ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေမာ္ဒယ္ရည္းစားေဟာင္းကို အဓမၼျပဳက်င့္တယ္ဆုိၿပီး တရားစြဲဆုိခံထားရတဲ့ အဆုိေတာ္ အစၥဏီရဲ႕အမႈကို ဒီေန႔ ဇြန္လ ၁ ရက္ေန႔မွာ တတိယအႀကိမ္ေျမာက္ ႐ံုးထုတ္ စစ္ေဆးခဲ့ပါတယ္။ ဒီေန႔ ႐ံုးခ်ိန္းကို တရားလို ေမာ္ဒယ္ စူးရွထက္လည္း ေရာက္ရွိလာခဲ့ပါတယ္။

စစ္ေဆးရာမွာ တရားလုိဘက္က ေလွ်ာက္ထားခ်က္အရ  တံခါးပိတ္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔စစ္ေဆးမႈကို အားရေက်နပ္မိတယ္လုိ႔ တရားလိုေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္က မီဒီယာေတြကို ေျပာပါတယ္။

 "ဒီေန႔စစ္ရတာေတာ့ ေကာင္းပါတယ္။ တရားလုိက သူ႔ရဲ႕ ခံစားခ်က္ကုိ အျပည့္အစုံ မွန္မွန္ကန္ကန္ ထြက္ဆုိသြားတယ္။ ကၽြန္ေတာ္တုိ႔ဘက္ကလည္း သင္ၾကားမႈမရွိဘူး။ ျဖစ္ရပ္မွန္ကုိပဲ ေဖာ္ထုတ္သြားတယ္။ အမႈေတြမွာ ျဖစ္ရပ္မွန္ကုိ မွန္မွန္ကန္ကန္ ေဖာ္ထုတ္သြားရင္ ေအာင္ျမင္မႈရႏုိင္မွာပါ" လို႔ ဦးေရာဘတ္ဆန္းေအာင္က ဆုိပါတယ္။

စစ္ေဆးမႈအၿပီးမွာ တရား႐ံုးထဲက ထြက္လာတဲ့ အစၥဏီကို မီဒီယာေတြက ေမးျမန္းခ်ိန္မွာ အစၥဏီက စကားတစ္ခြန္းေျပာခဲ့ပါတယ္။

"ေဘဘီ့ကို ေမးလုိက္ပါ။ ေဘဘီလိမ္ေနတာ ေပ်ာ္ရဲ႕လားလို႔ သူ႔ကိုေမးလုိက္ပါ" လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔ရုံးခ်ိန္းမွာ ျပန္လွန္ေမးခြန္းေတြ မၿပီးဆုံးေသးတဲ့အတြက္ လာမယ့္ ဇြန္လ ၈ ရက္ေန႔မွာ ေနာက္ထပ္ရုံးခ်ိန္း ခ်ိန္းဆုိထားၿပီး ေမာ္ဒယ္စူးရွထက္ကုိ ထပ္မံစစ္ေဆးသြားမယ္လုိ႔ သိရပါတယ္။

အဆုိေတာ္ အစၥဏီကုိ ၿပီးခဲ့တဲ့ ေမလ ၁၀ ရက္ေန႔မွာ မုဒိမ္းမႈ၊ ျပင္းထန္နာက်င္ေစမႈတုိ႔အပါအ၀င္ ပုဒ္မ ၃ ခုနဲ႔ တာေမြၿမိဳ႕နယ္ တရားရုံးက တရားစြဲဆုိခဲ့တာျဖစ္ပါတယ္။ ဧၿပီလ ၁၂ ရက္ေန႔က အဆို္ေတာ္အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ိဳးသမီးကုိ အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့အျပင္ ကုိယ္လက္အဂါၤေတြကိုလည္း နာက်င္ေအာင္ ရိုက္ႏွက္ခဲ့တာေတြ ျပဳလုပ္ခဲ့လို႔ ေမာ္ဒယ္စူးရွထက္က အမႈဖြင့္တုိင္ၾကားခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မော်ဒယ်ရည်းစားဟောင်းကို အဓမ္မပြုကျင့်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့အမှုကို ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ တတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းကို တရားလို မော်ဒယ် စူးရှထက်လည်း ရောက်ရှိလာခဲ့ပါတယ်။

စစ်ဆေးရာမှာ တရားလိုဘက်က လျှောက်ထားချက်အရ  တံခါးပိတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့စစ်ဆေးမှုကို အားရကျေနပ်မိတယ်လို့ တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင်က မီဒီယာတွေကို ပြောပါတယ်။

 "ဒီနေ့စစ်ရတာတော့ ကောင်းပါတယ်။ တရားလိုက သူ့ရဲ့ ခံစားချက်ကို အပြည့်အစုံ မှန်မှန်ကန်ကန် ထွက်ဆိုသွားတယ်။ ကျွန်တော်တို့ဘက်ကလည်း သင်ကြားမှုမရှိဘူး။ ဖြစ်ရပ်မှန်ကိုပဲ ဖော်ထုတ်သွားတယ်။ အမှုတွေမှာ ဖြစ်ရပ်မှန်ကို မှန်မှန်ကန်ကန် ဖော်ထုတ်သွားရင် အောင်မြင်မှုရနိုင်မှာပါ" လို့ ဦးရောဘတ်ဆန်းအောင်က ဆိုပါတယ်။

စစ်ဆေးမှုအပြီးမှာ တရားရုံးထဲက ထွက်လာတဲ့ အစ္စဏီကို မီဒီယာတွေက မေးမြန်းချိန်မှာ အစ္စဏီက စကားတစ်ခွန်းပြောခဲ့ပါတယ်။

"ဘေဘီ့ကို မေးလိုက်ပါ။ ဘေဘီလိမ်နေတာ ပျော်ရဲ့လားလို့ သူ့ကိုမေးလိုက်ပါ" လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြန်လှန်မေးခွန်းတွေ မပြီးဆုံးသေးတဲ့အတွက် လာမယ့် ဇွန်လ ၈ ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ချိန်းဆိုထားပြီး မော်ဒယ်စူးရှထက်ကို ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ မုဒိမ်းမှု၊ ပြင်းထန်နာကျင်စေမှုတို့အပါအဝင် ပုဒ်မ ၃ ခုနဲ့ တာမွေမြို့နယ် တရားရုံးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top