ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဇြန္လ ၁၃ ရက္ေန့ ညေန ၃ နာရီခြဲခန့္အခ်ိန္တြင္ ေက်ာင္းသူေလးႏွစ္ဦး အိသီေခ်ာင္းအတြင္း ငါးျမွားရာမွ တစ္ဦးေရႏွစ္ေသဆုံးမႈျဖစ္ပြားခဲ့သည္ ။

ျဖစ္စဥ္မွာ တႏိုင္းျမိဳ ့နယ္ မိုင္ခြန္ေက်းရြာအုပ္စု ေရနံကုန္းရြာအနီးရွိ အိသီေခ်ာင္းတြင္ ေက်ာင္းသူေလးႏွစ္ဦး ငါးျမွားခ်ိန္မွာ ေခ်ာင္းအတြင္း အရုပ္ေလးဟု ထင္ျမင္ရသည့္အရာတစ္ခု ေမ်ာပါလာေနသည္ကို ေတြ ့ျမင္ရသည္ ။ ထိုရာတြင္ ေက်ာင္းသူေလးႏွစ္ဦးမွ တစ္ဦးက အနီးနားေရာက္ရွိခ်ိန္ ေက်ာပိုးအိတ္ျဖင့္ ေမွာက္လ်က္ဆယ္ယူၾကည့္ရာ ေခ်ာင္းထဲက်ျပီး ေရနစ္ေသဆုံးခဲ့သည္ ။
ေရနစ္ေသဆုံးေသာကေလးက ေရနံကုန္းရြာေန ဦးေနာယိုႏုိ ေဒၚညီေယာ္ေဒြ ့၏သမီး မေနာမဝူ အသက္ ၅ ႏွစ္ မူၾကိဳေက်ာင္းတက္ေနသူျဖစ္သည္ဟု သိရသည္ ။ မိဘမ်ားထံအေၾကာင္းၾကားျပီး အေလာင္းအားအိမ္သို့သယ္ေဆာင္ခဲ့ျပီး မိဘမ်ား၏အစီစဥ္ျဖင့္ သျဂိဳလ္ခဲ့ပါသည္ ။

တနိင္းျမိဳ့နယ္ "မွဳခင္းႏွင့္သတင္း "အဖဲြ ့မွေထာက္ပံ့ ေငြ အားလွဴဒါန္းေပးခဲ့ပါေျကာင္းေနာင္အလားတူျဖစ္စဥ္မ်ား တာဝန္ရွိသူအဆင့္ဆင့္မ်ားမွစစ္ေဆးေဆာင္ရြက္ေပးနိုင္ျကပါရန္ အျကံျပဳအပ္ခဲ့ပါေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန်တွင် ကျောင်းသူလေးနှစ်ဦး အိသီချောင်းအတွင်း ငါးမြှားရာမှ တစ်ဦးရေနှစ်သေဆုံးမှုဖြစ်ပွားခဲ့သည် ။

ဖြစ်စဉ်မှာ တနိုင်းမြို့နယ် မိုင်ခွန်ကျေးရွာအုပ်စု ရေနံကုန်းရွာအနီးရှိ အိသီချောင်းတွင် ကျောင်းသူလေးနှစ်ဦး ငါးမြှားချိန်မှာ ချောင်းအတွင်း အရုပ်လေးဟု ထင်မြင်ရသည့်အရာတစ်ခု မျောပါလာနေသည်ကို တွေ့မြင်ရသည် ။ ထိုရာတွင် ကျောင်းသူလေးနှစ်ဦးမှ တစ်ဦးက အနီးနားရောက်ရှိချိန် ကျောပိုးအိတ်ဖြင့် မှောက်လျက်ဆယ်ယူကြည့်ရာ ချောင်းထဲကျပြီး ရေနစ်သေဆုံးခဲ့သည် ။

ရေနစ်သေဆုံးသောကလေးက ရေနံကုန်းရွာနေ ဦးနောယိုနို ဒေါ်ညီယော်ဒွေ့၏သမီး မနောမဝူ အသက် ၅ နှစ် မူကြိုကျောင်းတက်နေသူဖြစ်သည်ဟု သိရသည် ။ မိဘများထံအကြောင်းကြားပြီး အလောင်းအားအိမ်သို့သယ်ဆောင်ခဲ့ပြီး မိဘများ၏အစီစဉ်ဖြင့် သဂြိုလ်ခဲ့ပါသည် ။

တနိင်းမြို့နယ် "မှုခင်းနှင့်သတင်း "အဖွဲ့မှထောက်ပံ့ ငွေ အားလှူဒါန်းပေးခဲ့ပါကြောင်းနောင်အလားတူဖြစ်စဉ်များ တာဝန်ရှိသူအဆင့်ဆင့်များမှစစ်ဆေးဆောင်ရွက်ပေးနိုင်ကြပါရန် အကြံပြုအပ်ခဲ့ပါကြောင်း သိရသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top