န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ေစ်းကြက္အတြင္း ဆင္းမ္ကတ္ သံုးသန္းျဖန္႔ခ်ိထားၿပီး အသံုးျပဳသူ တစ္သိန္းေက်ာ္ ပိုင္ဆိုင္ထားေၾကာင္း အသစ္၀င္ေရာက္လာသည့္ စတုတၳေျမာက္ ဖုန္းေအာ္ပေရတာ မိုင္တဲလ္၏ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာသည္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းသည္ အသံုးျပဳသူ ၂၅ သန္း ေက်ာ္ပိုင္ဆိုင္ၿပီး တယ္လီေနာက အသံုးျပဳသူ ၁၉ သန္းေက်ာ္ ပိုင္ဆိုင္ထားသည္။ အလားတူ အူရီးဒူး၌ အသံုးျပဳသူ ကိုးသန္းေက်ာ္ရွိသည္။

မိုင္တဲလ္သည္ ဆင္းမ္ကတ္မ်ားကို မတ္လ ၁၅ ရက္ကစတင္ကာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းအေရွ႕ျခမ္းႏွင့္ ကရင္ျပည္နယ္တြင္ ေရာင္းခ်ခဲ့ၿပီး ရန္ကုန္အပါအ၀င္ တုိင္းႏွင့္ ျပည္နယ္အႏွံ႔တြင္ ဇြန္လ ၉ ရက္၌ စတင္ေရာင္းခ်ခဲ့သည္။

မိုင္တဲလ္သည္ အျခားေသာ ဆက္သြယ္ေရးေအာ္ပေရတာ မ်ားထက္ ပ႐ိုမိုးရွင္းပမာဏပိုမိုေပးအပ္ကာ ေစ်းကြက္အတြင္း ၀င္ေရာက္လာျခင္း ျဖစ္သည္။ ‘‘ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းထားတဲ့ ပမာဏထက္ ပိုေရာင္းရမယ္လို႔ ထင္တယ္’’ဟု ဦးေဇာ္မင္းဦးက ေျပာသည္။

လက္ရွိ၌ မိုင္တဲလ္သည္ ‘မိုက္တယ္’အမည္ရွိ Packageတစ္ခုတည္းသာ မိတ္ဆက္ထားၿပီး အျခားေသာ Package မ်ား ဆက္လက္မိတ္ဆက္ရန္ ျပင္ဆင္ေနေၾကာင္း ကုမၸဏီက ေၾကညာသည္။

က်ပ္ ၄,၀၀၀ က်သင့္သည့္ အဆိုပါ Package တြင္ အင္တာ နက္ 5GB၊ အသံေခၚဆိုမႈ မိနစ္ ၂၅၀ ပါ၀င္သည္။ ‘‘ကြၽန္ေတာ္တို႔ ဟန္းဆက္ေတြနဲ႔လည္း တြဲေရာင္းမယ္။ အဲဒီမွာလည္း အပိုထပ္ ေဆာင္းေတြေပးမယ္’’ဟု ဦးေဇာ္မင္းဦးက ေျပာသည္။

မိုင္တဲလ္၏ ကြန္ရက္သည္ ရန္ကုန္တိုင္းအတြင္း စတင္မိတ္ဆက္စဥ္ ဖိုက္ဘာဆက္ေၾကာင္းလိုအပ္ခ်က္ရွိသျဖင့္ ကြန္ရက္ေႏွး ေကြးမႈ အနည္းငယ္ျဖစ္ေပၚမည္ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 ဈေးကွက်အတွင်း ဆင်းမ်ကတ် သုံးသန်းဖြန့်ချိထားပြီး အသုံးပြုသူ တစ်သိန်းကျော် ပိုင်ဆိုင်ထားကြောင်း အသစ်ဝင်ရောက်လာသည့် စတုတ္ထမြောက် ဖုန်းအော်ပရေတာ မိုင်တဲလ်၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အသုံးပြုသူ ၂၅ သန်း ကျော်ပိုင်ဆိုင်ပြီး တယ်လီနောက အသုံးပြုသူ ၁၉ သန်းကျော် ပိုင်ဆိုင်ထားသည်။ အလားတူ အူရီးဒူး၌ အသုံးပြုသူ ကိုးသန်းကျော်ရှိသည်။

မိုင်တဲလ်သည် ဆင်းမ်ကတ်များကို မတ်လ ၁၅ ရက်ကစတင်ကာ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တွင် ရောင်းချခဲ့ပြီး ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အနှံ့တွင် ဇွန်လ ၉ ရက်၌ စတင်ရောင်းချခဲ့သည်။

မိုင်တဲလ်သည် အခြားသော ဆက်သွယ်ရေးအော်ပရေတာ များထက် ပရိုမိုးရှင်းပမာဏပိုမိုပေးအပ်ကာ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်း ဖြစ်သည်။ ‘‘ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပမာဏထက် ပိုရောင်းရမယ်လို့ ထင်တယ်’’ဟု ဦးဇော်မင်းဦးက ပြောသည်။

လက်ရှိ၌ မိုင်တဲလ်သည် ‘မိုက်တယ်’အမည်ရှိ Packageတစ်ခုတည်းသာ မိတ်ဆက်ထားပြီး အခြားသော Package များ ဆက်လက်မိတ်ဆက်ရန် ပြင်ဆင်နေကြောင်း ကုမ္ပဏီက ကြေညာသည်။

ကျပ် ၄,၀၀၀ ကျသင့်သည့် အဆိုပါ Package တွင် အင်တာ နက် 5GB၊ အသံခေါ်ဆိုမှု မိနစ် ၂၅၀ ပါဝင်သည်။ ‘‘ကျွန်တော်တို့ ဟန်းဆက်တွေနဲ့လည်း တွဲရောင်းမယ်။ အဲဒီမှာလည်း အပိုထပ် ဆောင်းတွေပေးမယ်’’ဟု ဦးဇော်မင်းဦးက ပြောသည်။

မိုင်တဲလ်၏ ကွန်ရက်သည် ရန်ကုန်တိုင်းအတွင်း စတင်မိတ်ဆက်စဉ် ဖိုက်ဘာဆက်ကြောင်းလိုအပ်ချက်ရှိသဖြင့် ကွန်ရက်နှေး ကွေးမှု အနည်းငယ်ဖြစ်ပေါ်မည်ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top