ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

” နန္းၿမိဳင္ အခန္း 101 နဲ႔ အိပ္မက္အရ ဆီမီးသြားလႉေပးခဲ့တဲ့ ရတနာဆီမီးဘုရားမွ အျဖစ္အပ်က္မ်ား ”

ကြၽန္ေတာ္တို႔ အဖြဲ႕ ျပင္ဦးလြင္ေရာက္ေတာ့ နန္းၿမိဳင္ေဟာ္တယ္ကို ပထမဆံုးဝင္တယ္ ။ အခန္းယူေပါ့ ။ အခန္း 101,102,107 သံုးခန္းယူတဲ့အခါ အခန္းနံပါတ္ 101ကို သူတို႔က မငွါးဘူး ။ ည၁၂နာရီကေန၃နာရီအထိ ဝင္အိပ္ခြင့္ေတာ့ေပးတယ္ ။ အခန္းခမေပးရဘူးေပါ့ ။ ည၁၂နာရီမွာ ေသာ့လာယူဆိုၿပီးေျပာတာနဲ႔ အခန္းေသာ့ကို ည၁၂နာရီမွာ တာဝနိက်ဝန္ထမ္းဆီကေနယူလာခဲ့ၿပီး ဇာတ္လမ္းစပါေတာ့တယ္ ။

အခန္းတံခါးဖြင့္ၿပီး သိပ္မၾကာခင္ ေခြးေတြ စေဟာင္ပါေတာ့တယ္ ။ အဲဒါနဲ႔ ျပင္ဦးလြင္ၿမိဳ႕ထဲက ထမင္းစားၿပီးအျပန္ ဝယ္လာခဲ့တဲ့ အကင္ေတြကို ဘူးနဲ႔ပဲခ်ေကြၽးေပးလိုက္ပါတယ္ ။
ေနာက္ ကြၽန္ေတာ္နဲ႔ ဆရာNobel Sun က အခန္းထဲဝင္ေနၿပီး live လႊင့္ရင္း ထိုင္ေနတာေပါ့ ။
အဲဒီအခ်ိန္ထိ အခန္းထဲမထူးျခားဘူး ။

ထူးျခားသြားတာက အခန္းနံပါတ္ 102 ပဲ ။
102ကေန အျပင္ထြက္တဲ့အခ်ိန္ Door Lock ကို
အေသအခ်ာ ဘုႏွိပ္ၿပီးပိတ္ထားခဲ့တာပါ ။

Admin အဖြဲ႔ထဲကတစ္ေယာက္က နားမယ္ဆိုၿပီး အခန္းကိုျပန္အဝင္ ထူးဆန္းစြာ အခန္းေသာ့ပြင့္ေနခဲ့ပါတယ္ ။ ဒါက ပထမအခ်က္ ။ ေသာ့အားလံုး
လက္ထဲမွာကိုင္ထားပါတယ္ ။

ေနာက္ ကြၽန္ေတာ့္ဖုန္းကို live လႊင့္ၿပီး စတန္းနဲ႔ေထာက္ထားခဲ့ၿပီး အျပင္ထြက္ ေသာ့ခတ္ၿပီး အျပင္ကေန ဖုန္းေတြနဲ႔ လႉပ္႐ွားမႉ႕ကို ေစာင့္ၾကည့္ေနခဲ့ပါတယ္ ။

အဲဒီအခ်ိန္ admin ကိုညီစစ္မွ ေနရာေျပာင္းထားမယ္ဆိုၿပီး 101ကိုျပန္ဝင္တဲ့အခါ ေသာ့မွ Kek Changeက လႉပ္ေနပါတယ္ ။ Key Changeသည္ Steel ျပာနဲ႔လုပ္ထားတာပါ ။ ေလးပါတယ္ ။ ေလမတိုက္ပါဘူး ။ အဲဒီအခ်ိန္မွာ ။ဒါ ဒုတိယ ထူးုျခားခ်က္ပါ ။ျပီးေတာ့ ေသာ့ခတ္ၿပီး အခန္းအျပင္ျပန္ထြက္ကာအထဲက live လႊင့္ေနတာကို အျပင္ကေန ဖုန္းေတြနဲ႔ၾကည့္တဲ့အခါမွာ video ႐ိုက္ေနတာကိုနီးလိုက္ ေဝးလိုက္ျဖစ္ေနတာပါပဲ ။ အထဲမွာ ဘယ္သူမွမ႐ွိပါဘူး ။ ဒါက တတိယထူးျခားခ်က္ပါပဲ ။

ေနာက္ဆံုး႐ိုက္တဲ့ဟာကေတာ့ အခ်ိန္ၾကာသြားတဲ့အတြက္တင္မရလို႔ ဖ်က္လိုက္ရပါတယ္ ။
မနက္၃နာရီေက်ာ္မွာ ကြၽန္ေတာ္တိုလည္း အနားယူလိုက္ပါေတာ့တယ္ ။ ဒါနန္းၿမိဳင္101ရဲ႕ ထူးျခားခ်က္ပါ ။

ေနာက္ အိပ္မက္အရ ေျပာဆိုလာလို႔ အင္းဝ ရတနာဆီမီး ဘုရားမွာ ဆီမီးပူေဇာ္ရပံုက ဒီလိုဗ် ။
အမကို အိပ္မက္ေပးလို႔ စံုစမ္းၿပီးသြားခဲ့ရတာ ။ အိပ္မက္ထဲမွာ ဆီမီး၁၀၈ခုပူေဇာ္ေပးပါ ။ ဘာမွမပူပါနဲ႔ သြားသာသြားပါ ။ ဝိုင္းလုပ္ေပးမယ့္သူေတြ လာပါလိမ့္မယ္ဆိုၿပီး အိပ္မက္ေပးခဲ့တာ ။ အဲဒါနဲ႔ပဲ ႐ွာေဖြသြားတယ္ဆိုပါစို႔ဗ်ာ ။
အရင္ဆံုး မယ္ႏုအုတ္ေက်ာင္းကို အရင္ဝင္တယ္ ။

အဲဒီမွာ စပ္စုတဲ့ကြၽန္ေတာ္က ေက်ာင္းေအာက္ေျခက တိုင္ေတြဆီကို ဖုန္းမီးဖြင့္ၿပီးဝင္ၾကည့္တာေပါ့ ။ ဇာတ္လမ္းက အဲဒီမွစလာပါေလေရာဗ်ာ ။ ကြၽန္ေတာ္ငိုခ်င္လာတာပါပဲ ။ အဲဒါနဲ႔ ခဏေမတၱာပို႔ေပးၿပီးေက်ာင္းေတာ္ အေပၚကို တက္ၾကည့္တာေပါ့ ။ ရင္ထဲကို မေကာင္းတာ ။ ဒါက ရတနာဆီမီဘုရားနဲ႔ပတ္သက္သလား မပတ္သက္သလား ကြၽန္ေတာ္မသိဘူး။

အဲဒီကၿပီးေတာ့ ရတနာဆီမီးဘုရားကိုသြားဖို႔ အားလံုးျပန္ဆင္းလာၿပီး ကားစက္ႏိုးေတာ့ ႏိုးမရေတာ့ဘူးျဖစ္ၿပီ ။ ကားေမာင္းတဲ့ ဦးေလးကို ထားခဲ့ၿပီး
ျမင္းလွည္းငွါးသြားရတာေပါ့ ။ လမ္းကၾကမ္းတယ္ ။
ကားက ရန္ကုန္မွာ အကုန္စစ္ၿပီးမွ လာတာပါ ။
ေမာ္ဒယ္အျမင့္ ဆယ္စီယာပါ ။ထားပါ ။

ရတနာဆီမီးဘုရားေရာက္ေတာ့ ဘုရားထဲဝင္တယ္ဆို
ႏိုင္ငံျခားသားအဖြဲ႔႐ွိေနတယ္ ။ သူတို႔ျပန္မွ ကြၽန္ေတာ္တို႔က တံျမက္စီးလွည္းဖို႔လုပ္ေတာ့ ေတာစပ္ကေန ကေလးတစ္ေယာက္ တံျမက္စီးအသစ္ကို ကိုင္ၿပီးထြက္လာတာပဲဗ် ။ ေနာက္ထပ္ကေလးႏွစ္ေယာက္ပါ ထပ္ေရာက္လာခဲ့တယ္ ။ ဇာတ္လမ္းကအခုမွစမွာကေလးတစ္ေယာက္က ” သားတို႔လည္း သန္႔႐ွင္းေရးဝိုင္းလုပ္ေပးပါရေစတဲ့ ။ လုပ္ပါေပါ့ ။ သတိမထားမိေသးဘူး ။ ေနာက္ ဖေယာက္တိုင္ေတြခ်ေတာ့ သားတို႔ကိုလည္း ပူေဇာ္ခြင့္ေပးပါလားတဲ့ ။ ဒါ သတိထားမိၿပီ ။ လႉပါသားတို႔ရယ္ေပါ့ ။ အဲဒါနဲ႔သူတို႔ဖေယာင္းခြက္ေတြကို ေနရာခ်တာ လူႀကီးတစ္ေယာက္ထက္ သပ္ရပ္ေနတယ္။ ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့ဘူး ။ ကေလးေတြ တံျမက္စီးကိုင္ ထြက္လာတဲ့ ေနရာကို သြားၾကည့္ေတာ့တာေပါ့ ။ အမေလးဗ်ာ ဘာမွမ႐ွိဘူး ။ လမ္းေျပာတာ ။ ျခံဳႀကီးဗ် ။ တံျမက္စီးလွည္းထားတဲ့အရာလည္း မေတြ႕ေလ ။ ဒါနဲ႔ျပန္လာၿပီး မ်က္ႏွာေတြေသခ်ာၾကည့္ေတာ့မွ ျဖဴျဖဴေခ်ာေခ်ာေလးေတြ။
ႏွစ္ေယာက္က နားမွာ စိန္ရံျခယ္နားကပ္ပန္ထားထားတာကိုေတြ႔ရသလို သံုးေယာက္စလံုးအက်ီအနီေရာင္စပို႔႐ွပ္ေတြဝတ္ထားတာသတိထားမိသြားတယ္ ။

ထားပါေတာ့ ။ လိုရင္းေျပာမယ္ ။
ဆီမီးလႉၿပီးၿပီေပါ့ဗ်ာ ။ ဆရာNovel Sun ကလည္း ေမတၱာေတြစပို႔ေနၿပီ ။ ကြၽန္ေတာ္တို႔ကလည္း ပုတီးစိပ္အမွ်ေဝေတာ့တာေပါ့ ။ စုတ္ထိုးခ်က္က ေၾကာက္စရာဗ်ာ ။ ၾကက္သီးေတြေတာင္ထမိပါတယ္ ။ မုန္႔ဖိုးေပးမယ္ေျပာေတာ့ ကေလးသံုးေယာက္က မုန္႔ဖိုးမလိုပါဘူး အန္တီရယ္ ။ သားတို႔က လႉရရင္ေက်နပ္ပါၿပီတဲ့ဗ်ာ ။ ဒါကေလးစကားလား ။ သားတို႔မွာ ေမာင္ႏွမ၇ေယာက္႐ွိပါတယ္ ။ လူလိုရင္ထပ္ေခၚေပးပါ့မယ္တဲ့ဗ်။ ဖေယာင္းတိုင္ အေမႊးတိုင္လိုရင္သြားဝယ္ေပးမယ္ ဒီနားတင္႐ွိပါတယ္တဲ့ ( ဘုရားပတ္ဝန္းက်င္က ရြာေနေဝးတယ္ ။ အနီးအနား ဘာဆိုင္မွမ႐ွိဘူး ၊ တဲအိုေလး ၃လံုးပဲ႐ွိတယ္ )
ဒါနဲ႔ ေလာက္ပါတယ္သားတို႔လို႔ေျပာမွပဲ က်န္တာဝိုင္းလုပ္ၾကျပန္တယ္ ။

ေနာက္တခုက ကြၽန္ေတာ္ ဘုရားလာတဲ့လမ္းမွာ ဘုမၼိယေတြအတြက္ ေရလႉခ်င္ေနတာနဲ႔ ေရသန္႔ေတြပါဝယ္လာခဲ့တာေလ ။

ထားပါ အဆံုးသတ္ေျပာျပမယ္ ။ ကေလး၃ေယာက္ကို ေမာင္ႏွမသံုးေယာက္မွ်သံုးေနာ္ဆိုၿပီး တစ္ေသာင္းမုန္႔ဖိုးေပးလိုက္တယ္ ။ သားတို႔က ဘယ္မွာေနတာလည္းဆိုေတာ့ ေ႐ွ႕နားက အိမ္ကတဲ့ ။ ပိုတဲ့ဖေယာင္းတိုင္ အေမႊးတိုင္ေတြကို သားတို႔ေနာက္ေန႔လႉေနာ္ဆိုၿပီး ေပးခဲ့တယ္ အဲဒီမွာ ဇာတ္လမ္းကစျပန္ေရာ ေက်ာင္းပ်က္တခုကို ျပၿပီး ဒီထဲမွာ အဘဘိုးဘိုးႀကီးေနတယ္ ။ အမႏွစ္ေယာက္မွာ မေန႔က အမတစ္ေယာက္ဆြမ္းလာကပ္သြားတယ္ ။ ဒီေန႔ အန္တီက ဆီမီးလာပူေဇာ္တယ္ေနာ္တဲ့ ။ အမကလည္း ထူးထူးဆန္းဆန္း အဲဒီေန႔ကမွ အနီဝမ္းဆက္ဝတ္ထားျပန္တယ္ ။ ဒါနဲ႔ကေလးေတြကို မိုးခ်ဳပ္ေနလို႔ နႉတ္ဆက္ၿပီးျပန္မယ္ေျပာေတာ့ အန္တီရယ္ လိုက္ပို႔ေပးခ်င္လိုက္တာ လက္ႏွိပ္မီးက မ႐ွိဘူး ။ ေႁမြေတြသတိထားသြားေနာ္တဲ့ ။အဲလိုေျပာတာ ။ ကြၽန္ေတာ္တို႔အဖြဲ႔လည္းျပန္ေတာ့ သူတို႔ ဘုရားအေပါက္ဝမွာ ရပ္ၿပီးက်န္ေနခဲ့႐ွာတယ္ ။

ရင္ထဲအခုထိမေကာင္းေသးဘူး ။ ဘုမၼိယေတြ ဆိုလည္း အျမန္ကြၽတ္လြတ္ၾကပါေစလို႔ဆုေတာင္းအမွေဝေပးရံုမွတပါး အျခားမ႐ွိၿပီေလ ။

ကားစီေရာက္ေတာ့ ဘက္ထရီအိုးအကူနဲ႔စက္ႏိုးထားတယ္ ။ ဟိုတယ္ျပန္ၿပီး နားေပါ့ ။ မနက္ေရာက္ေတာ့ ဘက္ထရီအိုးအသစ္ထပ္လဲလိုက္ရတယ္ ။ ရန္ကုန္မွာျဖည့္လာတဲ့ အင္ဂ်င္ဝိုင္က မယိုမစိမ့္ပါပဲ ေအာက္ဆံုးအေျခအေနအထိေလ်ာ့ေနခဲ့လို႔ ထပ္ျဖည့္ၿပီး အျပန္လမ္းတစ္ေလွ်ာက္ ပုလိပ္ေႁမြဘုရား ၊ ေက်ာက္ဆည္ ေရႊသိမ္ေတာ္ ၊ ျမစ္သားမွမိတ္ေဆြအိမ္ ၊ ေနာက္မိတၳီလာမွ မိတ္ေဆြေတြဝင္နႉတ္ဆက္ရင္းျပန္လာတာ ဒီေန႔မနက္၄နာရီမွ အိမ္ျပန္ေရာက္ခဲ့ပါတယ္ ။

ရတနာဆီမီးေစတီနဲ႔ပတ္ၿပီး Admin ေမာင္ႏွမေတြေျပာမိတာကေတာ့ ဒီလာမယ့္ ဝါဆိုလျပည့္ေန႔မွာအျဖဴေရာင္ဝတ္ၿပီး ဆီမီးထပ္မံပူေဇာ္ေပးၿပီး အမွ်ထပ္ေဝေပးမယ္ ဆိုတာပါပဲဗ်ာ ။

( အမွန္တကယ္ၾကံဳခဲ့ရတာကို ေရးတတ္သလိုျပန္ေရးျပတာပါ ။ ဝတၳဳတိုေရးသလိုေရးျပရင္ ယံုတမ္းလိုျဖစ္မွာစိုးတဲ့အတြက္ပါ )

မဇၩိမ ဦးဆန္းမင္း
ဝိဇၨာနည္းက် နိယာမေဗဒင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM Post
# Unicode Version ျဖင့္ ဖတ္ပါ #
” နန်းမြိုင် အခန်း 101 နဲ့ အိပ်မက်အရ ဆီမီးသွားလှူပေးခဲ့တဲ့ ရတနာဆီမီးဘုရားမှ အဖြစ်အပျက်များ ”

ကျွန်တော်တို့ အဖွဲ့ ပြင်ဦးလွင်ရောက်တော့ နန်းမြိုင်ဟော်တယ်ကို ပထမဆုံးဝင်တယ် ။ အခန်းယူပေါ့ ။ အခန်း 101,102,107 သုံးခန်းယူတဲ့အခါ အခန်းနံပါတ် 101ကို သူတို့က မငှါးဘူး ။ ည၁၂နာရီကနေ၃နာရီအထိ ဝင်အိပ်ခွင့်တော့ပေးတယ် ။ အခန်းခမပေးရဘူးပေါ့ ။ ည၁၂နာရီမှာ သော့လာယူဆိုပြီးပြောတာနဲ့ အခန်းသော့ကို ည၁၂နာရီမှာ တာဝနိကျဝန်ထမ်းဆီကနေယူလာခဲ့ပြီး ဇာတ်လမ်းစပါတော့တယ် ။

အခန်းတံခါးဖွင့်ပြီး သိပ်မကြာခင် ခွေးတွေ စဟောင်ပါတော့တယ် ။ အဲဒါနဲ့ ပြင်ဦးလွင်မြို့ထဲက ထမင်းစားပြီးအပြန် ဝယ်လာခဲ့တဲ့ အကင်တွေကို ဘူးနဲ့ပဲချကျွေးပေးလိုက်ပါတယ် ။
နောက် ကျွန်တော်နဲ့ ဆရာNobel Sun က အခန်းထဲဝင်နေပြီး live လွှင့်ရင်း ထိုင်နေတာပေါ့ ။
အဲဒီအချိန်ထိ အခန်းထဲမထူးခြားဘူး ။

ထူးခြားသွားတာက အခန်းနံပါတ် 102 ပဲ ။
102ကနေ အပြင်ထွက်တဲ့အချိန် Door Lock ကို
အသေအချာ ဘုနှိပ်ပြီးပိတ်ထားခဲ့တာပါ ။

Admin အဖွဲ့ထဲကတစ်ယောက်က နားမယ်ဆိုပြီး အခန်းကိုပြန်အဝင် ထူးဆန်းစွာ အခန်းသော့ပွင့်နေခဲ့ပါတယ် ။ ဒါက ပထမအချက် ။ သော့အားလုံး
လက်ထဲမှာကိုင်ထားပါတယ် ။

နောက် ကျွန်တော့်ဖုန်းကို live လွှင့်ပြီး စတန်းနဲ့ထောက်ထားခဲ့ပြီး အပြင်ထွက် သော့ခတ်ပြီး အပြင်ကနေ ဖုန်းတွေနဲ့ လှူပ်ရှားမှူ့ကို စောင့်ကြည့်နေခဲ့ပါတယ် ။

အဲဒီအချိန် admin ကိုညီစစ်မှ နေရာပြောင်းထားမယ်ဆိုပြီး 101ကိုပြန်ဝင်တဲ့အခါ သော့မှ Kek Changeက လှူပ်နေပါတယ် ။ Key Changeသည် Steel ပြာနဲ့လုပ်ထားတာပါ ။ လေးပါတယ် ။ လေမတိုက်ပါဘူး ။ အဲဒီအချိန်မှာ ။ဒါ ဒုတိယ ထူးုခြားချက်ပါ ။ပြီးတော့ သော့ခတ်ပြီး အခန်းအပြင်ပြန်ထွက်ကာအထဲက live လွှင့်နေတာကို အပြင်ကနေ ဖုန်းတွေနဲ့ကြည့်တဲ့အခါမှာ video ရိုက်နေတာကိုနီးလိုက် ဝေးလိုက်ဖြစ်နေတာပါပဲ ။ အထဲမှာ ဘယ်သူမှမရှိပါဘူး ။ ဒါက တတိယထူးခြားချက်ပါပဲ ။

နောက်ဆုံးရိုက်တဲ့ဟာကတော့ အချိန်ကြာသွားတဲ့အတွက်တင်မရလို့ ဖျက်လိုက်ရပါတယ် ။
မနက်၃နာရီကျော်မှာ ကျွန်တော်တိုလည်း အနားယူလိုက်ပါတော့တယ် ။ ဒါနန်းမြိုင်101ရဲ့ ထူးခြားချက်ပါ ။

နောက် အိပ်မက်အရ ပြောဆိုလာလို့ အင်းဝ ရတနာဆီမီး ဘုရားမှာ ဆီမီးပူဇော်ရပုံက ဒီလိုဗျ ။
အမကို အိပ်မက်ပေးလို့ စုံစမ်းပြီးသွားခဲ့ရတာ ။ အိပ်မက်ထဲမှာ ဆီမီး၁၀၈ခုပူဇော်ပေးပါ ။ ဘာမှမပူပါနဲ့ သွားသာသွားပါ ။ ဝိုင်းလုပ်ပေးမယ့်သူတွေ လာပါလိမ့်မယ်ဆိုပြီး အိပ်မက်ပေးခဲ့တာ ။ အဲဒါနဲ့ပဲ ရှာဖွေသွားတယ်ဆိုပါစို့ဗျာ ။
အရင်ဆုံး မယ်နုအုတ်ကျောင်းကို အရင်ဝင်တယ် ။

အဲဒီမှာ စပ်စုတဲ့ကျွန်တော်က ကျောင်းအောက်ခြေက တိုင်တွေဆီကို ဖုန်းမီးဖွင့်ပြီးဝင်ကြည့်တာပေါ့ ။ ဇာတ်လမ်းက အဲဒီမှစလာပါလေရောဗျာ ။ ကျွန်တော်ငိုချင်လာတာပါပဲ ။ အဲဒါနဲ့ ခဏမေတ္တာပို့ပေးပြီးကျောင်းတော် အပေါ်ကို တက်ကြည့်တာပေါ့ ။ ရင်ထဲကို မကောင်းတာ ။ ဒါက ရတနာဆီမီဘုရားနဲ့ပတ်သက်သလား မပတ်သက်သလား ကျွန်တော်မသိဘူး။

အဲဒီကပြီးတော့ ရတနာဆီမီးဘုရားကိုသွားဖို့ အားလုံးပြန်ဆင်းလာပြီး ကားစက်နိုးတော့ နိုးမရတော့ဘူးဖြစ်ပြီ ။ ကားမောင်းတဲ့ ဦးလေးကို ထားခဲ့ပြီး
မြင်းလှည်းငှါးသွားရတာပေါ့ ။ လမ်းကကြမ်းတယ် ။
ကားက ရန်ကုန်မှာ အကုန်စစ်ပြီးမှ လာတာပါ ။
မော်ဒယ်အမြင့် ဆယ်စီယာပါ ။ထားပါ ။

ရတနာဆီမီးဘုရားရောက်တော့ ဘုရားထဲဝင်တယ်ဆို
နိုင်ငံခြားသားအဖွဲ့ရှိနေတယ် ။ သူတို့ပြန်မှ ကျွန်တော်တို့က တံမြက်စီးလှည်းဖို့လုပ်တော့ တောစပ်ကနေ ကလေးတစ်ယောက် တံမြက်စီးအသစ်ကို ကိုင်ပြီးထွက်လာတာပဲဗျ ။ နောက်ထပ်ကလေးနှစ်ယောက်ပါ ထပ်ရောက်လာခဲ့တယ် ။ ဇာတ်လမ်းကအခုမှစမှာကလေးတစ်ယောက်က ” သားတို့လည်း သန့်ရှင်းရေးဝိုင်းလုပ်ပေးပါရစေတဲ့ ။ လုပ်ပါပေါ့ ။ သတိမထားမိသေးဘူး ။ နောက် ဖယောက်တိုင်တွေချတော့ သားတို့ကိုလည်း ပူဇော်ခွင့်ပေးပါလားတဲ့ ။ ဒါ သတိထားမိပြီ ။ လှူပါသားတို့ရယ်ပေါ့ ။ အဲဒါနဲ့သူတို့ဖယောင်းခွက်တွေကို နေရာချတာ လူကြီးတစ်ယောက်ထက် သပ်ရပ်နေတယ်။ ကျွန်တော်လည်း မနေနိုင်တော့ဘူး ။ ကလေးတွေ တံမြက်စီးကိုင် ထွက်လာတဲ့ နေရာကို သွားကြည့်တော့တာပေါ့ ။ အမလေးဗျာ ဘာမှမရှိဘူး ။ လမ်းပြောတာ ။ ခြုံကြီးဗျ ။ တံမြက်စီးလှည်းထားတဲ့အရာလည်း မတွေ့လေ ။ ဒါနဲ့ပြန်လာပြီး မျက်နှာတွေသေချာကြည့်တော့မှ ဖြူဖြူချောချောလေးတွေ။
နှစ်ယောက်က နားမှာ စိန်ရံခြယ်နားကပ်ပန်ထားထားတာကိုတွေ့ရသလို သုံးယောက်စလုံးအကျီအနီရောင်စပို့ရှပ်တွေဝတ်ထားတာသတိထားမိသွားတယ် ။

ထားပါတော့ ။ လိုရင်းပြောမယ် ။
ဆီမီးလှူပြီးပြီပေါ့ဗျာ ။ ဆရာNovel Sun ကလည်း မေတ္တာတွေစပို့နေပြီ ။ ကျွန်တော်တို့ကလည်း ပုတီးစိပ်အမျှဝေတော့တာပေါ့ ။ စုတ်ထိုးချက်က ကြောက်စရာဗျာ ။ ကြက်သီးတွေတောင်ထမိပါတယ် ။ မုန့်ဖိုးပေးမယ်ပြောတော့ ကလေးသုံးယောက်က မုန့်ဖိုးမလိုပါဘူး အန်တီရယ် ။ သားတို့က လှူရရင်ကျေနပ်ပါပြီတဲ့ဗျာ ။ ဒါကလေးစကားလား ။ သားတို့မှာ မောင်နှမ၇ယောက်ရှိပါတယ် ။ လူလိုရင်ထပ်ခေါ်ပေးပါ့မယ်တဲ့ဗျ။ ဖယောင်းတိုင် အမွှေးတိုင်လိုရင်သွားဝယ်ပေးမယ် ဒီနားတင်ရှိပါတယ်တဲ့ ( ဘုရားပတ်ဝန်းကျင်က ရွာနေဝေးတယ် ။ အနီးအနား ဘာဆိုင်မှမရှိဘူး ၊ တဲအိုလေး ၃လုံးပဲရှိတယ် )
ဒါနဲ့ လောက်ပါတယ်သားတို့လို့ပြောမှပဲ ကျန်တာဝိုင်းလုပ်ကြပြန်တယ် ။

နောက်တခုက ကျွန်တော် ဘုရားလာတဲ့လမ်းမှာ ဘုမ္မိယတွေအတွက် ရေလှူချင်နေတာနဲ့ ရေသန့်တွေပါဝယ်လာခဲ့တာလေ ။

ထားပါ အဆုံးသတ်ပြောပြမယ် ။ ကလေး၃ယောက်ကို မောင်နှမသုံးယောက်မျှသုံးနော်ဆိုပြီး တစ်သောင်းမုန့်ဖိုးပေးလိုက်တယ် ။ သားတို့က ဘယ်မှာနေတာလည်းဆိုတော့ ရှေ့နားက အိမ်ကတဲ့ ။ ပိုတဲ့ဖယောင်းတိုင် အမွှေးတိုင်တွေကို သားတို့နောက်နေ့လှူနော်ဆိုပြီး ပေးခဲ့တယ် အဲဒီမှာ ဇာတ်လမ်းကစပြန်ရော ကျောင်းပျက်တခုကို ပြပြီး ဒီထဲမှာ အဘဘိုးဘိုးကြီးနေတယ် ။ အမနှစ်ယောက်မှာ မနေ့က အမတစ်ယောက်ဆွမ်းလာကပ်သွားတယ် ။ ဒီနေ့ အန်တီက ဆီမီးလာပူဇော်တယ်နော်တဲ့ ။ အမကလည်း ထူးထူးဆန်းဆန်း အဲဒီနေ့ကမှ အနီဝမ်းဆက်ဝတ်ထားပြန်တယ် ။ ဒါနဲ့ကလေးတွေကို မိုးချုပ်နေလို့ နှူတ်ဆက်ပြီးပြန်မယ်ပြောတော့ အန်တီရယ် လိုက်ပို့ပေးချင်လိုက်တာ လက်နှိပ်မီးက မရှိဘူး ။ မြွေတွေသတိထားသွားနော်တဲ့ ။အဲလိုပြောတာ ။ ကျွန်တော်တို့အဖွဲ့လည်းပြန်တော့ သူတို့ ဘုရားအပေါက်ဝမှာ ရပ်ပြီးကျန်နေခဲ့ရှာတယ် ။

ရင်ထဲအခုထိမကောင်းသေးဘူး ။ ဘုမ္မိယတွေ ဆိုလည်း အမြန်ကျွတ်လွတ်ကြပါစေလို့ဆုတောင်းအမှဝေပေးရုံမှတပါး အခြားမရှိပြီလေ ။

ကားစီရောက်တော့ ဘက်ထရီအိုးအကူနဲ့စက်နိုးထားတယ် ။ ဟိုတယ်ပြန်ပြီး နားပေါ့ ။ မနက်ရောက်တော့ ဘက်ထရီအိုးအသစ်ထပ်လဲလိုက်ရတယ် ။ ရန်ကုန်မှာဖြည့်လာတဲ့ အင်ဂျင်ဝိုင်က မယိုမစိမ့်ပါပဲ အောက်ဆုံးအခြေအနေအထိလျော့နေခဲ့လို့ ထပ်ဖြည့်ပြီး အပြန်လမ်းတစ်လျှောက် ပုလိပ်မြွေဘုရား ၊ ကျောက်ဆည် ရွှေသိမ်တော် ၊ မြစ်သားမှမိတ်ဆွေအိမ် ၊ နောက်မိတ္ထီလာမှ မိတ်ဆွေတွေဝင်နှူတ်ဆက်ရင်းပြန်လာတာ ဒီနေ့မနက်၄နာရီမှ အိမ်ပြန်ရောက်ခဲ့ပါတယ် ။

ရတနာဆီမီးစေတီနဲ့ပတ်ပြီး Admin မောင်နှမတွေပြောမိတာကတော့ ဒီလာမယ့် ဝါဆိုလပြည့်နေ့မှာအဖြူရောင်ဝတ်ပြီး ဆီမီးထပ်မံပူဇော်ပေးပြီး အမျှထပ်ဝေပေးမယ် ဆိုတာပါပဲဗျာ ။

( အမှန်တကယ်ကြုံခဲ့ရတာကို ရေးတတ်သလိုပြန်ရေးပြတာပါ ။ ဝတ္ထုတိုရေးသလိုရေးပြရင် ယုံတမ်းလိုဖြစ်မှာစိုးတဲ့အတွက်ပါ )

မဇ္ဈိမ ဦးဆန်းမင်း
ဝိဇ္ဇာနည်းကျ နိယာမဗေဒင်

ဖိုးသူတော် (www.phothutaw.com)
Credit: MM Post
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top