×

ပဲခူးတုိင္းေဒသႀကီး ေက်ာက္ တံခါးၿမိဳ႕နယ္တြင္ ယမန္ေန႔ ည ၈ နာရီခြဲခန္႔က ေလဆင္ႏွာေမာင္း တုိက္ခတ္သျဖင့္ လက္ခံေက်းရြာ အုပ္စုအတြင္းရွိတလုိင္းဆန္းဘုရား စိန္ဖူးေတာ္ေျမခ၍ ေက်ာင္းေဆာင္ မ်ားပ်က္စီးကာ ဘုရားအနီးတစ္ ဝုိက္တြင္ေနထုိင္ၾကေသာလူေနအိမ္ အလုံး၂ဝ ခန္႔ အမုိးလန္ပ်က္စီးခ့ဲၿပီး ကုိေစာခ်စ္ခ်စ္(၃၂ႏွစ္)သည္ေနအိမ္ အတြင္း အုန္းပင္ပိကာ ေသဆုံးခ့ဲ ေၾကာင္း သိရသည္။

ထုိ႔အတူဖဒုိေဒသခင္တန္းႀကီး မူလြန္ေက်ာင္းမွာလည္း သြပ္အမုိး မ်ားလန္ကာ စာသင္ေဆာင္ႏွစ္ခန္း ဒုိင္း ျမားမ်ား ျပဳတ္ထြက္ပ်က္စီး ခ့ဲၿပီး ေက်ာက္တံခါးၿမိဳ႕ေပၚေနရာ မ်ား၌ သစ္ပင္သစ္ကုိင္းမ်ား ၿပိဳလဲ ျခင္းႏွင့္ လွ်ပ္စစ္မီးႀကိဳးမီးတုိင္မ်ား ျပဳတ္က်ခ့ဲေၾကာင္း သိရသည္။

ေလဆင္ႏွာေမာင္းတုိက္ခတ္ သည့္ေနရာမ်ားသုိ႔ သက္ဆုိင္ရာ တာဝန္ရွိသူမ်ားက လုိက္လံစာရင္း ေကာက္ယူကာ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီး ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ဝန္ထမ္းမ်ားကေလေဘးသင့္ျပည္သူ မ်ားအား က်န္းမာေရးေစာင့္ေရွာက္ မႈမ်ားကူညီေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခင္ကုိ(ေက်ာက္တံခါး)
The Union Daily
https://www.facebook.com/uniondaily.net

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီခွဲခန့်က လေဆင်နှာမောင်း တိုက်ခတ်သဖြင့် လက်ခံကျေးရွာ အုပ်စုအတွင်းရှိတလိုင်းဆန်းဘုရား စိန်ဖူးတော်မြေခ၍ ကျောင်းဆောင် များပျက်စီးကာ ဘုရားအနီးတစ် ဝိုက်တွင်နေထိုင်ကြသောလူနေအိမ် အလုံး၂ဝ ခန့် အမိုးလန်ပျက်စီးခဲ့ပြီး ကိုစောချစ်ချစ်(၃၂နှစ်)သည်နေအိမ် အတွင်း အုန်းပင်ပိကာ သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့အတူဖဒိုဒေသခင်တန်းကြီး မူလွန်ကျောင်းမှာလည်း သွပ်အမိုး များလန်ကာ စာသင်ဆောင်နှစ်ခန်း ဒိုင်း မြားများ ပြုတ်ထွက်ပျက်စီး ခဲ့ပြီး ကျောက်တံခါးမြို့ပေါ်နေရာ များ၌ သစ်ပင်သစ်ကိုင်းများ ပြိုလဲ ခြင်းနှင့် လျှပ်စစ်မီးကြိုးမီးတိုင်များ ပြုတ်ကျခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ် သည့်နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံစာရင်း ကောက်ယူကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလေဘေးသင့်ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုများကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top