ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မနက္လင္းလင္းခ်င္းၾကားရတဲ့သတင္းက ကိုယ့္နားကိုယ္ပင္ မယံုႏုိင္ေအာင္ျဖစ္ရသည္။ ေမာင္တစ္ေယာာက္ဆံုးၿပီတဲ့။ ဘယ္လုိျဖစ္ရတာလဲ။ ဒီသတင္းကိုေပးလာသူက ျဖဴျဖဴခင္ျဖစ္သည္။

“စိတ္ခိုင္ခိုင္ထားပါ ႏွင္းရယ္။ ငါလည္း သတင္းၾကားၾကားခ်င္း စိတ္မေကာင္းပါဘူး”

‘ဘယ္လိုျဖစ္ရတာလဲဟာ။ ညကေတာင္ ေမာင္နဲ႔ငါ စကားေတြေျပာေနၾကတာ၊ နင္က ဒီသတင္းကို ဘယ္လိုသိတာလဲ”

“သူ႔အိမ္ကငါ့ကိုဖုန္းဆက္တာပါ။ သူတို႔က နင့္ကိုေျပာမထြက္လုိ႕ငါကေနတစ္ဆင့္အသိေပးခုိင္းတာပါ သူငယ္ခ်င္းရယ္၊ ျဖစ္တာက တုိက္ေပၚကျပဳတ္က်တာဟ၊ အဲ့ဒီရက္မတိုင္ခင္က သူဂေယာင္ေျခာက္ျခားေတြျဖစ္ျဖစ္ေနလို႕ မနည္းစိတ္ၿငိမ္ေအာင္ကုထားရတာတဲ့။ နင္အဲ့ဒီကိစၥမသိဘူးလား”

“အင္း၊ ငါသိတန္သေလာက္သိပါတယ္။ ေမာင္ ဒီရက္ပိုင္းအလုပ္ေတြဖိစီးမႈမ်ားျပီး အိမ္မေပ်ာ္တာ၊ လန္႕ႏိုးတာ၊ ထင္ေယာင္ထင္မွားေတြျဖစ္တာေတြ တစ္လေလာက္ရွိေနျပီ။ အဲ့ဒါေၾကာင့္ ဆရာဝန္နဲ႕ေကာ၊ ဘာသာေရးနဲ႔ပါ စိတ္တည္ၿငိမ္ေအာင္ကုထားတာ၊ ေမာင္သက္သာသြားၿပီလုိ႕ ငါထင္ေနတာ”

“ေအး၊ အဲ့ေန႔က သူ႔အေမေရွ႕မွာပဲ အသံနက္ႀကီးနဲ႔ ေအာ္ရင္း တုိက္ေပၚကခုန္ခ်သြားတာတဲ့။ သူ႔အေမလည္း ရူးမတတ္ျဖစ္ေနရွာတယ္။ နင္လည္း စိတ္ကိုတည္ၿငိမ္ေအာင္ထားပါသူငယ္ခ်င္းရယ္၊ သတၱဝါတစ္ခုကံတစ္ခုလုိ႔ပဲေျဖလုိက္ပါေနာ္”

ႏွင္းရည္ တစ္ေယာက္ ျဖဴျဖဴခင္ကို စကားမျပန္ႏိုင္ေတာ့ပဲ မ်က္ရည္မ်ားသာစီးက်လာခဲ့သည္။



တစ္ႏွစ္ခန္႕ၾကာေသာ္ ……

အခ်ိန္ေတြကုန္လြန္သြားသည္ႏွင့္အမွ် ႏွင္းရည္၏ေဝဒနာမ်ားေလွ်ာ့ပါးလာခဲ့သည္။ ေသေသာသူၾကာရင္ေမ့ ဆိုသလုိေတာ့ ေမာင့္ကိုေမ့မရႏိုင္ေသးေပ။ ဒါေၾကာင့္လည္း ေမာင့္ရဲ႕အမွတ္တရမ်ားနဲ႕ကင္းေဝးရာရန္ကုန္ေျမကို စြန္႕ခြာလာခဲ့ျခင္းျဖစ္သည္။ ေမာင္ဆံုးပါးခဲ့ၿပီး တစ္ႏွစ္ျပည့္တြင္ ရန္ကုန္မွ အလုပ္ကိုထြက္ကာ ကေလာမွ အလုပ္တစ္ခုကိုလက္ခံခဲ့ျခင္းျဖစ္သည္။ ရန္ကုန္မွာဆက္ေနလွ်င္ ႏွင္းရည္ရဲ႕ ရင္ထဲကေဝဒနာေတြေပ်ာက္ပ်က္ေတာ့မည္မဟုတ္ေပ။ အခုဆိုလွ်င္ ႏွင္းရည္ကေလာေရာက္တာ တစ္ပတ္မွ်ရွိၿပီ။ မနက္ခင္းတိုင္း လမ္းေလွ်ာက္တတ္ေသာအက်င့္ရွိသူမို႕ ႏွင္းရည္တစ္ေယာက္လမ္းေလွ်ာက္ထြက္လာခဲ့သည္။ ကေလာမနက္ခင္းက ျမဴေတြဆိုင္းေနသျဖင့္ ေဝးေဝးကိုေကာင္းေကာင္းမျမင္ရ။ ႏွင္းရည္တစ္ေယာက္လမ္းေလွ်ာက္လာရင္း စိတ္ထဲတစ္မ်ိဳးျဖစ္လာသျဖင့္ ေနာက္ကိုလွည့္ၾကည့္မိရာ ျမင္လုိက္ရသည္က …..

သူမေနာက္မွ လူတစ္ေယာက္လိုက္လာသည္။ ထိုသူကို သဲသဲကြဲကြဲမျမင္ရ။ ေခါင္းစြပ္သ႑ာန္ဝတ္ရံုနက္ၾကီးၿခံဳထားေသာ ထိုလူပံုစံကထူးဆန္းလြန္းေနသည္။ ရုပ္ရွင္ထဲမွ မေကာင္းဆိုးဝါးလိုလုိပံုစံမ်ိဳး။ ထိုသူက ႏွင္းရည္ေနာက္မွ ခပ္ေျဖးေျဖးလိုက္လာသည္။ အို လိုက္လာတယ္လို႕ေတာ့ ေျပာလုိ႕မရပါဘူးေလ။ သူလည္း သူ႔ဘာသာလမ္းေလွ်ာက္လာတာျဖစ္မွာပါ။ လမ္းေကြ႔တစ္ခုအေရာက္ ႏွင္းရည္ ခ်ိဳးေကြ႕လိုက္စဥ္ ….

အလို ေရွ႕မွာ အနက္ေရာင္ေခါင္းစြပ္ဝတ္ရံုႏွင့္လူတစ္ေယာက္ပါလား။ ခုနက ေနာက္ကလုိက္လာသူနဲ႕တူလုိက္တာ။ ႏွင္းရည္ အေနာက္ကိုလွည့္ၾကည့္လုိက္ေတာ့ ပထမေခါင္းစြပ္နဲ႕လူကိုမေတြ႕ေတာ့။ ႏွင္းရည္ေခါင္းရႈပ္သြားသလို ဘာမွန္းမသိတုန္လႈပ္သြားသည္။ ခုနက ေနာက္ကေလွ်ာက္လာသူနဲ႕ အခုအေရွ႕ကေလွ်ာက္ေနသူ တစ္ေယာက္တည္းလား။ ဒါဆို သူကအေနာက္ကေန အေရွ႕ကိုဘယ္လုိေရာက္သြားတာလဲ။ ဒုကၡပဲ ဘာေတြပါလိမ့္။ ႏွင္းရည္တစ္ေယာက္ ဒီအတိုင္းဆက္ေလွ်ာက္သြားရမလား။ တစ္ခုခုလုပ္ရမလားမသဲကြဲ။ ဒါ့အျပင္ ထိုသူေတြက လူဆိုးလား၊ လူေကာင္းလားလည္းမသိ ႏွင္းရည္သာ ကိုယ့္အေတြးနဲ႕ကိုယ္ေၾကာက္ၿပီးတုန္လႈပ္ေနမိသည္။

ထုိစဥ္..တစ္စံုတစ္ေယာက္က ႏွင္းရည္ရဲ႕ပုခံုးကိုဆုပ္ကိုင္လုိက္သည္။

“အမေလး … ”

“ႏွင္းရည္ မေအာ္နဲ႕ေလ၊ ငါပါဟ၊ သီတာပါ”

“သီတာ… နင္ ဘယ္လုိဒီကိုေရာက္…”

“ငါက ကေလာသူေလဟ၊ အခုနင္ေရာက္ေနတာ ငါ့အိမ္ေရွ႕ပဲ၊ တူပါတယ္လုိ႕ၾကည့္ေနတာ၊ နင္ေနေကာင္းလား၊ အိမ္ထဲဝင္ဦးေလ၊ နင့္ကိုၾကည့္ရတာတုန္ေနတာပဲ၊ ခ်မ္းတာလား၊ ေၾကာက္တာလား”

သီတာက သူ႕အေျပာသူသေဘာက်ၿပီးရယ္ေနျပန္သည္။

သီတာကို ေတြ႕ရသျဖင့္အေၾကာက္ေျပသြားေသာ္လည္း စိတ္ထဲတြင္ မတင္မက်ျဖစ္ေနျပန္သည္။ သီတာနဲ႕သူက သမိုင္းေကာင္းခဲ့တာမွ မဟုတ္ပဲ။ အို.. ဒါေတြကၿပီးခဲ့ၿပီပဲ။ ကေလးတုန္းကျပႆနာေတြပါ။ သီတာကို ၾကည့္ရတာလည္း သူမကိုေဖာ္ေရြခင္မင္ပံုပါပဲ။

သီတာရဲ႕ဖိတ္ေခၚမႈေၾကာင့္ သူမအိမ္ထဲသို႕လိုက္လာခဲ့သည္။ သီတာရဲ႕အိမ္က ကိုလုိနီေခတ္ပံုစံႏွစ္ထပ္တိုက္ေလးျဖစ္သည္။ ခမ္းနားလွျခင္းမရွိေသာ္လည္း သပ္သပ္ရပ္ရပ္ႏွင့္ခ်စ္စရာေလးျဖစ္သည္။ အိမ္ထဲကိုေရာက္ေတာ့ ေႏြးသြားသည္။ သီတာ့အိမ္အတြင္းအျပင္အဆင္က တစ္မ်ိဳးပင္။ ေရွးေဟာင္းပစၥည္းေတြ၊ ပန္းခ်ီကားေတြ၊ ႏွင္းရည္နားမလည္ေသာ ေရွးေဟာင္းစာသားမ်ား ခ်ိတ္ဆြဲထားသည္။

သီတာက ႏွင္းရည္ကိုၾကည့္ရင္း “ငါက အဲ့လိုပဲဟ၊ ေရွးေဟာင္းပစၥည္းေတြႀကိဳက္တယ္။ နင္တို႔လုိ ေခတ္ဆန္တဲ့သူေတြနဲ႔ မတူဘူးေပါ့ဟာ နင္လက္ဖက္ရည္ႀကိဳက္တယ္မလား၊ နန္းၾကည္ေရ လက္ဖက္ရည္ယူခဲ့

နင္နဲ႕ငါမေတြ႕ရတာၾကာၿပီေနာ္။ ေနေကာင္းရဲ႕လား ဘာေတြလုပ္ေနလဲ၊ ျဖဴျဖဴခင္ေရာအိမ္ေထာင္က်ၿပီလား၊ အားလံုးကိုသတိရပါတယ္ဟာ၊ ငါလည္းေက်ာင္းကထြက္လာကတည္းက ရန္ကုန္မေရာက္ေတာ့ပါဘူး၊ ငါ့မိဘလုပ္ငန္းေတြကို ဦးစီးေနတာ”

သီတာက စကားကိုအမွ်င္မျပတ္ေျပာေနေသာလည္း ႏွင္းရည္က နားေထာင္ရံုသက္သက္ပင္။ အမွန္ေျပာရလွ်င္သီတာကိုေတြ႕ရသည္ကို သူမလိပ္ျပာမလံု။ ဒါေၾကာင့္ပင္

“သီတာ၊ နင္ငါတို႔ကိုခြင့္လႊတ္ႏိုင္ရဲ႕လား” ဟု ပင္ေမးၾကည့္မိသည္။

သီတာ့မ်က္ႏွာ ကြက္ခနဲပ်က္သြားသည္။

“သူငယ္ခ်င္းရယ္၊ ဘာေတြေျပာေနတာလည္း၊ ၾကာလွၿပီပဲဟာ.. နင္အခုဘယ္မွာေနလဲ”

သီတာက စကားလမ္းေၾကာင္းေျပာင္းလုိက္သည္။

ေအာ္ ကာယကံရွင္ကေတာင္ စကားလည္းေၾကာင္းလႊဲေနမွေတာ့ ဒါေတြအစေဖာ္ေနလို႕မထူးပါဘူးေလ။ တစ္ခ်ိန္ကေတာ့ သီတာတစ္ေယာက္ ေမာင္နဲ႔ ႏွင္းရည္ကို ေတာ္ေတာ္နာက်ည္းခဲ့ရွာသည္။

“ငါ့ကို စိတ္ထိခုိက္ေအာင္လုပ္တဲ့နင္တုိ႕ ငါ့ခံစားရသလုိျပန္ခံစားရမွေက်နပ္မယ္” သီတာတစ္ေယာက္ဒီလုိႀကိမ္းဝါးခဲ့သည္။

အခုေတာ့ ငါတုိ႕နင့္ဝဋ္လည္ေနပါၿပီဟာ ႏွင္းရည္စိတ္ထဲမွာေျပာမိသည္။

……..

ႏွင္းရည္ငွားထားေသာအိမ္တြင္ ႏွင္းရည္တစ္ေယာက္ထဲသာေနထိုင္သည္။ ေဝယ်ာဝစၥလုပ္ေပးေသာေကာင္မေလးက ေန႕ခင္းဘက္သာလာၿပီး ညျပန္သြားတတ္သည္။ ခါတိုင္းက ႏွင္းရည္မေၾကာက္တတ္ေပမယ့္ ဒီေန႔ေတာ့စိတ္ေတြေလးေနမိသည္။ ၿပီးေတာ့ အတိတ္ကအေၾကာင္းေတြကို စိတ္ကေရာက္ေနမိသည္။

ေမာင္ဆိုတဲ့ ေဇာ္မင္းႏိုင္၊ ႏွင္းရည္ေအး ဆိုသည့္သူမ၊ ျဖဴျဖဴခင္ႏွင့္ သီတာေမ တို႕သည္တစ္ခ်ိန္ကရန္ကုန္တကၠသိုလ္က ေက်ာင္းသားေက်ာင္းသူမ်ားျဖစ္သည္။ ျဖဴျဖဴခင္၊ သီတာေမႏွင့္ ႏွင္းရည္ေအးတုိ႕ကေတာ့ အခန္းေဖာ္မ်ားျဖစ္ၿပီး ေမာင္ႏွင့္ ႏွင္းရည္ကထိုစဥ္ထဲကခ်စ္သူမ်ားျဖစ္သည္။ ထိုအခ်ိန္က မာနခပ္ႀကီးႀကီးသီတာကို ၾကည့္မရေသာ ေမာင္ႏွင့္ႏွင္းရည္သည္ အဆင္ျခင္မဲ့ေသာလုပ္ရပ္တစ္ခုကိုျပဳလုပ္ခဲ့မိသည္။ သီတာယူေသာေမဂ်ာမွ က်ဴတာေခ်ာေခ်ာေလးအား သီတာ စိတ္ဝင္စားေနသည္ကိုသိေသာေၾကာင့္ သီတာမွ ေရးသားဟန္ျဖင့္ သီတာ့အခ်စ္ကိုဖြင့္ဟထားေသာ စာမ်ား၊ လက္ေဆာင္ပစၥည္းမ်ားအျပင္ သီတာ့ဓါတ္ပံုကိုပါထည့္ကာ မၾကာခဏဆုိသလုိ ထိုက်ဴတာေလး၏လိပ္စာသုိ႔ ပို႕ေပးခဲ့သည္။ ေမာင္ႏွင့္ ႏွင္းရည္က ဟာသလုပ္ရန္သက္သက္စေနာက္ခဲ့ျခင္းျဖစ္ေသာလည္း ဆိုးဝါးသည့္ရလာဒ္မ်ားျဖစ္ခဲ့သည္။ သူတို႕အားလံုးမသိထားသည္က ထုိက်ဴတာေလးတြင္ ေစ့စပ္ထားသူရွိေလသည္။ ထိုအမ်ိဳးသမီးက ေက်ာင္းအထိလိုက္လာကာ သီတာ့အား လူပံုအလည္တြင္ သူ႕ခ်စ္သူအားမလုရန္ ေျပာဆိုၾကိမ္းေမာင္းေလရာ သီတာ့ခင္မ်ာ ဘုမသိဘမသိႏွင့္အရွက္ကြဲရေတာ့ေလသည္။ ထိုကိစၥမ်ား၏ လက္သည္တရားခံမွာ ေမာင္ႏွင့္ ႏွင္းရည္ဆိုတာသိေသာအခါ သူတုိ႕ကိုလက္စားေခ်မည္ဟု ေျပာဆုိကာ သူ၏ေနရပ္သို႕ျပန္သြားေလသည္။ အရွက္တကြဲျဖင့္ျပန္သြားရေသာ သီတာ့အတြက္ ႏွင္းရည္ႏွင့္ေမာင္တို႕စိတ္မေကာင္းကာေနာင္တရမိသည္မွာလည္း အမွန္ပါ။

ႏွင္းရည္တစ္ေယာက္တည္း အတိတ္ကအေၾကာင္းမ်ားျပန္ေတြးကာ အခ်ိန္မည္မွ်ၾကာသြားသည္မသိ။ အေရွ႕တံခါးကို တေဒါက္ေဒါက္ေခါက္သံၾကားမွပင္ သတိဝင္လာသည္။

“ဘယ္သူလဲ?”

“ႏွင္းရည္၊ ငါပါ သီတာေလ၊ နင့္ကိုေျပာစရာရွိလို႕”

သူမတံခါးဖြင့္လိုက္သည္။

“သီတာ၊ ဘာကိစၥရွိလုိ႕လဲ”

“ေျဖးေျဖးေပါ့ဟာ၊ ငါနင့္ကိုေျပာမွာပါ”

သီတာက ျပံဳးရင္းအိမ္ထဲကိုဝင္လာသည္။

“နင္သိလား၊ နင္နဲ႔ နင့္ေကာင္နဲ႕လုပ္ရပ္ေၾကာင့္ ငါဘယ္ေလာက္အထိ နစ္နာခဲ့ရလဲဆိုတာ၊ ငါေက်ာင္းမျပီးခင္ အရွက္တကြဲနဲ႔ အိမ္ျပန္ခဲ့ရတယ္။ အခုအခ်ိန္အထိ အရွက္မဲ့တဲ့မိန္းမလုိ႕ အေၾကာင္းမသိသူေတြရဲ႕ နာမည္တပ္တာခံခဲ့ရတယ္”

“သီတာရယ္၊ နင္ေျပာေတာ့ ၿပီးခဲ့တာေတြၿပီးၿပီဆို။ ငါနင့္ကိုေတာင္းပန္ပါတယ္။ ငါတို႕ဒီလုိျဖစ္ဖုိ႕မရည္ရြယ္ခဲ့ဘူး”

“ငါနင့္ကိုညာခဲ့တာပါ။ နင္တို႕လုပ္ရပ္ေတြကို ငါမေမ့ဘူး။ လင္တရူးျပီး ငါ့ကိုလာအရွက္ခြဲတဲ့ဟိုေကာင္မေရာေပါ့။ ငါအကုန္လံုးကိုလက္စားေခ်ဖုိ႕ႀကိဳးစားခဲ့တယ္။ နင့္အေကာင္ေရာ၊ ဟိုေကာင္မကိုေရာ ငါသတ္ၿပီးၿပီ။ ဘယ္လုိသတ္လဲ သိခ်င္လား။ နင္မၾကာခင္သိရမွာပါ။ နင္လည္း သူတို႕လိုပဲေသရမွာေလ၊ ဟားဟားဟား”

သီတာက အသံနက္ႀကီးႏွင့္ ေအာ္ရယ္လုိက္သည္မွာ ေျခာက္ျခားစရာေကာင္းေနသည္။ မၾကာခင္ သီတာက ႏွင္းရည္နားမလည္ေသာ ဘာသာစကားတစ္ခုျဖင့္ တစ္စံုတစ္ရာရြတ္ဆိုလုိက္သည္။ သီတာ့ကိုၾကည့္ရသည္မွာ သာမာန္ရုပ္ရည္မ်ိဳးမဟုတ္ဘဲ ေသြးဆာေနပံုေပါက္ေနသျဖင့္ ေၾကာက္မက္ဖြယ္ေကာင္းေနသည္။

ထိုစဥ္ ……

သီတာ့ေဘးမွ တစ္စံုတစ္ရာေပၚလာသည္။ ထိုအရာသည္ ႀကီးမားထြားႀကိဳင္းၿပီး ခက္ထန္ၾကမး္ၾကဳပ္ေသာ မ်က္ႏွာႀကီးတြင္ မ်က္လံုးမ်ားက အျပင္ကိုတြဲေလာင္းက်သည္။ သူ၏ ေခါင္းတစ္ျခမ္းမွာ ပြင့္ထြက္ေနကာ အတြင္းမွ ဦးေႏွာက္မ်ားကိုအတုိင္းသားျမင္ေနရသည္။ ေျခလက္မ်ားက ပံုမွန္မဟုတ္ပဲ ေကြ႕ေကာက္ေနကာ ခႏၶာကိုယ္ႀကီးက လူေသေကာင္လုိပုပ္ပြေနေပသည္။ သီတာက ထုိသတၱဝါႀကီးအား ႏွင္းရည္ဘက္သို႕လက္ညွိဳးထုိးျပလုိက္ရာ သတၱဝါႀကီးက ႏွင္းရည္ရွိရာသို႕ လုိက္ေတာ့သည္။ ႏွင္းရည္မွာ ဘာမွမစဥ္းစားႏိုင္ေတာ့ပဲ ထြက္ေျပးကာ အျပင္သို႕ထြက္ဖို႕ႀကိဳးစားသည္။ သုိ႕ေသာ တံခါးေပါက္မ်ားမွာ လံုးဝဖြင့္မရသျဖင့္ အေပၚထပ္ဝရန္တာရွိရာသို႔ ထြက္ေျပးခဲ့ရသည္။ အျပင္ထြက္ရန္မွာ ဝရန္တာမွ ခုန္ခ်ရန္သာရွိေတာ့သည္။ ထိုစဥ္မွာပင္ …..

ႏွင္းရည္တစ္စံုတစ္ရာကို သတိရလုိက္သည္။ ႏွင္းရည္၏ လည္ပင္းတြင္ ႏွင္းရည္ကိုးကြယ္ေသာ ဘုန္းဘုန္းဆြဲေပးထားသည့္ ခ်ည္မန္းကြင္းရွိသည္။ ႏွင္းရည္ရွိရာသုိ႕ ေျပးလာေသာ သတၱဝါႀကီး၏ေခါင္းကို ခ်ည္မန္းကြင္းျဖင့္ စြပ္ခ်လုိက္ရာ သတၱဝါႀကီးေသြးရူးေသြးတန္းျဖင့္ ထြက္ေျပးေလသည္။ ထို႕ေနာက္ သူ႕အား ဂါထာမႏၱန္မ်ားျဖင့္ ထိန္းခ်ဳပ္ေနေသာ သီတာဆီသို႕ေျပးကာ သီတာအား အရွင္လတ္လတ္ ကလီစာမ်ားဆြဲထုတ္ၿပီး သတ္လုိက္ေလသည္။ သီတာ၏ ရင္ဘတ္ဟင္းလင္းပြင့္ကာ အူမ်ား၊ အသဲကလီစာမ်ားျပန္႕ႀကဲသြားသည္ကို ၾကည့္ရင္း ႏွင္းရည္တစ္ေယာက္ ေမ့ေျမာသြားေလေတာ့သည္။

…..

တကယ္ေတာ့ သီတာသည္ ႏွင္းရည္တုိ႔ကိုကလဲ့စားေခ်ရန္အႀကံျဖင့္ စုန္းေအာက္လမ္းပညာမ်ားေလ့လာသင္ယူကာ ကလဲ့စားေခ်ခဲ့ျခင္းျဖစ္ေလသည္။ေအာက္လမ္းပညာျဖင့္ သရဲေမြးကာ သူသတ္လိုသူမ်ားထံ သရဲအားေစလႊတ္၍သတ္ေစသည္။  ႏွင္းရည္အားသတ္ရန္ အႀကံေအာင္လုဆဲတြင္ ႏွင္းရည္မွ သီတာေမြးထားေသာ သရဲႀကီးအား ခ်ည္မန္းကြင္းျဖင့္စြပ္လုိက္ရာ သရဲႀကီးမွာ ပူေလာင္လွသျဖင့္ ထြက္ေျပးလုိေသာ္လည္း သီတာ၏အစီအရင္ေၾကာင့္ မေျပးႏိုင္ျဖစ္ေနရေသာေၾကာင့္ သီတာ့အား သတ္လုိက္ျခင္းျဖစ္သည္။

ဤအေၾကာင္းအရာမ်ားအား ႏွင္းရည္တစ္ေယာက္ သိႏိုင္စြမ္း မရွိေတာ့ေခ်။ စိတ္ထိခုိက္ဖြယ္၊ ေခ်ာက္ခ်ားဖြယ္ရာမ်ား ဆက္တိုက္ႀကံဳခဲ့ရေသာ ႏွင္းရည္သည္ သည္းေျခပ်က္မတတ္ျဖစ္ေနရာ ယခုအခါ ၿငိမ္းေအးရာ သာသနာ႔ေဘာင္တြင္ စိတ္ဒဏ္ရာမ်ားကုစားေနေတာ့ေလသည္။

(ဝန္ခံခ်က္ – ဤအျဖစ္အပ်က္မ်ားသည္ စိတ္ကူးယဥ္ေရးသားထားျခင္းသာျဖစ္ပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
မနက်လင်းလင်းချင်းကြားရတဲ့သတင်းက ကိုယ့်နားကိုယ်ပင် မယုံနိုင်အောင်ဖြစ်ရသည်။ မောင်တစ်ယောာက်ဆုံးပြီတဲ့။ ဘယ်လိုဖြစ်ရတာလဲ။ ဒီသတင်းကိုပေးလာသူက ဖြူဖြူခင်ဖြစ်သည်။

“စိတ်ခိုင်ခိုင်ထားပါ နှင်းရယ်။ ငါလည်း သတင်းကြားကြားချင်း စိတ်မကောင်းပါဘူး”

‘ဘယ်လိုဖြစ်ရတာလဲဟာ။ ညကတောင် မောင်နဲ့ငါ စကားတွေပြောနေကြတာ၊ နင်က ဒီသတင်းကို ဘယ်လိုသိတာလဲ”

“သူ့အိမ်ကငါ့ကိုဖုန်းဆက်တာပါ။ သူတို့က နင့်ကိုပြောမထွက်လို့ငါကနေတစ်ဆင့်အသိပေးခိုင်းတာပါ သူငယ်ချင်းရယ်၊ ဖြစ်တာက တိုက်ပေါ်ကပြုတ်ကျတာဟ၊ အဲ့ဒီရက်မတိုင်ခင်က သူဂယောင်ခြောက်ခြားတွေဖြစ်ဖြစ်နေလို့ မနည်းစိတ်ငြိမ်အောင်ကုထားရတာတဲ့။ နင်အဲ့ဒီကိစ္စမသိဘူးလား”

“အင်း၊ ငါသိတန်သလောက်သိပါတယ်။ မောင် ဒီရက်ပိုင်းအလုပ်တွေဖိစီးမှုများပြီး အိမ်မပျော်တာ၊ လန့်နိုးတာ၊ ထင်ယောင်ထင်မှားတွေဖြစ်တာတွေ တစ်လလောက်ရှိနေပြီ။ အဲ့ဒါကြောင့် ဆရာဝန်နဲ့ကော၊ ဘာသာရေးနဲ့ပါ စိတ်တည်ငြိမ်အောင်ကုထားတာ၊ မောင်သက်သာသွားပြီလို့ ငါထင်နေတာ”

“အေး၊ အဲ့နေ့က သူ့အမေရှေ့မှာပဲ အသံနက်ကြီးနဲ့ အော်ရင်း တိုက်ပေါ်ကခုန်ချသွားတာတဲ့။ သူ့အမေလည်း ရူးမတတ်ဖြစ်နေရှာတယ်။ နင်လည်း စိတ်ကိုတည်ငြိမ်အောင်ထားပါသူငယ်ချင်းရယ်၊ သတ္တဝါတစ်ခုကံတစ်ခုလို့ပဲဖြေလိုက်ပါနော်”

နှင်းရည် တစ်ယောက် ဖြူဖြူခင်ကို စကားမပြန်နိုင်တော့ပဲ မျက်ရည်များသာစီးကျလာခဲ့သည်။



တစ်နှစ်ခန့်ကြာသော် ……

အချိန်တွေကုန်လွန်သွားသည်နှင့်အမျှ နှင်းရည်၏ဝေဒနာများလျှော့ပါးလာခဲ့သည်။ သေသောသူကြာရင်မေ့ ဆိုသလိုတော့ မောင့်ကိုမေ့မရနိုင်သေးပေ။ ဒါကြောင့်လည်း မောင့်ရဲ့အမှတ်တရများနဲ့ကင်းဝေးရာရန်ကုန်မြေကို စွန့်ခွာလာခဲ့ခြင်းဖြစ်သည်။ မောင်ဆုံးပါးခဲ့ပြီး တစ်နှစ်ပြည့်တွင် ရန်ကုန်မှ အလုပ်ကိုထွက်ကာ ကလောမှ အလုပ်တစ်ခုကိုလက်ခံခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မှာဆက်နေလျှင် နှင်းရည်ရဲ့ ရင်ထဲကဝေဒနာတွေပျောက်ပျက်တော့မည်မဟုတ်ပေ။ အခုဆိုလျှင် နှင်းရည်ကလောရောက်တာ တစ်ပတ်မျှရှိပြီ။ မနက်ခင်းတိုင်း လမ်းလျှောက်တတ်သောအကျင့်ရှိသူမို့ နှင်းရည်တစ်ယောက်လမ်းလျှောက်ထွက်လာခဲ့သည်။ ကလောမနက်ခင်းက မြူတွေဆိုင်းနေသဖြင့် ဝေးဝေးကိုကောင်းကောင်းမမြင်ရ။ နှင်းရည်တစ်ယောက်လမ်းလျှောက်လာရင်း စိတ်ထဲတစ်မျိုးဖြစ်လာသဖြင့် နောက်ကိုလှည့်ကြည့်မိရာ မြင်လိုက်ရသည်က …..

သူမနောက်မှ လူတစ်ယောက်လိုက်လာသည်။ ထိုသူကို သဲသဲကွဲကွဲမမြင်ရ။ ခေါင်းစွပ်သဏ္ဍာန်ဝတ်ရုံနက်ကြီးခြုံထားသော ထိုလူပုံစံကထူးဆန်းလွန်းနေသည်။ ရုပ်ရှင်ထဲမှ မကောင်းဆိုးဝါးလိုလိုပုံစံမျိုး။ ထိုသူက နှင်းရည်နောက်မှ ခပ်ဖြေးဖြေးလိုက်လာသည်။ အို လိုက်လာတယ်လို့တော့ ပြောလို့မရပါဘူးလေ။ သူလည်း သူ့ဘာသာလမ်းလျှောက်လာတာဖြစ်မှာပါ။ လမ်းကွေ့တစ်ခုအရောက် နှင်းရည် ချိုးကွေ့လိုက်စဉ် ….

အလို ရှေ့မှာ အနက်ရောင်ခေါင်းစွပ်ဝတ်ရုံနှင့်လူတစ်ယောက်ပါလား။ ခုနက နောက်ကလိုက်လာသူနဲ့တူလိုက်တာ။ နှင်းရည် အနောက်ကိုလှည့်ကြည့်လိုက်တော့ ပထမခေါင်းစွပ်နဲ့လူကိုမတွေ့တော့။ နှင်းရည်ခေါင်းရှုပ်သွားသလို ဘာမှန်းမသိတုန်လှုပ်သွားသည်။ ခုနက နောက်ကလျှောက်လာသူနဲ့ အခုအရှေ့ကလျှောက်နေသူ တစ်ယောက်တည်းလား။ ဒါဆို သူကအနောက်ကနေ အရှေ့ကိုဘယ်လိုရောက်သွားတာလဲ။ ဒုက္ခပဲ ဘာတွေပါလိမ့်။ နှင်းရည်တစ်ယောက် ဒီအတိုင်းဆက်လျှောက်သွားရမလား။ တစ်ခုခုလုပ်ရမလားမသဲကွဲ။ ဒါ့အပြင် ထိုသူတွေက လူဆိုးလား၊ လူကောင်းလားလည်းမသိ နှင်းရည်သာ ကိုယ့်အတွေးနဲ့ကိုယ်ကြောက်ပြီးတုန်လှုပ်နေမိသည်။

ထိုစဉ်..တစ်စုံတစ်ယောက်က နှင်းရည်ရဲ့ပုခုံးကိုဆုပ်ကိုင်လိုက်သည်။

“အမလေး … ”

“နှင်းရည် မအော်နဲ့လေ၊ ငါပါဟ၊ သီတာပါ”

“သီတာ… နင် ဘယ်လိုဒီကိုရောက်…”

“ငါက ကလောသူလေဟ၊ အခုနင်ရောက်နေတာ ငါ့အိမ်ရှေ့ပဲ၊ တူပါတယ်လို့ကြည့်နေတာ၊ နင်နေကောင်းလား၊ အိမ်ထဲဝင်ဦးလေ၊ နင့်ကိုကြည့်ရတာတုန်နေတာပဲ၊ ချမ်းတာလား၊ ကြောက်တာလား”

သီတာက သူ့အပြောသူသဘောကျပြီးရယ်နေပြန်သည်။

သီတာကို တွေ့ရသဖြင့်အကြောက်ပြေသွားသော်လည်း စိတ်ထဲတွင် မတင်မကျဖြစ်နေပြန်သည်။ သီတာနဲ့သူက သမိုင်းကောင်းခဲ့တာမှ မဟုတ်ပဲ။ အို.. ဒါတွေကပြီးခဲ့ပြီပဲ။ ကလေးတုန်းကပြဿနာတွေပါ။ သီတာကို ကြည့်ရတာလည်း သူမကိုဖော်ရွေခင်မင်ပုံပါပဲ။

သီတာရဲ့ဖိတ်ခေါ်မှုကြောင့် သူမအိမ်ထဲသို့လိုက်လာခဲ့သည်။ သီတာရဲ့အိမ်က ကိုလိုနီခေတ်ပုံစံနှစ်ထပ်တိုက်လေးဖြစ်သည်။ ခမ်းနားလှခြင်းမရှိသော်လည်း သပ်သပ်ရပ်ရပ်နှင့်ချစ်စရာလေးဖြစ်သည်။ အိမ်ထဲကိုရောက်တော့ နွေးသွားသည်။ သီတာ့အိမ်အတွင်းအပြင်အဆင်က တစ်မျိုးပင်။ ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီကားတွေ၊ နှင်းရည်နားမလည်သော ရှေးဟောင်းစာသားများ ချိတ်ဆွဲထားသည်။

သီတာက နှင်းရည်ကိုကြည့်ရင်း “ငါက အဲ့လိုပဲဟ၊ ရှေးဟောင်းပစ္စည်းတွေကြိုက်တယ်။ နင်တို့လို ခေတ်ဆန်တဲ့သူတွေနဲ့ မတူဘူးပေါ့ဟာ နင်လက်ဖက်ရည်ကြိုက်တယ်မလား၊ နန်းကြည်ရေ လက်ဖက်ရည်ယူခဲ့

နင်နဲ့ငါမတွေ့ရတာကြာပြီနော်။ နေကောင်းရဲ့လား ဘာတွေလုပ်နေလဲ၊ ဖြူဖြူခင်ရောအိမ်ထောင်ကျပြီလား၊ အားလုံးကိုသတိရပါတယ်ဟာ၊ ငါလည်းကျောင်းကထွက်လာကတည်းက ရန်ကုန်မရောက်တော့ပါဘူး၊ ငါ့မိဘလုပ်ငန်းတွေကို ဦးစီးနေတာ”

သီတာက စကားကိုအမျှင်မပြတ်ပြောနေသောလည်း နှင်းရည်က နားထောင်ရုံသက်သက်ပင်။ အမှန်ပြောရလျှင်သီတာကိုတွေ့ရသည်ကို သူမလိပ်ပြာမလုံ။ ဒါကြောင့်ပင်

“သီတာ၊ နင်ငါတို့ကိုခွင့်လွှတ်နိုင်ရဲ့လား” ဟု ပင်မေးကြည့်မိသည်။

သီတာ့မျက်နှာ ကွက်ခနဲပျက်သွားသည်။

“သူငယ်ချင်းရယ်၊ ဘာတွေပြောနေတာလည်း၊ ကြာလှပြီပဲဟာ.. နင်အခုဘယ်မှာနေလဲ”

သီတာက စကားလမ်းကြောင်းပြောင်းလိုက်သည်။

အော် ကာယကံရှင်ကတောင် စကားလည်းကြောင်းလွှဲနေမှတော့ ဒါတွေအစဖော်နေလို့မထူးပါဘူးလေ။ တစ်ချိန်ကတော့ သီတာတစ်ယောက် မောင်နဲ့ နှင်းရည်ကို တော်တော်နာကျည်းခဲ့ရှာသည်။

“ငါ့ကို စိတ်ထိခိုက်အောင်လုပ်တဲ့နင်တို့ ငါ့ခံစားရသလိုပြန်ခံစားရမှကျေနပ်မယ်” သီတာတစ်ယောက်ဒီလိုကြိမ်းဝါးခဲ့သည်။

အခုတော့ ငါတို့နင့်ဝဋ်လည်နေပါပြီဟာ နှင်းရည်စိတ်ထဲမှာပြောမိသည်။

……..

နှင်းရည်ငှားထားသောအိမ်တွင် နှင်းရည်တစ်ယောက်ထဲသာနေထိုင်သည်။ ဝေယျာဝစ္စလုပ်ပေးသောကောင်မလေးက နေ့ခင်းဘက်သာလာပြီး ညပြန်သွားတတ်သည်။ ခါတိုင်းက နှင်းရည်မကြောက်တတ်ပေမယ့် ဒီနေ့တော့စိတ်တွေလေးနေမိသည်။ ပြီးတော့ အတိတ်ကအကြောင်းတွေကို စိတ်ကရောက်နေမိသည်။

မောင်ဆိုတဲ့ ဇော်မင်းနိုင်၊ နှင်းရည်အေး ဆိုသည့်သူမ၊ ဖြူဖြူခင်နှင့် သီတာမေ တို့သည်တစ်ချိန်ကရန်ကုန်တက္ကသိုလ်က ကျောင်းသားကျောင်းသူများဖြစ်သည်။ ဖြူဖြူခင်၊ သီတာမေနှင့် နှင်းရည်အေးတို့ကတော့ အခန်းဖော်များဖြစ်ပြီး မောင်နှင့် နှင်းရည်ကထိုစဉ်ထဲကချစ်သူများဖြစ်သည်။ ထိုအချိန်က မာနခပ်ကြီးကြီးသီတာကို ကြည့်မရသော မောင်နှင့်နှင်းရည်သည် အဆင်ခြင်မဲ့သောလုပ်ရပ်တစ်ခုကိုပြုလုပ်ခဲ့မိသည်။ သီတာယူသောမေဂျာမှ ကျူတာချောချောလေးအား သီတာ စိတ်ဝင်စားနေသည်ကိုသိသောကြောင့် သီတာမှ ရေးသားဟန်ဖြင့် သီတာ့အချစ်ကိုဖွင့်ဟထားသော စာများ၊ လက်ဆောင်ပစ္စည်းများအပြင် သီတာ့ဓါတ်ပုံကိုပါထည့်ကာ မကြာခဏဆိုသလို ထိုကျူတာလေး၏လိပ်စာသို့ ပို့ပေးခဲ့သည်။ မောင်နှင့် နှင်းရည်က ဟာသလုပ်ရန်သက်သက်စနောက်ခဲ့ခြင်းဖြစ်သောလည်း ဆိုးဝါးသည့်ရလာဒ်များဖြစ်ခဲ့သည်။ သူတို့အားလုံးမသိထားသည်က ထိုကျူတာလေးတွင် စေ့စပ်ထားသူရှိလေသည်။ ထိုအမျိုးသမီးက ကျောင်းအထိလိုက်လာကာ သီတာ့အား လူပုံအလည်တွင် သူ့ချစ်သူအားမလုရန် ပြောဆိုကြိမ်းမောင်းလေရာ သီတာ့ခင်မျာ ဘုမသိဘမသိနှင့်အရှက်ကွဲရတော့လေသည်။ ထိုကိစ္စများ၏ လက်သည်တရားခံမှာ မောင်နှင့် နှင်းရည်ဆိုတာသိသောအခါ သူတို့ကိုလက်စားချေမည်ဟု ပြောဆိုကာ သူ၏နေရပ်သို့ပြန်သွားလေသည်။ အရှက်တကွဲဖြင့်ပြန်သွားရသော သီတာ့အတွက် နှင်းရည်နှင့်မောင်တို့စိတ်မကောင်းကာနောင်တရမိသည်မှာလည်း အမှန်ပါ။

နှင်းရည်တစ်ယောက်တည်း အတိတ်ကအကြောင်းများပြန်တွေးကာ အချိန်မည်မျှကြာသွားသည်မသိ။ အရှေ့တံခါးကို တဒေါက်ဒေါက်ခေါက်သံကြားမှပင် သတိဝင်လာသည်။

“ဘယ်သူလဲ?”

“နှင်းရည်၊ ငါပါ သီတာလေ၊ နင့်ကိုပြောစရာရှိလို့”

သူမတံခါးဖွင့်လိုက်သည်။

“သီတာ၊ ဘာကိစ္စရှိလို့လဲ”

“ဖြေးဖြေးပေါ့ဟာ၊ ငါနင့်ကိုပြောမှာပါ”

သီတာက ပြုံးရင်းအိမ်ထဲကိုဝင်လာသည်။

“နင်သိလား၊ နင်နဲ့ နင့်ကောင်နဲ့လုပ်ရပ်ကြောင့် ငါဘယ်လောက်အထိ နစ်နာခဲ့ရလဲဆိုတာ၊ ငါကျောင်းမပြီးခင် အရှက်တကွဲနဲ့ အိမ်ပြန်ခဲ့ရတယ်။ အခုအချိန်အထိ အရှက်မဲ့တဲ့မိန်းမလို့ အကြောင်းမသိသူတွေရဲ့ နာမည်တပ်တာခံခဲ့ရတယ်”

“သီတာရယ်၊ နင်ပြောတော့ ပြီးခဲ့တာတွေပြီးပြီဆို။ ငါနင့်ကိုတောင်းပန်ပါတယ်။ ငါတို့ဒီလိုဖြစ်ဖို့မရည်ရွယ်ခဲ့ဘူး”

“ငါနင့်ကိုညာခဲ့တာပါ။ နင်တို့လုပ်ရပ်တွေကို ငါမမေ့ဘူး။ လင်တရူးပြီး ငါ့ကိုလာအရှက်ခွဲတဲ့ဟိုကောင်မရောပေါ့။ ငါအကုန်လုံးကိုလက်စားချေဖို့ကြိုးစားခဲ့တယ်။ နင့်အကောင်ရော၊ ဟိုကောင်မကိုရော ငါသတ်ပြီးပြီ။ ဘယ်လိုသတ်လဲ သိချင်လား။ နင်မကြာခင်သိရမှာပါ။ နင်လည်း သူတို့လိုပဲသေရမှာလေ၊ ဟားဟားဟား”

သီတာက အသံနက်ကြီးနှင့် အော်ရယ်လိုက်သည်မှာ ခြောက်ခြားစရာကောင်းနေသည်။ မကြာခင် သီတာက နှင်းရည်နားမလည်သော ဘာသာစကားတစ်ခုဖြင့် တစ်စုံတစ်ရာရွတ်ဆိုလိုက်သည်။ သီတာ့ကိုကြည့်ရသည်မှာ သာမာန်ရုပ်ရည်မျိုးမဟုတ်ဘဲ သွေးဆာနေပုံပေါက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းနေသည်။

ထိုစဉ် ……

သီတာ့ဘေးမှ တစ်စုံတစ်ရာပေါ်လာသည်။ ထိုအရာသည် ကြီးမားထွားကြိုင်းပြီး ခက်ထန်ကြမ်းကြုပ်သော မျက်နှာကြီးတွင် မျက်လုံးများက အပြင်ကိုတွဲလောင်းကျသည်။ သူ၏ ခေါင်းတစ်ခြမ်းမှာ ပွင့်ထွက်နေကာ အတွင်းမှ ဦးနှောက်များကိုအတိုင်းသားမြင်နေရသည်။ ခြေလက်များက ပုံမှန်မဟုတ်ပဲ ကွေ့ကောက်နေကာ ခန္ဓာကိုယ်ကြီးက လူသေကောင်လိုပုပ်ပွနေပေသည်။ သီတာက ထိုသတ္တဝါကြီးအား နှင်းရည်ဘက်သို့လက်ညှိုးထိုးပြလိုက်ရာ သတ္တဝါကြီးက နှင်းရည်ရှိရာသို့ လိုက်တော့သည်။ နှင်းရည်မှာ ဘာမှမစဉ်းစားနိုင်တော့ပဲ ထွက်ပြေးကာ အပြင်သို့ထွက်ဖို့ကြိုးစားသည်။ သို့သော တံခါးပေါက်များမှာ လုံးဝဖွင့်မရသဖြင့် အပေါ်ထပ်ဝရန်တာရှိရာသို့ ထွက်ပြေးခဲ့ရသည်။ အပြင်ထွက်ရန်မှာ ဝရန်တာမှ ခုန်ချရန်သာရှိတော့သည်။ ထိုစဉ်မှာပင် …..

နှင်းရည်တစ်စုံတစ်ရာကို သတိရလိုက်သည်။ နှင်းရည်၏ လည်ပင်းတွင် နှင်းရည်ကိုးကွယ်သော ဘုန်းဘုန်းဆွဲပေးထားသည့် ချည်မန်းကွင်းရှိသည်။ နှင်းရည်ရှိရာသို့ ပြေးလာသော သတ္တဝါကြီး၏ခေါင်းကို ချည်မန်းကွင်းဖြင့် စွပ်ချလိုက်ရာ သတ္တဝါကြီးသွေးရူးသွေးတန်းဖြင့် ထွက်ပြေးလေသည်။ ထို့နောက် သူ့အား ဂါထာမန္တန်များဖြင့် ထိန်းချုပ်နေသော သီတာဆီသို့ပြေးကာ သီတာအား အရှင်လတ်လတ် ကလီစာများဆွဲထုတ်ပြီး သတ်လိုက်လေသည်။ သီတာ၏ ရင်ဘတ်ဟင်းလင်းပွင့်ကာ အူများ၊ အသဲကလီစာများပြန့်ကြဲသွားသည်ကို ကြည့်ရင်း နှင်းရည်တစ်ယောက် မေ့မြောသွားလေတော့သည်။

…..

တကယ်တော့ သီတာသည် နှင်းရည်တို့ကိုကလဲ့စားချေရန်အကြံဖြင့် စုန်းအောက်လမ်းပညာများလေ့လာသင်ယူကာ ကလဲ့စားချေခဲ့ခြင်းဖြစ်လေသည်။အောက်လမ်းပညာဖြင့် သရဲမွေးကာ သူသတ်လိုသူများထံ သရဲအားစေလွှတ်၍သတ်စေသည်။  နှင်းရည်အားသတ်ရန် အကြံအောင်လုဆဲတွင် နှင်းရည်မှ သီတာမွေးထားသော သရဲကြီးအား ချည်မန်းကွင်းဖြင့်စွပ်လိုက်ရာ သရဲကြီးမှာ ပူလောင်လှသဖြင့် ထွက်ပြေးလိုသော်လည်း သီတာ၏အစီအရင်ကြောင့် မပြေးနိုင်ဖြစ်နေရသောကြောင့် သီတာ့အား သတ်လိုက်ခြင်းဖြစ်သည်။

ဤအကြောင်းအရာများအား နှင်းရည်တစ်ယောက် သိနိုင်စွမ်း မရှိတော့ချေ။ စိတ်ထိခိုက်ဖွယ်၊ ချောက်ချားဖွယ်ရာများ ဆက်တိုက်ကြုံခဲ့ရသော နှင်းရည်သည် သည်းခြေပျက်မတတ်ဖြစ်နေရာ ယခုအခါ ငြိမ်းအေးရာ သာသနာ့ဘောင်တွင် စိတ်ဒဏ်ရာများကုစားနေတော့လေသည်။

(ဝန်ခံချက် – ဤအဖြစ်အပျက်များသည် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top