မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
တစ်ချို့က ပြောတော့ ခုလူငယ်တစ်ဦး ပြုတ်ကြနေတဲ့ နေရာက မြွေဆိုး နင်္ဂါး နုတ်မဟုတ် စပါးကျီးမြွေ အခြေချတဲ့ နေရာလို့ ပြောကြတယ်။ တစ်ချို့က အရှိန်နဲ့ ပြုတ်ကြတာကြောင့် မူးဝေတာရယ် လွတ်ရာ လမ်းရှာရင်း တောကြီးထဲမှာ အစာငတ်သေနိုင်တယ်လို့ ပြောကြတယ်။
နောက်တစ်ခု အံသြဖို့ ကောင်းတာ သူ့နာမည်ပါပဲ Matu လိုဆိုရင် Hing Tui Thang တဲ့ အနက်အဓိပ္ပာယ်ကတော့ “ရေပိုင်းမှာ နာမည်ရသူ” လို့ ဆိုရမာပဲ။
ချင်းလေး
Credit: Nay shine
# Unicode Version ဖြင့် ဖတ်ပါ #
luckyyear2018ချင်းပြည်နယ်မတူပီမြို့ ဘုံတလာရေတံခွန်( ၃ ) ရက်ရှိပြီ ခုထိ အလောင်းမပေါ်သေးဘူး
ရေနစ်နေတဲ့ လူတစ်ယောက်က ၃ ရက်မဟုတ်ရင် ၄ ရက်လောက်ဆို သူဟာသူ ရေပေါ်ရောက်စမြဲပါ။ ဒီနေ့က ရေတံခွန်ထဲ ပြုတ်ကြတာ ၃ ရက်ဆိုတော့ နောက်နေ့ ဆိုရင် ၄ ရက်ရှိတော့မယ် ဒါမှ အလောင်းမပေါ်သေးရင် မျော်လင့်စရာ မရှိတော့ဘူးလို့ ပြောကြတယ်။
” ဒီအတောအတွင်း ပုံစံအမျိူးမျိူးနဲ့ ပြောဆိုသံတွေ ကြားနေရတော့ ကြက်သီးထစရာ လောက်အောင်ပါ။ ပြောကြတယ် နာမည်ကြီးခဲ့တဲ့ ဘုံတလာ ရေတံခွန်ကြီးက ရာဇဝင်ရှိတယ်တဲ့ =
တစ်ချိူ့က ပြောတော့ ခုလူငယ်တစ်ဦး ပြုတ်ကြနေတဲ့ နေရာက မြွေဆိုး နင်္ဂါး နုတ်မဟုတ် စပါးကျီးမြွေ အခြေချတဲ့ နေရာလို့ ပြောကြတယ်။ တစ်ချိူ့က အရှိန်နဲ့ ပြုတ်ကြတာကြောင့် မူးဝေတာရယ် လွတ်ရာ လမ်းရှာရင်း တောကြီးထဲမှာ အစာငတ်သေနိုင်တယ်လို့ ပြောကြတယ်။
တကယ်လို့ နောက် ၄ ရက်မှ ပေါ်မလာရင် တစ်ခုခု စားလို့ ပေါ်မလာတာပဲလို့ ပြောဆိုသံတွေ ကြားနေရတယ်။ တကယ်တော့ ဒီနေရာကို ဘယ်သူမှ စွန့်စားပြီး ခုထိ ငုတ်ရှာတာ ဆိုတာ မရှိသေးဘူး (ခု လူငယ်တစ်ဦးပြုတ်ကြနေတဲ့ နေရာကို သစ်ငုတ်/ခြောက် အကြီးကြီး ပြန်ပေါ်လာမလားဆိုပြီး စမ်းချထားကြပေမယ့် အံသြဖို့ ကောင်းတာက အဲ့ချထားတဲ့ သစ်ခြောက်ကြီးက ပြန်ပေါ်မလာဘူးတဲ့!
သေချာနေပါပြီ အဲ့နေရာက အန္တရာယ် များတဲ့ နေရာဆိုတာ အထဲမှာ ကြီးမားတဲ့ ရေအောက်လှိုင်ဂှု ရေ ဝဲ ရှိတယ်ဆိုတာ အားလုံး သတိထားကြတယ်။ ရေက အမြင့်ပေ ၄၀ / ၅၀ ပတ်ဝန်းကျင် ရှိတယ်လို့ ခန့်မှန်းပြောကြတယ်။
အန္တရာယ် များတဲ့နေရာ ဆိုတော့လည်း ဘယ်သူမှ အသက်ပေးရင်းပြီး ရှာမည်မဟုတ်? သူ့ဟာသူ ရေပြင်ပေါ် ပေါ်လာတဲ့ တစ်နေ့ကိုပဲ အားလုံး စောင့်မျော်နေကြတယ်။
ရင်နာဖို့ ကောင်းလှပါတယ် သေပြီလို့သာ ကြားနေရပြီး ကိုယ်ရှေ့အလောင်းရောက်မလာသေးတော့ အိပ်မက်ပဲလား တကယ်လား ဝေခွဲမရ ဖြစ်နေတုန်းပါ။
“တကယ်တော့ အရှင်လတ်လတ် ပြန်တွေ့ချင်သေးတယ် မောင် ဟိန်းတွီးထန်ရယ်” မင်းအလောင်းတွေ့တယ် ဆိုတာထက် ပြန်အသက်ရှင်လျက် ပြန်တွေ့ချင်တာ ။
နောက်တစ်ခုု အံသြဖို့ ကောင်းတာ သူ့နာမည်ပါပဲ Matu လိုဆိုရင် Hing Tui Thang တဲ့ အနက်အဓိပ္ပာယ်ကတော့ “ရေပိုင်းမှာ နာမည်ရသူ” လို့ ဆိုရမာပဲ။
ဟုတ်ကဲ့ပါ ဘာပဲဖြစ်ဖြစ်လေ ဘုရားအကောင်းဆုံး ပြင်ဆင်ပေးမှာပါ။ ကျန်ရစ်နေတဲ့ မိသားစုအတွက် ထပ်ထူဝမ်းနည်းရင်း ဝိုင်းဝန်းဆုတောင်းခြင်းဖြင့် ကူညီကြရအောင်လို့။
ချင်းလေး
ဖိုးသူတော် (www.phothutaw.com)
Credit: Nay shine,
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top