န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×





ပြုလုပ်နည်း







Credit:My Style

#Unicode Version#

ဆားဝက်ခြံပေါက်တာဟာ အလှပကြိုက်တဲ့သူတွေအတွက် အရမ်းကို စိတ်ရှုပ်စရာကောင်းလှပါတယ်။ သင့်အသားအရေကို ကြည်လင်မှုမရှိစေသလို မိမိကိုယ်ကိုယုံကြည်မှုလည်း လျော့စေပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ဆားဝက်ခြံတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

Baking Soda ( မုန့်ဖုတ်ဆိုဒါ) စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါထည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါဟာ ခြောက်သွေ့တဲ့ အသားအရေကို ကုသပေးနိုင်သလို အသားအရေပေါ်က ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပျားရည်နဲ့ သံပုယိုရည်ထည့်ပြီး မွှေလိုက်ပါ။ ပျားရည်က ဆဲလ်တွေကို ပြန်လည်ရှင်သန်စေပြီး၊ အညစ်အကြေးကို သန့်စင်ပေးပါတယ်။ အသားအရေကိုလည်း စိုပြေစေပါတယ်။

သံပုယိုရည်ကတော့ ဘက်တီးရီးယားကို သေစေနိုင်ပြီး အသားအရေကို ဖြူဝင်းလာစေမှာပါ။

ပါဝင်ပစ္စည်းတွေကို သေချာရောပြီး မွေပြီးရင်တော့ ဆားဝက်ခြံရှိတဲ့ နှာခေါင်းမှာလိမ်းပေးပြီး ၅ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။

ပြီး၇င် မိနစ် ၂၀ လေက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ရက်ခြားတစ်ခါ (သို့) တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လုပ်နိုင်ပါတယ်။

နှာခေါင်းမှာသာမက တခြား ဆားဝက်ခြံရှိတဲ့ နေရာတွေကိုပါ လိမ်းနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:My Style


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top