ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×




၁၅ နှစ်








Source : Phyo NgweSoe
Credit: Lyhealthcare

#Unicode Version#
ဖြိုးငွေစိုးကတော့ ဟာသဇာတ်ရုပ်တွေမှာ ပရိသတ်ကို ရယ်မော်ပျော်ရွှင်စေတဲ့ ဟာသ မင်းသား တစ်ယောက်ဆိုတာ ပရိသတ်ကြီး သိမယ်ထင်ပါတယ်နော် ။ တခြားဇာတ်ရုပ် တွေ ထက် ပရိသတ်ကို အတင်းကြီးလုပ်ယူတာမျိုးမဟုတ်တဲ့ သဘာ၀ ကျကျ သရုပ်ဆောင်မှု တွေနဲ့ရယ်မော်ပျော်ရွှင်စေတဲ့ ဟာသဇာတ်ရုပ်တွေကြောင့် ပရိသတ်ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူးနော် ။

အရင်ကတော့ သာယာပျော်ရွှင်စရာကောင်းခဲ့တဲ့ မိသားစုဘဝလေးပိုင်ဆိုင်ခဲ့တဲ့ သူကတော့ အခု အိမ်တွင်းရေးအဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ထင်ယူဆရတဲ့ စာသားတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ် ။

” ငါနိုင်တယ် မင်းရှုံးတယ်

၁၅ နှစ်

မင်းငါ့ကိုနေ့တိုင်းအချိန်တိုင်း

အနိုင်ယူခဲ့တာ၁၅နှစ်ရှိပြီ

ဒီတစ်ခါငါ့အလှည့် မင်းသေလိုက်တော့

ပြန်မလာပါနဲ့ ငါအသက်ရှင်နေသမျှ မင်းပြန်မလာနဲ့

မင်းမရှိရင်ငါမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ

ငါရူးလို့ပါကွာအခုငါမရူးတော့ဘူး ” ဆိုတဲ့စာသား နဲ့ ရေးသားခဲ့တာဘဲဖြစ်ပါတယ် ။

အနုပညာရှင်အချို့ကတော့ သားလေးမျက်နှာကို ထောက်ပါဦးလို့မှတ်ချက် ပေးထားကြ ပေမယ့် တချို့အနုပညာရှင်တွေကတော့ ကိုဖြိုး ဆုံးဖြတ်ချက်မှန်တယ်လို့ မှတ်ချက် ပေးထား တာတွေ့ရပါတယ် ။ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် သာယာ ပျော်ရွှင်တဲ့မိသားစုလေး ပိုင်ဆိုင်ထားရလို့ ပရိသတ် အားကျနေရတဲ့ အနုပညာရှင် စုံတွဲတွေ ပြန်အဆင်ပြေကြပါစေလို့ဆုတောင်းပါတယ်နော် ။

Source : Phyo NgweSoe

ဖိုးသူတော် (www.phothutaw.com)
Credit: Lyhealthcare
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top