ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကြၽန္မ ေရွ႕အပါတ္ထဲ ဘာပဲ လုပ္ျပီး လုပ္ျပီး ေရ မေဆးဘူး ဆိုရင္
ကြၽန္မ ကို အျပစ္ မျမင္ပါနဲ႔ ကိုၿငိမ္းေမာင္..

ရန္ကုန္ မွာ ေရ (၆) ရက္ မလာဘူး လို႔
ေၾကညာ ထားတာ ရွင္ထင္သေလာက္ မွ
မလြယ္ ဘူး ကိုး ကိုၿငိမ္းေမာင္ ရဲ႕

အဲ့ဒိ သတင္း ၾကားၾကား ၿပီးကတည္း က
ကြၽန္မ ရွိသမွ် ထည့္လို႔ ရသမွ် ကန္ေတြ၊
ပံုးေတြ၊ ခြက္ေတြ ရွိသမွ် ထည့္လိုက္ရတာ
ခု ေတာ့ ထည့္စရာ ခြက္ ဆိုလုိ႔
ရွင့္မ်က္ခြက္ ပဲ က်န္ေတာ့ တာပါ ကိုၿငိမ္းေမာင္
.
ေရလာတဲ့ ေနာက္ဆံုးေန႔ ညေနက ရွင္ ေရ အိမ္သာ မွာ တံခါး လာေခါက္လို႔ ကြၽန္မ ဖြင့္ မေပးခဲ့ဘူး ဆိုတာ ကြၽန္မ အိမ္သာ ထဲ ထိုင္ေနတဲ႔ ၄၅ မိနစ္ ေလာက္မွာ ေပါ့ ။

ဟုတ္ပါတယ္ ကိုၿငိ္မ္းေမာင္ …
မိန္းမ တစ္ေယာက္ အတြက္ ေနာက္ထပ္ (၆) ရက္စာ အျပီး အင္အင္း ပါရတယ္ ဆိုတာ လြယ္ေလာက္တယ္ မွ မဟုတ္တာ
ဒီေလာက္ေတာ့ အခ်ိန္ ယူရ တာေပ့ါ ကိုၿငိမ္းေမာင္ရယ္ …

ၿပီးေတာ့ ရွင့္လိပ္ေခါင္း နဲ႔ အဆင္ေျပလို႔ ဆိုျပီး တပ္ထားတဲ့ အဲ့ဒီ ဗိုလ္လို ထုိင္တဲ့ အိမ္သာ က ေရတစ္ခါ ဆြဲ ခ်ရင္ လီတာ ၂၀ ေလာက္ ကုန္တာ လည္း ရွင္အသိ…



အဲ့ဒါေၾကာင့္ လာသမွ် ရွင့္ဧည့္သည္ ေတြ ေနာက္ေဖး ေလး သြားခ်င္တယ္ ဆိုတဲ့ အသံေလး ၾကားတာနဲ႔ အိမ္သာ နားမွာ စပိုတာ လွမ္း သေယာင္ေယာင္၊ အဝတ္ေလွ်ာ္ သေယာင္ေယာင္ ငရုတ္သီး ေညွာ္တိုက္ သေယာင္ေယာင္နဲ႔ ပလီပလာ လုပ္ရ တာက လည္း မိန္းမ မာယာ ေတြေပါ့ ကိုၿငိမ္းေမာင္ ..

ကြ်န္မ ဆို တစ္နာရီ ျခား တစ္ခါ ရွဴးရွဴး ကို သံုးခါ ေလာက္ေပါက္ျပီး မွ ေပါင္းၿပီး ေရဆြဲ ခ် တာ ကို သူတို႔ မွ ကိုယ္ခ်င္း မစာ တာ ..

တကယ္ဆို ကြ်န္မ သေဘာက ရွင္တို႔လို ေယာက္်ား ေတြက ေဘစင္ေဘးက ေရထြက္ေပါက္ ကို တန္းၿပီး ေရႊျပြန္က ေရသြန္လို႔ ရေပမယ့္ ကြ်န္မ ဟာ ေတာင္ဥကၠလာ ဂႏၶမာ Wholesale နားမွာ ကန္စြန္းရြက္ ခူးျပီး ၾကီးျပင္း လာသူ မဟုတ္ေတာ့ မိန္းမ တန္မယ့္ အဲ့ဒီလို တန္း ျပီး မတ္တပ္ ေင့ါပန္းဖို႔ ဆိုတာ နည္းတဲ့ စေကးမွ မဟုတ္ တာ။ ဒါေလး တစ္ခုေတာ့ ကြ်န္မ မတတ္ႏိုင္ဘူး ေမာင္..
.
ဒါေပမယ့္ ကိုၿငိမ္းေမာင္ရယ္ ကြ်န္မကို အျပစ္တင္ေတာ့ မေစာလုိက္ ပါနဲ႔
မေန႔က ရွင္တုိ႕ မူးမူး နဲ႔ စားလို႔ ေကာင္းလိုက္တာ ၾကြပ္ၾကြပ္ ကေလး ဆိုတဲ႔ ထမင္း ဂ်ိဳးေၾကာ္ ပန္းကန္ ဆိုတာ မေန႔ ကတတည္းက ကြ်န္မ ဘဲဥ နဲ႔ စားထားတဲ့ ထမင္း ပန္းကန္ ကို မေဆး ရေသး တာမို႔ အဲ့ဒါနဲ႔ ထည့္ေပးမိ လိုက္တာ ပါ..

ရွင္တို႔ စားလို႔ ေကာင္းလုိက္တာ ဆိုတာ
ကြ်န္မ ထမင္း ပန္းကန္ မွာ ကပ္ေနတဲ့ ဘဲဥနွစ္ ေလးေတြ ေျခာက္ျပီး ကြ်ပ္ေနတာ ေနမွာေပါ..

အားအား ေန ေရွာ့ပင္းစင္တာ ေရာက္ေနတဲ့ ကြ်န္မကို ရွင္ အျပစ္ တင္တာနဲ႔ စာရင္ ေရမလာတဲ့ ရန္ကုန္သူ တစ္ေယာက္ က စရိတ္ၿငိ္မ္​း နဲ႕ အိမ္သာ ဝင္လို႔ ရတာ….
ဒီထက္ စေကး ၾကမ္း တဲ့ ကြၽန္မ က ေရွာ့ပင္းစင္တာက အမ်ားသံုး အိမ္သာကို အႏုၾကမ္းစီး ၊ တံခါး ခ်က္ခ် ထားပစ္ လုိုက္ျပိးေတာ့ ေဘစင္မွာ ေခါင္းေလွ်ာ္ ျပီး အဝတ္ပါ ေလွ်ာ္ ခဲ့လို႔… ရွင္ ဒီေန႔ ရံုးသြားတဲ့ အက်ႌေလးက ျဖဴလႊလႊ ေလး ျဖစ္ေန တာေပ့ါ ကိုၿငိမ္းေမာင္



အမ်ားသံုး အိမ္သာ က လက္ေဆး ဆပ္ျပာနဲ႔ အက်ီ ကို ေဖြးေနေအာင္ ေလွ်ာ္ႏိုင္တဲ့ ရွင့္ ဇနီး ရဲ႕ မနည္း မေနာ စေကးကို ရွင္ အသိအမွတ္ ျပဳသင္​့တာေပ့ါ ကိုၿငိမ္းေမာင္ရယ္ ..

အညာက ရွင္တို႔ ရြာကို အလည္ ျပန္သလိုနဲ႔ ေရခ်ိဳ ခ်ိဳးရေအာင္လည္း မုန္းေခ်ာင္းထဲ ဗူးလက္ လွေဆြ ၾကီး လန္ကြတ္တီနဲ႔ လာ DAB လုပ္ေန ကတည္းက ဒီေလာက္ မသတီစရာ ညစ္ပတ္တဲ့ ေရကို ဘယ္သူက ခ်ိဳးေတာ့မွာ လဲ ကိုၿငိမ္းေမာင္…

ဒါေၾကာင့္ ဒီရက္ပိုင္း ပုပ္အက္အက္ အန႔႔ံ ရတုိင္း ကြ်န္မကို မၿငိဳျငင္ ပါနဲ႔ ကိုၿငိမ္းေမာင္ရယ္
ကြၽန္မ ေရွာ႔ပင္း စင္တာ မသြားျဖစ္ ေသးလုိ႕ပါ

ေယာက္ခမအိမ္ ခဏ ခဏ သြားခ်င္တယ္ ပူစာလို႔ မၿငိၿငင္ပါနဲ႔ ကိုၿငိမ္းေမာင္
ကြၽန္မ ရွဴးရွဴး ေပါက္ခ်င္ လို႔ပါ

ကြၽန္မ ေရွ႕အပါတ္ထဲ ဘာပဲ လုပ္ျပီး လုပ္ျပီး ေရမေဆးဘူး ဆိုရင္ ကြၽန္မ ကို အျပစ္ မျမင္ပါနဲ႔ ကိုၿငိမ္းေမာင္..

ရန္ကုန္မွာ ေရ (၆) ရက္ မလာဘူး လို႔ေၾကညာ ထားတာ ရွင္ ထင္သေလာက္မွ မလြယ္ဘူးကိုး ကိုၿငိမ္းေမာင္ရဲ႕…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်မ ရှေ့အပါတ်ထဲ ဘာပဲ လုပ်ပြီး လုပ်ပြီး ရေ မဆေးဘူး ဆိုရင်
ကျွန်မ ကို အပြစ် မမြင်ပါနဲ့ ကိုငြိမ်းမောင်..

ရန်ကုန် မှာ ရေ (၆) ရက် မလာဘူး လို့
ကြေညာ ထားတာ ရှင်ထင်သလောက် မှ
မလွယ် ဘူး ကိုး ကိုငြိမ်းမောင် ရဲ့

အဲ့ဒိ သတင်း ကြားကြား ပြီးကတည်း က
ကျွန်မ ရှိသမျှ ထည့်လို့ ရသမျှ ကန်တွေ၊
ပုံးတွေ၊ ခွက်တွေ ရှိသမျှ ထည့်လိုက်ရတာ
ခု တော့ ထည့်စရာ ခွက် ဆိုလို့
ရှင့်မျက်ခွက် ပဲ ကျန်တော့ တာပါ ကိုငြိမ်းမောင်
.
ရေလာတဲ့ နောက်ဆုံးနေ့ ညနေက ရှင် ရေ အိမ်သာ မှာ တံခါး လာခေါက်လို့ ကျွန်မ ဖွင့် မပေးခဲ့ဘူး ဆိုတာ ကျွန်မ အိမ်သာ ထဲ ထိုင်နေတဲ့ ၄၅ မိနစ် လောက်မှာ ပေါ့ ။

ဟုတ်ပါတယ် ကိုငြိမ်းမောင် …
မိန်းမ တစ်ယောက် အတွက် နောက်ထပ် (၆) ရက်စာ အပြီး အင်အင်း ပါရတယ် ဆိုတာ လွယ်လောက်တယ် မှ မဟုတ်တာ
ဒီလောက်တော့ အချိန် ယူရ တာပေ့ါ ကိုငြိမ်းမောင်ရယ် …

ပြီးတော့ ရှင့်လိပ်ခေါင်း နဲ့ အဆင်ပြေလို့ ဆိုပြီး တပ်ထားတဲ့ အဲ့ဒီ ဗိုလ်လို ထိုင်တဲ့ အိမ်သာ က ရေတစ်ခါ ဆွဲ ချရင် လီတာ ၂၀ လောက် ကုန်တာ လည်း ရှင်အသိ…



အဲ့ဒါကြောင့် လာသမျှ ရှင့်ဧည့်သည် တွေ နောက်ဖေး လေး သွားချင်တယ် ဆိုတဲ့ အသံလေး ကြားတာနဲ့ အိမ်သာ နားမှာ စပိုတာ လှမ်း သယောင်ယောင်၊ အဝတ်လျှော် သယောင်ယောင် ငရုတ်သီး ညှော်တိုက် သယောင်ယောင်နဲ့ ပလီပလာ လုပ်ရ တာက လည်း မိန်းမ မာယာ တွေပေါ့ ကိုငြိမ်းမောင် ..

ကျွန်မ ဆို တစ်နာရီ ခြား တစ်ခါ ရှူးရှူး ကို သုံးခါ လောက်ပေါက်ပြီး မှ ပေါင်းပြီး ရေဆွဲ ချ တာ ကို သူတို့ မှ ကိုယ်ချင်း မစာ တာ ..

တကယ်ဆို ကျွန်မ သဘောက ရှင်တို့လို ယောက်ျား တွေက ဘေစင်ဘေးက ရေထွက်ပေါက် ကို တန်းပြီး ရွှေပြွန်က ရေသွန်လို့ ရပေမယ့် ကျွန်မ ဟာ တောင်ဥက္ကလာ ဂန္ဓမာ Wholesale နားမှာ ကန်စွန်းရွက် ခူးပြီး ကြီးပြင်း လာသူ မဟုတ်တော့ မိန်းမ တန်မယ့် အဲ့ဒီလို တန်း ပြီး မတ်တပ် ငေ့ါပန်းဖို့ ဆိုတာ နည်းတဲ့ စကေးမှ မဟုတ် တာ။ ဒါလေး တစ်ခုတော့ ကျွန်မ မတတ်နိုင်ဘူး မောင်..
.
ဒါပေမယ့် ကိုငြိမ်းမောင်ရယ် ကျွန်မကို အပြစ်တင်တော့ မစောလိုက် ပါနဲ့
မနေ့က ရှင်တို့ မူးမူး နဲ့ စားလို့ ကောင်းလိုက်တာ ကြွပ်ကြွပ် ကလေး ဆိုတဲ့ ထမင်း ဂျိုးကြော် ပန်းကန် ဆိုတာ မနေ့ ကတတည်းက ကျွန်မ ဘဲဥ နဲ့ စားထားတဲ့ ထမင်း ပန်းကန် ကို မဆေး ရသေး တာမို့ အဲ့ဒါနဲ့ ထည့်ပေးမိ လိုက်တာ ပါ..

ရှင်တို့ စားလို့ ကောင်းလိုက်တာ ဆိုတာ
ကျွန်မ ထမင်း ပန်းကန် မှာ ကပ်နေတဲ့ ဘဲဥနှစ် လေးတွေ ခြောက်ပြီး ကျွပ်နေတာ နေမှာပေါ..

အားအား နေ ရှော့ပင်းစင်တာ ရောက်နေတဲ့ ကျွန်မကို ရှင် အပြစ် တင်တာနဲ့ စာရင် ရေမလာတဲ့ ရန်ကုန်သူ တစ်ယောက် က စရိတ်ငြိမ်း နဲ့ အိမ်သာ ဝင်လို့ ရတာ….
ဒီထက် စကေး ကြမ်း တဲ့ ကျွန်မ က ရှော့ပင်းစင်တာက အများသုံး အိမ်သာကို အနုကြမ်းစီး ၊ တံခါး ချက်ချ ထားပစ် လိုက်ပြိးတော့ ဘေစင်မှာ ခေါင်းလျှော် ပြီး အဝတ်ပါ လျှော် ခဲ့လို့… ရှင် ဒီနေ့ ရုံးသွားတဲ့ အကျႌလေးက ဖြူလွှလွှ လေး ဖြစ်နေ တာပေ့ါ ကိုငြိမ်းမောင်



အများသုံး အိမ်သာ က လက်ဆေး ဆပ်ပြာနဲ့ အကျီ ကို ဖွေးနေအောင် လျှော်နိုင်တဲ့ ရှင့် ဇနီး ရဲ့ မနည်း မနော စကေးကို ရှင် အသိအမှတ် ပြုသင့်တာပေ့ါ ကိုငြိမ်းမောင်ရယ် ..

အညာက ရှင်တို့ ရွာကို အလည် ပြန်သလိုနဲ့ ရေချို ချိုးရအောင်လည်း မုန်းချောင်းထဲ ဗူးလက် လှဆွေ ကြီး လန်ကွတ်တီနဲ့ လာ DAB လုပ်နေ ကတည်းက ဒီလောက် မသတီစရာ ညစ်ပတ်တဲ့ ရေကို ဘယ်သူက ချိုးတော့မှာ လဲ ကိုငြိမ်းမောင်…

ဒါကြောင့် ဒီရက်ပိုင်း ပုပ်အက်အက် အန့ံ့ ရတိုင်း ကျွန်မကို မငြိုငြင် ပါနဲ့ ကိုငြိမ်းမောင်ရယ်
ကျွန်မ ရှော့ပင်း စင်တာ မသွားဖြစ် သေးလို့ပါ

ယောက်ခမအိမ် ခဏ ခဏ သွားချင်တယ် ပူစာလို့ မငြိငြင်ပါနဲ့ ကိုငြိမ်းမောင်
ကျွန်မ ရှူးရှူး ပေါက်ချင် လို့ပါ

ကျွန်မ ရှေ့အပါတ်ထဲ ဘာပဲ လုပ်ပြီး လုပ်ပြီး ရေမဆေးဘူး ဆိုရင် ကျွန်မ ကို အပြစ် မမြင်ပါနဲ့ ကိုငြိမ်းမောင်..

ရန်ကုန်မှာ ရေ (၆) ရက် မလာဘူး လို့ကြေညာ ထားတာ ရှင် ထင်သလောက်မှ မလွယ်ဘူးကိုး ကိုငြိမ်းမောင်ရဲ့…

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top