×

အမ်ိဳးသမီးတဦးဟာ သူ႔သူငယ္ခ်င္းျဖစ္သူ ဆံပင္ဆိုးေဆးသံုးျပီး ဓာတ္မတည့္မႈေၾကာင့္ မ်က္ႏွာတခုလံုး ၅ ရက္ခန္႔ေရာင္ရမ္းသြားရပံုကို အင္တာနက္စာမ်က္ႏွာမွာ ေ၀မွ်ခဲ႔ပါတယ္။သူသံုးတဲ႔ တကိုယ္ရည္သံုး ဆံပင္ဆိုးေဆးက အိပ္မက္ဆိုးတခုအေနနဲ႔ေျပာင္းလဲသြား မယ္ဆုိတာကို သူတို႔လံုး၀မသိခဲ႔ပါဘူး။

ဒါေပမယ့္ဒီဓာတ္ပံုေတြဟာ ဆံပင္ကိုယ္တိုင္ဆိုးခ်င္သူေတြအတြက္ သတိထားစရာတခုျဖစ္ခဲ႔ပါတယ္။တကယ္ေတာ့ ပံုမွန္အားျဖင့္ ဆံပင္ပညာရွင္ေတြက ဆံပင္မဆိုးခင္မွာ ဆိုးေဆးက ကိုယ့္ေဖာက္သည္နဲ႔ တည့္မတည့္ကို အရင္ဦးဆံုး စမ္းသပ္ၾကပါတယ္။ အခုအမ်ိဳးသမီးကေတာ့ ကိုယ္တိုင္လည္း ဆိုးတာျဖစ္တဲ႔အျပင္ ဆိုးေဆးကိုလည္း မစမ္းသပ္ခဲ႔ပါဘူး။ သူ႔အေနနဲ႔ ဆံပင္အေရာင္မဆိုးခင္အထိေတာ့ ဆိုးေဆးအားလံုးအတူတူလို႔ မွတ္ယူထားခဲ႔တာပါ။

ဒါေပမယ့္ ဆံပင္ဆိုးေဆးထဲမွာပါတဲ႔ PDD (Paraphenylenediamine) လို႔ေခၚတဲ႔ ဆံပင္အေရာင္စြဲေစတဲ႔ ဓာတုပစၥည္းက သူ႔ကို ဓာတ္မတည့္ေ၀ဒနာ အၾကီးအက်ယ္ျဖစ္ေစခဲ႔ပါေတာ့တယ္။ PDD က ဆံပင္အေရာင္ဆိုးျပီး ေခါင္းေလွ်ာတာေတာင္မွ အေရာင္ျမဲေနေစပါတယ္။ PDD ေၾကာင့္ ဓာတ္မတည့္မႈေတြက သာမန္အားျဖင့္ အေပၚမ်က္ခြံနဲ႔ နားရြက္တ၀ိုက္ေလာက္မွာသာ အျဖစ္မ်ားပါတယ္။ တခ်ိဳ႕ျပင္းထန္တဲ႔ ကိစၥေတြမွာေတာ့ မ်က္ႏွာနဲ႔ ဦးေရျပားတခုလံုး ေရာင္ရမ္းနီရဲလာတာအထိျဖစ္လာျပီး မ်က္လံုးဖြင့္မရေလာက္ေအာင္ ျပင္းထန္ပါတယ္။

အခုလည္း ကိုယ္တိုင္ ဆံပင္အေရာင္ဆိုးေဆးသံုးတဲ႔ အမ်ိဳသမီးက မ်က္လံုးဖြင့္မရေလာက္ေအာင္ ဓာတ္မတည့္ ေ၀ဒနာျဖစ္ခဲ႔ျပီး ေဆးရံုေျပးခဲ႔ရပါေတာ့တယ္။ ကံေကာင္းစြာနဲ႔ပဲ ဆရာ၀န္ေတြက ဒီဓာတ္မတည့္မႈက PDD ေၾကာင့္ျဖစ္တာကို သိရွိခဲ႔ေပမယ့္ ဒီေ၀နာေပ်ာက္သြားဖို႔ ၅ ရက္ေလာက္ ေစာင့္ေနခဲ႔ရပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ksm (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတဦးဟာ သူ့သူငယ်ချင်းဖြစ်သူ ဆံပင်ဆိုးဆေးသုံးပြီး ဓာတ်မတည့်မှုကြောင့် မျက်နှာတခုလုံး ၅ ရက်ခန့်ရောင်ရမ်းသွားရပုံကို အင်တာနက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။သူသုံးတဲ့ တကိုယ်ရည်သုံး ဆံပင်ဆိုးဆေးက အိပ်မက်ဆိုးတခုအနေနဲ့ပြောင်းလဲသွား မယ်ဆိုတာကို သူတို့လုံးဝမသိခဲ့ပါဘူး။

ဒါပေမယ့်ဒီဓာတ်ပုံတွေဟာ ဆံပင်ကိုယ်တိုင်ဆိုးချင်သူတွေအတွက် သတိထားစရာတခုဖြစ်ခဲ့ပါတယ်။တကယ်တော့ ပုံမှန်အားဖြင့် ဆံပင်ပညာရှင်တွေက ဆံပင်မဆိုးခင်မှာ ဆိုးဆေးက ကိုယ့်ဖောက်သည်နဲ့ တည့်မတည့်ကို အရင်ဦးဆုံး စမ်းသပ်ကြပါတယ်။ အခုအမျိုးသမီးကတော့ ကိုယ်တိုင်လည်း ဆိုးတာဖြစ်တဲ့အပြင် ဆိုးဆေးကိုလည်း မစမ်းသပ်ခဲ့ပါဘူး။ သူ့အနေနဲ့ ဆံပင်အရောင်မဆိုးခင်အထိတော့ ဆိုးဆေးအားလုံးအတူတူလို့ မှတ်ယူထားခဲ့တာပါ။

ဒါပေမယ့် ဆံပင်ဆိုးဆေးထဲမှာပါတဲ့ PDD (Paraphenylenediamine) လို့ခေါ်တဲ့ ဆံပင်အရောင်စွဲစေတဲ့ ဓာတုပစ္စည်းက သူ့ကို ဓာတ်မတည့်ဝေဒနာ အကြီးအကျယ်ဖြစ်စေခဲ့ပါတော့တယ်။ PDD က ဆံပင်အရောင်ဆိုးပြီး ခေါင်းလျှောတာတောင်မှ အရောင်မြဲနေစေပါတယ်။ PDD ကြောင့် ဓာတ်မတည့်မှုတွေက သာမန်အားဖြင့် အပေါ်မျက်ခွံနဲ့ နားရွက်တဝိုက်လောက်မှာသာ အဖြစ်များပါတယ်။ တချို့ပြင်းထန်တဲ့ ကိစ္စတွေမှာတော့ မျက်နှာနဲ့ ဦးရေပြားတခုလုံး ရောင်ရမ်းနီရဲလာတာအထိဖြစ်လာပြီး မျက်လုံးဖွင့်မရလောက်အောင် ပြင်းထန်ပါတယ်။

အခုလည်း ကိုယ်တိုင် ဆံပင်အရောင်ဆိုးဆေးသုံးတဲ့ အမျိုသမီးက မျက်လုံးဖွင့်မရလောက်အောင် ဓာတ်မတည့် ဝေဒနာဖြစ်ခဲ့ပြီး ဆေးရုံပြေးခဲ့ရပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ ဆရာဝန်တွေက ဒီဓာတ်မတည့်မှုက PDD ကြောင့်ဖြစ်တာကို သိရှိခဲ့ပေမယ့် ဒီဝေနာပျောက်သွားဖို့ ၅ ရက်လောက် စောင့်နေခဲ့ရပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ksm (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top