န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အစပိုင္းမွာေတာ့ ဦးေလးေတြက တအိမ္တည္း အတူေနတဲ့ တူမျဖစ္သူကို ခ်စ္စရာေကာင္းလို႔ဆိုၿပီး ပါးကိုဆြဲလိမ္တာ၊ နမ္းတာေတြ ျပဳလုပ္ေလ့ရွိၿပီး ေနာက္ပိုင္းသူမရဲ႕ ခႏၶာကိုယ္ကို ထိတာ၊ ကိုင္တာကေန လိင္ပိုင္း ဆိုင္ရာ က်ဴးလြန္မႈအထိ ျပဳလုပ္လာပါတယ္။

“က်မက အဲဒီလိုကိုင္တာေတြကို မႀကိဳက္ဘူးလို႔ အေဒၚကိုျပန္ေျပာျပတယ္။ ဒါေပမယ့္ အေဒၚက ကိုယ့္ဦးေလး ေတြပဲ ကိုင္ပါေစ၊ ဘာျဖစ္လဲဆိုၿပီး ျပန္ေျပာတယ္။ တႀကိမ္မွာ က်မအိပ္ယာက ႏိုးလာေတာ့ က်မရဲ႕မိန္းမကိုယ္ က အရမ္းနာေနၿပီး စပ္ေနတာ။ က်မေၾကာက္ၿပီး ထိုင္ေတာင္မထိုင္ရဲဘူး။ တအိမ္လုံး ပတ္ေျပးၿပီး ေအာ္ေနခဲ့ရတယ္” ေဒၚအိအိျဖဴက သူငယ္စဥ္က ႀကဳံေတြ႕ခဲ့ရတာေတြကို ေျပာျပခဲ့တာပါ။

ေဒၚအိအိျဖဴက အခုခ်ိန္မွာ သမီးႏွစ္ေယာက္ရဲ႕ မိခင္ျဖစ္ၿပီး သူမဟာ ငယ္စဥ္က ဦးေလးအရင္းသုံးေယာက္ ရဲ႕ အဓမၼျပဳက်င့္မႈကို ခံခဲ့ရသူတဦးျဖစ္ပါတယ္။ မိဘႏွစ္ပါး စီးပြားရွာထြက္ေနခ်ိန္ သမီးကို ယုံၾကည္ရတဲ့ ေဆြမ်ိဳး ေမာင္ႏွမေတြ အိမ္မွာထားခဲ့ရာကေန စတင္ၿပီး ဦးေလးျဖစ္သူေတြက အခြင့္အေရးယူ၊ က်ဴးလြန္ခဲ့ၾကတာျဖစ္ ပါတယ္။

“က်မငယ္ငယ္က အေဒၚနဲ႔အတူေနတာ။ ညအိပ္ရင္ အေဒၚနဲ႔အတူအိပ္ေပမယ့္ မနက္ေရာက္ရင္ ဦးေလး ေတြရဲ႕ အိပ္ယာထဲ ေရာက္ေနတယ္။ က်မ ၆ ႏွစ္ေလာက္ အ႐ြယ္ေလာက္တည္းက ဦးေလးေတြရဲ႕ အဓမၼျပဳက်င့္ တာကို ခံခဲ့ရတယ္” လို႔ ေဒၚအိအိျဖဴက ျပန္ရွင္းျပပါတယ္။

အစပိုင္းမွာေတာ့ ဦးေလးေတြက တအိမ္တည္း အတူေနတဲ့ တူမျဖစ္သူကို ခ်စ္စရာေကာင္းလို႔ဆိုၿပီး ပါးကိုဆြဲလိမ္တာ၊ နမ္းတာေတြ ျပဳလုပ္ေလ့ရွိၿပီး ေနာက္ပိုင္းသူမရဲ႕ ခႏၶာကိုယ္ကို ထိတာ၊ ကိုင္တာကေန လိင္ပိုင္း ဆိုင္ရာ က်ဴးလြန္မႈအထိ ျဖစ္လာခဲ့တာပါ။

သက္ငယ္မုဒိန္းလို႔ ေျပာလိုက္ရင္ သူစိမ္းအမ်ိဳးသား တေယာက္က မိန္းကေလးငယ္ တေယာက္ကို အဓမၼ ျပဳက်င့္တယ္လို႔ ျမင္တတ္ၾကပါတယ္။ ဒါေပမယ့္ ေဒၚအိအိျဖဴလို ဦးေလးအရင္းေတြရဲ႕ မုဒိန္းက်င့္ခံရတာ ေတြရွိသလို တျခားရင္းႏွီးတဲ့ ေဆြမ်ိဳးနီးစပ္ ေတာ္သူေတြရဲ႕ မုဒိန္းက်င့္တာကို ခံေနရတဲ့ မိန္းကေလးေတြလည္း အမ်ားအျပား ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ သက္ငယ္မုဒိမ္းမႈဟာ ၂၀၁၆ ခုႏွစ္က ၆၇၁ မႈ ရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ ၂၂၆ မႈ တိုးပြားလာ တယ္လို႔ဆိုတဲ့ အတြက္ ၈၉၇ မႈ ရွိေနပါတယ္။ ဒါေၾကာင့္မို႔ ၂၀၁၇ ခုႏွစ္အတြင္းမွာ သက္ငယ္မုဒိမ္းမႈဟာ တရက္ကို အနည္းဆုံး ၂ မႈျဖစ္ပြားေနတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားခ်က္အရ သိရပါတယ္။

သက္ငယ္မုဒိန္းမႈေတြထဲမွာ ပေထြး၊ အေဖအရင္း၊ ဦးေလး၊ အစ္ကို၊ ဆရာစတဲ့ ေဆြမ်ိဳးအသိုင္းအဝိုင္းနဲ႔ ရင္းႏွီးကြၽမ္းဝင္သူေတြ၊ ယုံၾကည္အားကိုးရတဲ့ သူေတြရဲ႕ က်ဴးလြန္မႈေတြဟာ သူစိမ္းက က်ဴးလြန္တာထက္ ပိုမို မ်ားျပားေနတာကိုလည္း စစ္တမ္းေတြအရ သိရပါတယ္။

ေဒၚအိအိျဖဴကေတာ့ သူမႀကဳံေတြ႕ခဲ့ရသလို သမီးေတြကို မျဖစ္ေစလိုတာေၾကာင့္ မိခင္တေယာက္ အေနနဲ႔ ကေလးေတြရဲ႕ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး မထိသင့္၊ မကိုင္သင့္၊ မျပသင့္တဲ့ အစိတ္အပိုင္းေတြ အေၾကာင္းကို သင္ၾကား ထားေပးတယ္လို႔ ဆိုပါတယ္။

သူက ကေလးေတြကို ကိုယ့္မိခင္မဟုတ္ပဲ တျခားသူေတြက ခႏၶာကိုယ္ကို ထိတာကိုင္တာျပဳလုပ္လာၿပီဆို ရင္ မိခင္ကို ခ်က္ခ်င္းလာေျပာဖို႔၊ ကေလးေတြကိုယ္တိုင္ကာကြယ္တတ္ဖို႔၊ ကိုယ့္ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္ အပိုင္းေတြက ဘယ္လို တန္ဖိုးရွိတယ္၊ ဘယ္လိုက်န္းမာေအာင္ ေနရမယ္၊ စတဲ့လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ တာေတြကို နားလည္ေအာင္ ေျပာျပထားပါတယ္။

လိင္ပိုင္းဆိုင္ရာ ပညာေပး (Sex Education) ဆိုတာဟာ ဖိုမဆက္ဆံတာတခုထဲ မဟုတ္ပဲ မိန္းက ေလးေရာ ေယာက်္ားေလးေရာ သိသင့္သိထိုက္တဲ့ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ ေတြ၊ ခႏၶာကိုယ္ ဖြံၿဖိဳးလာပုံနဲ႔ ဆက္စပ္ၿပီး ကိုယ့္ခႏၶာကိုယ္ကို ဘယ္လိုက်န္းမာေအာင္ ေနထိုင္ရမလဲ၊ ကိုယ့္ခႏၶာ ကိုယ္ေပၚမွာ မိခင္ကလြဲရင္ တျခားသူေတြ မထိသင့္၊ မကိုင္သင့္တဲ့ အစိတ္ပိုင္းေတြ ရွိတဲ့အေၾကာင္း၊ ကိုယ့္ခႏၶာ ကိုယ္ကို တန္ဖိုးထားတတ္ဖို႔နဲ႔ ကိုယ့္ခႏၶာကိုယ္ကို တပါးသူလာေရာက္ ထိပါးရင္ ဘယ္လိုတုန႔္ျပန္ျပဳမူေျပာဆိုရ မလဲဆိုတဲ့ ေဆြးေႏြးမႈေတြကို အသက္ အ႐ြယ္လိုက္ သင္ၾကားေပးတာေတြကို ဆိုလိုတာပါ။

“ကေလးေတြကို ဒါဟာ လိင္လို႔လည္း သိစရာမလိုဘူး။ ဒီအဂၤါေတြဟာ သားသားတို႔ မီးမီးတို႔ပိုင္တဲ့ အဂၤါေတြ ျဖစ္တယ္ဆိုတာကို သင္ၾကားရမယ္။ အဲ့ဒါေတြကို လာကိုင္တဲ့လူေတြရွိလာရင္ ဘယ္လိုမ်ိဳး ျငင္းဆန္ရမလဲ၊ ဘာလို႔ျငင္းရမလဲ၊ ၿပီးရင္ ေမေမ ေဖေဖကို ဘယ္လိုမ်ိဳး ျပန္ေျပာျပရမလဲ၊ အဲဒါေတြ သင္ထားေပးတာဟာ လိင္ပညာေပးေတြပါ” လို႔ သက္ငယ္မုဒိမ္းနဲ႔ လိင္ပညာေပးအေၾကာင္း ဆက္စပ္မႈကို အခရာအမ်ိဳးသမီးအဖြဲ႕ တည္ေထာင္သူ မထားထားက ေျပာပါတယ္။

သက္ငယ္မုဒိမ္းမႈေတြ ေလ်ာ့က်ဖို႔အတြက္ တဖက္မွာ ဥပေဒနဲ႔ တားဆီးကာကြယ္ရမွာျဖစ္သလို တဖက္ မွာလည္း ေက်ာင္းပညာေရးမွာ လိင္ပိုင္းဆိုင္ရာနဲ႔ မ်ိဳးဆက္ပြားက်န္းမာေရးဆိုင္ရာ အသိပညာေတြကို သင္ ၾကားေပးဖို႔ လိုအပ္ေနတယ္လို႔ေထာက္ျပေျပာဆိုလာၾကတာပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ အစဥ္အလာ ယဥ္ေက်းမႈေတြအရ ကေလးနဲ႔မိဘအၾကား လိင္ကိစၥအေၾကာင္း ေျပာရမွာကို ရွက္စရာလို႔ သေဘာထားၾကပါတယ္။ ဒါေၾကာင့္လည္း လိင္ပညာေပး (Sex education) လို႔ ေျပာလိုက္ရင္ ဖိုမဆက္ဆံတာကိုပဲ ျမင္ၾကေလ့ရွိပါတယ္။

လိင္ပညာေပးဆိုတာ လိင္ဆက္ဆံနည္းကို သင္ၾကားေပးတာမဟုတ္ပဲ လိင္ပိုင္းဆိုင္ရာအႏိုင္က်င့္ေစာ္ ကားမႈေတြ ေလ်ာ့က်ေအာင္၊ ဆယ္ေက်ာ္သက္ အ႐ြယ္မိန္းကေလးေတြ အ႐ြယ္မတိုင္ခင္ ကိုယ္ဝန္ေဆာင္မႈေလ်ာ့ က်ေအာင္၊ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ပတ္သက္ၿပီး အသိရွိေအာင္၊ လိင္ကေနတဆင့္ ကူးစက္တတ္တဲ့ေရာဂါ ေတြအေၾကာင္း သိရွိနားလည္ၿပီး ႀကိဳတင္ ကာကြယ္ႏိုင္ေအာင္၊ စတဲ့ရည္႐ြယ္ခ်က္ေတြရွိတာျဖစ္လို႔ လိင္ပညာ ေပးဟာ မျဖစ္မေန သင္ၾကားဖို႔လိုအပ္ေနတာပါ။

လိင္ပညာေပး (Sex education) ဆိုရာမွာ ကိုယ့္ကေလးရဲ႕ အသက္ အ႐ြယ္အလိုက္ နားလည္သိရွိႏိုင္ မယ့္ စကားလုံး အသုံးအႏႈန္းမ်ိဳး ေ႐ြးခ်ယ္ေျပာျပတတ္ဖို႔လိုၿပီး ဆယ္ေက်ာ္သက္ အ႐ြယ္မွာလည္း သူတို႔ သိသင့္ တာေတြကို ေ႐ြးခ်ယ္ေျပာျပတတ္ဖို႔လည္း အေရးႀကီးပါတယ္။

သားသမီး ၃ ေယာက္ရဲ႕ မိခင္လည္းျဖစ္သူ မထားထားကေတာ့ စာသင္ေက်ာင္းေတြမွာ လိင္ပညာေရးနဲ႔ ပတ္သက္ၿပီး သင္ၾကား ေပးေစလိုေပမယ့္ ေက်ာင္းသားေက်ာင္းသူေတြထက္ သူတို႔ရဲ႕မိဘေတြကလည္း လိင္ ပညာေပးနဲ႔ ပတ္သက္ၿပီး သိရွိထားဖို႔ က အေရးႀကီးတယ္လို႔ ဆိုပါတယ္။

“ဆရာမေတြကို ေသေသခ်ာခ်ာ နားလည္ေအာင္၊ ေျပာရဲေအာင္၊ သင္တန္းေပးရမယ္။ သူတို႔အဆင္ေျပ ၿပီးေတာ့ သူတို႔သင္ဖို႔အတြက္ အဆင္သင့္ျဖစ္သြားမွ၊ ၿပီးရင္ မိဘေတြကိုလည္း ပညာေပးရမယ္။ ဒီကေလး တေယာက္က ေက်ာင္းမွာ တခုခုၾကား လာလို႔ အိမ္မွာျပန္ေမးရင္ အေမအေဖေတြက ေက်ာင္းမွာဘာေတြသင္ တာလဲဆိုတာ ျဖစ္မယ္။ ဥပမာ မိန္းကေလးအဂၤါအေၾကာင္းကို သင္တယ္၊ ဒါကိုအိမ္မွာ ကေလးက ျပန္ေျပာ မယ္ဆိုရင္ အိမ္မွာေတာင္ ဒီအေၾကာင္းေတြ မေျပာဘူး။ ေက်ာင္းမွာ ဘာေတြေျပာေနတာလဲ။ ဘာေတြသင္တာ လဲဆိုတဲ့ စိုးရိမ္စိတ္ေတြျဖစ္ၾကမယ္ဆိုေတာ့ မိဘေတြ နားလည္ထားမွျဖစ္မွာ” လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္ကစတင္ၿပီး အေျခခံပညာအလယ္တန္းျဖစ္တဲ့ ၇ တန္း ကေန အထက္တန္းျဖစ္တဲ့ ၁၀ တန္းအထိ စတင္သင္ၾကား ေပးေနတယ္လို႔ဆိုပါတယ္။

လိင္ပညာေပးကို ၇ တန္းအ႐ြယ္မွ သင္ၾကားေပးတာဟာ ေနာက္က်တယ္လို႔ ယူဆထားေပမယ့္ တ ဖက္မွာလည္း လိင္ကိစၥကို ရွက္စရာလို႔ ခံယူထားတဲ့ အသိုင္းအဝိုင္းထဲမွာ ခ်က္ခ်င္းဆိုသလို သင္ၾကားေပး လိုက္တာဟာလည္း သင္ၾကားရတဲ့ဆရာ၊ ဆရာမေတြ အတြက္ အခက္ခဲျဖစ္ေစသလို သင္ၾကားခံရတဲ့ ကေလး ေတြအတြက္လည္း အဆင္မေျပ ျဖစ္ေစၿပီး မိဘေတြရဲ႕ စိုးရိမ္ပူပန္မႈေတြ ကလည္း ရွိေနပါတယ္။

မိဘေတြအေနနဲ႔ ကေလးေတြ လိင္ကိစၥကို သိရွိၿပီး စမ္းသပ္လိုစိတ္ေတြျဖစ္လာမွာကိုလည္း စိုးရိမ္ပူပန္ေနၾက ေပမယ့္ ေနာက္လာမယ့္ မ်ိဳးဆက္ေတြအတြက္ေတာ့ အက်ိဳးရွိတဲ့အေၾကာင္း အရာျဖစ္လို႔ သင္ၾကားတာကို အား ေပးတယ္လို႔ မိခင္အခ်ိဳ႕က ဆိုပါတယ္။

“အထူးသျဖင့္ ဆယ္ေက်ာ္သက္ အ႐ြယ္ေတြမွာ စမ္းသပ္ခ်င္လာတယ္။ မွားယြင္းၿပီးေတာ့မ်ား စမ္းသပ္ၾကမလားလို႔ စိတ္ပူမိတယ္။ ဒါေပမယ့္ ေသေသခ်ာခ်ာ ျပန္စဥ္းစားၾကည့္လိုက္တဲ့ အခ်ိန္မွာ သူတို႔က သိသိ မသိသိ စမ္းခ်င္တဲ့ လူကေတာ့ စမ္းမွာပဲ။ အဲဒီေတာ့ ဒါကိုပညာေရးပိုင္းမွာ စနစ္တက်ထည့္ထားမယ္။ ဥပမာ အစ္မ ေလ့လာထားမႈ အရ ဘယ္အ႐ြယ္ကေနစၿပီး သူတို႔ကို အဆင့္လိုက္ ႀကီးထြားတဲ့ အသက္အ႐ြယ္အရ သူ႔ရဲ႕အကန႔္ အသတ္ အရ သင္ေပးထားမယ္ဆိုရင္ေတာ့ ဒါအရမ္းေကာင္းတဲ့ အရာျဖစ္တယ္” လို႔ မိခင္တဦးျဖစ္သူ နန႔္သဇင္မင္းက ေျပာပါတယ္။

အခုလိုသင္ၾကားေပးျခင္းအားျဖင့္ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အသိပညာရရွိသြားမွာ ျဖစ္သလို က်ားမ အေျချပဳ အၾကမ္းဖက္မႈ ေတြကလည္း ေလ်ာ့က်သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေတြအျပင္ ေနာက္ဆက္တြဲ အေနနဲ႔ ေစာစီးစြာ အိမ္ေထာင္ျပဳမႈေတြ၊ အဆင္သင့္မျဖစ္ေသးတဲ့ အ႐ြယ္မွာ ကိုယ္ဝန္ ေဆာင္မႈေတြ၊ ေလ်ာ့က် သြားမွာျဖစ္ၿပီး ႏွစ္စဥ္မီးဖြားၿပီး ေသဆုံးေနတဲ့ မိခင္အေရအတြက္ဟာလည္း ေလ်ာ့နည္းသြားမွာ ျဖစ္တယ္လို႔ ဆယ္ေက်ာ္သက္ မိန္းကေလးေတြကို စြမ္းရည္ျမင့္တင္ေရးေတြ လုပ္ေဆာင္ေပးေနတဲ့ ေရာင္စုံမိန္းကေလးမ်ား အဖြဲ႕ရဲ႕ ညႇိႏႈိင္းေရးမႉး နန႔္သဇင္မင္းက ေျပာပါတယ္။

ၿပီးျပည့္စုံတဲ့ လိင္ပညာေပးဆိုတာ အေျခခံအခ်က္ ၃ ခ်က္ရွိတယ္လို႔ ဆိုပါတယ္။ ပထ မတခ်က္ ကေတာ့ ခႏၶာေဗဒဆိုင္ရာ သင္ၾကားေပးမႈျဖစ္ၿပီး ေနာက္တခ်က္ ကေတာ့ ဒီခႏၶာေတြနဲ႔ ပတ္သက္ၿပီး ထိန္းသိမ္းပုံ၊ က်ားမ ဆက္ဆံေရး အခန္းက႑နဲ႔ ေနာက္ဆုံး တခ်က္ကေတာ့ ကိုယ့္ႏိုင္ငံအတြင္း ကိုယ့္ေဒသအတြင္း ျဖစ္ပ်က္ေနတဲ့ အျဖစ္အပ်က္ေတြ၊ ဓေလ့ အယူ အဆေတြကို ျပန္လည္ရွင္းလင္းတဲ့ အပိုင္းတို႔ ပါဝင္ပါ တယ္။

အခုခ်ိန္မွာေတာ့ လိင္ပိုင္းဆိုင္ရာ ပညာေပးဆိုရင္ ပထမတခ်က္ျဖစ္တဲ့ ခႏၶာေဗဒဆိုင္ရာကိုသာ အားစိုက္ သင္ၾကား ေပးေနတာျဖစ္ၿပီး ကိုယ့္ေဒသတြင္း ယဥ္ေက်းမႈဆိုင္ရာ က်ားမခြဲျခားထားတဲ့ အတားအဆီးေတြ ကို ျပန္လည္သုံးသပ္ ရွင္းလင္းတဲ့ အပိုင္းမွာေတာ့ အားနည္း ေနေသးတယ္လို႔သိရပါတယ္။

အခုလို တျဖည္းျဖည္း ပိုမိုတိုးပြားလာတဲ့ က်ားမ အေျချပဳ အၾကမ္းဖက္မႈေတြ၊ မုဒိန္းမႈေတြ ေလ်ာ့က်ဖို႔ အတြက္ လိင္ပညာေပးကို ဆယ္ေက်ာ္သက္ အ႐ြယ္ေရာက္မွ သင္ၾကားေပးတာထက္ ဆယ္ႏွစ္ေအာက္ကေလး ေတြမွာလည္း လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ ရွိေနတာေၾကာင့္ မူလတန္းအ႐ြယ္ကတည္း သိသင့္တာေတြကို သင္ၾကားေပးျခင္းဟာ သက္ငယ္မုဒိန္းမႈေတြ ေလ်ာ့က်ေစဖို႔ အတြက္ အေရးႀကီးတဲ့ နည္းလမ္းတခုျဖစ္တယ္လို႔ အမ်ိဳးသမီးမ်ားအၾကမ္းဖက္မႈ ပေပ်ာက္ေရး လႈပ္ရွားေနသူေတြက ေျပာဆိုၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy
# UniCode Version ဖြင့်ဖတ်ရန် #
အစပိုင်းမှာတော့ ဦးလေးတွေက တအိမ်တည်း အတူနေတဲ့ တူမဖြစ်သူကို ချစ်စရာကောင်းလို့ဆိုပြီး ပါးကိုဆွဲလိမ်တာ၊ နမ်းတာတွေ ပြုလုပ်လေ့ရှိပြီး နောက်ပိုင်းသူမရဲ့ ခန္ဓာကိုယ်ကို ထိတာ၊ ကိုင်တာကနေ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုအထိ  ပြုလုပ်လာပါတယ်။

“ကျမက အဲဒီလိုကိုင်တာတွေကို မကြိုက်ဘူးလို့ အဒေါ်ကိုပြန်ပြောပြတယ်။ ဒါပေမယ့် အဒေါ်က ကိုယ့်ဦးလေး တွေပဲ ကိုင်ပါစေ၊ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတယ်။ တကြိမ်မှာ ကျမအိပ်ယာက နိုးလာတော့ ကျမရဲ့မိန်းမကိုယ် က အရမ်းနာနေပြီး စပ်နေတာ။ ကျမကြောက်ပြီး ထိုင်တောင်မထိုင်ရဲဘူး။ တအိမ်လုံး ပတ်ပြေးပြီး အော်နေခဲ့ရတယ်”
ဒေါ်အိအိဖြူက သူငယ်စဉ်က ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့တာပါ။

ဒေါ်အိအိဖြူက အခုချိန်မှာ သမီးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး သူမဟာ ငယ်စဉ်က ဦးလေးအရင်းသုံးယောက် ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသူတဦးဖြစ်ပါတယ်။ မိဘနှစ်ပါး စီးပွားရှာထွက်နေချိန် သမီးကို ယုံကြည်ရတဲ့ ဆွေမျိုး မောင်နှမတွေ အိမ်မှာထားခဲ့ရာကနေ စတင်ပြီး ဦးလေးဖြစ်သူတွေက အခွင့်အရေးယူ၊ ကျူးလွန်ခဲ့ကြတာဖြစ် ပါတယ်။

“ကျမငယ်ငယ်က အဒေါ်နဲ့အတူနေတာ။ ညအိပ်ရင် အဒေါ်နဲ့အတူအိပ်ပေမယ့် မနက်ရောက်ရင် ဦးလေး တွေရဲ့ အိပ်ယာထဲ ရောက်နေတယ်။ ကျမ ၆ နှစ်လောက် အရွယ်လောက်တည်းက ဦးလေးတွေရဲ့ အဓမ္မပြုကျင့် တာကို ခံခဲ့ရတယ်” လို့ ဒေါ်အိအိဖြူက ပြန်ရှင်းပြပါတယ်။

အစပိုင်းမှာတော့ ဦးလေးတွေက တအိမ်တည်း အတူနေတဲ့ တူမဖြစ်သူကို ချစ်စရာကောင်းလို့ဆိုပြီး ပါးကိုဆွဲလိမ်တာ၊ နမ်းတာတွေ ပြုလုပ်လေ့ရှိပြီး နောက်ပိုင်းသူမရဲ့ ခန္ဓာကိုယ်ကို ထိတာ၊ ကိုင်တာကနေ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုအထိ ဖြစ်လာခဲ့တာပါ။

သက်ငယ်မုဒိန်းလို့ ပြောလိုက်ရင် သူစိမ်းအမျိုးသား တယောက်က မိန်းကလေးငယ် တယောက်ကို အဓမ္မ ပြုကျင့်တယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အိအိဖြူလို ဦးလေးအရင်းတွေရဲ့ မုဒိန်းကျင့်ခံရတာ တွေရှိသလို တခြားရင်းနှီးတဲ့ ဆွေမျိုးနီးစပ် တော်သူတွေရဲ့ မုဒိန်းကျင့်တာကို ခံနေရတဲ့ မိန်းကလေးတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဟာ ၂၀၁၆ ခုနှစ်က ၆၇၁ မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၂၂၆ မှု တိုးပွားလာ တယ်လို့ဆိုတဲ့ အတွက် ၈၉၇ မှု ရှိနေပါတယ်။ ဒါကြောင့်မို့ ၂၀၁၇ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုဟာ တရက်ကို အနည်းဆုံး ၂ မှုဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

သက်ငယ်မုဒိန်းမှုတွေထဲမှာ ပထွေး၊ အဖေအရင်း၊ ဦးလေး၊ အစ်ကို၊ ဆရာစတဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ယုံကြည်အားကိုးရတဲ့ သူတွေရဲ့ ကျူးလွန်မှုတွေဟာ သူစိမ်းက ကျူးလွန်တာထက် ပိုမို များပြားနေတာကိုလည်း စစ်တမ်းတွေအရ သိရပါတယ်။

ဒေါ်အိအိဖြူကတော့ သူမကြုံတွေ့ခဲ့ရသလို သမီးတွေကို မဖြစ်စေလိုတာကြောင့် မိခင်တယောက် အနေနဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး မထိသင့်၊ မကိုင်သင့်၊ မပြသင့်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို သင်ကြား ထားပေးတယ်လို့ ဆိုပါတယ်။

သူက ကလေးတွေကို ကိုယ့်မိခင်မဟုတ်ပဲ တခြားသူတွေက ခန္ဓာကိုယ်ကို ထိတာကိုင်တာပြုလုပ်လာပြီဆို ရင် မိခင်ကို ချက်ချင်းလာပြောဖို့၊ ကလေးတွေကိုယ်တိုင်ကာကွယ်တတ်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းတွေက ဘယ်လို တန်ဖိုးရှိတယ်၊ ဘယ်လိုကျန်းမာအောင် နေရမယ်၊ စတဲ့လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက် တာတွေကို နားလည်အောင် ပြောပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ပညာပေး (Sex Education) ဆိုတာဟာ ဖိုမဆက်ဆံတာတခုထဲ မဟုတ်ပဲ မိန်းက လေးရော ယောကျ်ားလေးရော သိသင့်သိထိုက်တဲ့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ၊ ခန္ဓာကိုယ် ဖွံဖြိုးလာပုံနဲ့ ဆက်စပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲ၊ ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ မိခင်ကလွဲရင် တခြားသူတွေ မထိသင့်၊ မကိုင်သင့်တဲ့ အစိတ်ပိုင်းတွေ ရှိတဲ့အကြောင်း၊ ကိုယ့်ခန္ဓာ ကိုယ်ကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်ကို တပါးသူလာရောက် ထိပါးရင် ဘယ်လိုတုန့်ပြန်ပြုမူပြောဆိုရ မလဲဆိုတဲ့ ဆွေးနွေးမှုတွေကို အသက် အရွယ်လိုက် သင်ကြားပေးတာတွေကို ဆိုလိုတာပါ။

“ကလေးတွေကို ဒါဟာ လိင်လို့လည်း သိစရာမလိုဘူး။ ဒီအင်္ဂါတွေဟာ သားသားတို့ မီးမီးတို့ပိုင်တဲ့ အင်္ဂါတွေ ဖြစ်တယ်ဆိုတာကို သင်ကြားရမယ်။ အဲ့ဒါတွေကို လာကိုင်တဲ့လူတွေရှိလာရင် ဘယ်လိုမျိုး ငြင်းဆန်ရမလဲ၊ ဘာလို့ငြင်းရမလဲ၊ ပြီးရင် မေမေ ဖေဖေကို ဘယ်လိုမျိုး ပြန်ပြောပြရမလဲ၊ အဲဒါတွေ သင်ထားပေးတာဟာ လိင်ပညာပေးတွေပါ” လို့ သက်ငယ်မုဒိမ်းနဲ့ လိင်ပညာပေးအကြောင်း ဆက်စပ်မှုကို အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့အတွက် တဖက်မှာ ဥပဒေနဲ့ တားဆီးကာကွယ်ရမှာဖြစ်သလို တဖက် မှာလည်း ကျောင်းပညာရေးမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေကို သင် ကြားပေးဖို့ လိုအပ်နေတယ်လို့ထောက်ပြပြောဆိုလာကြတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အစဉ်အလာ ယဉ်ကျေးမှုတွေအရ ကလေးနဲ့မိဘအကြား လိင်ကိစ္စအကြောင်း ပြောရမှာကို ရှက်စရာလို့ သဘောထားကြပါတယ်။ ဒါကြောင့်လည်း လိင်ပညာပေး (Sex education) လို့ ပြောလိုက်ရင် ဖိုမဆက်ဆံတာကိုပဲ မြင်ကြလေ့ရှိပါတယ်။

လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ကြားပေးတာမဟုတ်ပဲ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော် ကားမှုတွေ လျော့ကျအောင်၊ ဆယ်ကျော်သက် အရွယ်မိန်းကလေးတွေ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှုလျော့ ကျအောင်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိရှိအောင်၊ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါ တွေအကြောင်း သိရှိနားလည်ပြီး ကြိုတင် ကာကွယ်နိုင်အောင်၊ စတဲ့ရည်ရွယ်ချက်တွေရှိတာဖြစ်လို့ လိင်ပညာ ပေးဟာ မဖြစ်မနေ သင်ကြားဖို့လိုအပ်နေတာပါ။

လိင်ပညာပေး (Sex education) ဆိုရာမှာ ကိုယ့်ကလေးရဲ့ အသက် အရွယ်အလိုက် နားလည်သိရှိနိုင် မယ့် စကားလုံး အသုံးအနှုန်းမျိုး ရွေးချယ်ပြောပြတတ်ဖို့လိုပြီး ဆယ်ကျော်သက် အရွယ်မှာလည်း သူတို့ သိသင့် တာတွေကို ရွေးချယ်ပြောပြတတ်ဖို့လည်း အရေးကြီးပါတယ်။

သားသမီး ၃ ယောက်ရဲ့ မိခင်လည်းဖြစ်သူ မထားထားကတော့ စာသင်ကျောင်းတွေမှာ လိင်ပညာရေးနဲ့ ပတ်သက်ပြီး သင်ကြား ပေးစေလိုပေမယ့် ကျောင်းသားကျောင်းသူတွေထက် သူတို့ရဲ့မိဘတွေကလည်း လိင် ပညာပေးနဲ့ ပတ်သက်ပြီး သိရှိထားဖို့ က အရေးကြီးတယ်လို့ ဆိုပါတယ်။

“ဆရာမတွေကို သေသေချာချာ နားလည်အောင်၊ ပြောရဲအောင်၊ သင်တန်းပေးရမယ်။ သူတို့အဆင်ပြေ ပြီးတော့ သူတို့သင်ဖို့အတွက် အဆင်သင့်ဖြစ်သွားမှ၊ ပြီးရင် မိဘတွေကိုလည်း ပညာပေးရမယ်။ ဒီကလေး တယောက်က ကျောင်းမှာ တခုခုကြား လာလို့ အိမ်မှာပြန်မေးရင် အမေအဖေတွေက ကျောင်းမှာဘာတွေသင် တာလဲဆိုတာ ဖြစ်မယ်။ ဥပမာ မိန်းကလေးအင်္ဂါအကြောင်းကို သင်တယ်၊ ဒါကိုအိမ်မှာ ကလေးက ပြန်ပြော မယ်ဆိုရင် အိမ်မှာတောင် ဒီအကြောင်းတွေ မပြောဘူး။ ကျောင်းမှာ ဘာတွေပြောနေတာလဲ။ ဘာတွေသင်တာ လဲဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်ကြမယ်ဆိုတော့ မိဘတွေ နားလည်ထားမှဖြစ်မှာ” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး အခြေခံပညာအလယ်တန်းဖြစ်တဲ့ ၇ တန်း ကနေ အထက်တန်းဖြစ်တဲ့ ၁၀ တန်းအထိ စတင်သင်ကြား ပေးနေတယ်လို့ဆိုပါတယ်။

လိင်ပညာပေးကို ၇ တန်းအရွယ်မှ သင်ကြားပေးတာဟာ နောက်ကျတယ်လို့ ယူဆထားပေမယ့် တ ဖက်မှာလည်း လိင်ကိစ္စကို ရှက်စရာလို့ ခံယူထားတဲ့ အသိုင်းအဝိုင်းထဲမှာ ချက်ချင်းဆိုသလို သင်ကြားပေး လိုက်တာဟာလည်း သင်ကြားရတဲ့ဆရာ၊ ဆရာမတွေ အတွက် အခက်ခဲဖြစ်စေသလို သင်ကြားခံရတဲ့ ကလေး တွေအတွက်လည်း အဆင်မပြေ ဖြစ်စေပြီး မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကလည်း ရှိနေပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေ လိင်ကိစ္စကို သိရှိပြီး စမ်းသပ်လိုစိတ်တွေဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြ ပေမယ့် နောက်လာမယ့် မျိုးဆက်တွေအတွက်တော့ အကျိုးရှိတဲ့အကြောင်း အရာဖြစ်လို့ သင်ကြားတာကို အား ပေးတယ်လို့ မိခင်အချို့က ဆိုပါတယ်။

“အထူးသဖြင့် ဆယ်ကျော်သက် အရွယ်တွေမှာ စမ်းသပ်ချင်လာတယ်။ မှားယွင်းပြီးတော့များ စမ်းသပ်ကြမလားလို့ စိတ်ပူမိတယ်။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာ သူတို့က သိသိ မသိသိ စမ်းချင်တဲ့ လူကတော့ စမ်းမှာပဲ။ အဲဒီတော့ ဒါကိုပညာရေးပိုင်းမှာ စနစ်တကျထည့်ထားမယ်။ ဥပမာ အစ်မ လေ့လာထားမှု အရ ဘယ်အရွယ်ကနေစပြီး သူတို့ကို အဆင့်လိုက် ကြီးထွားတဲ့ အသက်အရွယ်အရ သူ့ရဲ့အကန့် အသတ် အရ သင်ပေးထားမယ်ဆိုရင်တော့ ဒါအရမ်းကောင်းတဲ့ အရာဖြစ်တယ်” လို့ မိခင်တဦးဖြစ်သူ နန့်သဇင်မင်းက ပြောပါတယ်။

အခုလိုသင်ကြားပေးခြင်းအားဖြင့် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာရရှိသွားမှာ ဖြစ်သလို ကျားမ အခြေပြု အကြမ်းဖက်မှု တွေကလည်း လျော့ကျသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတွေအပြင် နောက်ဆက်တွဲ အနေနဲ့ စောစီးစွာ အိမ်ထောင်ပြုမှုတွေ၊ အဆင်သင့်မဖြစ်သေးတဲ့ အရွယ်မှာ ကိုယ်ဝန် ဆောင်မှုတွေ၊ လျော့ကျ သွားမှာဖြစ်ပြီး နှစ်စဉ်မီးဖွားပြီး သေဆုံးနေတဲ့ မိခင်အရေအတွက်ဟာလည်း လျော့နည်းသွားမှာ ဖြစ်တယ်လို့ ဆယ်ကျော်သက် မိန်းကလေးတွေကို စွမ်းရည်မြင့်တင်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ရောင်စုံမိန်းကလေးများ အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး နန့်သဇင်မင်းက ပြောပါတယ်။

ပြီးပြည့်စုံတဲ့ လိင်ပညာပေးဆိုတာ အခြေခံအချက် ၃ ချက်ရှိတယ်လို့ ဆိုပါတယ်။ ပထ မတချက် ကတော့ ခန္ဓာဗေဒဆိုင်ရာ သင်ကြားပေးမှုဖြစ်ပြီး နောက်တချက် ကတော့ ဒီခန္ဓာတွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းပုံ၊ ကျားမ ဆက်ဆံရေး အခန်းကဏ္ဍနဲ့ နောက်ဆုံး တချက်ကတော့ ကိုယ့်နိုင်ငံအတွင်း ကိုယ့်ဒေသအတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ဓလေ့ အယူ အဆတွေကို ပြန်လည်ရှင်းလင်းတဲ့ အပိုင်းတို့ ပါဝင်ပါ တယ်။

အခုချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ ပညာပေးဆိုရင် ပထမတချက်ဖြစ်တဲ့ ခန္ဓာဗေဒဆိုင်ရာကိုသာ အားစိုက် သင်ကြား ပေးနေတာဖြစ်ပြီး ကိုယ့်ဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာ ကျားမခွဲခြားထားတဲ့ အတားအဆီးတွေ ကို ပြန်လည်သုံးသပ် ရှင်းလင်းတဲ့ အပိုင်းမှာတော့ အားနည်း နေသေးတယ်လို့သိရပါတယ်။

အခုလို တဖြည်းဖြည်း ပိုမိုတိုးပွားလာတဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေ လျော့ကျဖို့ အတွက် လိင်ပညာပေးကို ဆယ်ကျော်သက် အရွယ်ရောက်မှ သင်ကြားပေးတာထက် ဆယ်နှစ်အောက်ကလေး တွေမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတာကြောင့် မူလတန်းအရွယ်ကတည်း သိသင့်တာတွေကို သင်ကြားပေးခြင်းဟာ သက်ငယ်မုဒိန်းမှုတွေ လျော့ကျစေဖို့ အတွက် အရေးကြီးတဲ့ နည်းလမ်းတခုဖြစ်တယ်လို့ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားနေသူတွေက ပြောဆိုကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top