န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

တခ်ိန္ကအာရွတြင္အႀကီးဆံုးေထာင္ျဖစ္ခဲ့တဲ့ ရန္ကုန္ေထာင္ပါ။ အင္းစိန္ေထာင္မဟုတ္ဘူးေနာ္။ ယေန႔ ရန္ကုန္ၿမဳိ႕ ဘုန္းႀကီးလမ္းႏွင့္ ျပည္လမ္းေထာင့္ ယခင္ စိန္ဂြ်န္းေစ်းေရွ႕(ယခုသူနာျပဳတကၠသုိလ္ေနရာ) မွာ ၿဗိတိသွ်တုိ႔ တည္ေဆာက္ခဲ့တဲ့ေထာင္ႀကီးျဖစ္ပါတယ္။ ရဟန္းအာဇာနည္ ဦး၀ိစာရအသက္ေပးခဲ့တာ ဒီေထာင္မွာျဖစ္ၿပီး ဆရာႀကီးလူထုဦးလွ နဲ႔ ဆရာဗန္းေမာ္တင္ေအာင္တုိ႔ ႏုိင္ငံေရးအမႈေတြနဲ႔ အဖမ္းခံခဲ့ရတာကလည္း ဒီေထာင္မွာပါပဲ။ တေခတ္တစ္ခါကေတာ့ နာမည္အႀကီးဆုံးေထာင္ျဖစ္ခဲ့ပါတယ္။

ေထာင္ေရွ႕ဗိုလ္ခ်ဳပ္လမ္း (ယခင္က Montgomery လမ္း)ဘက္က ေထာင္ဗူးဝ တဖက္ကားလမ္းမွာ ေထာင္ပိုင္ရံုးနဲ႔ ေထာင္ဝန္ထမ္းမ်ားေနထိုင္ရာ တန္းလ်ားမ်ားရွိခဲ့ပါတယ္။ မ်က္ေစာင္းထိုးက ဗဟိုစည္ရပ္ကြက္က အေစာပိုင္းမွာမရွိေသးပါဘူး။ ေထာင္အတြင္းသို႔အလည္ပတ္ေရာက္ဖူူးသူရွိပါလိမ့္မယ္။ အဓိကေတာ့အေနာက္ေတာင္ဘက္ေဒါင့္နားမွာ ဘုရားတစ္ဆူတည္ထားၿပီး ႀကိဳးစင္လည္း အဲဒီနားမွာပဲ ရွိပါတယ္။

ရန္ကုန္ေထာင္ဟာ ေအာက္ဘက္မွာ အခန္း ၄ ခန္းနဲ႔ အေပၚထပ္မွာ အခန္း ၄ ခန္း ရွိတဲ့ ႏွစ္ထပ္ အေဆာက္အအံု ျဖစ္ပါတယ္။ ေအာက္ဘက္ ၁ ခန္းကို ပံုစံခန္း လုပ္ထားပါတယ္။ အခ်ဳပ္သစ္ေတြ အားလံုး အဲဒီအခန္းကို ၀င္ရပါတယ္။ ေနာက္ပိုင္း ရံုးထြက္က်မွ ကိုယ္ႀကိဳက္တဲ့ အခန္းကို ၀င္ေနလုိ႔ ရပါတယ္။ အေပၚထပ္ အခန္းကေန အျပင္ကိုၾကည့္ရင္ ေရႊတိဂံုဘုရား၊ စိန္ဂၽြန္းေစ်းနဲ႔ ရန္ကုန္-အင္းစိန္-ျပည္ လမ္းမႀကီးကို ထင္ထင္ရွားရွား ေတြ ့ျမင္ရပါတယ္။


ေနာက္ၿပီး မိန္းမအေဆာင္နဲ႔ ေယာက္်ားအေဆာင္ကို အလယ္က လူတစ္ရပ္ေက်ာ္ ျမင့္တဲ့ သြပ္ျပားေတြ ကာၿပီး ခဲြထားပါတယ္။ သြပ္ျပားေပၚမွာ သစ္သားေဒါက္ေတြနဲ႔ သံဆူးႀကိဳးေတြ ရွိပါတယ္။ အဲဒီအေဆာင္ေတြရဲ႕ အေနာက္ဘက္ ကပ္လ်က္မွာ စစ္သားစုေဆာင္းေရးတပ္ ရွိပါ တယ္။

ေထာင္ဗူးဝကအထပ္ ၃ ထပ္ရွိပါတယ္။ ၂ထပ္ပဲျမင္ရေပမယ့္ အေပၚဆံုးမွာ အထပ္ခိုးေလးရွိပါတယ္။ အဲဒီေနရာဟာ “ႀကိဳးတိုက္” ျဖစ္ပါတယ္။ ဒီႀကိဳးတိုက္ကို ေရာက္ဖူးျမင္ဖူးသူ အရမ္းနည္းပါလိမ့္မယ္ ႀကိဳးတိုက္မွာေတာ့ ႀကိဳးေပးခံရသူေတြရဲ႕ လည္ပင္းႀကိဳးကို ကြင္းစြပ္ႏွင့္ အနည္းငယ္ႀကိဳးအရွည္ကိုသာျဖတ္ထားၿပီး မွန္ေဘာင္ေတြထဲမွာ နာမည္မ်ားအလိုက္ ကန္႔သတ္သိမ္းဆည္းထားတာေတြ႕ရပါတယ္။

မွတ္ခ်က္။ အဲဒီေနရာကိုလူတိုင္းေပးမတက္တာကေတာ့ တခ်ဳိ႕ႀကိဳးမိန္႔ေပးခံရသူမ်ားမွာ ေသဒဏ္အျပင္ ေထာင္ဒဏ္ေပါင္းက်သူမ်ားရွိတာေၾကာင့္ ထိုေနရာကို ကန္႔သတ္ထားတာျဖစ္ပါတယ္။

အဂၤလိပ္ က ဂ်ပန္ကိုတိုက္ႏိုင္ခဲ့ၿပီးေနာက္ စစ္သံု႔ပန္းမ်ားဟာ ထိုေထာင္မွ လြတ္ၿငိမ္းခြင့္ျပန္ရခဲ့တာပါ။ ေထာင္ရဲ႕အေနာက္ဘက္ပိုင္းမွ ကီလီလမ္းအထိက ရံုးပုလိပ္တပ္ဖြဲ႕တန္းလ်ားထားပါတယ္။ အေရးဆိုေထာင္ထရင္နီးနီးနားနားျဖစ္ေအာင္ပါ။ ပုလိပ္ဗိုလ္ခ်ာလီခ်စ္က ဦးေဆာင္ပါတယ္။ ပုလိပ္ျမင္းတပ္လည္း ထားပါတယ္။ ၁လတစ္ခါ အဓိကရံုးခံတပ္ကာကားအပါအဝင္ အေသးစားသံခ်ပ္ကားမ်ားနဲ႔ လာေရာက္ေလ့က်င့္တတ္ပါတယ္။ ေထာင္ထတဲ့အခါေၾကာက္စရာေကာင္းပါတယ္။

ေထာင္သားမ်ားဆႏၵျပေအာ္ဟစ္သံေတြကုိ ၾကားရပါတယ္။ ထမင္းစားပန္းကန္၊ သံခြက္မ်ား တညီတညြတည္း ႐ိုက္ကာ အသံက်ယ္ေလာင္စြာ ဆႏၵျပၾကပါတယ္။ေနာက္ပိုင္းဗဟိုစည္ရပ္ကြက္ျဖစ္လာေတာ့ ေထာင္ရဲ႕တဖက္ကားလမ္းရပ္ကြက္ေဒါင့္မွာ ေထာင္တြင္းကေစတီရွိလို႔ ရပ္ကြက္ဓမၼာရံုကို ရည္စူးၿပီး ေဆာက္ထားခဲ့ပါတယ္။ ခုေတာ့အဲဒီေထာင္လဲၿပိဳပါၿပီ။ မရွိေတာ့ပါဘူး။

ဒါကေတာ့ ရန္ကုန္ေထာင္အေၾကာင္း အနည္းငယ္မွ်သာ ျဖစ္ၿပီး ရွားပါးအေၾကာင္းအရာတစ္ခုျဖစ္တာေၾကာင့္ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ျပန္လည္ေ၀မွ်လုိက္ျခင္းျဖစ္ပါတယ္။ သိမီလုိက္တဲ့ မိတ္ေဆြမ်ားရွိရင္ ရန္ကုန္ေထာင္အေၾကာင္း သိထားတာေလးေတြ ဗဟုသုတအေနနဲ႔ ေ၀မွ်သြားၾကပါဦး။

ျမင္ရဖုိ႔ မလြယ္တဲ့ ရန္ကုန္ေထာင္ရဲ႕ ရွားပါးဓာတ္ပုံေလးမ်ားကို ေအာက္မွာ ဆက္ၾကည့္သြားၾကပါဦး

ေရးသားသူ – က်ည္ဆံ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: လွသန္းထိုက္

#Unicode Version#
တချိန်ကအာရှတွင်အကြီးဆုံးထောင်ဖြစ်ခဲ့တဲ့ ရန်ကုန်ထောင်ပါ။ အင်းစိန်ထောင်မဟုတ်ဘူးနော်။ ယနေ့ ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ပြည်လမ်းထောင့် ယခင် စိန်ဂျွန်းဈေးရှေ့(ယခုသူနာပြုတက္ကသိုလ်နေရာ) မှာ ဗြိတိသျှတို့ တည်ဆောက်ခဲ့တဲ့ထောင်ကြီးဖြစ်ပါတယ်။ ရဟန်းအာဇာနည် ဦးဝိစာရအသက်ပေးခဲ့တာ ဒီထောင်မှာဖြစ်ပြီး ဆရာကြီးလူထုဦးလှ နဲ့ ဆရာဗန်းမော်တင်အောင်တို့ နိုင်ငံရေးအမှုတွေနဲ့ အဖမ်းခံခဲ့ရတာကလည်း ဒီထောင်မှာပါပဲ။ တခေတ်တစ်ခါကတော့ နာမည်အကြီးဆုံးထောင်ဖြစ်ခဲ့ပါတယ်။

ထောင်ရှေ့ဗိုလ်ချုပ်လမ်း (ယခင်က Montgomery လမ်း)ဘက်က ထောင်ဗူးဝ တဖက်ကားလမ်းမှာ ထောင်ပိုင်ရုံးနဲ့ ထောင်ဝန်ထမ်းများနေထိုင်ရာ တန်းလျားများရှိခဲ့ပါတယ်။ မျက်စောင်းထိုးက ဗဟိုစည်ရပ်ကွက်က အစောပိုင်းမှာမရှိသေးပါဘူး။ ထောင်အတွင်းသို့အလည်ပတ်ရောက်ဖူူးသူရှိပါလိမ့်မယ်။ အဓိကတော့အနောက်တောင်ဘက်ဒေါင့်နားမှာ ဘုရားတစ်ဆူတည်ထားပြီး ကြိုးစင်လည်း အဲဒီနားမှာပဲ ရှိပါတယ်။

ရန်ကုန်ထောင်ဟာ အောက်ဘက်မှာ အခန်း ၄ ခန်းနဲ့ အပေါ်ထပ်မှာ အခန်း ၄ ခန်း ရှိတဲ့ နှစ်ထပ် အဆောက်အအုံ ဖြစ်ပါတယ်။ အောက်ဘက် ၁ ခန်းကို ပုံစံခန်း လုပ်ထားပါတယ်။ အချုပ်သစ်တွေ အားလုံး အဲဒီအခန်းကို ဝင်ရပါတယ်။ နောက်ပိုင်း ရုံးထွက်ကျမှ ကိုယ်ကြိုက်တဲ့ အခန်းကို ဝင်နေလို့ ရပါတယ်။ အပေါ်ထပ် အခန်းကနေ အပြင်ကိုကြည့်ရင် ရွှေတိဂုံဘုရား၊ စိန်ဂျွန်းဈေးနဲ့ ရန်ကုန်-အင်းစိန်-ပြည် လမ်းမကြီးကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

နောက်ပြီး မိန်းမအဆောင်နဲ့ ယောက်ျားအဆောင်ကို အလယ်က လူတစ်ရပ်ကျော် မြင့်တဲ့ သွပ်ပြားတွေ ကာပြီး ခွဲထားပါတယ်။ သွပ်ပြားပေါ်မှာ သစ်သားဒေါက်တွေနဲ့ သံဆူးကြိုးတွေ ရှိပါတယ်။ အဲဒီအဆောင်တွေရဲ့ အနောက်ဘက် ကပ်လျက်မှာ စစ်သားစုဆောင်းရေးတပ် ရှိပါ တယ်။

ထောင်ဗူးဝကအထပ် ၃ ထပ်ရှိပါတယ်။ ၂ထပ်ပဲမြင်ရပေမယ့် အပေါ်ဆုံးမှာ အထပ်ခိုးလေးရှိပါတယ်။ အဲဒီနေရာဟာ “ကြိုးတိုက်” ဖြစ်ပါတယ်။ ဒီကြိုးတိုက်ကို ရောက်ဖူးမြင်ဖူးသူ အရမ်းနည်းပါလိမ့်မယ် ကြိုးတိုက်မှာတော့ ကြိုးပေးခံရသူတွေရဲ့ လည်ပင်းကြိုးကို ကွင်းစွပ်နှင့် အနည်းငယ်ကြိုးအရှည်ကိုသာဖြတ်ထားပြီး မှန်ဘောင်တွေထဲမှာ နာမည်များအလိုက် ကန့်သတ်သိမ်းဆည်းထားတာတွေ့ရပါတယ်။

မှတ်ချက်။ အဲဒီနေရာကိုလူတိုင်းပေးမတက်တာကတော့ တချို့ကြိုးမိန့်ပေးခံရသူများမှာ သေဒဏ်အပြင် ထောင်ဒဏ်ပေါင်းကျသူများရှိတာကြောင့် ထိုနေရာကို ကန့်သတ်ထားတာဖြစ်ပါတယ်။

အင်္ဂလိပ် က ဂျပန်ကိုတိုက်နိုင်ခဲ့ပြီးနောက် စစ်သုံ့ပန်းများဟာ ထိုထောင်မှ လွတ်ငြိမ်းခွင့်ပြန်ရခဲ့တာပါ။ ထောင်ရဲ့အနောက်ဘက်ပိုင်းမှ ကီလီလမ်းအထိက ရုံးပုလိပ်တပ်ဖွဲ့တန်းလျားထားပါတယ်။ အရေးဆိုထောင်ထရင်နီးနီးနားနားဖြစ်အောင်ပါ။ ပုလိပ်ဗိုလ်ချာလီချစ်က ဦးဆောင်ပါတယ်။ ပုလိပ်မြင်းတပ်လည်း ထားပါတယ်။ ၁လတစ်ခါ အဓိကရုံးခံတပ်ကာကားအပါအဝင် အသေးစားသံချပ်ကားများနဲ့ လာရောက်လေ့ကျင့်တတ်ပါတယ်။ ထောင်ထတဲ့အခါကြောက်စရာကောင်းပါတယ်။

ထောင်သားများဆန္ဒပြအော်ဟစ်သံတွေကို ကြားရပါတယ်။ ထမင်းစားပန်းကန်၊ သံခွက်များ တညီတညွတည်း ရိုက်ကာ အသံကျယ်လောင်စွာ ဆန္ဒပြကြပါတယ်။နောက်ပိုင်းဗဟိုစည်ရပ်ကွက်ဖြစ်လာတော့ ထောင်ရဲ့တဖက်ကားလမ်းရပ်ကွက်ဒေါင့်မှာ ထောင်တွင်းကစေတီရှိလို့ ရပ်ကွက်ဓမ္မာရုံကို ရည်စူးပြီး ဆောက်ထားခဲ့ပါတယ်။ ခုတော့အဲဒီထောင်လဲပြိုပါပြီ။ မရှိတော့ပါဘူး။

ဒါကတော့ ရန်ကုန်ထောင်အကြောင်း အနည်းငယ်မျှသာ ဖြစ်ပြီး ရှားပါးအကြောင်းအရာတစ်ခုဖြစ်တာကြောင့် သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ သိမီလိုက်တဲ့ မိတ်ဆွေများရှိရင် ရန်ကုန်ထောင်အကြောင်း သိထားတာလေးတွေ ဗဟုသုတအနေနဲ့ ဝေမျှသွားကြပါဦး။

မြင်ရဖို့ မလွယ်တဲ့ ရန်ကုန်ထောင်ရဲ့ ရှားပါးဓာတ်ပုံလေးများကို အောက်မှာ ဆက်ကြည့်သွားကြပါဦး

ရေးသားသူ – ကျည်ဆံ

ဖိုးသူတော် (www.phothutaw.com)
Credit: လှသန်းထိုက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top