×

အနာဂတ္ က ကြ်န္ေတာ္တုိ႕ထင္ထားသလိုမဟုတ္ဘူးတဲ့ ။

အခ်ိန္ခရီးသြားတယ္ဆိုတာတကယ္ျဖစ္ႏုိင္လား ။
ဒီတစ္ေယာက္ကေတာ့ ႏွစ္ေပါင္း ၅၀၀၀ ေလာက္ကုိ သြားေရာက္ႏုိင္ခဲ့တယ္လုိ႕ အခုိင္အမာေျပာပါတယ္ ။
ျပီးေတာ့ သက္ေသအေနနဲ႕ ဓါတ္ပံုေတြလည္းယူလာပါတယ္ ။

Edward လုိ႕ေခၚတဲ့ အခ်ိန္ခရီးသြားသူရဲ႕အခ်က္အလက္ေတြဟာ ယခုအခ်ိန္အထိခ်ိတ္ပိတ္ထားပါတယ္ ။
ဘာေၾကာင့္လည္းဆိုေတာ့ ၂၀၀၄ ခုႏွစ္ရဲ႕ထိပ္တန္းလ်ိဳ႕ဝွက္စမ္းသပ္ခ်က္တစ္ခုရဲ႕စမ္းသပ္ခံျဖစ္ခဲ့တဲ့အတြက္ပါလုိ႕သူကေျပာပါတယ္ ။ သူဟာ အနာဂတ္ကိုခရီးသြားႏုိင္ခဲ့ရံုတင္မကဘူး ႏွစ္ေပါင္း ၅၀၀၀ ေလာက္အၾကာမွာျဖစ္လာႏုိင္မယ့္
အေမရိကန္ႏုိင္ငံရဲ႕ဓါတ္ပံုကိုေတာင္ရိုက္ယူလာခဲ့ေသးတယ္ ။

Edward ကို ApexTV က အင္တာဗ်ဴးတဲ့အခ်ိန္မွာေတာ့ အသံနဲ႕ရုပ္ကုိ ဖမ္းယူလုိ႕မရႏိုင္ေအာင္ လုပ္ထားခဲ့ပါတယ္ ။

အနာဂတ္မွာျဖစ္လာႏုိင္တဲ့အေျခအေနေတြကို သူက သတိေပးခဲ့တယ္ ။ အေမရိကန္ႏုိင္ငံ က LA ဟာ ပံုထဲမွာဆိုရင္ ေရေအာက္ေရာက္ေနပါတယ္ ။ ေနာက္ထပ္ႏွစ္ေပါင္း ၃ ေထာင္အၾကာမွာ ကမၻာၾကီးပူေႏြးမႈေၾကာင့္ ကမၻာေပ်ာက္ေလာက္တဲ့ေရလႊမ္းမိုးမႈေတြျဖစ္ေပၚလာပါလိမ့္မယ္တဲ့။ LA ျမိဳ႕ဟာလည္း ေရေအာက္ထဲေရာက္သြားမွာျဖစ္ျပီးေတာ့ ေနထုိင္သူေတြကေတာ့ သစ္သားနဲ႕ေဆာက္ထားတဲ့အရာေတြေပၚမွာေနရပါလိမ့္မယ္တဲ့ ။

ကမၻာၾကီးပူေႏြးလာမႈဟာ ဝင္ရိုးစြန္းကေရခဲေတြကိုအရည္ေပ်ာ္လာေစျပီးေတာ့ ေရၾကီးမႈေတြျဖစ္ေပၚလာေစျပီး ျမိဳ႕ၾကီးေတြကို ေရေအာက္ပို႕လိုက္ေတာ့တာပါပဲ ။

“တကယ္ကုိမယံုႏုိင္စရာပါပဲ ၊
ကြ်န္ေတာ္သစ္သားျပားၾကီးတစ္ခုေပၚမွာ မတ္တပ္ရပ္ေနခဲ့ရဖူးတယ္ ၊
ကြ်န္ေတာ္တင္မဟုတ္ဘူး ..အိမ္ေတြ အေဆာက္အဦးေတြ ကားေတြအားလံုးကုိလည္းသစ္သားနဲ႕ပဲေဆာက္ထားၾကတာ”
ေနာက္ေတာ့ ကြ်န္ေတာ္သိလုိက္တာက ဒီျမိဳ႕ဟာ ေရေအာက္ေရာက္ေနတဲ့ LA ျမဳိ႕ဆိုတာကိုပါပဲ ၊
ေရမ်က္ႏွာျပင္ျမင့္တက္လာတဲ့အတြက္ တစ္ျမိဳ႕လံုးကေရေအာက္ေရာက္သြားျပီးေတာ့ လူေတြက ေရေပၚမွာေနထိုင္ၾကတာျဖစ္ပါတယ္”

ဘာေၾကာင့္ေရၾကီးခဲ့ရလဲဆုိတဲ့အေၾကာင္းကုိလူတစ္ေယာက္နဲ႕စကားစျမည္ေျပာခဲ့တယ္လုိ႕ Edward က ေျပာပါတယ္ ။
သူကေတာ့ ကမၻာၾကီးပူေႏြးလာမႈေၾကာင့္လုိ႕ေျပာတယ္ ။ ဝင္ရိုးစြန္းကေရခဲေတြေပ်ာ္ဆင္းလာတဲ့အတြက္ ေရမ်က္ႏွာျပင္ျမင့္တက္လာရတာျဖစ္တယ္တဲ့ ။

“ေလထုထဲမွာ ကာဘြန္ဒိုင္ေအာက္ဆိုက္ေတြ မ်ားေနတေတာ့ သဘာဝအကာအကြယ္ၾကီးကုိ ဖ်က္ဆီးလိုက္သလိုျဖစ္ျပီးေတာ့ ေရေတြၾကီးလာတာေပါ့” တဲ့ ။

ဒီႏွစ္ပိုင္းေတြမွာေတာ့ သူျပတဲ့ပံုေတြကို အနာဂတ္ကဓါတ္ပံုေတြအျဖစ္ လူေတြကယံုၾကည္ထားၾကတယ္ ။ ဒါေပမယ့္လည္း ခုိင္မာတဲ့သက္ေသမရွိေသးပါဘူး ။ ထို႕အျပင္ သူတုိ႕ဘယ္သူဆိုတာကို ေျပာမယ္ဆုိရင္ အရမ္းအႏၱရာယ္မ်ားလြန္းတဲ့အတြက္ သူတုိ႕ကိုယ္တုိင္က သူတုိ႕ရဲ႕အေၾကာင္းေတြကုိ မေျပာျပခဲ့ၾကပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
အနာဂတ် က ကျွန်တော်တို့ထင်ထားသလိုမဟုတ်ဘူးတဲ့ ။

အချိန်ခရီးသွားတယ်ဆိုတာတကယ်ဖြစ်နိုင်လား ။
ဒီတစ်ယောက်ကတော့ နှစ်ပေါင်း ၅၀၀၀ လောက်ကို သွားရောက်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောပါတယ် ။
ပြီးတော့ သက်သေအနေနဲ့ ဓါတ်ပုံတွေလည်းယူလာပါတယ် ။

Edward လို့ခေါ်တဲ့ အချိန်ခရီးသွားသူရဲ့အချက်အလက်တွေဟာ ယခုအချိန်အထိချိတ်ပိတ်ထားပါတယ် ။
ဘာကြောင့်လည်းဆိုတော့ ၂၀၀၄ ခုနှစ်ရဲ့ထိပ်တန်းလျို့ဝှက်စမ်းသပ်ချက်တစ်ခုရဲ့စမ်းသပ်ခံဖြစ်ခဲ့တဲ့အတွက်ပါလို့သူကပြောပါတယ် ။ သူဟာ အနာဂတ်ကိုခရီးသွားနိုင်ခဲ့ရုံတင်မကဘူး နှစ်ပေါင်း ၅၀၀၀ လောက်အကြာမှာဖြစ်လာနိုင်မယ့်
အမေရိကန်နိုင်ငံရဲ့ဓါတ်ပုံကိုတောင်ရိုက်ယူလာခဲ့သေးတယ် ။

Edward ကို ApexTV က အင်တာဗျူးတဲ့အချိန်မှာတော့ အသံနဲ့ရုပ်ကို ဖမ်းယူလို့မရနိုင်အောင် လုပ်ထားခဲ့ပါတယ် ။

အနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေတွေကို သူက သတိပေးခဲ့တယ် ။ အမေရိကန်နိုင်ငံ က LA ဟာ ပုံထဲမှာဆိုရင် ရေအောက်ရောက်နေပါတယ် ။ နောက်ထပ်နှစ်ပေါင်း ၃ ထောင်အကြာမှာ ကမ္ဘာကြီးပူနွေးမှုကြောင့် ကမ္ဘာပျောက်လောက်တဲ့ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်တဲ့။ LA မြို့ဟာလည်း ရေအောက်ထဲရောက်သွားမှာဖြစ်ပြီးတော့ နေထိုင်သူတွေကတော့ သစ်သားနဲ့ဆောက်ထားတဲ့အရာတွေပေါ်မှာနေရပါလိမ့်မယ်တဲ့ ။

ကမ္ဘာကြီးပူနွေးလာမှုဟာ ဝင်ရိုးစွန်းကရေခဲတွေကိုအရည်ပျော်လာစေပြီးတော့ ရေကြီးမှုတွေဖြစ်ပေါ်လာစေပြီး မြို့ကြီးတွေကို ရေအောက်ပို့လိုက်တော့တာပါပဲ ။

“တကယ်ကိုမယုံနိုင်စရာပါပဲ ၊
ကျွန်တော်သစ်သားပြားကြီးတစ်ခုပေါ်မှာ မတ်တပ်ရပ်နေခဲ့ရဖူးတယ် ၊
ကျွန်တော်တင်မဟုတ်ဘူး ..အိမ်တွေ အဆောက်အဦးတွေ ကားတွေအားလုံးကိုလည်းသစ်သားနဲ့ပဲဆောက်ထားကြတာ”
နောက်တော့ ကျွန်တော်သိလိုက်တာက ဒီမြို့ဟာ ရေအောက်ရောက်နေတဲ့ LA မြို့ဆိုတာကိုပါပဲ ၊
ရေမျက်နှာပြင်မြင့်တက်လာတဲ့အတွက် တစ်မြို့လုံးကရေအောက်ရောက်သွားပြီးတော့ လူတွေက ရေပေါ်မှာနေထိုင်ကြတာဖြစ်ပါတယ်”

ဘာကြောင့်ရေကြီးခဲ့ရလဲဆိုတဲ့အကြောင်းကိုလူတစ်ယောက်နဲ့စကားစမြည်ပြောခဲ့တယ်လို့ Edward က ပြောပါတယ် ။
သူကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့်လို့ပြောတယ် ။ ဝင်ရိုးစွန်းကရေခဲတွေပျော်ဆင်းလာတဲ့အတွက် ရေမျက်နှာပြင်မြင့်တက်လာရတာဖြစ်တယ်တဲ့ ။

“လေထုထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက်တွေ များနေတတော့ သဘာဝအကာအကွယ်ကြီးကို ဖျက်ဆီးလိုက်သလိုဖြစ်ပြီးတော့ ရေတွေကြီးလာတာပေါ့” တဲ့ ။

ဒီနှစ်ပိုင်းတွေမှာတော့ သူပြတဲ့ပုံတွေကို အနာဂတ်ကဓါတ်ပုံတွေအဖြစ် လူတွေကယုံကြည်ထားကြတယ် ။ ဒါပေမယ့်လည်း ခိုင်မာတဲ့သက်သေမရှိသေးပါဘူး ။ ထို့အပြင် သူတို့ဘယ်သူဆိုတာကို ပြောမယ်ဆိုရင် အရမ်းအန္တရာယ်များလွန်းတဲ့အတွက် သူတို့ကိုယ်တိုင်က သူတို့ရဲ့အကြောင်းတွေကို မပြောပြခဲ့ကြပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top