ဥေရာပႏိုင္ငံေတြ ျပည့္တန္ဆာလုပ္ငန္းကို တရားဝင္ခြင့္ျပဳထားပါတယ္။ တစ္ဖက္ကလည္း စည္းမ်ဥ္းစည္းကမ္းမ်ားခ်မွတ္လို႕ အစိုးရက အခြန္ရပါတယ္။လိင္လုပ္သမေတြ ေခါင္းပံုျဖတ္ခံရမႈ၊ အၾကမ္းဖက္ခံရမႈ၊ က်န္းမာေရးေစာင့္ေရွာက္ခြင့္ရရိွဖို႕အတြက္ တရားဝင္ခြင့္ျပဳထားတဲ့ျပည့္တန္ဆာလုပ္ငန္းေတြကို အစိုးရကထိေရာက္စြာေဆာင္ရြက္ေပးႏိုင္ပါတယ္။ ဒါေတြကလည္း တရားဥပေဒစိုးမိုးတဲ့ႏိုင္ငံေတြလုပ္လို႕ရတာပါ။ျမန္မာႏိုင္ငံမွာ ျပည့္တန္ဆာလုပ္ငန္းကတရားမဝင္သလို ဖမ္းမိရင္ေတာ့ လိင္လုပ္သမ ေတြကို ဖမ္းဆီးေထာင္ခ်ေနတာက အေျဖမဟုတ္ပါဘူးလို႕ အမ်ိဳးသမီးေရးလုပ္ေဆာင္ေနတဲ့အဖြဲ႕စည္းေတြက တညီတညြတ္ထဲေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဘာသာတရား၊ ယဥ္ေက်းမႈ၊ ဓေလ့ထံုးစံအရ က ျပည့္တန္ဆာလုပ္ငန္းကို တရားဝင္ျဖစ္ဖို႕ကအဟန္႕အတားပါလို႕ ေျပာဆိုသူေတြရိွပါတယ္။လိင္လုပ္သမေတြက ေရြးခ်ယ္စရာလမ္းမရိွပါ။ စားဝတ္ေနေရး၊မိသားစုအေရးေတြ က်ပ္တည္းလာတဲ့အခါ ဘဝကိုရင္းလိုက္ၾကတာပါ။ရုန္းထြက္ဖို႕ႀကိဳးစားေပမယ့္ အမ်ားစု ရုန္းမထြက္ႏိုင္ၾကပါ။သူတို႕အတြက္ ဒီလုပ္ငန္းက အသက္ေမြးဝမ္းေၾကာင္းတစ္ခုလိုျဖစ္ေနတာပါ။ “မိသားစုအတြက္ေငြလိုအပ္ေနလို႕ လုပ္ၾကသူေတြပါ။ ဘယ့္သူက လုပ္ခ်င္မလဲ ။က်မတို႕လည္းမလုပ္ခ်င္ဘူး “ လို ႕ ဘုရင္ေနာင္လမ္းဆံုနားက ျပည့္တန္ဆာေဂါင္းတစ္ဦးကေျပာပါတယ္။တစ္အိမ္လံုးစားဝတ္ေနေရးအတြက္ အစ္မျဖစ္သူက ျပည့္တန္ဆာလုပ္၊ ရဲဖမ္းခံရ၊ ရဲစခန္းစရိတ္၊တရားရံုးစရိတ္အတြက္ ညီမျဖစ္သူက ေငြလုိအပ္လိုိ႕ ရင္းလိုက္ရင္း အစ္မျဖစ္သူဘဝေရာက္သြားသူေတြရိွတယ္လို႕ သူ႕က ေျပာပါတယ္။
“ ျပည့္တန္ဆာေတြက အဖမ္းခံရ၊ ဖိႏွိပ္ခံရတယ္။ သူတို႕အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမရိွဘူး။ “ လို႕ အမ်ိဳးသမီးအေရးေဆာင္ရြက္ေနသူတစ္ဦးကေျပာပါတယ္။ျပည္တန္ဆာေတြက ၿမိဳ႕ေပၚေတြဖြင့္လွစ္ထားတဲ့အမည္ခံ ေကတီဗြီ၊မာဆက္၊တည္းခုိခန္း၊လမ္းမေပၚေတြ လႈပ္ရွားသြားလာေနၾကတာမ်ားပါတယ္။ ျမန္မာႏုုိင္ငံက ေထရ၀ါဒဗုုဒၶဘာသာႏုုိင္ငံျဖစ္တဲ့အတြက္ ဘာသာတရားနဲ႔ဆန္႔က်င္ၿပီးေတာ့ ျပည့္တန္ဆာ မ်ားကိုု တရား၀င္လိုုင္စင္ခ်မေပးသင့္ဘူးလုုိ ႔ ေဝဖန္သူမ်ားလည္းရိွပါတယ္။ျပည့္တန္ဆာဆုုိတာ ဘုုရားရွင္မပြင့္ထြန္းခင္ ႏွစ္ေပါင္းသန္နဲ႔ခ်ီေစာတဲ့ ကာလေတြထဲကေပၚေပါက္ေနၿပီဆုုိတာ ေထရ၀ါဒဗုုဒၶဘာသာ စာေပက်မ္းဂန္မ်ားအရ သိရွိႏုုိင္ပါ တယ္။ တကယ္ကေတာ့ ျပည့္တန္ဆာမ်ားကိုု တုုိးတက္ဖြံ႔ၿဖိဳးတဲ့ႏုုိင္ငံတုုိင္းက တရား၀င္ထားရွိၾက တာပါပဲ။ ဒီလိုုတရား၀င္ထားရွိၾကေတာ့ ျပည့္တန္ဆာမ်ားရဲ႕ ဘ၀လည္းပဲ လံုုၿခံဳတယ္။ တန္ရာတန္ေၾကးကိုုလည္း ရရွိၾကတယ္။ အစုုိးရသည္လည္းပဲ အခြန္အခေကာက္ယူရရွိ ႏုုိင္တယ္။ ဒါ့အျပင္ မုုဒိမ္းမႈေတြလည္းပဲ ေလ်ာ့ပါးသြားႏုုိင္တယ္ ေထာက္ျပေျပာဆုိမႈေတြရိွပါတယ္။
“ HIV AIDSစတဲ့ ေရာဂါ ဆုုိးေတြကိုုလည္းပဲ ထိန္းခ်ဳပ္ကန္႔သတ္ႏုုိင္သြားလိမ့္မယ္။ တရား၀င္လိုုင္စင္ခ်မေပးလိုု႔ လည္း ျပည့္တန္ဆာက မရွိဘဲေနတာမဟုုတ္ပါဘူး။ ရွိေနတာပါပဲ။ တရား၀င္မဟုုတ္တဲ့အတြက္ ျပည့္တန္ဆာေတြရဲ႕ဘ၀လည္းမလံုုၿခံဳ၊၊ တုုိင္းျပည္လည္းပဲ အခြန္အခမရရွိ၊ HIV AIDS စတဲ့ ေရာဂါေတြကိုုလည္း ျပန္႔ပြားေစပါတယ္။ ဆုုိးက်ိဳးေတြခ်ည္းပါပဲ “ လုိ႕ (မုုိးသုု-မႏၱေလး) ကေရးသားဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Ko Zay (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဥရောပနိုင်ငံတွေ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားပါတယ်။ တစ်ဖက်ကလည်း စည်းမျဉ်းစည်းကမ်းများချမှတ်လို့ အစိုးရက အခွန်ရပါတယ်။လိင်လုပ်သမတွေ ခေါင်းပုံဖြတ်ခံရမှု၊ အကြမ်းဖက်ခံရမှု၊ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိဖို့အတွက် တရားဝင်ခွင့်ပြုထားတဲ့ပြည့်တန်ဆာလုပ်ငန်းတွေကို အစိုးရကထိရောက်စွာဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါတွေကလည်း တရားဥပဒေစိုးမိုးတဲ့နိုင်ငံတွေလုပ်လို့ရတာပါ။မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကတရားမဝင်သလို ဖမ်းမိရင်တော့ လိင်လုပ်သမ တွေကို ဖမ်းဆီးထောင်ချနေတာက အဖြေမဟုတ်ပါဘူးလို့ အမျိုးသမီးရေးလုပ်ဆောင်နေတဲ့အဖွဲ့စည်းတွေက တညီတညွတ်ထဲပြောဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအရ က ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ဖြစ်ဖို့ကအဟန့်အတားပါလို့ ပြောဆိုသူတွေရှိပါတယ်။လိင်လုပ်သမတွေက ရွေးချယ်စရာလမ်းမရှိပါ။ စားဝတ်နေရေး၊မိသားစုအရေးတွေ ကျပ်တည်းလာတဲ့အခါ ဘဝကိုရင်းလိုက်ကြတာပါ။ရုန်းထွက်ဖို့ကြိုးစားပေမယ့် အများစု ရုန်းမထွက်နိုင်ကြပါ။သူတို့အတွက် ဒီလုပ်ငန်းက အသက်မွေးဝမ်းကြောင်းတစ်ခုလိုဖြစ်နေတာပါ။ “မိသားစုအတွက်ငွေလိုအပ်နေလို့ လုပ်ကြသူတွေပါ။ ဘယ့်သူက လုပ်ချင်မလဲ ။ကျမတို့လည်းမလုပ်ချင်ဘူး “ လို့ ဘုရင်နောင်လမ်းဆုံနားက ပြည့်တန်ဆာဂေါင်းတစ်ဦးကပြောပါတယ်။တစ်အိမ်လုံးစားဝတ်နေရေးအတွက် အစ်မဖြစ်သူက ပြည့်တန်ဆာလုပ်၊ ရဲဖမ်းခံရ၊ ရဲစခန်းစရိတ်၊တရားရုံးစရိတ်အတွက် ညီမဖြစ်သူက ငွေလိုအပ်လို့ ရင်းလိုက်ရင်း အစ်မဖြစ်သူဘဝရောက်သွားသူတွေရှိတယ်လို့ သူ့က ပြောပါတယ်။
“ ပြည့်တန်ဆာတွေက အဖမ်းခံရ၊ ဖိနှိပ်ခံရတယ်။ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး။ “ လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ပြည်တန်ဆာတွေက မြို့ပေါ်တွေဖွင့်လှစ်ထားတဲ့အမည်ခံ ကေတီဗွီ၊မာဆက်၊တည်းခိုခန်း၊လမ်းမပေါ်တွေ လှုပ်ရှားသွားလာနေကြတာများပါတယ်။ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘာသာတရားနဲ့ဆန့်ကျင်ပြီးတော့ ပြည့်တန်ဆာ များကို တရားဝင်လိုင်စင်ချမပေးသင့်ဘူးလို့ ဝေဖန်သူများလည်းရှိပါတယ်။ပြည့်တန်ဆာဆိုတာ ဘုရားရှင်မပွင့်ထွန်းခင် နှစ်ပေါင်းသန်နဲ့ချီစောတဲ့ ကာလတွေထဲကပေါ်ပေါက်နေပြီဆိုတာ ထေရဝါဒဗုဒ္ဓဘာသာ စာပေကျမ်းဂန်များအရ သိရှိနိုင်ပါ တယ်။ တကယ်ကတော့ ပြည့်တန်ဆာများကို တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းက တရားဝင်ထားရှိကြ တာပါပဲ။ ဒီလိုတရားဝင်ထားရှိကြတော့ ပြည့်တန်ဆာများရဲ့ ဘဝလည်းပဲ လုံခြုံတယ်။ တန်ရာတန်ကြေးကိုလည်း ရရှိကြတယ်။ အစိုးရသည်လည်းပဲ အခွန်အခကောက်ယူရရှိ နိုင်တယ်။ ဒါ့အပြင် မုဒိမ်းမှုတွေလည်းပဲ လျော့ပါးသွားနိုင်တယ် ထောက်ပြပြောဆိုမှုတွေရှိပါတယ်။
“ HIV AIDSစတဲ့ ရောဂါ ဆိုးတွေကိုလည်းပဲ ထိန်းချုပ်ကန့်သတ်နိုင်သွားလိမ့်မယ်။ တရားဝင်လိုင်စင်ချမပေးလို့ လည်း ပြည့်တန်ဆာက မရှိဘဲနေတာမဟုတ်ပါဘူး။ ရှိနေတာပါပဲ။ တရားဝင်မဟုတ်တဲ့အတွက် ပြည့်တန်ဆာတွေရဲ့ဘဝလည်းမလုံခြုံ၊၊ တိုင်းပြည်လည်းပဲ အခွန်အခမရရှိ၊ HIV AIDS စတဲ့ ရောဂါတွေကိုလည်း ပြန့်ပွားစေပါတယ်။ ဆိုးကျိုးတွေချည်းပါပဲ “ လို့ (မိုးသု-မန္တလေး) ကရေးသားဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Ko Zay (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top