ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အခ်စ္ရဲ႕စြမ္းအားက ဘယ္ေလာက္ထိ အစြမ္းထက္သလဲေမး…

Limuel Orense De Silva နဲ႔ Mary Grace Manalo De Silva တို႔ဟာ သူတို႔လက္ထပ္တည္းက က်န္းမာသည္ျဖစ္ေစ ၊ နာမက်န္းသည္ျဖစ္ေစ အတူတူ႐ွိေနမယ္လို႔ အျပန္အလွန္ကတိေပးခဲ့ၾကတာျဖစ္ပါတယ္။ ေပးခဲ့တဲ့ ကတိသစၥာအတိုင္း မၾကာမီအခ်ိန္တြင္း သက္ေသျပရေတာ့မယ္ဆိုတာ သူတို႔သတိမထားမိခဲ့ဘူး။

ျပီးခဲ့တဲ့ ၂ဝ၁၇ခုႏွစ္ စက္တင္ဘာ (၁၆)ရက္ေန႔ဟာ သူတို႔လက္ထပ္ခဲ့တဲ့ ဘဝမွာအေပ်ာ္ရႊင္ရဆံုး ေန႔ရက္တစ္ရက္ျဖစ္ပါတယ္။

(၄)လၾကာျပီးေနာက္ Grace မွာ Guillain Barre Syndrome ေရာဂါ႐ွိေနမွန္းသိလိုက္ရပါတယ္။ ဒီေရာဂါမ်ဳိးဟာ လူေပါင္း ၁သိန္းမွာ တစ္ေယာက္ေလာက္သာ အျဖစ္နည္းတဲ့ ႐ွားပါးေရာဂါပါ။ အဆိုးဆံုးကေတာ့ အဲ့ဒီအခ်ိန္မွာ သူမကိုယ္ဝန္ (၃)လ႐ွိေနပါျပီ။ေရာဂါေၾကာင့္ Grace ရဲ႕ခႏၶာကိုယ္လည္း အင္အားခ်ိနဲ႔လာျပီး ေခါင္းတစ္ခုသာ လႈပ္လုိ႔ရပါေတာ့တယ္။ တစ္ကိုယ္လံုး လႈပ္လို႔မရေတာ့ပဲ အေၾကာေသခ်င္သလိုျဖစ္ကာ အသက္႐ႈ႐ံုေလးသာ ႐ႈႏုိင္ပါေတာ့တယ္။ေနာက္ထပ္ ၃လၾကာေတာ့ သူတို႔အဆိုးဆံုး စိန္ေခၚမႈကိုရင္ဆုိုင္ခဲ့ရတယ္။ ကေလးကို ဆံုး႐ႈံးလိုက္ရပါတယ္။ အဲ့ဒီအခ်ိန္မွာ Limuel က Grace အေပၚ တကယ္ခ်စ္ ၊ မခ်စ္ဆိုတာ ေသခ်ာသိလိုက္ရတာပါပဲ။

ကေလးလည္း ပ်က္က် ၊ ေရာဂါျဖစ္ေနတဲ့ မိန္းမကို သူစိတ္မပ်က္သြားတဲ့အျပင္ ေနျပန္ေကာင္းလာေအာင္ ေဘးနားကေန အရိပ္တၾကည့္ၾကည့္နဲ႔ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တယ္။

Grace ရဲ႕အခက္ခဲဆံုးအခ်ိန္ေတြမွာ သူေဘးနားက အားေပးႏွစ္သိမ္ခဲ့တယ္။ ေဆး႐ံုက ဆင္းလို႔ရခဲ့ေပမယ့္ သူမလမ္းမေလွ်ာက္ႏုိင္ေသးဘူး။ ေျခေထာက္ေလးေတြက ေသးေသးေလးေတြ ၊ တစ္ကိုယ္လံုးကို ၀ိတ္ကိုထိန္းထားႏုိင္စြမ္းမ႐ွိေသးပါဘူး။အိမ္မွာေနရင္း ေလ့က်င့္ခန္းလုပ္ႏုိင္ဖိုအတြက္ Limuel က DIY ေလးေတြ ျပင္ဆင္ေပးထားတယ္။ သူကိုယ္တိုင္ မိန္းမကို ကုသေပးတာပါ။

ဇဲြမေလ်ာ့ပဲ ေလ့က်င့္ခန္းလုပ္ခဲ့တဲ့ ၾကိဳးစားမႈက ေနာက္ပုိင္းမွာ သူမခႏၶာကိုယ္က တျဖည္းျဖည္း က်န္းမာလာတယ္။ လမ္းေလွ်ာက္ႏုိုင္လာတယ္။(၅)လအတြင္းမွာပဲ သူမ ဝဝျဖိဳးျဖိဳးေလးနဲ႔ က်န္းမာလာတာကို ေတြ႔ရပါတယ္။ အခ်စ္ရဲ႕တန္ခိုးက ဘယ္ေလာက္အစြမ္းထက္တယ္ဆိုတာ Limuel တို႔ ဇနီးေမာင္ႏွံက သက္ေသျပလုိက္ပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: buzzy
# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်ရဲ့စွမ်းအားက ဘယ်လောက်ထိ အစွမ်းထက်သလဲမေး…

Limuel Orense De Silva နဲ့ Mary Grace Manalo De Silva တို့ဟာ သူတို့လက်ထပ်တည်းက ကျန်းမာသည်ဖြစ်စေ ၊ နာမကျန်းသည်ဖြစ်စေ အတူတူရှိနေမယ်လို့ အပြန်အလှန်ကတိပေးခဲ့ကြတာဖြစ်ပါတယ်။ ပေးခဲ့တဲ့ ကတိသစ္စာအတိုင်း မကြာမီအချိန်တွင်း သက်သေပြရတော့မယ်ဆိုတာ သူတို့သတိမထားမိခဲ့ဘူး။

ပြီးခဲ့တဲ့ ၂ဝ၁၇ခုနှစ် စက်တင်ဘာ (၁၆)ရက်နေ့ဟာ သူတို့လက်ထပ်ခဲ့တဲ့ ဘဝမှာအပျော်ရွှင်ရဆုံး နေ့ရက်တစ်ရက်ဖြစ်ပါတယ်။

(၄)လကြာပြီးနောက် Grace မှာ Guillain Barre Syndrome ရောဂါရှိနေမှန်းသိလိုက်ရပါတယ်။ ဒီရောဂါမျိုးဟာ လူပေါင်း ၁သိန်းမှာ တစ်ယောက်လောက်သာ အဖြစ်နည်းတဲ့ ရှားပါးရောဂါပါ။ အဆိုးဆုံးကတော့ အဲ့ဒီအချိန်မှာ သူမကိုယ်ဝန် (၃)လရှိနေပါပြီ။ရောဂါကြောင့် Grace ရဲ့ခန္ဓာကိုယ်လည်း အင်အားချိနဲ့လာပြီး ခေါင်းတစ်ခုသာ လှုပ်လို့ရပါတော့တယ်။ တစ်ကိုယ်လုံး လှုပ်လို့မရတော့ပဲ အကြောသေချင်သလိုဖြစ်ကာ အသက်ရှုရုံလေးသာ ရှုနိုင်ပါတော့တယ်။နောက်ထပ် ၃လကြာတော့ သူတို့အဆိုးဆုံး စိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရတယ်။ ကလေးကို ဆုံးရှုံးလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ Limuel က Grace အပေါ် တကယ်ချစ် ၊ မချစ်ဆိုတာ သေချာသိလိုက်ရတာပါပဲ။

ကလေးလည်း ပျက်ကျ ၊ ရောဂါဖြစ်နေတဲ့ မိန်းမကို သူစိတ်မပျက်သွားတဲ့အပြင် နေပြန်ကောင်းလာအောင် ဘေးနားကနေ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။

Grace ရဲ့အခက်ခဲဆုံးအချိန်တွေမှာ သူဘေးနားက အားပေးနှစ်သိမ်ခဲ့တယ်။ ဆေးရုံက ဆင်းလို့ရခဲ့ပေမယ့် သူမလမ်းမလျှောက်နိုင်သေးဘူး။ ခြေထောက်လေးတွေက သေးသေးလေးတွေ ၊ တစ်ကိုယ်လုံးကို ဝိတ်ကိုထိန်းထားနိုင်စွမ်းမရှိသေးပါဘူး။အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်နိုင်ဖိုအတွက် Limuel က DIY လေးတွေ ပြင်ဆင်ပေးထားတယ်။ သူကိုယ်တိုင် မိန်းမကို ကုသပေးတာပါ။

ဇွဲမလျော့ပဲ လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ ကြိုးစားမှုက နောက်ပိုင်းမှာ သူမခန္ဓာကိုယ်က တဖြည်းဖြည်း ကျန်းမာလာတယ်။ လမ်းလျှောက်နိုင်လာတယ်။(၅)လအတွင်းမှာပဲ သူမ ဝဝဖြိုးဖြိုးလေးနဲ့ ကျန်းမာလာတာကို တွေ့ရပါတယ်။ အချစ်ရဲ့တန်ခိုးက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ Limuel တို့ ဇနီးမောင်နှံက သက်သေပြလိုက်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top