န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 တညင်းသီးကို English လို Djenkol Bean လိုခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobium -lobatum လို့ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ့ အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ဝ.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။
တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့အစားအစာ တစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့် တာကို Djenkilism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံးတစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တာပါပဲ။

တညင်းသီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှု
ကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး
စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့ လမ်းပိုများတယ်လို့ဆိုပါတယ်။


အဆိပ်သင့်ခြင်း

တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလိုသီထားတဲ့ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီးတစ်ခုနဲ့တစ်ခုအလွယ်တကူချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်
ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။

တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့ အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။

ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့
တတ်ပါတယ်။ နောက်ပြီးအပ်ချောင်းပုံ အဆိပ်မော်လီကျုးတွေကထိုးလို့ သွေးကြောလေးတွေ
ပေါက်တတ်ပါတယ်။
အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့ အခါဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို့ မရဖြစ်လာပါမယ်။ ကျောက်ကပ်
နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ
Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှု မခံယူရင် အသက်သေဆုံးနိုင်ပါတယ်။

ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။


တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့အဆိပ်မျိုးဖြစ်ပါတယ်။
ပျော်ဝင်နှုန်းက ဝ.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ
ပျော်ဝင်ပြီးပြည့်ဝသွားတဲ့ အတွက် အဆိပ်တွေထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့
အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။

အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ ၃၀၀ ဒီဂရီစင်တီဂရိတ် ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ ၁၀၀ ဒီဂရီစင်တီဂရိတ်သာ ရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့
100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။

တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွား တယ်လို့ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာအလွယ်တကူ ပျော်ဝင်ပါတယ်။
သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို့ ဆိုလိုတာပါပဲ။

တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970),South East Journal of Tropical Medicine (1978) စသဖြင့်ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်လို့ဆိုတယ်။
ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေတဲ့ ဒီလို အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ ခင်မောင်လွင်


#Unicode Version#
 တညင္းသီးကို English လို Djenkol Bean လိုေခၚၿပီး၊ သူ႔ရဲ႕ Scientific name ကေတာ့ Pithecolobium -lobatum လို႔ဆိုပါတယ္။ တညင္းသီးမွာ လူကိုအက်ိဳးျပဳတဲ့ ဗီတာမင္ဓာတ္ပါဝင္မႈ မရွိပါဘူး။ သူ႔မွာ ပါဝင္တာကေတာ့ လူကို ဒုကၡေပး ႏိုင္တဲ့ အဆိပ္ဓာတ္ပါ။ တညင္းသီးမွာ Djenkolic acid ဆိုတဲ့ အဆိပ္ေတြ ဝ.၃% ကေန ၁.၃% အထိပါဝင္ပါတယ္။
တညင္းသီးဟာ အဆိပ္သင့္တတ္တဲ့အစားအစာ တစ္ခုျဖစ္ပါတယ္။ တညင္းသီးအဆိပ္သင့္ တာကို Djenkilism လို႔ေခၚပါတယ္။ အဆိုး႐ြားဆုံးကေတာ့ ေက်ာက္ကပ္ ႏွစ္ခုစလုံးတစ္ၿပိဳင္နက္ပ်က္စီးၿပီး အသက္ဆုံးရႈံးတဲ့အထိျဖစ္ႏိုင္တာပါပဲ။

တညင္းသီးေပါတဲ့ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္း၊ ေ႐ႊက်င္နဲ႔ သံေတာင္ႀကီးေဒသေတြမွာ တညင္းသီးအဆိပ္သင့္မႈ အမ်ားဆုံးေတြ႕ရပါတယ္။ ရာသီမွာ အဆိုးဆုံးျဖစ္ၿပီး ႏွစ္စဥ္ အဆိပ္သင့္မႈ
ေၾကာင့္ အသက္ဆုံးရႈံးမႈေတြ ရွိပါတယ္။ အထူးသျဖင့္ အဆိပ္သင့္တဲ့အခါ ေဆး႐ုံ တက္ေရာက္ၿပီး
စနစ္တက်ကုသမႈ မခံယူရင္ေသဆုံးဖို႔ လမ္းပိုမ်ားတယ္လို႔ဆိုပါတယ္။


အဆိပ္သင့္ျခင္း

တညင္းသီးအဆိပ္ရဲ႕ ဖြဲ႕စည္းပုံေမာ္လီက်ဳးကေတာ့ အပ္ေခ်ာင္းပုံေလးေတြကို ပုတီးသီသလိုသီထားတဲ့ပုံျဖစ္ပါတယ္။ ေတာ္ေတာ္ရွည္ၿပီးတစ္ခုနဲ႔တစ္ခုအလြယ္တကူခ်ိတ္တြယ္ႏိုင္ပါတယ္။ က်ေနာ္တို႔ ခႏၶာကိုယ္မွာ အဆိပ္ေတြဝင္လာရင္ အသည္းက ပ်က္ျပယ္ေအာင္လုပ္ေပးပါတယ္။ ေက်ာက္ကပ္
ကေတာ့ ခႏၶာကိုယ္က အညစ္အေၾကးေတြကို စြန႔္ထုတ္ေပးပါတယ္။

တညင္းသီးစားလိုက္ရင္ ပါဝင္တဲ့ အဆိပ္ေတြဟာ ေသြးထဲကို အရင္ေရာက္သြားပါတယ္။ ၿပီးတဲ့ အခါ အသည္းကိုေရာက္ပါတယ္။ အသည္းဟာ ခႏၶာကိုထဲကို ေရာက္လာတဲ့ အဆိပ္ေတြကို ပ်က္ျပယ္ေအာင္လုပ္ေပးႏိုင္ေပမယ့္ တညင္းသီးမွာပါတဲ့ အဆိပ္ကိုေတာ့ ပ်က္ျပယ္ေအာင္ မလုပ္ႏိုင္ဘူးလို႔ ဆိုပါတယ္။ အဲဒီအခါ ေက်ာက္ကပ္ကေန စြန႔္ထုတ္ဖို႔ ႀကိဳးစားရပါတယ္။

ဒါေပမယ့္ တညင္းသီးအဆိပ္ေမာ္လီက်ဳးရဲ႕ တည္ေဆာက္ပုံေၾကာင့္ ဆီးႁပြန္ငယ္ေလးေတြ ပိတ္ဆို႔
တတ္ပါတယ္။ ေနာက္ၿပီးအပ္ေခ်ာင္းပုံ အဆိပ္ေမာ္လီက်ဳးေတြကထိုးလို႔ ေသြးေၾကာေလးေတြ
ေပါက္တတ္ပါတယ္။
အဲဒီအခါ ဆီးသြားရင္ ေသြးပါတာ၊ ဆီးသြားနည္းတာေတြ ျဖစ္လာပါမယ္။ ပိုၿပီးဆိုးလာတဲ့ အခါဆီးလမ္းေၾကာင္းပိတ္ၿပီး ဆီးလုံးဝသြားလို႔ မရျဖစ္လာပါမယ္။ ေက်ာက္ကပ္
ႏွစ္ခုစလုံးက ဆီးမထြက္ႏိုင္လို႔ တင္းလာၿပီး မခံမရပ္ႏိုင္ေအာင္ နာက်င္လာပါမယ္။ ေသြးထဲမွာ
Urea နဲ႔ အဆိပ္အေတာက္ေတြမ်ားလာၿပီး ေဆး႐ုံကိုအခ်ိန္မီ တက္ေရာက္ကုသမႈ မခံယူရင္ အသက္ေသဆုံးႏိုင္ပါတယ္။

ဒါကို ႐ုတ္တရက္ ေက်ာက္ကပ္ပ်က္စီးျခင္း (Acute renal failure) လို႔ေခၚပါတယ္။ ေက်ာက္ကပ္သန႔္စင္စက္ (Renal dialysis) နဲ႔ အခ်ိန္မီကုသ ႏိုင္မွသာ အျမန္ဆုံး သက္သာမွာ ျဖစ္ပါတယ္။


တညင္းသီးစားမယ္ဆိုရင္

တညင္းသီးမွာပါတဲ့ အဆိပ္ဓာတ္ဟာ ေရမွာအနည္းငယ္သာ ေပ်ာ္ဝင္တဲ့အဆိပ္မ်ိဳးျဖစ္ပါတယ္။
ေပ်ာ္ဝင္ႏႈန္းက ဝ.၅% သာျဖစ္ပါတယ္။ တညင္းသီးကို ျပဳတ္လိုက္ရင္ အဆိပ္ဓာတ္နည္းနည္းသာ
ေပ်ာ္ဝင္ၿပီးျပည့္ဝသြားတဲ့ အတြက္ အဆိပ္ေတြထပ္ၿပီးမေပ်ာ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ေရနဲ႔ျပဳတ္တဲ့
အခါ တစ္ႀကိမ္တည္းနဲ႔ မလုံေလာက္ပါဘူး။

အနည္းဆုံး သုံးႀကိမ္မွ ငါးႀကိမ္ထိ ေရမ်ားမ်ားနဲ႔ ျပဳတ္ရမွာျဖစ္ပါတယ္။ ျပဳတ္ၿပီတဲ့ ေရေတြကိုလည္း သြန္ပစ္ၿပီး ေရအသစ္နဲ႔ ထပ္ျပဳတ္ရမွာပါ။ ဒါဆိုရင္ေတာ့ အႏၲရယ္ေတာ္ေတာ္ေလ်ာ့သြားမွာပါ။ တညင္းသီး အဆိပ္ဟာ ၃၀၀ ဒီဂရီစင္တီဂရိတ္ ေက်ာ္မွသာ ဓာတ္ျပယ္ပ်က္စီးပါတယ္။ ေရဆူမွတ္ဟာ ၁၀၀ ဒီဂရီစင္တီဂရိတ္သာ ရွိတာေၾကာင့္ဘယ္လိုမွ ဓာတ္မျပယ္ႏိုင္ပါဘူး။ တကယ္လို႔မ်ား မီးဖုတ္ၿပီးစားရင္ အဆိပ္ေတြဟာ ဓာတ္လည္းမျပယ္၊ အျပင္လည္းမေရာက္ေတာ့
100% ခႏၶာကိုယ္ထဲေရာက္ၿပီး ဒုကၡေပးမွာျဖစ္ပါတယ္။

တညင္းသီးကို ဆားရည္မွာ ၾကာၾကာစိမ္ၿပီးစာရင္ေတာ့ အဆိပ္ေတြေတာ္ေတာ္ေလး ေလ်ာ့နည္းသြား တယ္လို႔ဆိုပါတယ္။ တညင္းသီး အဆိပ္ဟာ ဆားရည္မွာအလြယ္တကူ ေပ်ာ္ဝင္ပါတယ္။
သိပၸံနည္းအရ pH မ်ားေလေလ ေပ်ာ္ဝင္မႈ Solubility မ်ားေလေလျဖစ္ပါတယ္။ အနံ႔ျပင္းျပင္း၊ အဆိပ္ျပင္းျပင္း တညင္းသီးစားၿပီးတဲ့အခါ ပါးစပ္မွာနံေနတာ၊ ဆီးသြားရင္ အနံ႔ဆိုးတာေတြဟာ ခႏၶာကိုယ္ထဲမွာ အဆိပ္ေတြဝင္ေနၿပီလို႔ ဆိုလိုတာပါပဲ။

တညင္းသီးအဆိပ္နဲ႔ ပတ္သက္ၿပီး WHO (1970),South East Journal of Tropical Medicine (1978) စသျဖင့္ထုတ္ျပန္ေရးသားထားတာေတြလည္းရွိပါတယ္လို႔ဆိုတယ္။
ဒါေၾကာင့္ စားၿပီးရင္ ခႏၶာကိုယ္ကိုလည္း ဒုကၡေပးသလို အိမ္သာထဲမွာလည္း အနံ႔ဆိုးေပတဲ့ ဒီလို အသီးကို အားလုံး တတ္ႏိုင္သမွ်ေတာ့ မစားသင့္ဘူးလို႔ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ခင္ေမာင္လြင္
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top