



Credit: popolay

#Unicode Version#
 ဇွန်လ ၁၀ ရက်နေ့တွင် အရက်မူးပြီး မိခင်အား ရန်လုပ်နေတဲ့ ဖခင်ကို သားဖြစ်သူက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည် ။

ဖြစ်စဉ် မန္တလေးတိုင်း သာစည်မြို့နယ် ပြည်ညောင်ရွာမှာ အသက် ၄၅ နှစ်ရှိ ဦးသိန်းဌေးက အရက်မူးပြီး ဇနီးဖြစ်သူ ဒေါ်ညီုချောကို ခြေထောက်နဲ့ကန်ကာ ရန်လုပ်ခဲ့သည့် ဖခင်ကို သားဖြစ်သူက အရိုးအသွား ၁၃ လက်မရှိ ဓားနဲ့ထိုးခဲ့တာကြောင့် ဖခင် သေဆုံးသွားခဲ့သည် ။

“ဦးသိန်းဌေးမှာ ယာဖက်ရင်အုံထိုးသွင်း ဒဏ်ရာတချက်၊ ဦးခေါင်းထိပ် ပြတ်ရှ ဒဏ်ရာတချက် ရသွားတယ်။ အခင်းဖြစ်နေရာမှာ သေဆုံးတယ်”ဒီဗွီဘီသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲဝင်းထက် ၁၇ နှစ်ကို ရဲစခန်းမှ လူသတ်မှုရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့အမှုဖွင့် အရေးယူထားသည်ဟု သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top