န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဟုတ္တယ္…သည္းခံလြန္းတာဟာ ပတ္၀န္းက်င္က လူေတြကို ပ်က္စီးေစတတ္တယ္…

နဂိုက ေကာင္းပါတယ္ဆိုတဲ့လူေတာင္ သည္းခံလြန္းတဲ့သူနဲ႔ေတြ႕တဲ့အခါမွာ အႏိုင္က်င့္ခ်င္တဲ့စိတ္ ေပၚလာတတ္တယ္…

သည္းခံလြန္းတာကို ေၾကာက္တတ္တာလို႔ အဓိပၸါယ္ မွားေကာက္သြားႏိုင္တယ္ေလ…ေၾကာက္တတ္တာလို႔ ထင္သြားရင္ အႏိုင္က်င့္လိုက္ဖို႔…တင္စီးလိုက္ဖို႔ ဘယ္သူမွ ၀န္မေလးေတာ့ဘူး…

ကိုယ့္ပတ္၀န္းက်င္မွာ ရွိတဲ့သူေတြဟာ အရင္တုန္းက လူေကာင္းေတြ…သူတပါးကို အႏိုင္က်င့္ရမွာ ေစာ္ကားရမွာကို ရွက္တတ္ၾကတဲ့သူေတြ…ဒါေပမဲ့ ကိုယ္က ေနရာတကာမွ သည္းခံေနမယ္…ဘာလုပ္လုပ္ ၿငိမ္ခံေနမယ္ဆိုရင္ေတာ့ ဒီလူေကာင္းေတြကို လူဆိုးျဖစ္သြားေအာင္ ျပဳမူလိုက္တာပါဘဲ…

ကၽြန္ေတာ့္ရဲ႕ အားနည္းခ်က္က မေျပာခ်င္တာ…ရန္မမ်ားခ်င္တာ…အဖက္မလုပ္ဘဲ ေနလိုက္ခ်င္တာ…အဲ့တာဟာလည္း မေကာင္းပါဘူး…ေၾကာက္ေနတာလို႔ တံဆိပ္ကပ္ခံရႏိုင္တယ္…

ကိုယ္က ေခြးကို လမ္းဖယ္ေပးရတာကို ဂုဏ္ငယ္တယ္လို႔ မသတ္မွတ္ေပမဲ့ ေခြးကေတာ့ ဒီလူ ငါ့ကို ရွိန္ေနပါလား…ေၾကာက္ေနတယ္နဲ႔ တူပါရဲ႕ဆိုၿပီး ၿဖဲေျခာက္ျပတဲ့အေနနဲ႔ တစ္ခ်က္ေတာ့ လွည့္ေဟာင္သြားတာကို ခံရႏိုင္တယ္…

ေလာကမွာ လူဆိုး လူေကာင္းဆိုတာ မရွိဘူး…ကိုယ့္ အေပၚေကာင္းတဲ့သူ န႔ဲ႔ ကိုယ့္အေပၚ ဆိုးတဲ့သူေတြဘဲ ရွိတယ္…

လူဆိုးဆိုတာ လူတကာအေပၚ ဆိုးေနတဲ့သူ…လူေကာင္းဆိုတာ လူတိုင္းအေပၚ ေကာင္းတဲ့သူ…ဒီလိုလူေတြ မရွိဘူးမဟုတ္ပါဘူး…ရွိတယ္…ဒါေပမဲ့ နည္းတယ္…

အဓိက မ်ားေနတဲ့ ပမာဏက ကိုယ့္အေပၚ ဆိုးတဲ့သူ…ကိုယ့္အေပၚ ေကာင္းတဲ့သူေတြဘဲ…

လူတိုင္းဟာ လူတကာ အေပၚမွာေတာ့ မေကာင္းေနႏိုင္ဘူးေလ…လူအတိုင္း အေပၚ ေကာင္းေနလည္း ကိုယ့္အေပၚေတာ့ ကြက္ၿပီး ဆိုးခ်င္ ဆိုးေနႏိုင္တယ္…

လူတိုင္းအေပၚ ဆိုးေနလည္း ကိုယ့္အေပၚေတာ့ ကြက္ၿပီး ေကာင္းခ်င္ ေကာင္းေနႏိုင္တယ္ေလ…

ဒါေၾကာင့္ ကိုယ့္ ပတ္၀န္းက်င္က လူေတြကို လူဆိုးလူမိုက္ေတြ ျဖစ္သြားေအာင္ မလုပ္ပါနဲ႔…စိတ္ဓာတ္ေတြ ပ်က္စီးကုန္ေအာင္ မလုပ္ပါနဲ႔…

ေျပာစရာရွိတာ ေျပာ…ေအာ္စရာရွိတာ ေအာ္…ေဒါသထြက္စရာရွိတာ ထြက္…

အရမ္း သည္းမခံပါနဲ႔…အရမ္း သည္းခံလြန္းရင္ ကိုယ့္ေၾကာင့္ ကိုယ့္ပတ္၀န္းက်င္က လူေတြက လူဆိုးေတြျဖစ္သြားၾကလိမ့္မယ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyisoe
# Unicode Version ျဖင့္ ဖတ္ပါ #
ဟုတ်တယ်…သည်းခံလွန်းတာဟာ ပတ်ဝန်းကျင်က လူတွေကို ပျက်စီးစေတတ်တယ်…

နဂိုက ကောင်းပါတယ်ဆိုတဲ့လူတောင် သည်းခံလွန်းတဲ့သူနဲ့တွေ့တဲ့အခါမှာ အနိုင်ကျင့်ချင်တဲ့စိတ် ပေါ်လာတတ်တယ်…

သည်းခံလွန်းတာကို ကြောက်တတ်တာလို့ အဓိပ္ပါယ် မှားကောက်သွားနိုင်တယ်လေ…ကြောက်တတ်တာလို့ ထင်သွားရင် အနိုင်ကျင့်လိုက်ဖို့…တင်စီးလိုက်ဖို့ ဘယ်သူမှ ဝန်မလေးတော့ဘူး…

ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေဟာ အရင်တုန်းက လူကောင်းတွေ…သူတပါးကို အနိုင်ကျင့်ရမှာ စော်ကားရမှာကို ရှက်တတ်ကြတဲ့သူတွေ…ဒါပေမဲ့ ကိုယ်က နေရာတကာမှ သည်းခံနေမယ်…ဘာလုပ်လုပ် ငြိမ်ခံနေမယ်ဆိုရင်တော့ ဒီလူကောင်းတွေကို လူဆိုးဖြစ်သွားအောင် ပြုမူလိုက်တာပါဘဲ…

ကျွန်တော့်ရဲ့ အားနည်းချက်က မပြောချင်တာ…ရန်မများချင်တာ…အဖက်မလုပ်ဘဲ နေလိုက်ချင်တာ…အဲ့တာဟာလည်း မကောင်းပါဘူး…ကြောက်နေတာလို့ တံဆိပ်ကပ်ခံရနိုင်တယ်…

ကိုယ်က ခွေးကို လမ်းဖယ်ပေးရတာကို ဂုဏ်ငယ်တယ်လို့ မသတ်မှတ်ပေမဲ့ ခွေးကတော့ ဒီလူ ငါ့ကို ရှိန်နေပါလား…ကြောက်နေတယ်နဲ့ တူပါရဲ့ဆိုပြီး ဖြဲခြောက်ပြတဲ့အနေနဲ့ တစ်ချက်တော့ လှည့်ဟောင်သွားတာကို ခံရနိုင်တယ်…

လောကမှာ လူဆိုး လူကောင်းဆိုတာ မရှိဘူး…ကိုယ့် အပေါ်ကောင်းတဲ့သူ နဲ့ ကိုယ့်အပေါ် ဆိုးတဲ့သူတွေဘဲ ရှိတယ်…

လူဆိုးဆိုတာ လူတကာအပေါ် ဆိုးနေတဲ့သူ…လူကောင်းဆိုတာ လူတိုင်းအပေါ် ကောင်းတဲ့သူ…ဒီလိုလူတွေ မရှိဘူးမဟုတ်ပါဘူး…ရှိတယ်…ဒါပေမဲ့ နည်းတယ်…

အဓိက များနေတဲ့ ပမာဏက ကိုယ့်အပေါ် ဆိုးတဲ့သူ…ကိုယ့်အပေါ် ကောင်းတဲ့သူတွေဘဲ…

လူတိုင်းဟာ လူတကာ အပေါ်မှာတော့ မကောင်းနေနိုင်ဘူးလေ…လူအတိုင်း အပေါ် ကောင်းနေလည်း ကိုယ့်အပေါ်တော့ ကွက်ပြီး ဆိုးချင် ဆိုးနေနိုင်တယ်…

လူတိုင်းအပေါ် ဆိုးနေလည်း ကိုယ့်အပေါ်တော့ ကွက်ပြီး ကောင်းချင် ကောင်းနေနိုင်တယ်လေ…

ဒါကြောင့် ကိုယ့် ပတ်ဝန်းကျင်က လူတွေကို လူဆိုးလူမိုက်တွေ ဖြစ်သွားအောင် မလုပ်ပါနဲ့…စိတ်ဓာတ်တွေ ပျက်စီးကုန်အောင် မလုပ်ပါနဲ့…

ပြောစရာရှိတာ ပြော…အော်စရာရှိတာ အော်…ဒေါသထွက်စရာရှိတာ ထွက်…

အရမ်း သည်းမခံပါနဲ့…အရမ်း သည်းခံလွန်းရင် ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေက လူဆိုးတွေဖြစ်သွားကြလိမ့်မယ်…

ဖိုးသူတော် (www.phothutaw.com)
Credit: Pyisoe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top