×

ကြန္ဒံုသံုးရံု၊ တားေဆးေသာက္ရံုနဲ႔ ကိုယ္၀န္ ကို ကာကြယ္ဖို႔ လံုေလာက္ပါရဲ႕လား။ Sperm cell နဲ႔ egg cell ေတြဆံုသြားတဲ့အခါ သေႏၶတည္ၿပီး ကိုယ္၀န္ေဆာင္ႏိုင္တယ္ဆိုတာ လူတိုင္းအသိပါ။ ဘယ္ေလာက္ပဲ တားဆီးပါေစ မေမွ်ာ္လင့္ဘဲကိုယ္၀န္ရသြားႏိုင္တဲ့ နည္းေလးေတြရွိေနပါတယ္။ အဲဒါကို ေယးလ္တကၠသိုလ္ရဲ႕ မ်ိဳးဆက္ပြားက်န္းမာေရးပါေမာကၡ ေဒါက္တာ မယ္ရီ ဂ်ိန္း မင္ကင္က အခုလိုပဲ ေျပာျပသြားပါတယ္။

အားသံုးေဖာက္တာ
သြား၊ လက္သည္းညႇပ္၊ ကပ္ေၾကး စတာေတြဟာ ကြန္ဒံုေဖာက္တဲ့အခါ သတိထားရမယ့္ ပစၥည္းေတြပါ။ ႏူးညံ့ပါးလႊာလြန္းတဲ့ပစၥည္းျဖစ္တာေၾကာင့္ အနည္းငယ္ပြန္းမိရံုနဲ႔တင္ ေပါက္ျပဲသြားဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

အေဟာင္းေတြသံုးတာ
သက္တမ္းေတာ့မကုန္ေသးဘူး။ ဒါေပမယ့္ ပိုက္ဆံအိတ္ထဲ အပူအေအးဒဏ္ ခံစားရဖန္မ်ားလာတဲ့အခါ ကြန္ဒံုရဲ႕ စြမ္းေဆာင္ရည္ က်သြားပါေတာ့တယ္။

အဆီအေျခခံထားတဲ့ ကြန္ဒံု
သူ႔မွာပါတဲ့ အဆီက ကြန္ဒံုရဲ႕ အရည္အေသြးကို က်ေစၿပီး လူမ်က္စိနဲ႔ မျမင္ႏိုင္တဲ့ အေပါက္ေသးေသးေလးေတြအထိ ေပါက္သြားႏိုင္ပါတယ္။ ဒါေပမယ့္ သုတ္ပိုးေတြအတြက္ကေတာ့ ဆန္ကာေပါက္ႀကီးေပါ့။

ေနရာမခ်န္ခဲ့တာ
ကြန္ဒံုသံုးကတည္းကထိပ္မွာ သုတ္ရည္ေတြအတြက္ ေနရာေလး ခ်န္ထားေပးဖို႔လိုတာပါ။ ဒီလိုမွမဟုတ္ရင္ေတာ့ လွ်ံထြက္သြားဖို႔သာရွိပါေတာ့တယ္။

တားေဆးတို႔ရဲ႕ ၁%
တားေဆး၊ diaphragram၊ cervical caps နဲ႔ တျခား birth control နည္းလမ္းေတြဟာ ရာႏႈန္းျပည့္ အာမခံႏိုင္ျခင္းမရွိပါဘူး။ ကိုယ္သတိထားရမယ့္ 1% ေလးက ကိုယ္၀န္ရသြားေစႏိုင္ပါတယ္။

အ၀တ္ ၀တ္ထားလည္းရႏိုင္တယ္
အမ်ိဳးသားရဲ႕ သုတ္ရည္ဟာ အတြင္းခံေဘာင္းဘီကေနေတာင္ စိမ့္၀င္ၿပီး ကိုယ္၀န္ရႏိုင္ေျခရွိပါတယ္။

ေရထဲမွာ လိင္ဆက္ဆံတာ
ေရထဲမွာလိင္ဆက္ဆံျခင္းက သုတ္ပိုးေတြ ကိုယ့္ဆီ၀င္ေရာက္ၿပီး ကိုယ္၀န္ရႏိုင္ေျခရွိေနပါေသးတယ္။

လက္
သူ႔ကိစၥၿပီးလို႔ သန္႔ရွင္းေရးမလုပ္ထားတဲ့ လက္နဲ႔ ကိုယ့္ ဆႏၵေျဖေဖ်ာက္ေပးရင္လည္း လက္မွာကပ္က်န္ေနတဲ့ သုတ္ပိုးေတြေၾကာင့္ ကိုယ္၀န္ရႏိုင္ေျခရွိပါတယ္။

ဒုတိယအႀကိမ္
ပထမအႀကိမ္ကို အျပင္မွာ ၿပီးလိုက္ပါရဲ႕။ ဒါေပမယ့္ ဆီးလမ္းေၾကာင္းထဲ သုတ္ပိုးေတြက်န္ေနပါေသးတယ္။ ဒါကို ဒုတိယအႀကိမ္ထပ္ၿပီး ခ်ီတက္မယ္ဆိုရင္ေတာ့ ကိုယ္၀န္ရႏိုင္ပါတယ္။

အေနာက္တံခါး
အေနာက္ဘက္တံခါး သြားဖြင့္ေနလို႔ အႏၱရာယ္ကင္းသြားၿပီမထင္ပါနဲ႔ ။ အရည္ေတြဟာ တျဖည္းျဖည္းစီးက်ၿပီး အေရွ႕ဘက္ကို ၀င္သြားႏိုင္ေျခရွိတာကို သတိရပါ။

ရာသီလာေနတာေတာင္မွ
သုတ္ရည္ေတြဟာ ခႏၶာကိုယ္ထဲ ၅ရက္ေတာင္ အသက္ရွင္ေနႏိုင္တာျဖစ္လို႔ ရာသီလာေနတယ္ဆိုၿပီး မေပါ့လိုက္ပါနဲ႔။

ကိုယ္၀န္ရွိေနတာေတာင္မွ
ဒီလိုအခ်ိန္ လိင္ဆက္ဆံလို႔ ကိုယ္၀န္မရဘူးမထင္ပါနဲ႔။ ဒုတိယ egg cell ေလးေတြေၾကာင့္ ကိုယ္၀န္ရွိႏိုင္ဆဲပါ။ ဒါက ျဖစ္ခဲလွတဲ့ သဘာ၀ျဖစ္စဥ္ဆိုေပမယ့္ သတိထားတာပိုေကာင္းပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ksm (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ကွန်ဒုံသုံးရုံ၊ တားဆေးသောက်ရုံနဲ့ ကိုယ်ဝန် ကို ကာကွယ်ဖို့ လုံလောက်ပါရဲ့လား။ Sperm cell နဲ့ egg cell တွေဆုံသွားတဲ့အခါ သန္ဓေတည်ပြီး ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ လူတိုင်းအသိပါ။ ဘယ်လောက်ပဲ တားဆီးပါစေ မမျှော်လင့်ဘဲကိုယ်ဝန်ရသွားနိုင်တဲ့ နည်းလေးတွေရှိနေပါတယ်။ အဲဒါကို ယေးလ်တက္ကသိုလ်ရဲ့ မျိုးဆက်ပွားကျန်းမာရေးပါမောက္ခ ဒေါက်တာ မယ်ရီ ဂျိန်း မင်ကင်က အခုလိုပဲ ပြောပြသွားပါတယ်။

အားသုံးဖောက်တာ
သွား၊ လက်သည်းညှပ်၊ ကပ်ကြေး စတာတွေဟာ ကွန်ဒုံဖောက်တဲ့အခါ သတိထားရမယ့် ပစ္စည်းတွေပါ။ နူးညံ့ပါးလွှာလွန်းတဲ့ပစ္စည်းဖြစ်တာကြောင့် အနည်းငယ်ပွန်းမိရုံနဲ့တင် ပေါက်ပြဲသွားဖို့ ရာခိုင်နှုန်းများပါတယ်။

အဟောင်းတွေသုံးတာ
သက်တမ်းတော့မကုန်သေးဘူး။ ဒါပေမယ့် ပိုက်ဆံအိတ်ထဲ အပူအအေးဒဏ် ခံစားရဖန်များလာတဲ့အခါ ကွန်ဒုံရဲ့ စွမ်းဆောင်ရည် ကျသွားပါတော့တယ်။

အဆီအခြေခံထားတဲ့ ကွန်ဒုံ
သူ့မှာပါတဲ့ အဆီက ကွန်ဒုံရဲ့ အရည်အသွေးကို ကျစေပြီး လူမျက်စိနဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေအထိ ပေါက်သွားနိုင်ပါတယ်။ ဒါပေမယ့် သုတ်ပိုးတွေအတွက်ကတော့ ဆန်ကာပေါက်ကြီးပေါ့။

နေရာမချန်ခဲ့တာ
ကွန်ဒုံသုံးကတည်းကထိပ်မှာ သုတ်ရည်တွေအတွက် နေရာလေး ချန်ထားပေးဖို့လိုတာပါ။ ဒီလိုမှမဟုတ်ရင်တော့ လျှံထွက်သွားဖို့သာရှိပါတော့တယ်။

တားဆေးတို့ရဲ့ ၁%
တားဆေး၊ diaphragram၊ cervical caps နဲ့ တခြား birth control နည်းလမ်းတွေဟာ ရာနှုန်းပြည့် အာမခံနိုင်ခြင်းမရှိပါဘူး။ ကိုယ်သတိထားရမယ့် 1% လေးက ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။

အဝတ် ဝတ်ထားလည်းရနိုင်တယ်
အမျိုးသားရဲ့ သုတ်ရည်ဟာ အတွင်းခံဘောင်းဘီကနေတောင် စိမ့်ဝင်ပြီး ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။

ရေထဲမှာ လိင်ဆက်ဆံတာ
ရေထဲမှာလိင်ဆက်ဆံခြင်းက သုတ်ပိုးတွေ ကိုယ့်ဆီဝင်ရောက်ပြီး ကိုယ်ဝန်ရနိုင်ခြေရှိနေပါသေးတယ်။

လက်
သူ့ကိစ္စပြီးလို့ သန့်ရှင်းရေးမလုပ်ထားတဲ့ လက်နဲ့ ကိုယ့် ဆန္ဒဖြေဖျောက်ပေးရင်လည်း လက်မှာကပ်ကျန်နေတဲ့ သုတ်ပိုးတွေကြောင့် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။

ဒုတိယအကြိမ်
ပထမအကြိမ်ကို အပြင်မှာ ပြီးလိုက်ပါရဲ့။ ဒါပေမယ့် ဆီးလမ်းကြောင်းထဲ သုတ်ပိုးတွေကျန်နေပါသေးတယ်။ ဒါကို ဒုတိယအကြိမ်ထပ်ပြီး ချီတက်မယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။

အနောက်တံခါး
အနောက်ဘက်တံခါး သွားဖွင့်နေလို့ အန္တရာယ်ကင်းသွားပြီမထင်ပါနဲ့ ။ အရည်တွေဟာ တဖြည်းဖြည်းစီးကျပြီး အရှေ့ဘက်ကို ဝင်သွားနိုင်ခြေရှိတာကို သတိရပါ။

ရာသီလာနေတာတောင်မှ
သုတ်ရည်တွေဟာ ခန္ဓာကိုယ်ထဲ ၅ရက်တောင် အသက်ရှင်နေနိုင်တာဖြစ်လို့ ရာသီလာနေတယ်ဆိုပြီး မပေါ့လိုက်ပါနဲ့။

ကိုယ်ဝန်ရှိနေတာတောင်မှ
ဒီလိုအချိန် လိင်ဆက်ဆံလို့ ကိုယ်ဝန်မရဘူးမထင်ပါနဲ့။ ဒုတိယ egg cell လေးတွေကြောင့် ကိုယ်ဝန်ရှိနိုင်ဆဲပါ။ ဒါက ဖြစ်ခဲလှတဲ့ သဘာဝဖြစ်စဉ်ဆိုပေမယ့် သတိထားတာပိုကောင်းပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ksm (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top