iMyanmarHouse.com - Best Property Website for Myanmar
×

ရခိုင္ျပည္နယ္အတြင္း မိုးအဆက္မျပတ္ ႐ြာသြန္းေနတဲ့အတြက္ ကုလားတန္နဲ႔ ေလးၿမိဳ႕ ျမစ္ေရ တိုးလာတာေၾကာင့္ ရာနဲ႔ခ်ီတဲ့ ေက်း႐ြာေတြ ေရနစ္ေနသလို တခ်ိဳ႕ ေနရာေတြမွာ လူ အေသအေပ်ာက္ေတြလည္း ရွိေနပါတယ္။

ေလးၿမိဳ႕ ျမစ္ကမ္းေဘးမွာဆိုရင္ ေက်း႐ြာေတြ ရာနဲ႔ခ်ီၿပီး ေရနစ္ေနလို႔ လူေတြ ေျပာင္းေ႐ႊ႕ ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္ ျပင္ေယာင္း၊ အိုးပ်ဥ္ေတာင္နဲ႔ ထိန္ပင္အုပ္စုက ေက်း႐ြာေပါင္း ၁၄ ႐ြာမွာ ေရျမဳပ္ ေနတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပင္ေယာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးထြန္းေအာင္က ဘီဘီစီကို ေျပာပါတယ္။

အလားတူ မင္းျပားၿမိဳ႕နယ္ထဲက ပန္းေျမာင္းႀကီးေခ်ာင္း၊ ဖုန္သာေခ်ာင္းမွာ ေရႀကီးေနတဲ့အတြက္ ေက်း႐ြာ ရာနဲ႔ခ်ီ ေရနစ္ကာ လူေတြကို ေဘးလြတ္ရာ အျမင့္ပိုင္းေတြကို ေျပာင္းေ႐ႊ႕ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မင္းျပားၿမိဳ႕ေပၚမွာလည္း ေျမနိမ့္ရပ္ကြက္ေတြမွာ ေရဝင္ေနၿပီး အထက ၁ နဲ႔ အထက ၃ အပါအဝင္ မူလတန္းေက်ာင္းေတြ ေတာ္ေတာ္မ်ားကို ပိတ္ထားရပါ တယ္။

စစ္ေတြၿမိဳ႕မွာဆိုရင္လည္း ငါးဖမ္းေနတဲ့ လူတစ္ဦး ေရနစ္ေသဆုံး ခဲ့တယ္လို႔ ျပည္နယ္မီးသတ္ တာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာဆိုပါတယ္။

ဒါ့အျပင္ စစ္ေတြမွာ ဦးခန္းထီးဆိုတဲ့ စက္ေလွရဲ႕ ပဲ့နင္းတစ္ဦးလည္း ေရထဲ ျပဳတ္က် ေပ်ာက္ဆုံး ေနတယ္လို႔ ဆိုပါတယ္။


ေတာင္ကုတ္ၿမိဳ႕မွာလည္း စက္ေလွ နစ္ျမဳပ္ရာမွာ ၃ ဦးကို ကယ္တင္ႏိုင္ၿပီး ၂ ဦးက အခုခ်ိန္ထိ ေပ်ာက္ဆုံးေနတယ္လို႔ ပန္းတင္းေက်း႐ြာက လူႀကီးတစ္ဦးျဖစ္တဲ့ ဦးခ်စ္ေက်ာ္က ေျပာပါတယ္။

ရာသီဥတုက ဆိုးဝါးလာတာေၾကာင့္ သူတို႔ကို ရွာေဖြႏိုင္ဖို႔ လက္ေလ်ာ့လိုက္ ရတယ္လို႔လည္း သူက ဆိုပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္က ကုလေရာင္ ေက်း႐ြာမွာဆိုရင္လည္း ပင္လယ္လႈိင္းလုံးေတြ လာ႐ိုက္တဲ့ အတြက္ အိမ္ေတြၿပိဳပ်က္ခဲ့သလို ေ႐ႊ႕ေျပာင္းတာေတြ လုပ္ေဆာင္ ေနရတယ္လို႔ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

လက္ရွိမွာေတာ့ အိမ္တခ်ိဳ႕ ဖ်က္ထားရၿပီး စုစုေပါင္း အိမ္ ၅ဝ ေလာက္ ေ႐ႊ႕ေျပာင္း ရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

မာန္ေအာင္ၿမိဳ႕နယ္ ဆားခ်က္ေက်း႐ြာမွာလည္း ဇြန္၁၂ ရက္ မနက္က ေလဆင္ ႏွာေမာင္း တိုက္ခတ္တဲ့ အတြက္ အိမ္ ၁ဝ လုံးေက်ာ္ ၿပိဳပ်က္ခဲ့ ရပါတယ္။

ကုလားတန္ျမစ္လည္း ေရတိုးေနၿပီး ေက်း႐ြာေတာ္ေတာ္မ်ားကို ေရဝင္စ ျပဳေနၿပီး မိုးဆက္႐ြာ ေနရင္ေတာ့ အေျခအေနဟာ ပိုမိုဆိုးလာႏိုင္တယ္လို႔ ေဒသခံ အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
#Unicode Version#
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ကုလားတန်နဲ့ လေးမြို့ မြစ်ရေ တိုးလာတာကြောင့် ရာနဲ့ချီတဲ့ ကျေးရွာတွေ ရေနစ်နေသလို တချို့ နေရာတွေမှာ လူ အသေအပျောက်တွေလည်း ရှိနေပါတယ်။

လေးမြို့ မြစ်ကမ်းဘေးမှာဆိုရင် ကျေးရွာတွေ ရာနဲ့ချီပြီး ရေနစ်နေလို့ လူတွေ ပြောင်းရွှေ့ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ် ပြင်ယောင်း၊ အိုးပျဉ်တောင်နဲ့ ထိန်ပင်အုပ်စုက ကျေးရွာပေါင်း ၁၄ ရွာမှာ ရေမြုပ် နေတယ်လို့ မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အလားတူ မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကြီးချောင်း၊ ဖုန်သာချောင်းမှာ ရေကြီးနေတဲ့အတွက် ကျေးရွာ ရာနဲ့ချီ ရေနစ်ကာ လူတွေကို ဘေးလွတ်ရာ အမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့ပေါ်မှာလည်း မြေနိမ့်ရပ်ကွက်တွေမှာ ရေဝင်နေပြီး အထက ၁ နဲ့ အထက ၃ အပါအဝင် မူလတန်းကျောင်းတွေ တော်တော်များကို ပိတ်ထားရပါ တယ်။

စစ်တွေမြို့မှာဆိုရင်လည်း ငါးဖမ်းနေတဲ့ လူတစ်ဦး ရေနစ်သေဆုံး ခဲ့တယ်လို့ ပြည်နယ်မီးသတ် တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် စစ်တွေမှာ ဦးခန်းထီးဆိုတဲ့ စက်လှေရဲ့ ပဲ့နင်းတစ်ဦးလည်း ရေထဲ ပြုတ်ကျ ပျောက်ဆုံး နေတယ်လို့ ဆိုပါတယ်။


တောင်ကုတ်မြို့မှာလည်း စက်လှေ နစ်မြုပ်ရာမှာ ၃ ဦးကို ကယ်တင်နိုင်ပြီး ၂ ဦးက အခုချိန်ထိ ပျောက်ဆုံးနေတယ်လို့ ပန်းတင်းကျေးရွာက လူကြီးတစ်ဦးဖြစ်တဲ့ ဦးချစ်ကျော်က ပြောပါတယ်။

ရာသီဥတုက ဆိုးဝါးလာတာကြောင့် သူတို့ကို ရှာဖွေနိုင်ဖို့ လက်လျော့လိုက် ရတယ်လို့လည်း သူက ဆိုပါတယ်။

တောင်ကုတ်မြို့နယ်က ကုလရောင် ကျေးရွာမှာဆိုရင်လည်း ပင်လယ်လှိုင်းလုံးတွေ လာရိုက်တဲ့ အတွက် အိမ်တွေပြိုပျက်ခဲ့သလို ရွှေ့ပြောင်းတာတွေ လုပ်ဆောင် နေရတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လက်ရှိမှာတော့ အိမ်တချို့ ဖျက်ထားရပြီး စုစုပေါင်း အိမ် ၅ဝ လောက် ရွှေ့ပြောင်း ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

မာန်အောင်မြို့နယ် ဆားချက်ကျေးရွာမှာလည်း ဇွန်၁၂ ရက် မနက်က လေဆင် နှာမောင်း တိုက်ခတ်တဲ့ အတွက် အိမ် ၁ဝ လုံးကျော် ပြိုပျက်ခဲ့ ရပါတယ်။

ကုလားတန်မြစ်လည်း ရေတိုးနေပြီး ကျေးရွာတော်တော်များကို ရေဝင်စ ပြုနေပြီး မိုးဆက်ရွာ နေရင်တော့ အခြေအနေဟာ ပိုမိုဆိုးလာနိုင်တယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top