႕ျပီးေတာ႔ စာဖတ္သူပရိသတ္ေတြလည္း ပတ္၀န္းက်င္မွာရွိတဲ႔ အမ်ိဳးသမီးေလးေတြကုိ သတိေပးစကားေျပာၾကားရင္း ကာကြယ္ေစာင္႔ေရွာက္ႏိုင္ေစဖို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:buzzy.com.mm

#Unicode Version#
အင်တာနက် အွန်လိုင်းနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို မီဒီယာတွေ အတော်များများက သတိပေးခဲ့ကြ ဖူးပါတယ်။မိန်းကလေးတွေအနေနဲ့ မလုပ်သင့် မဖြစ်သင့်တာတွေ မဖြစ်လာနိုင်စေဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ တားမြစ်ခဲ့ကြဖူးပါတယ်။

အထူးသဖြင့် အွန်လိုင်းမှာ သူစိမ်းတစ်ယောက်နှင့် စကားပြောတဲ့အခါ (chatting ထိုင်တာပေါ့)။အရှေ့အရှေ့တွေမှာ ဖြစ်ပျက်ခဲ့တာတွေလည်း များနေပြီမို့ အထူးတလည်သတိပေးစရာမလိုတော့ဖူးလို့ ထင်ပေမယ့်လည်း အခုလက်ရှိအထိ ကိုလည်း ဖြစ်ပျက်လို့နေတုန်းပါဘဲ။ ဒါကြောင့်မို့လို့ Buzzy ကနေပြီးတော့ မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို ဥပမာပြောရင်းနှင့် အစ်မညီမတွေ သတိပြုမိနိုင်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

ဒီမိန်းကလေးနာမည်က Amelia Deva Puspita၊ အသက်က ၁၇နှစ်သာသာ ရှိသေးပြီး အခုလို အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ပြီးတော့မှဘဲ သူမကိုယ်တိုင်လည်း အင်တာနက်က သူစိမ်းတွေအကြောင်း နားလည်လို့ သွားခဲ့ပါပြီ။ဒါပေမယ့် သူမနားလည်ခဲ့ရတာက ခက်ခဲတဲ့ ပုံစံကြီးနဲ့ပါ။

အကြောင်းတရားကတော့ Facebook မှာခင်တဲ့ သူငယ်ချင်းသစ်တစ်ယောက်နဲ့ အပြင်မှာ သွားရောက်တွေ့ဆုံတဲ့ အချိန်ကနေစခဲ့တာပါဘဲ။The Star ရဲ့ ဖော်ပြချက်အရတော့ Amelia ဟာ အသက် ၂၂နှစ်ရှိသူ Hendra ဆိုသူနဲ့ Fcaebook မှာ ခင်မင်ခဲ့ပြီးတော့ သူနဲ့ အပြင်မှာ တွေ့ဆုံဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီလိုနဲ့ သူမအမေဆီကနေ ခွင့်ပြုချက်ယူပြီးတော့ အဂါၤနေ့ ညနေစောင်းမှာ အပြင်ထွက်ဖို့အတွက်ခွင့်တောင်းကာ ထွက်သွားခဲ့ပါတယ်။ဒါပေမယ့် ညအချိန်ကျော်တဲ့ အထိသူမပြန်မရောက်လာခဲ့တော့ပါဘူး။ Amelia ရဲ့ မိခင်စိတ်ပူခဲ့ရ လေပြီ။ဒါကြောင့်မို့လို့ သူမနှင့် အဆက်အသွယ်ရဖို့ ဖုန်းတွေ ဆက်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရ အချည်းအနှီးသားဖြစ်ခဲ့ရပါတယ်။

ကံကောင်းစွာနဲ့ဘဲ Amelia ရဲ့ သူငယ်ချင်းတယောက်ဆီကို Amelia ရဲ့ အကူအညီတောင်းစာ ကြာသပတေးနေ့မှာ ရောက်ရှိလို့လာခဲ့ပါတယ်။ဒါကြောင့် နှောင့်နှေး မနေတော့ဘဲ ဂျာကာတာကရဲစခန်းဆီကိုပြေးလို့ သွားရောက်တိုင်ကြားခဲ့ ပါတော့တယ်။

Amelia ရဲ့ အကူအညီတောင်းစာထဲမှာတော့ သူမကို လာရောက်ကူညီပေးဖို့နှင့် လူတစ်ယောက်က သူမကို အခန်းထဲပိတ်ကာသော့ခတ်ထားကြောင်းပါဝင်ပါတယ်။ ရဲတွေဟာ ၎င်းမက်ဆေ့ကို ရရချင်းလိုက်လံစုံစမ်းရာမှာတော့ နှစ်ရက်မြောက်နေ့မှာဘဲ Amelia တည်ရှိနေရာကိုရောက်ရှိခဲ့ပါတော့တယ်။

တရားခံဖြစ်သူ Hendra ကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။နောက်ဆုံးမှာ တရားခံကို စစ်ဆေးခဲ့တဲ့ အခါမှာတော့ Amelia ကိုငွေညှစ်ခဲ့ကြောင်း သူမက ငြင်းဆိုခဲ့တဲ့ အတွက်ကြောင့် အခုလို အခန်းထဲမှာ ပိတ်လှောင်ထားခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုဖတ်ရှု့ပြီးတော့ စာဖတ်သူပရိသတ်တွေလည်း ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးလေးတွေကို သတိပေးစကားပြောကြားရင်း ကာကွယ်စောင့်ရှောက်နိုင်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:buzzy.com.mm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top