မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 
လြန္ခဲ့ေသာရက္ပိုင္းအတြင္းက မိန္းကေလးေမာင္းႏွင္လာေသာ ကားတစ္စီးေရွ႕ကို အမ်ိဳးသားႏွစ္ဦး စီးနင္းလာေသာ စက္ဘီတစ္စီးက ရည္ရြယ္ခ်က္ရွိရွိ ေရွ႕တည့္တည့္မွ တမင္ဝင္တိုးခဲ့ၿပီးေနာက္ ကာတိုက္၍ ဒဏ္ရာရခ်င္ဟန္ေဆာင္ကာ ေငြညႇစ္ရန္ ႀကိဳးပမ္းမွုတစ္ခု ေျမာက္ဥကၠလာပ ၿမိဳ႕နယ္အတြင္းျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ဇြန္လ ၂၂ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ခန႔္ ေျမာက္ဥကၠလာပ မယ္လမုဘုရားအနီးမီးပြိဳင့္တြင္ ‘ျမတ္’ဟု အမည္ရေသာ မိန္းကေလး၏ ကားက အျခားကားမ်ားေနာက္မွ တန္းစီကာ မီးပြိဳင့္ေစာင့္ေနခဲ့သည္။
ထိုစဥ္ လမ္းေဘးအနီးတြင္ အမ်ိဳးသားႏွစ္ေယာက္ အတူတူစီးလာေသာ စက္ဘီးက ကားမ်ား၏ အေျခအေနကို အကဲခတ္ကာ ခပ္ျဖည္းျဖည္း နင္းလာခဲ့သည္။ တစ္ခ်ိန္ထဲမွာ မီးပြိဳင့္စိမ္းသြားသျဖင့္ ကားမ်ား တေရြ႕ေရြ႕ထြက္ခြာခ်ိန္ စက္ဘီးက ကားမ်ားၾကားထဲ အတင္းျဖတ္ဝင္ကာ ‘ျမတ္’ ေမာင္းႏွင္ေသာ ကားေရွ႕တည့္တည့္ မ်က္ႏွာခ်င္းဆိုင္ကာ တိုက္မိဟန္ေဆာင္ၿပီး လမ္းေမေပၚ လွဲခ်လိုက္သည္။ ထိုေနာက္ စက္ဘီးေနာက္တြင္ လိုက္ပါလာေသာ အမ်ိဳးသားက ကတၱရာလမ္းႏွင့္ သူ၏ဦးေခါင္းကို သုံးေလးႀကိမ္ေလာက္ ေစာင့္ကာ ဒဏ္ရာရရွိေအာင္ တမင္လုပ္ေဆာင္ခဲ့သည္။

လူနာတင္ကားနဲ႔ သက္ဆိုင္ရာ ယာဥ္ထိန္းရဲမ်ားေရာက္လာ ခ်ိန္တြင္ အဆိုပါလမ္းအနီးအိမ္တစ္အိမ္မွ တပ္ဆင္ထားေသာ CCTV ကို ျပသကူညီခဲ့သျဖင့္ စက္ဘီးစီးအမ်ိဳးသားမ်ားရဲ့ လုပ္ဇာတ္ေပၚသြားခဲ့ၿပီး ယာဥ္ထိန္းရဲက ဖမ္းဆီးကာ ရဲစခန္းေခၚသြားေၾကာင္း “MYAT” ၏ လူမွုကြန္ယက္ စာမ်က္ႏွာတြင္ ေဖာ္ျပထားခဲ့သည္။

အဆိုပါအမွုကို “MYAT” က ႐ုတ္သိမ္းေပးခဲ့ၿပီး သက္ဆိုင္ရာ ရဲမ်ားအေနနဲ႔ မည္သို႔ဆက္လက္လုပ္ကိုင္ ေဆာင္ရြက္မည္ကို မသိရွိေတာ့ေၾကာင္း၊ ထိုကဲ့သို႔ေသာ လုပ္ႀကံဇာတ္လမ္းမ်ားသည္ မိန္းကေလးမ်ား ေမာင္းႏွင္သည့္ ေမာ္ေတာ္ယာဥ္မ်ားကို တမင္ေရြးခ်ယ္ၿပီး လုပ္ကိုင္တတ္သျဖင့္ ယာဥ္ေမာင္းအမ်ိဳးသမီးမ်ား သတိရွိၾကရန္ႏွင့္ ကားတြင္ ကင္မရာမ်ား တပ္ဆင္ထားၾကရန္ တိုက္တြန္း ေရးသားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY

#Unicode Version#
 လွန်ခဲ့သောရက်ပိုင်းအတွင်းက မိန်းကလေးမောင်းနှင်လာသော ကားတစ်စီးရှေ့ကို အမျိုးသားနှစ်ဦး စီးနင်းလာသော စက်ဘီတစ်စီးက ရည်ရွယ်ချက်ရှိရှိ ရှေ့တည့်တည့်မှ တမင်ဝင်တိုးခဲ့ပြီးနောက် ကာတိုက်၍ ဒဏ်ရာရချင်ဟန်ဆောင်ကာ ငွေညှစ်ရန် ကြိုးပမ်းမှုတစ်ခု မြောက်ဥက္ကလာပ မြို့နယ်အတွင်းဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်ခန့် မြောက်ဥက္ကလာပ မယ်လမုဘုရားအနီးမီးပွိုင့်တွင် ‘မြတ်’ဟု အမည်ရသော မိန်းကလေး၏ ကားက အခြားကားများနောက်မှ တန်းစီကာ မီးပွိုင့်စောင့်နေခဲ့သည်။
ထိုစဉ် လမ်းဘေးအနီးတွင် အမျိုးသားနှစ်ယောက် အတူတူစီးလာသော စက်ဘီးက ကားများ၏ အခြေအနေကို အကဲခတ်ကာ ခပ်ဖြည်းဖြည်း နင်းလာခဲ့သည်။ တစ်ချိန်ထဲမှာ မီးပွိုင့်စိမ်းသွားသဖြင့် ကားများ တရွေ့ရွေ့ထွက်ခွာချိန် စက်ဘီးက ကားများကြားထဲ အတင်းဖြတ်ဝင်ကာ ‘မြတ်’ မောင်းနှင်သော ကားရှေ့တည့်တည့် မျက်နှာချင်းဆိုင်ကာ တိုက်မိဟန်ဆောင်ပြီး လမ်းမေပေါ် လှဲချလိုက်သည်။ ထိုနောက် စက်ဘီးနောက်တွင် လိုက်ပါလာသော အမျိုးသားက ကတ္တရာလမ်းနှင့် သူ၏ဦးခေါင်းကို သုံးလေးကြိမ်လောက် စောင့်ကာ ဒဏ်ရာရရှိအောင် တမင်လုပ်ဆောင်ခဲ့သည်။

လူနာတင်ကားနဲ့ သက်ဆိုင်ရာ ယာဉ်ထိန်းရဲများရောက်လာ ချိန်တွင် အဆိုပါလမ်းအနီးအိမ်တစ်အိမ်မှ တပ်ဆင်ထားသော CCTV ကို ပြသကူညီခဲ့သဖြင့် စက်ဘီးစီးအမျိုးသားများရဲ့ လုပ်ဇာတ်ပေါ်သွားခဲ့ပြီး ယာဉ်ထိန်းရဲက ဖမ်းဆီးကာ ရဲစခန်းခေါ်သွားကြောင်း “MYAT” ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။

အဆိုပါအမှုကို “MYAT” က ရုတ်သိမ်းပေးခဲ့ပြီး သက်ဆိုင်ရာ ရဲများအနေနဲ့ မည်သို့ဆက်လက်လုပ်ကိုင် ဆောင်ရွက်မည်ကို မသိရှိတော့ကြောင်း၊ ထိုကဲ့သို့သော လုပ်ကြံဇာတ်လမ်းများသည် မိန်းကလေးများ မောင်းနှင်သည့် မော်တော်ယာဉ်များကို တမင်ရွေးချယ်ပြီး လုပ်ကိုင်တတ်သဖြင့် ယာဉ်မောင်းအမျိုးသမီးများ သတိရှိကြရန်နှင့် ကားတွင် ကင်မရာများ တပ်ဆင်ထားကြရန် တိုက်တွန်း ရေးသားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top