iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာင္းထိုင္ဘုန္းႀကီးက အမ်ိဳးသမီးတစ္ဦးကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္၊ ကိုယ္ဝန္ရွိလာမွ အမ်ိဳးသမီးက အမႈဖြင့္

မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ ဂံုညင္းႏြယ္ေက်းရြာအုပ္စု အလူးႀကီးေက်းရြာေန အမ်ိဳးသမီးတစ္ဦးအား အလူးႀကီးေက်ာင္းတိုက္ဆရာေတာ္က အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္သျဖင့္ အေရးယူေပးရန္ ေမ ၃၀ ရက္တြင္ နစ္နာသူအမ်ိဳးသမီးကိုယ္တိုင္ အမႈဖြင့္တိုင္ၾကားလိုက္ေၾကာင္း ဘီးလင္းၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

“တရားလို အမ်ိဳးသမီးဘက္ကေတာ့ သူ႔ကို ဘုန္းႀကီးက လြန္ခဲ့တဲ့ (၅) လေလာက္တည္းက အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္တယ္ဆိုၿပီး တိုင္တာေပါ့။ ကြ်န္ေတာ္တို႔ဆီ မတိုင္ခင္ကတည္းက ၿမိဳ႕နယ္သံဃနာယကအဖြဲ႔ကို တိုင္ထားေသးတယ္။ အမႈလာဖြင့္တဲ့အတြက္ ရဲလုပ္ထံုးလုပ္နည္းအတိုင္း စစ္ေဆးေဆာင္ရြက္သြားမယ္။ ဘုန္းႀကီးကိုေတာ့ ေလာေလာဆယ္ သံဃနာယကအဖြဲ႔က စစ္ေဆးေနေသးတဲ့အတြက္ မဖမ္းရေသးပါဘူး”ဟု ဘီးလင္းၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴး ေအာင္ဝင္းစိန္က ေျပာသည္။

ဝါေတာ္ (၃၇) ဝါႏွင့္ အသက္ (၅၇) ႏွစ္အရြယ္ရွိသူ အလူးႀကီးေက်ာင္းတိုက္ဆရာေတာ္ ဦးေတဇနိယ၊ လူအမည္ ဦးတင္ညႊန္႔သည္ ေက်းရြာေန အသက္ (၂၁) ႏွစ္ အရြယ္အမ်ိဳးသမီးထံ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလအတြင္းက ဖုန္းဆက္၍ ေက်ာင္းသို႔ ဆြမ္းခ်ိဳင့္ပို႔ခိုင္းသျဖင့္ သြားေရာက္ပို႔ေဆာင္ၿပီး ဆြမ္းစားေဆာင္မွျပန္ထြက္စဥ္ အလိုမတူဘဲ အဓမၼတစ္ႀကိမ္ျပဳက်င့္ခဲ့သည္။

ပထမအႀကိမ္ အဓမၼျပဳက်င့္ခံရၿပီး (၃) ရက္ခန္႔အၾကာတြင္ အေဒၚျဖစ္သူက ဆြမ္းခ်ိဳင္႔ထပ္မံပို႔ခိုင္းသျဖင့္ အေဒၚျဖစ္သူ၏ခိုင္းေစမႈအား မလြန္ဆန္ႏိုင္ေသာေၾကာင့္ သြားေရာက္ပို႔ေဆာင္စဥ္ ထပ္မံျပဳက်င့္ခဲ့သည့္အျပင္ ရြာအလွဴနာေရးရွိသျဖင့္ ဘုန္းႀကီးေက်ာင္းတြင္ ပစၥည္းမ်ား သြားေရာက္ငွားရမ္းစဥ္တြင္လည္း ေနာက္တစ္ႀကိမ္ ထပ္မံ ျပဳက်င့္ခဲ့သည္။

ထို႔အျပင္ ယင္းကဲ့သို႔ အဓမၼျပဳက်င့္ခံရမႈအား အျခားလူအား ျပန္မေျပာရန္ႏွင့္ ေျပာပါက သတ္ပစ္မည္ဟု ေက်ာင္းဒါယိကာ ဦးေပစိ(ခ)ဦးခ်စ္လွက ၿခိမ္းေျခာက္ေျပာဆိုထားသျဖင့္ မတိုင္ၾကားရဲဘဲရွိေနခဲ့ရာမွ လက္ရွိတြင္ ကိုယ္ဝန္ရွိလာေသာေၾကာင့္ အမ်ိဳးသမီးက ဆရာေတာ္ကုိ အမႈဖြင့္အေရးယူေပးပါရန္ လာေရာက္ တိုင္တန္းရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဘီးလင္းၿမိဳ႕မရဲစခန္းမွ (ပ)၂၃၄/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ /၅၀၆/ ၁၁၄ တုိ႔ျဖင့္ အမႈဖြင့္ထားၿပီးအမႈတြင္ ပါဝင္သူမ်ားကို ဖမ္းဆီးႏိုင္ေရး စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ျမင့္ထြန္း (shwemyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကျောင်းထိုင်ဘုန်းကြီးက အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိလာမှ အမျိုးသမီးက အမှုဖွင့်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဂုံညင်းနွယ်ကျေးရွာအုပ်စု အလူးကြီးကျေးရွာနေ အမျိုးသမီးတစ်ဦးအား အလူးကြီးကျောင်းတိုက်ဆရာတော်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သဖြင့် အရေးယူပေးရန် မေ ၃၀ ရက်တွင် နစ်နာသူအမျိုးသမီးကိုယ်တိုင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ဘီးလင်းမြို့မရဲစခန်းမှ သိရှိရသည်။

“တရားလို အမျိုးသမီးဘက်ကတော့ သူ့ကို ဘုန်းကြီးက လွန်ခဲ့တဲ့ (၅) လလောက်တည်းက အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်တယ်ဆိုပြီး တိုင်တာပေါ့။ ကျွန်တော်တို့ဆီ မတိုင်ခင်ကတည်းက မြို့နယ်သံဃနာယကအဖွဲ့ကို တိုင်ထားသေးတယ်။ အမှုလာဖွင့်တဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးဆောင်ရွက်သွားမယ်။ ဘုန်းကြီးကိုတော့ လောလောဆယ် သံဃနာယကအဖွဲ့က စစ်ဆေးနေသေးတဲ့အတွက် မဖမ်းရသေးပါဘူး”ဟု ဘီးလင်းမြို့မရဲစခန်းမှ ဒုရဲမှူး အောင်ဝင်းစိန်က ပြောသည်။

ဝါတော် (၃၇) ဝါနှင့် အသက် (၅၇) နှစ်အရွယ်ရှိသူ အလူးကြီးကျောင်းတိုက်ဆရာတော် ဦးတေဇနိယ၊ လူအမည် ဦးတင်ညွှန့်သည် ကျေးရွာနေ အသက် (၂၁) နှစ် အရွယ်အမျိုးသမီးထံ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖုန်းဆက်၍ ကျောင်းသို့ ဆွမ်းချိုင့်ပို့ခိုင်းသဖြင့် သွားရောက်ပို့ဆောင်ပြီး ဆွမ်းစားဆောင်မှပြန်ထွက်စဉ် အလိုမတူဘဲ အဓမ္မတစ်ကြိမ်ပြုကျင့်ခဲ့သည်။

ပထမအကြိမ် အဓမ္မပြုကျင့်ခံရပြီး (၃) ရက်ခန့်အကြာတွင် အဒေါ်ဖြစ်သူက ဆွမ်းချိုင့်ထပ်မံပို့ခိုင်းသဖြင့် အဒေါ်ဖြစ်သူ၏ခိုင်းစေမှုအား မလွန်ဆန်နိုင်သောကြောင့် သွားရောက်ပို့ဆောင်စဉ် ထပ်မံပြုကျင့်ခဲ့သည့်အပြင် ရွာအလှူနာရေးရှိသဖြင့် ဘုန်းကြီးကျောင်းတွင် ပစ္စည်းများ သွားရောက်ငှားရမ်းစဉ်တွင်လည်း နောက်တစ်ကြိမ် ထပ်မံ ပြုကျင့်ခဲ့သည်။

ထို့အပြင် ယင်းကဲ့သို့ အဓမ္မပြုကျင့်ခံရမှုအား အခြားလူအား ပြန်မပြောရန်နှင့် ပြောပါက သတ်ပစ်မည်ဟု ကျောင်းဒါယိကာ ဦးပေစိ(ခ)ဦးချစ်လှက ခြိမ်းခြောက်ပြောဆိုထားသဖြင့် မတိုင်ကြားရဲဘဲရှိနေခဲ့ရာမှ လက်ရှိတွင် ကိုယ်ဝန်ရှိလာသောကြောင့် အမျိုးသမီးက ဆရာတော်ကို အမှုဖွင့်အရေးယူပေးပါရန် လာရောက် တိုင်တန်းရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘီးလင်းမြို့မရဲစခန်းမှ (ပ)၂၃၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ /၅၀၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီးအမှုတွင် ပါဝင်သူများကို ဖမ်းဆီးနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်မြင့်ထွန်း (shwemyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top